ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အမှတ်တရသစ်ပင်
-------------------
လူသေလျှင် မြေမြှုပ်ကြသည်။ မီးရှို့ကြသည် အယူအဆအမျိုးမျိုးပင်။ မီးရှို့လျှင် ပြာဖြစ်သည်။ ပြာကို ရေထဲစွန့် သည်။ မြေထဲပစ်သည်။ ရေဩဇာ။ မြေဩဇာဖြစ်ရသည်။
မြေမြှုပ်လျှင်လည်း အခေါင်းထဲထည့်ကြသည်။ ဒီအတိုင်းလည်း မြှုပ်ကြသည်။ သေမှတော့ နောက်ဆုံးတွင် မြေကြီး ထဲတွင် ဘဝဆုံးကြရသည်။
လူတစ်ယောက်သေလျှင် ထာဝရလည်း အမှတ်ရနေစေရန်၊ အထိမ်းအမှတ်တစ်ခုအဖြစ် ကျန်နေခဲ့စေရန် စိတ်ကူးခဲ့သူ နှစ်ဦးရှိပါသည်။
ထိုသူနှစ်ဦးမှာ အီတလီနိုင်ငံမှ ဒီဇိုင်းနာများဖြစ်ကြသော Anna Citelli နှင့် Raoul Bretzel တို့ဖြစ်ကြသည်။
သူတို့က လူသေကို မြှုပ်ရန်အတွက် လူတွေလက်ခံထားကြသော အခေါင်းပုံစံမဟုတ်ဘဲ ဘဲဥပုံ ပန်းအိုးကို တီထွင်ကြသည်။ လူသေလျှင် သူတို့တီထွင်ထားသည့် Capsula Mundi ဟုခေါ်သော ပန်အိုးပုံစံထဲတွင် အလောင်းကို ထိုင်လျက်အနေအထားဖြင့် ထည့်သွင်းပြီး မြေမြှုပ်လိုက်ရန်ဖြစ်သည်။
အလောင်းအောက်၊ ဘေးပတ်လည်နှင့် အပေါ်တို့တွင် မြေသားတွေသာ ရှိနေမည်ဖြစ်ပြီး ထိုပန်းအိုးကိုလည်း မြေကြီးထဲတွင် အခေါင်းတွေမြှုပ်လိုက်သလို ထည့်ထားမည်ဖြစ်သည်။ ပန်းအိုးပေါ်ကို မြေသားတွေဖုံးပြီးလျှင် ထိုနေရာတွင် သစ်ပင် တစ်ပင်ကို စိုက်ပျိုးလိုက်မည်။ ကြိုက်သည့် အပင်ကို စိုက်နိုင်သည်။ ထိုအပင်က ပန်းအိုး အတွင်းရှိ အလောင်းနှင့် မြေဆီဩဇာများကို စုပ်ယူပြီး ကြီးထွားရှင်သန်နေစေမည်။
ထိုကြီးထွားလာမည့် အပင်သည် ပတ်ဝန်းကျင်ကိုလည်း အကျိုးပြု၊ ကျန်ရစ်ခဲ့သော မိသားစုအတွက်အလည်း အမှတ်တရဖြစ်နေစေမည့် သစ်ပင်တစ်ပင်ဖြစ်သည်။ သက်ရှိဇီဝ သံသရာကို အကျိုးရှိစွာဖြင့် နောက်ဆုံး ကွယ်လွန်သွားချိန်အထိ အကျိုးပြုသွားသည်ဆိုသော စိတ်ကူးကောင်းတစ်ခုဖြစ်သည်။
အီတလီမှ ဒီဇိုင်နာနှစ်ယောက်သည် သူတို့စိတ်ကူးကို တစ်ကမ္ဘာလုံးချပြီး အကြံပြုသည်။ မည်မျှ လိုက်နာပြီး လုပ်ဆောင်နေကြကြောင်းကိုမူ မသိရပေ။
(Ref: Extremely interesting facts)
တင်ညွန့်
၂၈.၈.၂၀၂၄
" ကျနော် က သူ ရင်ဆိုင်ခဲ့ဖူးသမျှ ပြိုင်ဘက်တွေနဲ့ လုံး၀ ကို မတူပါဘူး။
သူအနေနဲ့ လှဲချကောင်း လှဲချနိုင်မယ် ၊ ကြမ်းပြင်ပေါ်မှာ ၁၅ မိနစ် လုံးလုံး Control လုပ်ထားကောင်း လုပ်ထားနိုင်ပါတယ်။
ဒါပေမယ့် ဘယ်အချိန် ဘယ်အခိုက်တန့်မျိုးမှာ မဆို ကျနော်က သူ့မျက်နှာကို ရိုတ်ချိုးပြနိုင်စွမ်းရှိပါတယ်။ ဘယ်အချိန်မျိုးမဆိုဗျာ...
သူပြောထားတာက ကျနော်က သူ့အတွက် လွယ်ကူတဲ့ ပြိုင်ဘက်မျိုးတဲ့။ ကျနော့် ပြိုင်ဘက်တွေထဲမှာ ဘယ်သူက အဲဒီလိုမျိုး ပြောခဲ့ဖူးလို့လဲ။
လျှာရိုးမရှိတိုင်း ပြောချင်သလို ပြောလို့ရပေမယ့် ၊ ချင့်ချိန်ပြီးတော့ ယုံကြပေါ့"
အောင်လအန်ဆန်း
အောင်လပွဲကြည့်ချင်နေပါပြီ
ပျော်ရွှင်ခြင်းနှင့် ကျန်းမာခြင်း
ပျော်ရွှင်ခြင်းဆိုတာ လူ့ဘဝရဲ့ အဓိပ္ပာယ်လို့ ဂရိအတွေးအခေါ်ပညာရှင်ကြီး အရစ္စတိုတယ်က လွန်ခဲ့တဲ့ အနှစ် ၂၀၀၀ လောက်ကတည်းက ဆိုခဲ့ပါတယ်။ ဒီနေ့အထိ မှန်နေတုန်းပါပဲ။ ပျော်ရွှင်မှုဆိုတာ အပြုသဘောဆောင်တဲ့ စိတ်ခံစားချက်အားလုံးကို ခြုံငုံပြီး ခေါ်ဝေါ်လိုက်ခြင်း ဖြစ်ပါတယ်။ ရွှင်မြူးခြင်း၊ စိတ်ကျေနပ်ခြင်း၊ ကြည်နူးနှစ်သက်ခြင်း စတဲ့သဘောတရားတွေ ပါဝင်နေပါတယ်။
သုတေသနတွေအရ ပျော်ရွှင်ခြင်းဟာ စိတ်ခံစားမှုကို ကောင်းစေခြင်းသက်သက်မဟုတ်ဘဲ ကျန်းမာရေးအတွက်ပါ အကျိုးကျေးဇူးဖြစ်စေကြောင်း သိရှိလာရပါတယ်။ ယခုဆောင်းပါးမှာလည်း ပျော်ရွှင်ခြင်းနဲ့ ကျန်းမာရေးအကြားက ဆက်စပ်မှုတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
Credit: hellosayarwon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin