2 yrs - Translate

ချစ်တာလား၊ မချစ်တာလားဆိုတဲ့ ခံစားချက်မျိုး ခံစားဖူးလား။ နွေးထွေးမှုပေးတဲ့ အချိန်မှာ ချစ်တယ်လို့ ထင်ရပေမယ့်၊ ပစ်ထားတတ်တဲ့ အချိန်မျိုးတွေကျ မချစ်လို့လားဆိုတဲ့ တွေဝေနေရတဲ့ ခံစားချက်မျိုး ခံစားဖူးလား။

ကိုယ့်ဘက်က ချစ်တာ သေချာသလောက်ဖြစ်ပေမယ့် တစ်ဖက်က ကိုယ့်ကို ချစ်တယ်ဆိုတာ မသေချာမရေရာတဲ့ ခံစားမှုမျိုးကျ အတော်လေး ဝမ်းနည်းစရာကောင်းတယ်။

သူ့ဘက်က ကိုယ့်ကိုချစ်တယ်ဆိုတာ ကိုယ်မရှိလည်း ဖြစ်တယ်ဆိုတာမျိုး၊ ကိုယ်ဖုန်းမဆက်လည်း နေနိုင်တယ်ဆိုတာမျိုး။ ဒါက ကိုယ့်ကို ချစ်တာလား၊ မချစ်တာလားဆိုတဲ့ အတွေးမျိုးတွေ တွေးစေတယ်။

မချစ်ဘူးဆိုတာထက် ချစ်တာလား၊ မချစ်တာလားဆိုပြီး တွေဝေနေရတဲ့ ခံစားမှုမျိုးက ဘယ်လောက်ထိများ နာကျင်စရာကောင်းလိုက်သလဲ။

#jittuu

image
2 yrs - Translate

ပင်ပန်းစရာတွေ ပိုလာတဲ့အခါ
မင်းကိုပဲ အရင်ဆုံး သတိရတယ်
အသိပေးချင်တယ်
မျှဝေခံစားပေးစေချင်တာမျိုးမဟုတ်ဘဲ
မင်းရှိနေရင် ပင်ပန်းစရာ‌တွေ မေ့ထားလို့ရတယ်
ပြေပျောက်ရတယ် နွေးထွေးရတယ်
အဲ့ဒီခံစားချက်လေးကို ကိုယ်လည်း သိသလို
မင်းလည်း သိမယ်ထင်ပါတယ် ။

#ဘုန်းပြည့်ကြွယ်

image
2 yrs - Translate

သူတို့ လုပ်သလို ပြန်လုပ်တော့
ကိုယ်က မကောင်းဘူး ဖြစ်သွားရော

ဘ၀ နေနည်းက
အင်မတန် ရိုးရှင်းပါတယ်။

ကိုယ်မကြိုက်တဲ့ ပုံစံနဲ့
သူများကို မဆက်ဆံမိဖို့ပါပဲ။ ။
Crd

image
2 yrs - Translate

"ပြက်လုံး"
မရယ်ရတဲ့ဟာသတွေ ငါပြောခဲ့တယ်
ဒါပေမဲ့ သူတို့ရယ်ခဲ့ကြတယ် ။

-မောင်ထက်ခေါင်
၂.၉.၂၀၂၄

image
2 yrs - Translate

ယောက်ျားလေးတွေက လွယ်လွယ်နဲ့လက်လွှတ်လိုက်တာလား Relationship တစ်ခုပြတ်တောက်သွားရင်.... မိန်းကလေးတွေကပြောတယ် နင်တို့ယောက်ျားလေးတွေ နေနိုင်တယ် မသိရင် မချစ်ခဲ့သလိုပဲတဲ့........အမှန်ကသူတို့ထင်တာ မှားတယ် ယောက်ျားလေးတစ်ယောက် တကယ်ချစ်ရင် သူချစ်ရတဲ့ကောင်မလေး အပျိုစစ်မစစ် မုဆိုးမတစ်ခုလပ်မကလို့ ဘာဖြစ်ဖြစ် ကောင်းကောင်းဆိုးဆိုး လက်ခံပေးတယ် ဒါပေမယ့် သူကောင်မလေးဆီက စိတ်ဒဏ်ရာ ရတာများလာရင် အဲ့ဒီအသေးအမွှားကနေ နာကျင်စရာ အခဲလိုက်ဖြစ်လာမယ် အဲ့အချိန်သူ့အတွက်နာကျင်စရာ လုံလောက်သွားတဲ့အချိန်ဆို မင်းကိုသူမလိုအပ်တော့ဘူး သူ့ဘက်က စိတ်ပြတ်သားဖို့ ပြင်ဆင်လာလိမ့်မယ် ဒါဆို သူ့ဘက်ကနေ စောစောလမ်းမခွဲတာလဲ သူဘက်က စိတ်ပြတ်သားဖို့ အချိန်လိုနေသေးလို့ မင်းကိုအနားမှာ ခဏထားတာ သူ့ဘက်ကစိတ်ပြတ်သားတဲ့အခါ မင်းဘက်က ဘာပေးပေး ဘာတွေပဲလိုက်လျောလျော သူမလိုချင်တော့ဘူး မင်းဘက်က ဂရုစိုက်မျှပဲပေးပေး အကြင်နာယုယမှုတွေပဲ တိုးပေးတိုးပေး အဲ့အချိန် သူ့အတွက်မင်းကမလိုအပ်တော့
အရင်လို အရေးမပါတော့ဘူး အရာရာသည်းခံပေးနေတာက မင်းကိုချစ်လို့ တန်ဖိုးထားလို့ သူ့ဘက်က မာနမရှိတာမဟုတ်ဘူး သူ့ရဲ့မာန နဲ့ သိက္ခာကို ထိပါးတာများလာရင် အချစ်ဆိုတာ သူ့ဘဝမှာ မရှိလဲဖြစ်တယ် ယောက်ျားတစ်ယောက်ကြောက်ဖို့အကောင်းဆုံးအချိန်က သူဘက်ကနေ စိတ်ပြတ်သားပြီး မင်းဆီကနေ ဘာဆိုဘာမှ မလိုအပ်တော့တဲ့ အချိန်ပဲ…..။

#toponeနည်းပညာ
#crd_to_owner_with_respect

image
2 yrs - Translate

တစ်ဖက်လူရဲ့ ဘဝထဲကို လက်ဆောင်လေးအဖြစ်ပဲ
ဝင်ရောက်ဖို့ ဆန္ဒရှိပါတယ်။
ကိုယ်နဲ့ရှိရရင် ပြုံးရယ်ရပြီး
ကိုယ့်ကြောင့် အေးမြမှုကိုပဲ ရရှိစေချင်ပါတယ်။
ပိုင်ရှင်ရဲ့ အကြည်ဓါတ်ကလေးအဖြစ်ပဲ
ကာလရှည် တည်ရှိသွားချင်တာမျိုးပါ🤎 ‎

image
2 yrs - Translate

မိဘဆောက်ပေးပြီးသား
လှေကားကနေ အမြင့်တက်ရသူနဲ့

လှေကားတစ်ထစ်ချင်းစီတိုင်းကို
ကိုယ်တိုင်တည်ဆောက်ပြီး အမြင့်တက်ရသူရဲ့

ပင်ပန်းမှုချင်းကလည်း ကွာပါတယ် ။

image
2 yrs - Translate

ကူညီတာများရင် ဝတ္တရားဖြစ်တတ်တယ်တဲ့။
ဒီစကားက အလကားမဟုတ်ဘူး။

တန်ဖိုးမထားတတ်တဲ့ လူတစ်ယောက်ကို
တစ်ခါ နှစ်ခါကူညီကြည့်၊ ကျေးဇူးတင်လိမ့်မယ်။

သုံးလေးခါထက်ပိုသွားရင်
ဝတ္တရားတစ်ခုလို ဖြစ်လာလိမ့်မယ်။

မကူညီနိုင်တဲ့အခါ
ရှေ့က ကူညီခဲ့တာတွေပါ လုံးဝ မေ့သွားလိမ့်မယ်။

လောကမှာ
ဘယ်သူကမှ ဘယ်သူ့ကိုလုပ်ပေးရမယ်လို့
တာဝန်မရှိဘူးနော်။
ကူညီတယ်ဆိုတာ ဝတ္တရားမဟုတ်ဘူး။

ငွေကြေးကူညီခဲ့ဖူးတာ၊ လုပ်အားကူညီခဲ့ဖူးတာ
အချိန်အားဖြင့်၊ လူအားဖြင့်၊ စိတ်ခွန်အားစသဖြင့်
ကူညီခံခဲ့ရဖူးရင်
မမေ့တတ်ခြင်းက လူပီသခြင်းတစ်မျိုးပါပဲ။ 🤎

image
2 yrs - Translate

ကိုယ်ပိုင်အရည်အချင်းနဲ့ရှာနိုင်တဲ့အရာ 😶

image

၁၁ နာရီ ၀ မိနစ်

🧈 အကယ်ဒမီ မီးလင်းရွှေ ဈေးကွက် ဈေးနှုန်း
ရွှေတုံး/ရွှေဆိုင် ရွှေသန့်စင်လုပ်ငန်းများစျေး

၇၁၆၀၀၀၀

------------------------------

🙏 မိဘပြည်သူ၊ ကုန်သည်များရှင့်

🇺🇲 ရန်ကုန် လက်ငင်း ၅၇၀၀-၅၇၈၀

🇹🇭 ဘတ် ၆၃၀-၆၂၅

🇸🇬 စင်္ကာပူ ၄၁၅၀-၄၁၉၀

-------------------------------
#crd

image