38 w - Translate

Israeli Defense Forces struck three ports in Yemen overnight Monday local time, alleging that the ports are used by the Houthi forces to "transfer weapons from the Iranian regime," according to a statement from the IDF.
In the IDF strikes on Yemen, Israeli forces also claim they struck the Galaxy Leader, a ship that was taken over by Houthi forces in November 2023, shortly after the war between Israel and Hamas started following the events of Oct. 7.
Read more: https://abcnews.visitlink.me/qZRCUd

image
38 w - Translate

The James Webb telescope has made another stunning discovery — this time of a massive planet that could potentially sustain life, according to multiple space agencies.
https://abcnews.go.com/Interna....tional/nasa-detects-

image
38 w - Translate

Chloe Childress, a counselor at Camp Mystic, was killed during the devastating flooding in Hunt, Texas, over the holiday weekend, according to a representative of her high school.
She graduated from The Kinkaid School earlier this year and was set to attend the University of Texas at Austin in the fall.
Jonathan Eades, the head of The Kinkaid School remembered Childress in a letter: "A loyal and beloved friend to all who knew her, Chloe led with empathy. Her honesty gave others the courage to speak up. Her resilience helped others push through. Her joy, so present in all the little things, reminded all who knew her to keep showing up with heart."
Read more: https://abcnews.visitlink.me/66hQzu

image
38 w - Translate

Trump's administration is pausing over $6 billion of congressionally-appropriated federal funding for after-school, student support, teacher training, English language and other education programs, according to a Department of Education memo obtained by ABC News.
https://abcnews.go.com/US/trum....p-administration-pau

image
38 w - Translate

Pres. Trump posted on Truth Social that his tariff letters "and/or deals" will be delivered to "various countries from around the world," on Monday.
https://abcnews.go.com/US/live....-updates/trump-admin

image
38 w - Translate

မှတ်ပုံတင်စမတ်ကတ်ထုတ်ပေးမှု ခေတ္တရပ်ဆိုင်းထား
********************
မှတ်ပုံတင်စမတ်ကတ် (e-ID/UID) စစ်ဆေး၊ ထုတ်ပေးတဲ့လုပ်ငန်းကို ဇူလိုင်လ ၄ ရက် ကစပြီး ယာယီ ရပ်နားထားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဌာနက ထုတ်ပြန်ထားပါတယ်။

e-ID စနစ်ဆိုင်ရာလုပ်ငန်းများ အဆင့်မြှင့်တင်ရန်နှင့် ဝန်ဆောင်မှုအရည်အသွေး ပိုမိုတိုးတက် ကောင်းမွန် စေရန်အတွက် Server Maintenance လုပ်ငန်းများ ယနေ့မှစ လုပ်ဆောင်ရမည်ဖြစ်တာကြောင့် ထိုသို့ရပ်နားထားခြင်း ဖြစ်ကြောင်းလည်း ထုတ်ပြန်ပါတယ်။

အခုလိုဆောင်ရွက်နေတဲ့ ကာလအတွင်း မြို့နယ်ရုံးများ၌ UID နံပါတ်ရယူခြင်း၊ အွန်လိုင်းမှကိုယ်ရေး အချက်အလက် တိုက်ဆိုင်စစ်ဆေးခြင်းစသည့် လုပ်ငန်းများလည်း ယာယီရပ်ဆိုင်းထားမည် ဖြစ်ကြောင်းလည်း သိရပါတယ်။

ဒါကြောင့် e-ID ဆိုင်ရာလုပ်ငန်းများ မြန်ဆုံးပြန်လည်အသုံးပြုနိုင်ရန်အတွက် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကာ အသုံးပြုနိုင်မည့်အချိန်ကို ထပ်မံကြေညာသွားမယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဌာန ကနေ ထုတ်ပြန်ထားပါတယ်။

image
38 w - Translate

#ပြည်တွင်းသတင်း
◼လေယာဉ်ကိုယ်ထည်အစိတ်အပိုင်းအချို့ပြုတ်ကျခဲ့မှု ခရီးသည်များအား အဲသံလွင်လေကြောင်းလိုင်း တောင်းပန်
အဲသံလွင်လေကြောင်းလိုင်းမှ ရန်ကုန် - တာချီလိတ် ခရီးစဉ်ပျံသန်းစဉ် ကိုယ်ထည်အစိတ်အပိုင်းတချို့ပြုတ်ကျခဲ့သည့်ဖြစ်စဥ်အပေါ် ခရီးသည်များအား အဲသံလွင်လေကြောင်းလိုင်းကယမန်နေ့( ဇူလိုင် ၄ ရက်)တွင် ပြန်လည်တောင်းပန်သည့် ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
အဲသံလွင်လေကြောင်းလိုင်း၏ လေယာဉ်ခရီးစဉ်အမှတ် ST-739 ဖြင့် ဇူလိုင်၂ ရက်နေ့တွင် ရန်ကုန်မှ တာချီလိတ်သို့ပျံသန်းစဉ် လေယာဉ်၏ညာဘက်တောင်ပံရင်းရှိ (Honey Comb) လေကာအဖုံးမှာလေတိုက်စားပြီး ပြတ်ထွက်မှုဖြစ်ပေါ်ခဲ့သော်လည်း တာချီလိတ်လေဆိပ်သို့ဘေးအန္တရာယ်ကင်းရှင်းစွာဆင်းသက်ခဲ့ကြောင်း ဆိုထားသည်။
အဆိုပါ လေကာပြားအဖုံးတပ်ဆင်ထားသောနေရာမှာ လေယာဉ်အတွင်းပိုင်း၏ Pressurization area နှင့် ဆက်စပ်မှုမရှိသည့်အတွက်လေယာဉ်၊ လေယာဉ်အမှုထမ်းများနှင့်ခရီးသည်များ၏ ဘေးအန္တရာယ် တစ်စုံတစ်ရာထိခိုက်မှုမရှိစေနိုင်ကြောင်း စစ်ဆေးတွေ့ရှိကြောင်း ထုတ်ပြန်ထားသည်။
"ဒါနဲ့ပတ်သက်ပြီးပြောရရင် တောင်ပန်တယ်ဆိုတဲ့ စကားကစဖြစ်တဲ့နေ့ကတည်ကပြောရမှာ။ အခုလိုင်းပေါ်မှာ အခုဖြစ်စဉ်တွေ အများကြီးတက်လာမှတောင်းပန်တယ်ဆိုတာ အရမ်းနောက်ကျပါတယ်။ ပြီးတော့ လေယာဉ်ရဲ့အပြင်အခွံကွာကျတဲ့အဖြစ်က လုံးဝကိုမဖြစ်သင့်ဘူး။ စစ်ဆေးရင်မြင်နေရတယ်။ လက်နဲ့ထိကိုင်ပြီးစစ်လို့ရတယ်။ ဒီအဖြစ်အပျက်ကစစ်ဆေးမှုအပိုင်းကို လုံးဝကိုခွင့်လွှတ်ပေးလို့မရဘူး။ အသက်တွေလည်းအပိုမပါဘူး"ဟု လေယာဉ်စီးခရီးသည် တစ်ဦးကသုံးသပ်ပြောဆိုသည်။
အဆိုပါ ရန်ကုန်မှတာချီလိတ်သို့ ပျံသန်းခဲ့သောဖြစ်စဉ်နှင့်ပတ်သက်၍ မိမိတို့၏လေးစားတန်ဖိုးထားရသော ခရီးသည်များစိတ်အနှောက်အယှက်ဖြစ်ခဲ့ရမှုနှင့် ခရီးစဉ်အစားထိုး ပျံသန်းမှုကြောင့်ခရီးစဉ်နောက်ကျခဲ့ရမှုများအတွက် အနူးအညွတ်တောင်းပန်ကြောင်း လေကြောင်းလိုင်းမှ ထုတ်ပြန်ထားသည်။
သတင်း - ပိုင်လေး

image
38 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ကွာလာလမ်ပူတွင် အထောက်အထားမဲ့ မြန်မာ ၁၀၀ ကျော် ဖမ်းဆီးခံရ
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ နှစ်နေရာတွင် ပတ်ဝန်းကျင် ဆူပူမှုကြောင့်တိုင်ကြားခံရသည့်အတွက် အထောက်ထားမဲ့ ရွှေ့ပြောင်းမြန်မာလုပ်သား ၁ဝဝ ကျော်ဖမ်းဆီးခံရကြောင်း လူမှုကူညီရေးဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
မြန်မာရွှေ့ပြောင်းလုပ်သားများ နေထိုင်ကြသည့် ကွာလာလမ်ပူမြို့ ချရပ်ကို ပြီးခဲ့သည့် ဇူလိုင် ၂ ရက် ည ၁၁ နာရီဝန်းကျင်တွင် ရဲတပ်ဖွဲ့ ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးဌာနတို့က ဝင်ရောက်စစ်ဆေးခဲ့ပြီး မြန်မာ ၁၁ဝ ဦး ဖမ်းဆီးခံရကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးခံရသည့်နေရာတွင်ပင်ဇူလိုင် ၁ ရက် ညပိုင်းကလည်း ရဲတပ်ဖွဲ့ဝင်များနှင့် လူဝင်မှုကြီးကြပ်ရေးဌာနတို့က ပထမအကြိမ် စစ်ဆေးခဲ့ပြီး အထောက်အထားမဲ့ ရွှေ့ပြောင်းမြန်မာလုပ်သား ၄ဝ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
ထို့ပြင် ဇူလိုင် ၁ ရက်ကလည်း ကွာလာလမ်ပူမြို့ ဂျလန်လောယူးတွင် ချင်းလူမျိုးအများစုနေထိုင်သည့်တိုက်ခန်း၌ တိုင်ကြားချက်ကြောင့် ရဲတပ်ဖွဲ့နှင့် လဝက ကဝင်ရောက်စစ်ဆေးခဲ့ရာ ချင်းလူမျိုး ၄၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
ဖမ်းဆီးခံရသူများအားလုံးကို ဆက်လက်အရေးယူဆောင်ရွက်နိုင်ရန် ကွာလာလမ်ပူမြို့ လူဝင်မှုကြီးကြပ်ရေးဌာန (ဘူကစ်ဂျာလီ) ထိန်းသိမ်းရေး စခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

image
38 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ကန်ချနဘူရီတွင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၃၆ ဦး ဖမ်းဆီးခံရ
ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် ထောင်ဖာဖွန်မြို့နယ်အတွင်း ဇူလိုင် ၄ ရက် နံနက်ပိုင်းက အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၃၆ ဦးကို ထိုင်းအာဏာပိုင်များကဖမ်းဆီးရမိခဲ့ကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြချက်အရသိရသည်။
ထိုင်းနိုင်ငံ စံခလဘူရီမြို့ဘက်မှ ထောင်ဖာဖွန်မြို့ဘက်သို့ မောင်းနှင်လာသည့် Van ကားတစ်စီးကို ထိုင်းအာဏာပိုင်များက စစ်ဆေးရေးဂိတ်တွင် ရပ်တန့်စစ်ဆေးစဉ် Van ကားမှာ မောင်းနှင်ထွက်ပြေးသွားသည့်အတွက် လိုက်လံဖမ်းဆီးခဲ့ရာ ထောင်ဖာဖွန်မြို့နယ် ဆဟာကွန်နီခွန်ကျေးရွာအနီးတွင် Van ကားအား ထိုင်းအာဏာပိုင်များက ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Van ကားပေါ်တွင် ထိုင်းလူမျိုးယာဉ်မောင်းဖြစ်သူ အမျိုးသားတစ်ဦးနှင့်အတူ မည်သည့်စာရွက်စာတမ်းအထောက်အထားမှ မပါသော မြန်မာနိုင်ငံသား ၃၆ ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
၎င်းတို့မှာမြန်မာနိုင်ငံ ရန်ကုန်မှ ဘုရားသုံးဆူမြို့သို့ ရောက်ရှိလာခဲ့ ပြီးနောက် ထိုင်း - မြန်မာနယ်စပ်ကို တရားမဝင် ဖြတ်ကျော်ကာ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့သူများဖြစ်ပြီး ထိုအထောက်အထားမဲ့ မြန်မာနိုင်ငံသားများအား ခေါ်ယူသယ်ဆောင်ရန်အတွက် Van ကားမောင်းနှင်သူ ထိုင်းအမျိုးသားအား ဘတ်ငွေ ၄၆၀၀ ဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - Thai News

image

#နိုင်ငံတကာသတင်း
◼ တက္ကဆက်ရေကြီးမှုတွင် သေဆုံးသူ အနည်းဆုံး ၄၃ ဦးအထိရှိလာ၊ အများအပြားပျောက်ဆုံးနေဆဲဖြစ်
တက္ကဆက်ပြည်နယ်အလယ်ပိုင်းတွင် ရုတ်တရက်ဖြစ်ပေါ်ခဲ့သော ရေကြီးမှုကြောင့် ကလေးငယ် ၁၅ ဦး အပါအဝင် လူပေါင်းအနည်းဆုံး ၄၃ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက အတည်ပြုထားပြီး အခြားပျောက်ဆုံးနေဆဲ စခန်းချကလေးငယ်များ၊ မြစ်ကမ်းဘေးလာရောက်အပန်းဖြေသူများ နှင့် ဒေသခံများအား ကယ်ဆယ် ရေး သမားများက ဆက်လက်ရှာဖွေနေကြသည်။
ရေကြီးမှုအဓိကဖြစ်ပေါ်ခဲ့သည့် ကားစီရင်စုအပြင် အခြားနေရာများတွင်လည်း ထိခိုက်မှုများ ဖြစ်ခဲ့သဖြင့် သေဆုံးသူစာရင်းတိုးလာနိုင်ကြောင်း အာဏာပိုင်များက ဆိုသည်။
ရေကြီးမှုကြောင့် ၎င်းတို့စီရင်စုတွင် လူ လေးဦး သေဆုံးခဲ့ကြောင်း နှင့် ၁၃ ဦး ကို ရှာမတွေ့သေး‌ကြောင်း ထရာဗစ်စီရင်စု အရာရှိတစ်ဦး က ပြောကြားသည်။
ကန်ဒေါလ်စီရင်စုတွင်လည်း လူ တစ်ဦး သေဆုံးခဲ့ကြောင်း အရာရှိများက ပြောသည်။
သေဆုံးသူ ၅၂ ဦး အထိ ရှိကြောင်း အခြားသတင်းဌာနများက ဆိုကြသော်လည်း ရိုက်တာက အတည် မပြုနိုင် ကြောင်း ဖော်ပြသည်။
ဆန်အန်တိုနီယိုမြို့မှ အနောက်မြောက်ဘက် ၈၅ မိုင်အကွာ ဂွါဒါလုပ်မြစ် အနီးတစ်ဝိုက်တွင် မိုးရေချိန် ၁၅ လက်မခန့် ရွာသွန်းခဲ့ပြီးနောက် သစ်ပင်များအား ဆွဲခိုထားသူများအပါအဝင် လူပေါင်း ၈၅၀ ကို ကယ်ဆယ်ခဲ့ရကြောင်း အရာရှိများက ပြောကြားကြသည်။
ပျောက်ဆုံးနေသူများတွင် ဂွါဒါလုပ်မြစ် နံဘေးတွင် ရှိသော Camp Mystic နွေရာသီစခန်းတွင် ရောက်ရှိနေသော မိန်းကလေးငယ် ၂၇ ဦးလည်း ပါဝင်ကြောင်း နှင့် ပျောက်ဆုံးနေသော အရေအတွက်မှာ ထိုထက်လည်း ပိုများနိုင်ကြောင်း ကာဗီးလ်မြို့မန်နေဂျာ ဒယ်လ်တန်ရိုက်စ်က ယမန်နေ့ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
သောကြာနေ့ နံနက်ပိုင်းတွင် ခန့်မှန်းထားသည်ထက်ပိုများသော မိုးများ ရွာသွန်းခဲ့ပြီးနောက်တွင် ဂွါဒါလုပ်မြစ်ရေသည် ၂၉ ပေအထိ လျင်မြန်စွာ မြင့်တက်ခဲ့ပြီးနောက် ယင်းဘေးဒုက္ခဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။
“ မြစ်ရေတက်သွားတာကို သိပါတယ်။ ဒါပေမယ့်လည်း ဒီလို ဖြစ်လာမယ်လို့ ဘယ်သူမှ ကြိုမသိခဲ့ဘူး” ဟု ကားစီရင်စုတရားသူကြီး ရော့ဘ်ကယ်လီ က ပြောသည်။
ကလေးငယ် ငါးဦး အပါအဝင် လူပေါင်း ၁၇ ဦး သေဆုံးသည်ကို အတည်ပြုထားကြောင်း ကားစီရင်စုရဲတပ်ဖွဲ့အကြီးအကဲ လာရီလိုင်သာ က ပြောကြားပြီး မည်သူမည်ဝါမခွဲခြားရသေးကြောင်း ပြောသည်။
လွတ်လပ်ရေးနေ့ အခမ်းအနားများအတွက် အရေအတွက် အတိအကျမသိရသော လူများ ယင်းဧရိယာသို့ ရောက်ရှိနေခဲ့ကြကြောင်း တက္ကဆက်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဒန်ပက်ထရစ် က ပြောကြားသည်။
တည်ထောင်ထားသည်မှာ နှစ်ပေါင်း တစ်ရာနီးပါးရှိပြီဖြစ်သော ခရစ်ယာန်မိန်းခလေးစခန်းချနေရာ Camp Mystic တွင်လည်း ရေကြီးမှုဖြစ်ပွားချိန်၌ မိန်းခလေး ၇၀၀ ခန့် ရှိနေကြောင်း ပက်ထရစ်က ပြောကြားသည်။
မြစ်ရေကြီးမှုကြောင့် စခန်းဒါရိုက်တာ ဒစ်အီစ်လန်း လည်း သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယင်းရေကြီးမှုနှင့်ပတ်သက်၍ ဘေးဒုက္ခအခြေအနေ ‌ကြေညာပေးရန် တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရက်အက်ဘော့ က သမ္မတ ထရန့် ထံ တောင်းဆိုထားပြီး ယင်းတောင်းဆိုမှုကို သမ္မတက လက်ခံသွားမည် ဖြစ်ကြောင်း အမိမြေလုံခြုံ‌ရေးဝန်ကြီး ခရစ္စတီနိုအမ် က ပြောသည်။
ထိုသို့ကြေညာခဲ့ပါက ပြည်နယ်အစိုးရအနေဖြင့် ဖက်ဒရယ်အစိုးရ အကူအညီများရရှိနိုင်မည်ဖြစ်သည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image