10 w - Translate

ရွာငံတွင် တောင်ပြို၍ စစ်ရှောင်ကလေးငယ်များအပါ ၁၀ ဦး သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ရှောင်ပြည်သူများ နေထိုင်သည့်နေရာ တခု၌ တောင်ပြိုကျမှု ဖြစ်ပွါးခဲ့ခြင်းကြောင့် ကလေးငယ်များအပါ စစ်ရှောင် ၁၀ ဦး သေဆုံးသွားကြောင်း DaNu State National Defence Army (DSNDA) ထံမှ သိရသည်။
အဆိုပါ တောင်ပြိုကျမှုဖြစ်စဉ်သည် စက်တင်ဘာလ ၂၄ ရက်နေ့ က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် တနှစ်ခွဲ အရွယ် မိန်းကလေးငယ်တဦး ၊ အသက် ခုနစ်နှစ် နှင့် ၁၀နှစ် ရွယ် ယောကျ်ားလေး နှစ် ဦး အမျိုးသား သုံး ဦး၊ အမျိုးသမီး လေး ဦး စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့သည်။
“ သေဆုံး သူတွေဟာ မိသားစုဝင်တွေပါ၊ သူတို့ မိသားစု စစ်ရှောင်နေတဲ့နေရာမှာ တောင်ပြိုကျပြီး ပါသွား တာ” ဟု DSNDA မှ တာဝန်ရှိသူ တဦးက မဇ္စျိမသို့ ပြောသည်။
သေဆုံးသူများထဲမှာ အသက် ၂၂ နှစ်အရွယ် အမျိုးသား တဦး ၏ ရုပ်အလောင်းကိုသာ ရှာဖွေတွေ့ ရှိခဲ့ ပြီး ကျန် သူများ ၏ ရုပ်အလောင်းကို မတွေ့ ရှိ ရကြောင်း DSNDA က ဆိုသည်။
ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံး ကြဲ ခြင်း၊ ခြေလျင်စစ် ကြောင်းထိုးခြင်းများ ကြောင့် ဒေသခံ ပြည်သူများ မှာ စစ်ဘေး ရှောင်နေရခြင်းဖြစ်သည်။
ရွာငံ တမြို့နယ်လုံး အတိုင်းတာဖြင့် စစ်ဘေးရှောင်ကြရသည့် ကျေးရွာအများအပြားရှိနေပြီး မင်းပလောင်၊ ညောင်ပင်သာ နှင့် ကျောက်တော ကျေးရွာများ အနေဖြင့် ရွာလုံးကျွတ် စစ်ဘေးရှောင် နေကြရပြီး လူဦးရေ ၁,၀၀၀ ဝန်းကျင် ရှိကြောင်း DSNDA အဖွဲ့ တာဝန်ရှိသူ ကဆိုသည်။
၎င်းက“ မိုးတွင်းကာလ စစ်ဘေးရှောင်ရတာဆိုတော့ အခက်အခဲတွေ က ပြောမပြတတ်လောက်အောင်ပါပဲ စစ်ရှောင် ဒေသခံတွေ အရမ်းခက်ခဲကြပါတယ်” ဟု ပြောသည်။
ရွာငံမြို့နယ်အတွင်းရှိ စစ်ကော်မရှင်တပ်ဖွဲ့ သည် ကျေးရွာများအတွင်းသို့ လက်နက်ကြီးလက်နက်ငယ်မျာဒး ဖြင့် ပစ်ခတ် ၍ စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် ပစ္စည်းများအဓမ္မယူဆောင်ပြီး နေအိမ်များကိုမီးရှို့ဖျက်စီးခြင်း များ လုပ်ဆောင်နေကြောင်း ဒေသတွင်းအဖွဲ့အစည်းများထံမှ သိရသည်။
Cre

image
image
image