ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
#ဂျင်းမိခဲ့ကြသူများ?
ဘာပါလိမ့်…interviewမှာ ဖြေကြတာ ဂျပန်တွေက အလုပ်အရမ်းလုပ်ကြတာ အတုယူချင်လို့ဆို 😂😖
မြန်မာမှာတုန်းက ကျတော်လည်း အဲ့လိုဖြေခဲ့တာကိုဂျပန်ကြီးက မင်းထင်လို့ပါတဲ့😂ဂျပန်လာခဲ့ သိလိမ့်မယ်တဲ့…ဟော ….မယုံလို့ အခုလာခဲ့တာ🥹
အားလုံးတော့ မဆိုလိုပေမယ့်လည်း
အလုပ်မှာ အလုပ်ရှုပ်ချင်ယောင်ဆောင်ပြီးးး ဟိုယောင်ယောင် ဒီယောင်ယောင်လုပ်တာလည်း ဂျပန်တွေအများဆုံးးး
အတင်းပြောတာလည်း ဂျပန်တွေအများဆုံးးး
ဂျပန်ရဲ့ထုံးစံအရ
အလုပ်ပျက်တဲ့သူက မုန့်တွေ သယ်လာရတာမို့
သူတို့ ဘယ်လောက် အလုပ်ကြိုးစားကြသလဲဆိုတာ
ဟောဒီက မုန့်တွေက သက်သေပါပဲ😁
P.Sအတင်းပြောလို့ မုန့်ကျွေးကြေးးသာဆို ပ်ိုလို့တောင် စားရဦးမှာ 😬🤭
Credit
ကစ်ကစ်တစ်မျှစ်သောက်ဆမ်းချက်နည်း
ကစ်ကစ်တစ်ကိုဆားများများနဲ့လူးပြီး(၁၀)မီနစ်လောက်နှပ်ထားပါ(ငါးအသားနုလို့ပါအသားလည်းကျစ်စေပါတယ်) ပြီးရင်
မျှစ်စိမ်းကိုပါးပါးလေးလှီးထားပါ ငရုပ်သီးခြောက်၊ နနွင်းမှုန်များများ၊ဂျင်း၊ ကြက်သွန်နီ(၂)ဥ ခန့် ထည့်ထောင်းပါ ပြီးရင် ဆားနှပ်ထားတဲ့ငါးကိုရေနဲ့သေချာစင်အောင်ဆေးပါ ပြီးရင်အိုးထဲထည့်ပါ၊ လှီးထားတဲ့မျှစ်တွေထည့်ပါ ရေကိုများများထည့်ပါ၊ ရခိုင်ငပိနည်းနည်းထက်ပိုထည့်ပါမျှစ်ပါလို့ပါ၊ဆားနှပ်ထားတာမို့ငါးသားထဲဆားစိမ့်ဝင်ပြီးသားမို့ဆားနည်းနည်းပဲထည့်နောက်မည်းကြည့်ပြီးမှလိုရင်ထည့်ပါ၊ အချိုမှုန့်မစားရင်ကြက်သားမှုန့်အနည်းငယ်သာထည့်ပါ ပြီးရင်ကြိုက်နှစ်ရာချဉ်ထည့်ပါ၊ဆီမထည့်ရပါနော် ပြီးရင်အဖုံးပိတ်ချက်ရင်းပါပြီ မှတ်ချက် ချက်တဲ့အခါမီးအပူမများစေရပါ(80 or (50 ပဲသုံးပေးပါ
၁၆ နှစ်အရွယ် သမီးလေး အခန်းထဲသို့ အဖေဖြစ်သူ ဝင်လာပါတယ်။ သမီးမရှိဘဲ အခန်းက သပ်ရပ်နေပြီး စားပွဲပေါ်မှာ စာတစ်စောင်တင်ထားတာတွေ့ လိုက်ပါတယ်။
စာကို ဖတ်ကြည့်တဲ့အခါ......
ချစ်သော ဖေဖေ.....
ဒီစာကိုရေးရတဲ့အတွက် စိတ်မကောင်းပါဘူး။
ဖေဖေနဲ့ မေမေကို တကယ် ချစ်ပါတယ်။
သို့ပေမယ့် သမီးနဲ့ ချစ်သူနောက်ကိုအပြီးလိုက်သွားပါပြီ။ စိတ်မဆိုးပါနဲ့ ဖေဖေ။ သူက သမီးအပေါ် ကောင်းပါတယ်။ အပြင်ပန်းက တက်တူးတွေ၊ ဆေးမင်ကြောင်တွေ ဘယ်လောက်ပဲ များများ သူ သမီးကို တကယ်ချစ်တာ ခံစားမိပါတယ်။ သမီးထက် ၁၄ နှစ် ပိုကြီး တယ်လေ။ အိမ်ထောင်ကွဲပေါ့။ သို့ပေမယ့် သူ့ဇာတ်လမ်းတွေ ပျက်သွားပြီလို့ ကတိပေး ထားတယ်။
သူကတိဖျက်တာ ၁၅ ခါ မကပေမယ့် ဒီတစ်ခါတော့ နောက်ဆုံး ဖြစ်မယ်လို့ သမီးယုံကြည်တယ်လေ။ သမီးမှာလည်းကိုယ်ဝန်ရှိနေပြီလေ။ ငယ်သေးပေမယ့် ဒီအရွယ်မှာ မွေးလို့ ဘာမှမဖြစ်ပါဘူး။ ကလေးတွေအများကြီးမွေးပြီး ဘဝတည်ဆောက်ဖို့လည်းသမီးဆန္ဒရှိတယ်။
သူလည်း ဒီတိုင်းပဲလေ။ ဒီအတွက် ဖေဖေ စိတ်မပူပါနဲ့။
သူ့မှာ အလုပ်အကိုင်မရှိဘူးဆိုတာ မှန်ပါတယ်။
သို့ပေမယ့် မြို့မှာ သူ ဆေးခြောက်ဖြန့်တော့မယ်လေ။
သမီးကိုချစ်ရင် ဘယ်သူမှ မသိစေနဲ့နော်။ သမီးတို့ ချမ်းသာတဲ့တစ်နေ့ကျ ဖေဖေတို့ကို ပြန်ကျေးဇူးဆပ်မှာပါ။ ဖေ့ဖေ့ကိုလည်းချစ်တယ်။ ချစ်သူကိုလည်း ချစ်တယ်။
ဒီတော့ သမီးတို့ ပိုချစ်ရတဲ့ ချစ်သူဆီကိုပဲ လိုက်သွားပါပြီ အဖေ။
ချစ်ခြင်းများစွာဖြင့်
အေဖ့ရဲ့ သမီး
စာဖတ်ပြီးချိန်ဒေါသကြီးလှတဲ့ အဖေဖြစ်သူဟာလက်တွေတောင် ကတုန်ကရင် ဖြစ်လာပါတယ်။ စာကို ဆုပ်ဖြဲမယ်အလုပ် အောက်နားမှာစာနည်းနည်း ထပ်ရေးထားတာ တွေ့တော့ ဆက်ဖတ်မိပါတယ်။
-
-
-
-
-
-
-
-
--
-
PS: ဖေဖေရေ.။ အပေါ်က ရေးထားသမျှတစ်ခုမှ မမှန်ပါဘူးနော။ အခုသမီး ဘေးကသူငယ်ချင်းအိမ်မှာ။
လောကမှာထင်ထားတာတွေ (သမီး ရီပို့ကဒ်) ထက်အရမ်းဆိုးရွားတဲ့ အရာတွေ ရှိသေး၊ ဖြစ်နိုင်သေး တာကို သမီးပြောပြချင်တာပါ။ လောလောဆယ် စားပွဲ အံဆွဲထဲမှာ ကျောင်းက ပေးတဲ့ ရီပို့ကဒ် ( Report card ) ထားထား တယ်ဖေဖေ။ အမှတ်နဲ့ အဆင့်ကို မကြည့်ပဲ လက်မှတ်ထိုးပေးနော်။ သမီးကို ချစ်လို့ စိတ်ဆိုးပြေ ရင်
ဖုန်းဆက်ခေါ်လိုက်နော်I love you Daddy😘....
Credit