2 yrs - Translate

ASEAN-ROK economic ties highlighted at roundtable talks

Myanmar’s delegate joined the ASEAN–Korea Trade and Investment Roundtable 2024 discussion held at Four Seasons Hotel in Seoul on 8 May, according to the Ministry of Foreign Affairs.
U Thant Sin, Myanmar Ambassador to the Republic of Korea, who assumes the alternate chair of the ASEAN Committee in Seoul, represented the nation at the meeting. At the meeting, he reflected on ASEAN and ROK’s 35 years of dialogue partnership, highlighting the importance of economic relationships in deepening bilateral friendship.
ASEAN is ROK’s second largest trade partner, whereas ROK stands as ASEAN’s fifth largest trade partner and sixth biggest investor, according to the 2022 figures. So, he looked forward to the implementation of policies for mutual benefits from the meeting.
The ASEAN-Korea Centre has convened the ASEAN-Korea Trade and Investment Roundtable jointly with the Korea Institute for International Economic Policy four times, including this year. — ASH/NT

image
2 yrs - Youtube

2 yrs - Translate

Elon Musk က Optimus လူတူ စက်ရုပ်ကို နောက်နှစ်ကုန်မှာ ရောင်းမယ်လို့ပြော
==============================================

စက်ရုံ အလုပ်ရုံတွေ၊ ဆေးရုံတွေနဲ့ တခြား နယ်ပယ်တွေမှာ အသုံးပြုနိုင်တဲ့ လူတူ စက်ရုပ်တွေကို နည်းပညာ ကုမ္ပဏီတွေက တီထွင်နေကြပါတယ်။ အဲဒီအထဲမှာ Tesla ရဲ့ ဘောစိ Elon Musk လည်းပါပါတယ်။

Musk က Optimus လူတူ စက်ရုပ်ဟာ ဒီနှစ်ကုန်မှာ စက်ရုံ လုပ်ငန်းတွေကို ပြုလုပ်လာနိုင်မှာ ဖြစ်ပြီး နောက်နှစ်ကုန်မှာ ရောင်းချမယ်လို့ ပြောပါတယ်။ Musk က စက်ရုပ်ရောင်းအားဟာ ကားထုတ်လုပ်တာ အပါအဝင် Tesla ရဲ့ တခြား လုပ်ငန်းတွေထက် ဝင်ငွေ ပိုကောင်းနိုင်တယ်လို့ ပြောပါတယ်။

လူတူစက်ရုပ်တွေကို တီထွင်နေတဲ့ တခြား ကုမ္ပဏီတွေလည်း ရှိပါတယ်။ ဂျပန်ရဲ့ ဟွန်ဒါနဲ့ ဟွန်ဒိုင်း မော်တာရဲ့ Boston Dynamics တို့ဟာ လူတူစက်ရုပ်တွေကို တီထွင်နေတာ နှစ်များစွာကြာပါပြီ။ အမေရိကန်မှ BMW ရဲ့ ကားစက်ရုံမှာ လူတူစက်ရုပ်တွေ ထားရှိဖို့ Microsoft နဲ့ Nvidia တို့ ရင်းနှီးမြှပ်နှံထားတဲ့ Figure ကုမ္ပဏီက ဂျာမနီ ကားကုမ္ပဏီ BMW နဲ့ စာချုပ်ချုပ်ခဲ့ပြီးပါပြီ။

Ref : theverge

image
2 yrs - Youtube

2 yrs - Translate

ထိုးသားများ: 🤨

image
2 yrs - Translate

မုန်တိုင်းသတိ 🔴🔴🔴🔴
၂၀၂၄ မေလ ၁၉ရက်နေ့မှ ၂၅ရက်နေ့အတွင်း
Deep Depression မုန်တိုင်းငယ် သိုမဟုတ် Cat 2 Cat 3 အဆင့်ရှိမုန်တိုင်းတစ်လုံးဖြစ်ပေါ်လာနိုင်ပြီး
ရန်ကုန်တိုင်း ဧရာဝတီတိုင်း ရခိုင်ပြည်နယ်ဒေသတွေကိုခြိမ်းခြောက်နိုင်ပါတယ်
လက်ရှိ မိုးလေဝသဂြိုလ်တုပုံရိပ်လေစီးဒေတတွေအရ ရန်ကုန်တိုင်းနှင့်ဧရာဝတီတိုင်းအစပ်ကနေဝင်ရောက်နိုင်ပါတယ် ရက်ဝေးကြိုတင်သတိပေးခန့်မှန်းပေးလိုက်တာဖြစ်ပြီး ပိုမိုတိကျသေချာစေရန်အတွက် အဆင်မြင့် weather data အချက်အလက်များကို ဝယ်ယူစိစစ်တွက်ချက်ပြီး အချိန်နှင့်တပြေးညီခန့်မှန်းပေးသွားမှာဖြစ်ပါတယ်
အရေးကြီးပါသဖြင့်
share ပေးကြပါ
ISSUED TIME
13/05/2024 4:26pm(MMT)
Su Su San မင်း ဂွတ် သီး
𝙈𝙚𝙩𝙚𝙤𝙧𝙤𝙡𝙤𝙜𝙞𝙘𝙖𝙡 𝘾𝙚𝙣𝙩𝙧𝙚
Credit

image
2 yrs - Translate

တနေ့မှာ ယူနိုက်တက် နည်းပြကြီး တန်ဟတ်ဟာ ဘဏ်မှာ ငွေလာထုတ်တယ်။ ဖြစ်ချင်တော့ သူ့ရဲ့ ID မပါလာဘူး။
ဒါနဲ့ တန်ဟတ်က ဘဏ်ဝန်ထမ်း အမျိုးသမီးကိုအောက်ပါအတိုင်း ပြောလိုက်ပါတယ်။

“ ငါ့အနေနဲ့ ID ကို မယူလာမိဘူး၊ ဒါပေမယ့် ငါဟာ မန်ယူ နည်းပြကြီး တန်ဟတ်ဆိုတာကို မင်းလဲ သိသလို ဘဏ်မှာ ရှိနေတဲ့ ဘယ်သူ့ကို မဆို မေးကြည့်လိုက်ရင် အားလုံးက ငါဘယ်သူလဲ ဆိုတာ သိကြလိမ့်မယ် “

တန်ဟတ်ရဲ့ စကားကို ကြားတော့ ဘဏ်ဝန်ထမ်းက ..

“ ဆရာရှင့်.. ဆရာ့ကိုကြည့်ရင် မန်ယူ နည်းကြကြီး တန်ဟတ်နဲ့ ချွတ်ဆွတ် တူတာ သိပါတယ်။ဒါပေမယ့်လည်း ဘဏ်ရဲ့ စည်းကမ်းတွေကိုလည်း ကျွန်မက လိုက်နာရမှာပါ ၊ ဆရာ့ရဲ့ ID ကို ပြဖို့ ရာ လိုအပ်ပါတယ် “

တန်ဟတ်ကလည်း “ ငါတကယ် အမြန်လိုနေလို့ပါ.. ကျေးဇူးပြုပြီး ငွေထုတ်ပေးဖို့ ကူညီပေးပါ “ လို့ ထပ်ပြောတဲ့ အခါမှာ အားနာသွားတဲ့ ဘဏ်ဝန်ထမ်းက..

“ ဆရာရေ.. ဆရာ့အနေနဲ့ ယူနိုက်တက် နည်းပြကြီး တန်ဟတ် ဖြစ်ကြောင်း လုံးဝ မငြင်းနိုင်တဲ့ ပိုမို ခိုင်မာ တဲ့ သက်သေပြဖို့တော့ လိုအပ်ပါတယ် “

ဘယ်လို သက်သေ ပြရမလဲလို့ တန်ဟတ်က ပြန်မေးလိုက်တော့..

“ ဒီလိုပါ ဆရာ.. ဥပမာ အနေနဲ့ ပြောပြမယ်.

တိုက်ဂါးဝုဒ်ဟာ တခါက ဘဏ်မှာ ငွေလာထုတ်တော့ ID ပါမလာ ခဲဘူး။
ဒါနဲ့ သူက တိုက်ဂါးဝုဒ် ဖြစ်ကြောင်း သက်သေပြမယ် ဆိုပြီး သူ့ရဲ့ ဂေါ့ဖ် ရိုက်တံကို ထုတ်လိုက်ပါတယ်..

ပြီးတော့ လှပတဲ့ ရိုက်ချက်နဲ့ ဂေါက်သီးကို ဘဏ်ရဲ့ ဟိုဘက်လမ်းက ခွက်လေးထဲကို ဝင်အောင် ရိုက်ပြခဲ့တယ်။

အဲ့ဒီ ရိုက်ချက်ကိုမြင်တော့ သူဟာ တိုက်ဂါးဝုဖ် အစစ်ပဲဆိုတာ အားလုံး လက်ခံသွားကြပြီး ငွေထုတ်ပေးခဲ့ပါတယ်။

နောက် .. အင်ဒရေး အဂ္ဂါဆီလည်း ဘဏ်ကိုလာတော့ ID မေ့ကျန်ခဲ့ဖူးပါတယ်။
အဂ္ဂါဆီက သူ့ရဲ့ ရက်ကက်ကို ထုတ်ပြီး အံ့ဖွယ်ကောင်းတဲ့ ရိုက်ချက်နဲ့ တင်းနစ်ဘောလုံးကို ကော်ဖီ ခွက်ထဲ ဝင်အောင် ရိုက်ပြခဲ့ပါတယ်။

ဒီရိုက်ချက်ကြောင့် သူဟာ အဂ္ဂါဆီ ဆိုတာကို လုံးဝ အငြင်းပွားစရာ မလိုတော့ပဲ ငွေထုတ်ပေးလိုက်ပါတယ်။

ဒီတော့.. ဆရာရေ.. ဆရာဟာ ယူနိုက်တက်နည်းပြကြီး တန်ဟတ် ဆိုတာ လုံးဝ သံသယ ဖြစ်စရာ အလိုအောင် သိသာထင်ရှားတဲ့ သက်သေ တခုခု ဘယ်လို ပြနိုင်မလဲ ရှင့်.. “

ဘဏ်ဝန်ထမ်း ရဲ့ စကားကြောင့် တန်ဟတ်ဟာ အတန်ကြာအောင် လေးလေးနက်နက် စဥ်းစားပြီး..

“ ဆောရီးပါ.. ရိုးရိုးသားသား ဝန်ခံရရင် ငါ့စိတ်ဟာ လုံးဝကို ဗလာနတ္ထိ ဖြစ်နေတယ်.

ဘယ်အတွေးတခုတလေမှ ခေါင်းထဲက ထွက်မလာတော့ဘူး..
ငါ့အနေနဲ့ နည်းနည်းလေးတောင်မှ မစဥ်းစားနိုင်တော့ဘူး ဖြစ်နေတယ် ကွာ.

ငါဘာလုပ်ရမလဲ ဆိုတာလည်း လုံးဝကို မသိတော့ဘူး.. အကြံညဏ် တခုခုတောင် ငါ့ခေါင်းထဲက ထွက်မလာတော့ဘူး..
Idea လည်း မရှိတော့ဘူး “

လို့ ပြောပြီး ဘဏ်ထဲကနေ စိတ်ပျက်လက်ပျက်နဲ့ ထွက်သွားဖို့ လုပ်လိုက်တယ်..
အဲ့ဒီအချိန်မှာပဲ ဘဏ်ဝန်ထမ်းက ..

“ ဆရာ တန်ဟတ် ရှင့် . ငွေသားကို အရွက်ကြီးတွေ ယူမှာလား .. အကြွေနည်းနည်းပါ ယူချင်လား.. ဘယ်လောက် ထုတ်ချင်လဲ ဆိုတာ ကျေးဇူးပြုပြီးပြောပေးပါ “
ဆိုပြီး တန်ဟတ်ကို ပြုံးရွှင်စွာနဲ့ ရိုရိုသေသေ ပြောလိုက်ပါတော့တယ်။

(ဘောလုံးဟာသပါ)
Credit

image

❤️

Moonlight

2 yrs - Translate

အင်ဒိုနီးရှားမှာ ရေကြီးရေလျှံမှုကြောင့် လူ ၃၄ ယောက်သေဆုံးပြီး ၁၇ ယောက် ပျောက်ဆုံးနေ

အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်းမှာ ရေကြီးရေလျှံမှုကြောင့် လူ ၃၄ ဦးသေဆုံးပြီး ၁၇ ယောက် ပျောက်ဆုံးနေကြောင်း ဒေသန္တရ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးတာဝန်ရှိသူတွေက ပြောပါတယ်။

အနောက်ဆူမားတြားပြည်နယ်ရှိ ခရိုင်နှစ်ခုမှာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် ကျွန်းစုရှိ အတက်ကြွဆုံးမီးတောင်ဖြစ်တဲ့ မာရာပီမီးတောင်ပေါ်ကနေ ကျောက်တုံးကျောက်ခဲတွေပါ ပြိုကျမှုဖြစ်ပွားခဲ့ပါတယ်။

လက်ရှိချိန်ထိ လူ ၃၄ ယောက်သေဆုံးခဲ့ပြီး အာဂန်ခရိုင်မှာ ၁၆ ယောက် တာနာ့ဒါတာခရိုင်မှာ ၁၈ ဦးသေဆုံးကာ ပျောက်ဆုံးနေသူ ၁၇ ယောက်ကို ဆက်လက်ရှာဖွေနေကြောင်း အနောက်ဆူမားတြား သဘာဝဘေးအန္တရာယ် အေဂျင်စီက ပြောပါတယ်။

ရှာဖွေကယ်ဆယ်ရေးတွေ ဒေသခံတွေ ကယ်ဆယ်ရေးသမားတွေအပြင် ရဲတပ်ဖွဲ့နဲ့ စစ်သားတွေကိုလည်း ဖြန့်ကြက်ထားကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေအပေါ် ဦးစားပေးလုပ်နေတာကြောင့် ဘေးလွတ်ရာပြောင်းရွှေ့ရသူအရေအတွက်ကို အတိအကျမသိရသေးကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ မိုးရာသီကာလအတွင်း မြေပြိုမှုနဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားလေ့ရှိပြီး လွန်ခဲ့သတဲ့ မတ်လအတွင်းကလည်း အနောက်ဆူမားတြားမှာ ရေကြီးရေလျှံနဲ့ မြေပြိုမှုတွေကြောင့် ၂၆ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

image