Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
" အကောင်းဆုံး ရှင်သန်နေထိုင်ပါ "
"""""""""""""""""""""""""""""""""""""""""""""""""""
✍✍✍✍✍✍✍✍✍✍✍✍✍
📚
ဘဝဆိုတာ
ရာသီဥတုဆန်တယ်။
အမြဲတမ်း သာယာမနေနိုင်သလို
အမြဲတမ်းလည်း ဆိုးရွားမနေနိုင်ပါဘူး။
📚
နေသာတဲ့အခါ ရှိမယ်။
မိုးအုံ့တဲ့အခါ ရှိမယ်။
မိုးရွာတဲ့အခါ ရှိမယ်။
အမြဲတမ်း မတည်မငြိမ်နဲ့
ပြောင်းလဲနေတယ်။
📚
ကြောက်စရာကောင်းတဲ့
မုန်တိုင်းထန် နေ့ရက်တွေ ရှိ သလို
စိတ်ချမ်းမြေ့စရာကောင်းတဲ့ ကြည်နူးစရာ
ဆောင်းဦးပေါက်
မနက်ခင်းလေးတွေလည်း ရှိတာပဲ။
📚
ကံဆိုးခြင်းဟာ
နွေ ရာ သီ ဖြစ်ခဲ့မယ်ဆိုရင်
ကံကောင်းခြင်းမိုးရာသီဟာ
မကြာခင်ရောက်လာမှာပါ။
ဒီလိုပဲ ကံဆိုးခြင်းဟာ
မိုးရာသီဖြစ်ခဲ့မယ်ဆိုရင်
ကံကောင်းခြင်းဆောင်းရာသီဟာလည်း
မကြာခင်ရောက်လာဦးမှာပါ။
📚
အရာရာဟာ အခိုက်အတန့်တွေပါပဲ။
ရာသီအလိုက်ပွင့်နေတဲ့
ရောင်စုံပန်းကလေးတွေဟာ
ဘဝရဲ့အလှတရားတွေပဲ။
ဆင်းရဲဒုက္ခတွေကိုတွေးပြီး
အမြဲတမ်းညည်းညူနေရင်တော့
အဲဒီအလှတရားတွေကို
လက်လွတ်သွားလိမ့်မယ်။
📚
သဘာဝပန်းချီကားချပ်ကြီးကို ကြည့်ဖို့
သင့်မျက်လုံးတွေကို
သောကတွေနဲ့ ဖုံးမထားပါနဲ့။
အမြဲတမ်းစိတ်ပျက်ညည်းညူနေသူအတွက်
သူ့ဘဝတစ်လျှောက်လုံးဟာ နွေ ရာ သီ ပဲ
ခြောက်သွေ့မှုတွေနဲ့ပဲ ဘဝကို
ကုန်ဆုံးလွန်မြောက်ရလိမ့်မယ် ။
📚
ဘယ်လိုဆင်းရဲဒုက္ခတွေနဲ့ပဲ ကြုံတွေ့ရပါစေ
အပြုံးမပျက်
ကြံ့ကြံ့ခံရင်ဆိုင်နိုင်အောင် ကြိုးစားပါ။
ခံနိုင်ရည်ရှိဖို့
ကိုယ့်ကိုယ်ကို အမြဲအားပေးပါ ။
📚
သင်စိတ်ပျက်အားငယ်လာတဲ့အခါ
ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပါ။
ကြည်လင်တဲ့အခါလည်း ရှိမယ်။
မကြည်လင်တဲ့အခါလည်း ရှိမယ် ။
ဘဝဆိုတာလည်း ဒီလိုပါပဲ။
ဘာအတွက်ကြောင့်မှ
စိတ်ပျက်အားငယ်မနေပါနဲ့ ။
📚
ပန်းကလေးတွေဟာ
သူ့ရာသီရောက်ရင် ပွင့်ကြတာပဲ။
ဘာအတွက်မှ သောကမရောက်ဘူး။
ဒါ့ကြောင့် ပန်းကလေးတွေ လှကြတာ။
မုန်တိုင်းလာမှာလည်း မကြောက်ဘူး။
မိုးသည်းမှာလည်း မစိုး ရိမ် ဘူး။
နေလောင်မှာလည်း မ တွေး ကြောက်ဘူး။
အမြဲတမ်း ရဲရဲဝံ့ဝံ့နဲ့ ဖူးပွင့်ကြတယ်။
📚
ဘဝမှာ သတ္တိရှိရှိရှင်သန်ရဲဖို့ လိုတယ်။
သတ္တိမရှိရင် ဘဝက အလကားပဲ။
ဟိုဟာကြောက်ရ ဒီဟာကြောက်ရနဲ့
ပီပီသသရှင်သန်ချိန် မ ရ လိုက် ဘူး။
📚
မနေ့က ဘာဖြစ်ခဲ့လဲ ပြန်မတွေးနဲ့။
မနက်ဖြန် ဘာဖြစ်မလဲ
ကြို ပြီးလည်းမစိုးရိမ်နဲ့။
ဒီနေ့ကို အကောင်းဆုံးရှင်သန်ပါ ။
နေရတဲ့ခဏမှာ
ကိုယ့်ကိုယ်ကို ကျေနပ်ပါမှ
ရလာတဲ့ဘဝ နေသာထိုင်သာ ရှိ မှာ ပါ ။
📚
ကိုယ့်ကိုယ်ကိုလည်း အပြစ်မတင်နဲ့။
သူတစ်ပါးလည်း အပြစ်မပြောနဲ့။
အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံး ကြိုးစားပြီး
ရှင်သန်နေထိုင်ပါ ...... ။
🖊🖊🖊🖊🖊🖊🖊🖊🖊🖊🖊🖊
အစဉ်လေးစား ချစ်ခင်နေလျှက် .....
ဆင်မကပေးသော
မှတ်သားဖွယ်ရာ သင်ခန်းစာ
(သင်ခန်းစာ ပုံပြင်လေးပါ)
တစ်ခါက ဆင်မတစ်ကောင်နဲ့
ခွေးမတစ်ကောင်တို့ဟာ တစ်ချိန်တည်း
ကိုယ်၀န်ဆောင်ကြပါတယ် ။
သုံးလကြာတဲ့အခါ ခွေးမဟာ
ခွေးလေး (၆)ကောင်မွေးပါတယ်။
နောက် (၆)လမြောက်မှာခွေးမက
ကိုယ်၀န် ထပ်ဆောင်ပြန်ပါတယ်။
ကိုးလရောက်တော့
ခွေး (၁)ဒါဇင် ထပ်မွေးပြန်ပါတယ်။
အဲဒီအတိုင်းပဲ လည်ပတ်ရင်း (၁၈)လ
ကြာတဲ့အခါခွေးမဟာ (၃)ကြိမ် ကိုယ်၀န်ဆောင်ပြီး
(၃)ခါ မွေးပြီးသွားပါပြီ။
ဆင်မကတော့ ကိုယ်၀န်ဆောင်နေတုန်းပါပဲ။
ဒီတော့ ခွေးမက ဆင်မ ကိုမေးပါတယ်။
`ဟဲ့ ဆင်မ နင့်ဟာက ကိုယ်၀န်ရော ဟုတ်ရဲ့လားဟယ်
ငါဆိုရင် ကလေး (၃)ခါမွေးပြီး တချို့တွေဆို
ခွေးကြီးတွေတောင်ဖြစ်နေကြပြီ ၊
နင်က ခုထိ ကိုယ်၀န်ဆောင်နေတုန်းပဲလား
ဒီတော့ ဆင်မက ပြန်ဖြေပါတယ်။
`ဒီမှာ မခွေးမ ......
နင်ပြောတာကို ငါနားလည်ပါတယ်။
ဒါပေမယ့် ငါလွယ်ထားတာ ဆင်ပါ
ခွေးမဟုတ်ပါဘူး ၊ ငါဟာ တစ်ခါမွေးဖို့
(၂)နှစ် ကိုယ်၀န်ဆောင်ရပါတယ်။
ငါ့ကလေး မွေးလာတဲ့အခါ မြေကြီးက
သိတယ် ၊ ဒီဆင်ကလေး လမ်းလျှောက်တဲ့အခါ
လူတွေတစ်အံတဩနဲ့ ရပ်ကြည့်ကြလိမ့်မယ် ။
ဒီလို ခွန်အားကြီးမားပြီး လူတွေစိတ်၀င်စားရတဲ့
သန္ဓေသား ကိုယ်၀န်ကို လွယ်ထားရတာကြောင့်
အချိန်ဒီလောက်ကြာနေတာပါ။
ပေးချင်တဲ့ သင်ခန်းစာကတော့ဗျာ
အခြားသူတွေ အောင်မြင်သွားချိန်မှာ သင်
မအောင်မြင်သေးလို့ သင့်ယုံကြည်မှုတွေ
မပျောက်ဆုံးပါစေနဲ့။
ကြီးမားတဲ့အောင်မြင်မှုကို ရဖို့ မဆုတ်မနစ်ဇွဲ ၊
ယုံကြည်မှုနဲ့ အချိန်တွေအများကြီး ရင်းရပါတယ်။
သင်လွယ်ထားရတဲ့ အောင်မြင်မှုဟာ
အခြားသူတွေထက် အများကြီးပိုနိုင်ပါတယ်။
အဲဒီတော့ အခြားသူတွေကို မြင်ပြီး
စိတ်ဓာတ်ကျ ဖြစ်နေမဲ့အစား ...
ကိုယ့်ရဲ့မနက်ဖြန်ကို ယုံကြည်မှုခွန်အား
အပြည့်နဲ့ လျှောက်လှမ်းလိုက်ပါ
မိတ်ဆွေတို့ရေ ...
အောင်မြင်မှုကို ရယူနိုင်ကြပါစေ ...
#credit
Remember me in every spring;
in every blossom of a tree,
in every hope,
in every beginning.
And I'll remember you in every fall;
in every withering,
in every hope fleeting,
in every end.
Remember me in every summer;
in every warmth,
in every blaze,
in every waves that punches its bay.
And I'll remember you in every winter;
in all its cold,
in all its silence,
in its every hail.
Remember me in your every sunrise;
I'll remember you in my every sunset.
I am hope incarnate,
and you are despair embodied.
I will always be your dawn,
and you will always be my dusk.
You'll be a memory I'd wish I can forget,
and I'll be a fantasy—yours to forever regret.
လူတွေက နည်းပညာသမားဖြစ်ချင်ကြတယ်
ပိုက်ဆံရကြလို့ ထင်ပြီး ဖြစ်ချင်ကြသလို
ကွန်ပျူတာလေးနဲ့ အဲကွန်းခန်းလေးထဲ နေရတယ်ဆိုပြီး
ဖြစ်ချင်ကြတာလည်းရှိနိုင်သလို
နည်းပညာရဲ့အရေးပါပုံကို နားလည်ပြီး နည်းပညာအလုပ်အခွင့်အလမ်းတွေများပြားလာလို့ ဆိုပြီးဖြစ်ချင်ကြတာလည်း ရှိနိုင်ပါတယ်
အခုပြောချင်တဲ့ အကြောင်းအရာကတော့ မည်သည့်အကြောင်းကြောင်းကြောင့် ဖြစ်စေ နည်းပညာသမား ဖြစ်ချင်တဲ့သူတွေအနေနဲ့ ကျွန်တော့်ရဲ့လက်ကိုင်ထားတဲ့ အချက်လေး နှစ်ချက်ကို မျှဝေချင်ပါတယ်။
ကျွန်တော်တို့က တခုခုကိုလုပ်တော့မယ်ဆိုရင် အရေးကြီးတာက ဝါသနာအရင်းခံတာဖြစ်စေ ဒီအလုပ်တခုကို လုပ်လိုက်ရလို့ ပျော်နေရတာမျိုး ဖြစ်စေ ဖြစ်နေဖို့ လိုပါတယ်။
အပွင့်လင်းဆုံးပြောရရင် ကျွန်တော်က နည်းပညာသမား ဖြစ်ချင်တဲ့ ဝါသနာပါခဲ့တဲ့သူတစ်ယောက်မဟုတ်ခဲ့ပါ။ သို့သော် ကျွန်တော့် ကွန်ပျူတာတွေနဲ့ စတင်ထိတွေ့စဥ်ကတည်းက ကွန်ပျူတာကိုင်နေရရင် ပျော်နေတယ် ကွန်ပျူတာ ကြည့်နေရရင် ပျော်နေခဲ့ပါတယ်။ ဒီလိုနဲ့ပဲ Passion ဆိုတဲ့အရာက ပေါက်ဖွားလာတယ်လို့ ယုံကြည်မိပါတယ်။
နောက်တခုကတော့ Consistency ရှိခြင်းဖြစ်ပါတယ်။ ကျွန်တော့်အနေဖြင့်
စဥ်ဆက် မပြတ်ဆိုတာမျိုးထက် အချိန်တခုသတ်မှတ်ပြီး လေ့လာခြင်းလို့ မြန်မာလို အဓိပ္မါယ် ဖွင့်ဆိုချင်ပါတယ်။
ဥပမာ ပြောရရင် ဒီတပတ်မှာ နည်းပညာနဲ့ပတ်သတ်ပြီး စာဘယ်နှခုဖတ်ဖြစ်လည်း code ရေးဖြစ်တယ်ဆိုရင်လည်း ဘယ်လိုမျိုးတွေရေးဖြစ်လည်း hackerrank မှာ ပုဒ်စာ ဘယ်နှခုဖြေရှင်းဖြစ်လည်း ဒီလိုပဲ Cloud/DevOps သမားတွေ အတွက်ဆိုရင်လည်း Lab ဘယ်နှခုလုပ်ဖြစ်လည်း စသည်ဖြင့် ကိုယ်တိုင် မေးခွန်းထုတ်ပြီး အဖြေရှာကြည့်သင့်ပါတယ်။
ကျွန်တော့်အနေဖြင့် တပတ်ကို နည်းပညာ နဲ့ ပတ်သတ်တဲ့ ဆောင်းပါး၊ သတင်း (၂) ပုဒ်လောက်ဖတ်ဖြစ်အောင် ကြိုးစားသလို၊ lab ဖြစ်စေ အလုပ်တခုခုဖြစ်စေ ပြီးအောင် အနည်းဆုံး လုပ်ဖြစ်ပါတယ်။
ကျွန်တော်တို့ အချိန်တခုပေးပြီးတော့သာ ဒီအတိုင်းသေချာ ပလန်လေးချပြီး လေ့လာခဲ့ရင် ကျွန်တော်တို့လိုချင်တဲ့ ပန်းတိုင်ကို ရောက်မယ်ဆိုတာ အသေချာပါပါ။
ဒါကြောင့်မို့ ကျွန်တော့်ရဲ့ လက်သုံးစကားကတော့
Passion + Consistency = Success ဖြစ်ပါတယ်။
KT
#crd
မြောင်းမြ မုန်ဟင်းခါးချက်နည်းတွင် လှို့ဝှက်ချက် ရှိနေတယ် အများအားဖြင့် သိသူနည်းနေပါတယ် နာမည်ကြီးတဲ့ဆိုင်ကချက်နည်းနော်
ငါးရံ ငါးခူ ငါးကြင်းဖြူ များနှင့်ချက်လျှင်ပ်ုကောင်းပါတယ်
အချိုးအစားက နှစ်သက်သလိုတည့်ပါ
ငါးပြုတ်ရန်ရေနွေးတည်ထားပါ ဇပါးလင်. ဂျင်းကြက်သွန်ဖြူ နှင့်ဆူပွက်လာရင် ငါး ...ငံပြာရည် တည့်ကာ ဆီနည်းနည်း နနွင်းမု့န့် အနည်းငယ်ဖြင့် ငါးများနူးလာသည်အထိပြုတ်ပေးပါ
ရေဆူပြီးမှာ့ငါးတည့်သည့်အတွက် ငါးညှီနံမရှိတော့ပါ
ဟင်ရည်ချက်ရန် ငါးအသားနွှာပါကြေမသွားစေရ ငါးအသာမြောင်းလေးလှလှလေးဖြစ်နေပါစေ
ဂျင်းကြက်သွန်ဖြူ ထောင်းကာဆီသတ် ပြီလျှင် ငါးပြတ်ရေအိုးထဲသ်ု့တည့်ကာဆူပွက်သည့်အချိန်တွင် နွှာထားသောငါးပြုတ်တည့်ပါ ..ငါးပြုတ်ဆီမသတ်ရ
ဟင်းရည် ဆူပွက်၍ အနံမွေးလာရင် ဆန်လှော်မုန့် ပဲမုန့်အကြက်ရေဖျော်ပြီဖြေးဖြေးလောင်းတည်ပါ ဟင်းရည် ဆူချိန်ရောက်မှာ့အပေါ့အငံတွက်ငံပြာရည်တည့်ပါ
ဆူပွက်ချိန်မရောက်ခင်တည့်ရင် ငံပြာရည် အနံထွက်တတ်သည်
ကြသွန်နီတည့် ငရုတ်ကောင်း ပြီးလျှင် အနံအရသာဖြင့်ပြည့်စုံသော မုန့်ဟင်းခါး ဟင်းရည် ရပါပြီ အကြော်နှစ်သက်သလိုတည့်စားပါ
#cooking