စကားအရမ်းများလိုဟေ့

image

#မြေအိုးမြီးရှည် ချဉ်ငန်စပ် ပြုလုပ်နည်း😍

လိုအပ်သောအရာများ

(1) ကြက်သား သို့မဟုတ် ကြက်အရိုး
(2) မြီးရှည်အဖတ် ကြက်တောင်ပံတု အသားတု ငုံးဥ ကြွက်နားရွက်မှို ကျောက်ပွင့် ပန်းပွင့်ခြောက် ကော်ချောင်း ( ဆိုင်တွေမှာ မြေအိုးမြီးရှည်လုပ်ဖို့အတွက် လိုအပ်ပစ္စည်း အစုံထည့်ပေးပါ ပြောလိုက်ရင်ရပါသည် )
(3) ပဲငပိ
(4) ကြက်သွန်အနီ သံပုရာသီး ကန်စွန်းရွက် ပန်းဂေါ်ဖီ အာလူး မုန်လာဥနီ မုန်ညှင်းရွက် ငရုတ်ကောင်းမှုန့် ဟွာကျောင်းအမှုန့် ( ကုန်ခြောက်ဆိုင်တွေမှာအလွယ်တကူဝယ်လို့ရပါသည် မထည့်လည်းဘာမှမဖြစ်ပါဖူးနော် )

😍Ready made အထုပ်တွေက ဘယ်လိုချက်ထားလဲ ဘာဆိုးဆေး တာရှည်ခံပစ္စည်းတွေထည့်ထားလဲ မသိနိုင်တာမို့ သန့်သန့်ရှင်းရှင်းနဲ့ အိမ်မှာ ကိုယ့်ဘာသာအနှစ်လေးချက်လိုက်ရအောင်နော် Ready made အထုပ်နဲ့ အရသာချင်းအတော်လေးကွာတယ်လို့ အာမခံပါတယ်ရှင့် 😍

(1) မြီးရှည်အဖတ် ကြက်တောင်ပံတု အသားတု ကြွက်နားရွက်မှို ကျောက်ပွင့် ပန်းပွင့်ခြောက် ကော်ချောင်းတို့ကိုရေစိမ်ထားပေးပါ။

(2) ကြက်သား သို့မဟုတ် ကြက်အရိုး ကိုအသားမှုန့်လေးနယ်ပြီး ရေတဝက်လောက်ထည့်ပြီးပြုပ်ပေးပါ။ ဆူလာရင် အပေါ်ကဝေ့နေတဲ့ အမြုပ်ရေတွေ ခပ်ထုတ်ပစ်ပါ။ ( အသားပြုတ်ရည်က ကြာကြာပြုတ်နိုင်လေ အရသာပိုကောင်းလေပါနော် )

(3) ကြက်ပြုတ်ရည်ထဲမှ ကြက်သားများကိုဆယ်ယူပြီး မွှထားပေးပါ။

(4) ငုံးဥပြုတ်ထားပေးပါနော်။

(5) ကြက်သွန်ဖြူခွာပြီးလှီးထားပါ ကြက်သွန်နီ ကို ညက်နေအောင်ထောင်းပေးပါ။ ( ညက်ညက်ကြေနေမှ ရမှာပါနော် ကြိတ်စက်သုံးရင်ပိုကောင်းပါတယ် )

(6) ကြက်သွန်ဖြူကို ဆီချက်ချက်ပေးပါ။ ( မထည့်လည်းရပါသည် )

(7) ဆီထည့်ပါ ဆီဆူလာရင် ညက်နေသောကြက်သွန်နီထည့် အရောင်တင်မှုန့်ထည့် ခုနကပြုတ်ထားတဲ့ကြက်ပြုတ်ရည်ထဲမှ ကြက်သားများကို ဆယ်ပြီး မွှကာထည့်ပေးပါ။ ပဲငပိနှင့်ဟွာကျောင်းအမှုန့်ထည့်ပါ။ ငံပြာရည်အနည်းငယ်ထည့်ပါ ရေနည်းနည်းလေးထည့်ပြီး အနှစ်ရအောင်ချက်ရပါမယ်နော်။

(😎 ကန်စွန်းရွက် အာလူး ပန်းဂေါ်ဖီ မုန်ညှင်းရွက် မုန်လာဥနီတို့ကို လှီးထားပေးပါ။

ကဲ … ဒါဆို မြေအိုးမြီးရှည် လုပ်စားလို့ရပါပြီနော် 😘

© အိုးထဲသို့ ရေစိမ်ထားသောမြီးရှည်အဖတ် ကြက်တောင်ပံတု အသားတု ငုံးဥ ကြွက်နားရွက်မှို ကျောက်ပွင့် ပန်းပွင့်ခြောက် ကော်ချောင်း တို့ကိုထည့်ပါ။ © အပေါ်မှ ကန်စွန်းရွက် အာလူး ပန်းဂေါ်ဖီ မုန်လာဥနီတို့ကိုထည့်ပါ အဲ့အပေါ်ကမှ ခုနကချက်ထားတဲ့ ပဲပိစပ်ကြက်သားအနှစ်ထည့် ကြက်သားမှုန့်နည်းနည်းထည့်ပြီး ကြက်ပြုပ်ရည် တဝက်နီးပါး ဆမ်းလိုက်ပါ။ ပြီးရင် ဆူလာတဲ့အထိ အပူပေးလိုက်ပါနော်။ ဆူလာပြီဆို အထက်အောက် လှန်အောင်မွှေပေးပြီး ငံပြာရည်နှင့်ငရုတ်ကောင်းမှုန့်ထည့်ပါ။ ချက်ထားသောဆီချက်ထည့်ပါ အပေါ်မှ ငုံးဥပြုပ်လေးထည့် သံပုရာသီးလေးညှစ်ပြီး အစပ်ကြိုက်လျှင် ငရုတ်သီးမှုန့်လေးပါထည့်၍စားနိုင်ပါပြီနော်။

ဒါဆိုအရသာလည်းရှိ သန့်လည်းသန့်ရှင်းတဲ့ အိမ်မှာလုပ်နိုင်တဲ့ မြေအိုးမြီးရှည် ချဉ် ငန် စပ် လေးရပါပြီ 🙂

image

🐶အာဝုလေးတွေ မြောင်လေးတွေ🐱ကို ခွင့်ပြုသည့် မြန်မာနိုင်ငံတစ်ဝမ်းမှ Hotel များ❤️
🐾🐾🐾🐾🐾🐾🐾
ငွေဆောင်-Emerald Sea
ငွေဆောင်-Ocean Blu
ငွေဆောင်-Ria resort
ငွေဆောင်-Silver coast
ငွေဆောင်- The sea
ငွေဆောင်-ယမုံနာဦး
ငွေဆောင်- Ngwe Saung Yacht Club & Resort
ငွေဆောင်-Aureum Ngwesaung
ငွေဆောင်- BOB
🐾🐾🐾🐾🐾🐾🐾
ချောင်းသာ-ရွှေသောင်ယံဟိုတယ်
ချောင်းသာ-Akariz Resort(fees charge)
ချောင်းသာ-Diamond hotel
ချောင်းသာ - Amazing Hotel ( Fees charge - only small )
ချောင်းသာ - Coral view ( ဖိုးကုလားကျွန်း )
ချောင်းသာ - Golden Beach
ချောင်းသာ-Belle Hotel Chaung Tha
ချောင်းသာ- Hill Garden Hotel
ချောင်းသာ- New Chaung Tha Hotel
ချောင်းသာ-Azura Hotel
ချောင်းသာ - သီရိ hotel
ချောင်းသာ -belle hotel
ချောင်းသာ-ထိုက်သူစံHotel
ငပလီ-Silver Beach Hotel
ထားဝယ်-မောင်းမကန်ဟိုတယ်
ထားဝယ်-Star Hotel
🐾🐾🐾🐾🐾🐾🐾
ကျိုက်ထို-Golden Bliss Hotel
ကျိုက်ထို-သုဝဏ္ဏဘူမိ
ကျိုက်ထို-Shwe Hin Tha Hotel
ကျိုက်ထီးရိုး-ရိုးရိုးလေး
ကျိုက်ထီးရိုး-ကျိုက်ထိုဟိုတယ်
ဘားအံ-Hpa-An Breeze Hotel
မော်လမြိုင်/စက်စဲ-21 Paradise Hotel
မော်လမြိုင်/စက်စဲ-ထွန်းguesthouse
မော်လမြိုင်-ဆဝါဒီ ဟိုတယ်
ဘားအံ- My Hpa-An Residence by Amata
မော်လမြိုင်- Zabu Kyaw
🐾🐾🐾🐾🐾🐾🐾
ပုဂံ-ခရေ တည်းခိုရိပ်သာ(ရွှေစည်းခုံဘုရားနား)
ပုဂံ-မြပြည့်စုံ
ပုဂံ-လွင် ပုဂံ မိုတယ်
ပုဂံ-We Stay Bagan Lotus Hotel(ကျောက်ပန်းတောင်းလမ်း)
ပုဂံ - မြရတနာ ဟိုတယ်
ပုဂံ-Fortune Bagan Hotel
ပုဂံ - Hotel Amazing
ပုဂံ- Thiri Mingalar Hotel Naung U
ပုဂံ-rain Hotel
ပုပ်ပါး-Hotel King
ပုဂံ-Bagan View Hotel
ပုပ္ပါး-Poppa Garden Resoet
ပုဂံ Northern Breeze Hotel
🐾🐾🐾🐾🐾🐾🐾
ရန်ကုန်-Reallink Hotel
ရန်ကုန်-383Villa(မြောက်ဒဂုံ)
ရန်ကုန် - Inya Lake Hotel
ရန်ကုန်-KC hotel မင်္ဂလာဒုံ
🐾🐾🐾🐾🐾🐾🐾
က​လော-Seint Hotel
ကလော-Hill Lodge
ကလော-Kalaw 225 hotel
ကလော- Pineland Oasis
ကလော- Dream Mountain
ကလော -snow white hotel
🐾🐾🐾🐾🐾🐾🐾
မန္တလေး-Kyi Tin hotel
မန္တလေး - Oasis Inn Hotel
မန္တလေး-Power Hotel (ခွေးသေး Only)
မန္တလေး - Hotel 78 ( training small pet များသာ )
မန္တလေး -Hotel To To Mandalay
ပြင်ဦးလွင်-မောင်တို့ချယ်ရီမြေ
ပြင်ဦးလွင်-Agga Tiny House
ပြင်ဦးလွင်-Tiger Hotel
ပြင်ဦးလွင် - Royal Reward Resort
ပြင်ဦးလွင်-Mount Strawberry
ပြင်ဦးလွင် - white rose hotel
ပြင်ဦးလွင် - Pyin Oo Lwin Triplet Hotel
ပြင်ဦးလွင် -Hotel Spring
ပြင်ဦးလွင်-Serviced Villa Pyinoolwin
ပြင်ဦးလွင်-Yadanarpone City Hotel
ပြင်ဦးလွင်-Smile House Pyin Oo Lwin
🐾🐾🐾🐾🐾🐾🐾
တောင်ကြီး - Hotel La Vista ( Fees charge)
ပြည်-Golden Dragon HotelCharge ပေးရပါတယ်)
ပြည်-Sweet golden land hotel
ဇလွန်က တည်းခိုရိပ်သာ၂ ခုလုံးတည်းခိုလို့ရပါတယ်
တောင်ငူ-Hotel Amazing
ဂေါ်ရန်ဂျီကျွန်း-Adventure Paradise Hotel
ဖိုးကုလားကျွန်း- coral resort
အင်းလေး- weaver’s Boutique Homestay
မြစ်ကြီးနား- Plam spring resort
သီပေါ- Hsipaw resort
ချင်း-Sor long cbt community lodge
နေပြည်တော်- Royal Lotus
အဝုလေးတွေလက်ခံပေးတဲ့ဟိုတယ်တွေသိရင်လည်းပြောပြပေးကြပါဦးနော်ထပ်ပြီးEditပေးမယ်😍

image

#ကျောက်ကပ်တွင်အရည်အိတ်တည်ခြင်းအကြောင်း
******************************
✅ကျောက်ကပ်ဆိုတာ သင့်ကိုယ်ခန္ဓာထဲက အညစ်အကြေးများကို ဆီးသွားခြင်းမှတဆင့် စွန့်ထုတ်ပေးနေတဲ့ အင်္ဂါအစိတ်အပိုင်းဖြစ်ပါတယ်။ ကျောက်ကပ်အတွင်းသားမှာ အရည်များ စုလာခြင်းကိုတော့ ကျောက်ကပ်အရည်အိတ်တည်ခြင်း (kidney cyst) လို့ ခေါ်ပါတယ်။
✅ကျောက်ကပ်တဖက်ဖက်မှာ တအိတ်တည်းဖြစ်ပေါ်လာတာ ရှိသလို နှစ်ဖက်စလုံးမှာ အရည်အိတ်များစွာ ဖြစ်ပေါ်နိုင်တဲ့ အခြေအနေလည်းရှိပါတယ်။
✅အရည်အိတ်တအိတ်ချင်းစီဖြစ်ပေါ်တဲ့ အခြေအနေဟာ ကျောက်ကပ်ကို ထိခိုက်နိုင်ခြေနည်းပါတယ်။ ဒါပေမယ့် အရည်အိတ်များစွာစုပြီး ဖြစ်ပေါ်တဲ့ရောဂါ (polycystic kidney disease) ကတော့ ကြီးထွားလာတာနဲ့အမျှ ကျောက်ကပ်ကို ဒုက္ခပေးလာနိုင်ပါတယ်။
✅များသောအားဖြင့် ကျောက်ကပ်အတွင်းမှာ အရည်အိတ်ဖြစ်နေခြင်းကို သတိမပြုမိကြပါဘူး။ လက္ခဏာမပြခဲ့ရင် တခြားပြဿနာတခုခုအတွက် ပုံရိပ်ဖော်စစ်ဆေးခြင်းတွေ ပြုလုပ်မှသာ သိရှိတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
✅အရည်အိတ်များဟာလည်း အရွယ်အစားအမျိုးမျိုးရှိပါတယ်။ မိုက်ခရိုစကုပ်နဲ့ကြည့်မှ မြင်ရမယ့်အရည်အိတ်မျိုးရှိသလို ဂေါ်လီလုံးပမာဏလောက်ရှိတဲ့ အရည်အိတ်လည်း တွေ့ရတတ်ပါတယ်။
✅အရည်အိတ်ကြီးမားလာရင်တော့ ဘေးပတ်ဝန်းကျင်က အင်္ဂါအစိတ်အပိုင်းတွေကိုပါ ဖိမိတဲ့အတွက် နာကျင်မှု ဖြစ်တတ်ပါတယ်။
🍀လက္ခဏာများ🍀
✅သာမန်အရည်အိတ်ကလေးများဟာ လက္ခဏာမပြတတ်ပါဘူး။ ဒါပေမယ့် အရွယ်အစားကြီးမားလာရင်၊ ရောဂါပိုးဝင်ရောက်လာရင် ရောဂါလက္ခဏာတွေ ပြလာတတ်ပါတယ်။ အဆိုပါလက္ခဏာတွေကတော့
🍀ဖျားနာခြင်း🍀
🪴နောက်ကျောနှင့်ဘေးနံစောင်းအောင့်ခြင်း
🪴ဝမ်းဗိုက်အထက်ပိုင်းအောင့်ခြင်း
🪴ဝမ်းဗိုက်ဖောရောင်ခြင်း
🪴ပုံမှန်ထက် ဆီးပိုသွားခြင်း
🪴ဆီးအတွင်း သွေးပါခြင်း
🪴ဆီးမည်းသွားခြင်း
🪴သွေးပေါင်ချိန်မြင့်တက်ခြင်း စတာတွေဖြစ်ပါတယ်။
✅အကြောင်းအရင်း၊ ဖြစ်နိုင်ခြေမြင့်စေသော အရာများ
✅ကျောက်ကပ်အရည်အိတ်တွေ ဘာကြောင့်ဖြစ်လာတယ်ဆိုတာ တိကျစွာ မသိရပါဘူး။
✅သုတေသီများရဲ့ ခန့်မှန်းချက်အရ ကျောက်ကပ်အတွင်းမှာ အရေအတွက် သန်းနဲ့ချီတဲ့ ပြွန်ကလေးများ တည်ရှိပါတယ်။
✅အဆိုပါပြွန်ကလေးများဟာ ဆီးကို စစ်ယူပေးရပြီး လမ်းကြောင်းပိတ်ဆို့ခြင်း၊ ရောင်ရမ်းခြင်းများ ဖြစ်လာရင်တော့ အရည်များနဲ့ပြည့်သွားပြီး ဖောင်းလာပါတယ်။
✅တခြားဖြစ်နိုင်ခြေတခုကတော့ ပြွန်ကလေးများရဲ့နံရံမှာ အားနည်းသွားပြီး အရည်များဝင်ရောက်ရာကနေ အိတ်များဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။
✅ကျောက်ကပ်အရည်အိတ်များဟာ အသက်ကြီးလေ ဖြစ်နိုင်ခြေများလေ ဖြစ်ပါတယ်။ အသက် ၄၀ လောက် အရွယ်ပိုင်းရဲ့ လူဦးရေလေးပုံတပုံဟာ ကျောက်ကပ်အရည်အိတ် ဖြစ်နေတတ်ကြောင်း သိရပါတယ်။
✅အသက် ၅၀ ကျော်အရွယ်မှာတော့ လူဦးရေရဲ့ ထက်ဝက်ခန့်မှာ ဖြစ်တတ်ပါတယ်။ အမျိုးသားများဟာ အမျိုးသမီးများထက် ဖြစ်နိုင်ခြေပိုများပါတယ်။ ဒါ့အပြင် အရည်အိတ်များစွာတည်တဲ့ အခြေအနေဟာ မျိုးရိုးဗီဇလိုက်တတ်ပါတယ်။
🍀နောက်ဆက်တွဲပြဿနာများ🍀
✅အရည်အိတ်အများစုဟာ ပြဿနာမပေးတတ်ပါဘူး။ ဒါပေမယ့် တခါတရံမှာ အောက်ပါ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာစေပါတယ်။
🍀အရည်အိတ်အတွင်း ရောဂါပိုးဝင်ခြင်း
🍀အရည်အိတ်ပေါက်ထွက်ခြင်း
🍀ကျောက်ကပ်မှ ဆီးလမ်းကြောင်းပိတ်ဆို့ခြင်း
🍀သွေးပေါင်ချိန်တက်ခြင်း စတာတွေ ဖြစ်ပါတယ်။
✅ကျောက်ကပ်အတွင်း အရည်အိတ်များစွာဖြစ်ပေါ်နေရင်တော့ အချိန်နဲ့အမျှ ကျောက်ကပ်ကို ထိခိုက်လာပါတယ်။
🍀ဘယ်လိုကုသမလဲ🍀
✅ကျောက်ကပ်မှာ အရည်အိတ်တည်တဲ့လက္ခဏာပြလာရင်၊ ဒါမှမဟုတ် အရည်အိတ်တည်တယ်လို့ သံသယရှိရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
✅လိုအပ်ရင် ဆီးနှင့်ကျောက်ကပ်အထူးကုဆရာဝန်နဲ့ ပြသသင့်ပါတယ်။ CT၊ MRI၊ Ultrasound စတဲ့ ပုံရိပ်ဖော်နည်းလမ်းတမျိုးမျိုးနဲ့ စစ်ဆေးပြီး ရောဂါရှာဖွေပါလိမ့်မယ်။
✅အရည်အိတ်ဟာ သေးငယ်ပြီး လတ်တလောပြဿနာမရှိလောက်ရင် ခြောက်လ၊ တစ်နှစ် စသဖြင့် ပြန်လည်ချိန်းဆိုပြီး စစ်ဆေးပါလိမ့်မယ်။
✅ကြီးမားတဲ့ အရည်အိတ်၊ ရောဂါဝေဒနာပေးနေတဲ့ အရည်အိတ်တွေဆိုရင်တော့ ဖောက်ထုတ်ပစ်တဲ့နည်းလမ်း၊ ခွဲစိတ်တဲ့နည်းလမ်းတွေနဲ့ ကုသပေးပါလိမ့်မယ်။ ကောင်းတာကတော့ ဆရာဝန်ချိန်းဆိုတဲ့အတိုင်း ပုံမှန်ပြသပြီး ကုသမှုခံယူသင့်ပါတယ်။

image

လဲ့သူမိုး ဆိုလို စဥ်းစားလိုက်ရတာ ပြီးမှ -ိုးသူမဲ့ တဲ့

image
27 w - Translate

နေရာတွေပြန်သွားလိုရတယ်
အချိန်တွေပြန်သွားလိုမရဘူး။

image
27 w - Translate

ကျွဲကောပင်စိုက်ပျိုးနည်း 🌳🍀
၁။ စိုက်ပျိုးချိန်နှင့် ရာသီဥတု
ကျွဲကောပင်ကို မိုးဦးကျဖြစ်တဲ့ ဇွန်လနဲ့ ဇူလိုင်လတွေမှာ စိုက်ပျိုးတာ အသင့်တော်ဆုံးပါပဲ။
ပူအိုက်စွတ်စိုတဲ့ ရာသီဥတုကို နှစ်သက်ပါတယ်။
၂။ မြေအမျိုးအစား
နှုန်းမြေလိုမျိုး ရေစီးဆင်းမှုကောင်းတဲ့ မြေကို ကြိုက်ပါတယ်။
၃။ မျိုးရွေးချယ်ခြင်း
အစေ့ကနေ စိုက်ပျိုးနိုင်သလို ကိုင်းကူးနည်းနဲ့လည်း စိုက်လို့ရပါတယ်။
ကိုင်းကူးနည်းက အချိန်ကုန်သက်သာပြီး ပိုမိုမြန်မြန်အသီးသီးပါတယ်။ အပင်ကြီးထွားနှုန်းလည်း ပိုကောင်းပါတယ်။ အစေ့က စိုက်ရင်တော့ ၅ နှစ်လောက်မှ အသီးသီးပြီး ကိုင်းကူးရင်တော့ ၃ နှစ်လောက်နဲ့တင် အသီးသီးနိုင်ပါတယ်။
၄။ စိုက်ပျိုးပုံ
အပင်တစ်ပင်နဲ့တစ်ပင်ကို အနည်းဆုံး ပေ ၂၀ ခန့် ခြားပြီး စိုက်သင့်ပါတယ်။
တစ်ဧကကို ကျွဲကောပင် အပင် ၁၀၀ လောက် စိုက်ပျိုးနိုင်ပါတယ်။
အသီးသီးချိန်နှင့် ရိတ်သိမ်းချိန်
ကျွဲကောပင်ဟာ ဒီဇင်ဘာလနဲ့ ဇန်နဝါရီလတွေမှာ ပန်းပွင့်ပါတယ်။
ဇူလိုင်လနဲ့ သြဂုတ်လတွေမှာ အသီးကို ခူးဆွတ်နိုင်ပြီး ရိတ်သိမ်းချိန်က ၂ လလောက် ကြာပါတယ်။
ကျွဲကောပင်ဟာ နှစ်ရှည်သီးနှံဖြစ်ပြီး နှစ် ၃၀ လောက်အထိ အသီးသီးနိုင်တာကြောင့် ရေရှည်အတွက် စိုက်ပျိုးဖို့ကောင်းတဲ့ အပင်တစ်မျိုးပါပဲ။

image

#ပဲခေါက်ဆွဲ
Black Bean Noodles
❀ ❀ ❀ ❀ ❀ ❀
ကိုးရီးယားပဲခေါက်ဆွဲကိုကိုးရီးယားကားတွေထဲစားနေတာဘဲမြင်ဖူးတာမို့အရသာသစ်တခုကိုမြည်းစမ်းကြည့်ချင်လို့ချက်စားဖြစ်ခဲ့တာလေးပါ။ချက်နည်းမေးလာတဲ့သူငယ်ချင်းများအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။ပြုလုပ်ရလွယ်ကူပြီးအရသာတမျိုးနဲ့စွဲမက်ဖွယ်ပဲခေါက်ဆွဲကိုချက်စားကြည့်ကြရအောင်နော်။
ပါဝင်ပစ္စည်း(၄ပွဲစာ)
*********
ဂျုံခေါက်ဆွဲ - တစည်း
ကြက်သား- ၃၀၀ ဂရမ်
ဆား - အနည်းငယ်
ဟင်းခပ်မှုန့်- အနည်းငယ်
ပဲငပိအမဲအနှစ်(ကိုးရီးယား)- ၁၅၀ ဂရမ်
ကြက်သွန်နီ - တစ်လုံး
ဖရုံသခွား - တစ်စိတ်
ဂေါ်ဖီထုပ် - အနည်းငယ်
အာလူး(အကြီး)- တစ်လုံး
မှို(button mushroom) - ၅လုံး
မုန်လာဥနီ- တစ်စိတ်
ကြက်ပြုတ်ရည် - ၃၅၀ml
ငရုပ်ကောင်း - တစ်ဇွန်း လ္ဘက်ဇွန်း
ဂျင်းမှုန့် - ၂ဇွန်းစားပွဲဇွန်း
ဆန်ဗီနီဂါ- ၃ဇွန်း စားပွဲဇွန်း
ပြောင်းဖူးမှုန့် /ကော်မှုန့်- ၃ဇွန်းစားပွဲဇွန်း
ရေ - နှစ်ဇွန်း
ဆီ- အနည်းငယ်
တွဲဖက်စားရန်
ကြက်ဥပြုတ် - ၄လုံး (optional)
သခွားသီး- တခြမ်း(အမျှင်)
ပြင်ဆင်ပြုလုပ်ပုံ
1.ဦးစွာကြက်သားသို့မဟုတ်နှစ်သက်ရာအသားကိုရေဆေးသန့်စင်ပြီးဆားဟင်းခပ်မှုန့်ငရုပ်ကောင်းဖြင့်နယ်ထားပါ။
2.ကျန်သီးနှံများအားလုံးကိုရေဆေးသန့်စင်ပြီးအရွယ်တူအတုံးလေးများစိတ်ထားပါ။ခေါက်ဆွဲခြောက်ကိုပြုတ်ထားပါ။ကြက်ဥပြုတ်ထားပါ။သခွားသီး ကိုအမျှင်လေးများစိတ်ထားပါ။
3.အားလုံးအသင့်ဖြစ်ပါကအိုးထဲတွင်ဆီထည့်ပြီးအာလူးကိုအရောင်ရရုံကြော်ပြီးဆယ်ယူဆီစစ်ထားပါ။အိုးထဲတွင်ဆီ အနည်းငယ်ချန်ပြီးပဲနှစ်ကိုဆီသပ်ပါ။အနံ့မွေးလာပါကဖယ်ထုတ်ထား ပါ။
4.အိုးထဲဆီအနည်းငယ်ထပ်ထည့်ပြီးအရသာနှပ်ထားသောအသားကိုချကြော်ပါ။
5.အသားအရောင်ပြောင်းသည်နှင့်သီးနှံများအားလုံးထည့်ပြီးကြော်ပါ။
6.သီးနှံများကြော်မိပါကဆီသပ်ထားသောပဲအနှစ်ထည့်ပြီးအားလုံးသမအောင်မွေပေးပါ။
7.ကြက်ပြုတ်ရည်ထည့်ပြီးအရသာအပေါ့အငံမြည်းပါ။ငရုပ်ကောင်းနှင့်ဆန်ဗီနီဂါဂျင်းမှုန့်ထည့့်ပြီး သမအောင်မွေပေးပါ။
8.ဆူပွက်ပါကပြောင်းဖူးမှုန့်ကိုရေနှစ်ဇွန်းဖြင့်ဖျော်ပြီးလောင်းထည့်ကာခပ်မြန်မြန်မွေပေးပါ။
9.ပြန်လည်ဆူပွက်ပါကခေါက်ဆွဲနှင့်တွဲဖက်စား ရန်အသင့်ဖြစ်ပါပြီ။
10.အသင်ြ့ပုတ်ပြီးသားခေါက်ဆွဲကိုပန်းကန်တွင်ထည့်ပြီးချက်ထားသောပဲအနှစ်ဟင်းကိုအပေါ်မှဆမ်းပေးပြီးကြက်ဥပြုတ်သခွားသီးထည့့်ကာကင်မ်ချီဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
❀❀ခေါက်ဆွဲအစိုသို့မဟုတ်စပါကတီခေါက်ဆွဲထမင်းဖြူ ဖြင့်လည်းသုံးဆောင်နိုင်ပါတယ်။

image
27 w - Translate

Quality ✅

image
27 w - Translate

Quality ✅

image