ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ရက်အနည်းငယ် အတွင်းမှာ မျက်နှာကို ဖြူဖွေးအောင် လုပ်နိုင်တဲ့ နည်းလမ်းကောင်း
တကယ်လွယ်ပြီးတော့ တကယ်လည်း ကောင်းပါတယ်။ အသုံးပြုပြီး ချိန်မှာ မျက်နှာတွင် သိသိသာသာ ဖြူဝင်းသွားစေမှာ ဖြစ်ပါတယ်။ ငွေကြေး အကုန်အကျ သက်သာပြီး အသုံးပြုရ တာလည်း လွယ်ကူပါတယ်။
အသုံးပြုပုံကတော့
၁။ သန့်စင်သော ခွက်တစ်ခုကို ယူလိုက်ပါ။
၂။ ထိုခွက်ထဲသို့ ပျားရည် လက်ဖက်စားဇွန်း ၂ ဇွန်းထည့်လိုက်ပါ။
၃။ သကြား လက်ဖက်စားဇွန်း တစ်ဇွန်းကိုလည်း ထည့်လိုက်ပါ။
၄။ သံပုရာရည် အနည်းငယ် ညစ်ထည့်ပြီး မွှေလိုက်ပါ။ သာကူကြို ပုံစံမျိုးဖြစ်သွား တာကို တွေ့ရပါလိမ့်မယ်။
ထို့နောက် လက်ပေါ်ကို အရင်ဦးဆုံး သုတ်လိမ်းကာ စမ်းသပ်နိုင် ပါတယ်။ တကယ် အသားဖြူပြီး ထိရောက်တယ် ဆိုမှာသာ သင်၏ မျက်နှာပေါ်သို့ လိမ်းလိုက်ပါ။ ရက် အနည်းငယ် လိမ်းရုံမျှဖြင့် မျက်နှာပေါ်မှာ ရှိတဲ့ ဝက်ခြံ အဖုများ အမာရွက်များနှင့် တစ်ခြား အရာများကို သိသာထင်ရှားစွာ ပျောက်ကွယ်သွား ပါလိမ့်မယ်နော်။
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com
#kln_yyl
#beauty_yyl
(unicode version)
ရက်အနည်းငယ် အတွင်းမှာ မျက်နှာကို ဖြူဖွေးအောင် လုပ်နိုင်တဲ့ နည်းလမ်းကောင်း
တကယ်လွယ်ပြီးတော့ တကယ်လည်း ကောင်းပါတယ်။ အသုံးပြုပြီး ချိန်မှာ မျက်နှာတွင် သိသိသာသာ ဖြူဝင်းသွားစေမှာ ဖြစ်ပါတယ်။ ငွေကြေး အကုန်အကျ သက်သာပြီး အသုံးပြုရ တာလည်း လွယ်ကူပါတယ်။
အသုံးပြုပုံကတော့
၁။ သန့်စင်သော ခွက်တစ်ခုကို ယူလိုက်ပါ။
၂။ ထိုခွက်ထဲသို့ ပျားရည် လက်ဖက်စားဇွန်း ၂ ဇွန်းထည့်လိုက်ပါ။
၃။ သကြား လက်ဖက်စားဇွန်း တစ်ဇွန်းကိုလည်း ထည့်လိုက်ပါ။
၄။ သံပုရာရည် အနည်းငယ် ညစ်ထည့်ပြီး မွှေလိုက်ပါ။ သာကူကြို ပုံစံမျိုးဖြစ်သွား တာကို တွေ့ရပါလိမ့်မယ်။
ထို့နောက် လက်ပေါ်ကို အရင်ဦးဆုံး သုတ်လိမ်းကာ စမ်းသပ်နိုင် ပါတယ်။ တကယ် အသားဖြူပြီး ထိရောက်တယ် ဆိုမှာသာ သင်၏ မျက်နှာပေါ်သို့ လိမ်းလိုက်ပါ။ ရက် အနည်းငယ် လိမ်းရုံမျှဖြင့် မျက်နှာပေါ်မှာ ရှိတဲ့ ဝက်ခြံ အဖုများ အမာရွက်များနှင့် တစ်ခြား အရာများကို သိသာထင်ရှားစွာ ပျောက်ကွယ်သွား ပါလိမ့်မယ်နော်။
အချစ်ကို ဝေစားကြသူများ
အချစ်ကို ဝေစားတဲ့ ဗင်နီဇွဲလားအမျိုးသမီးနှစ်ဦးရဲ့ ဇာတ်လမ်းကတော့ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ သူ့ချစ်သူကောင်လေးမှာ နောက်ရည်းစားတစ်ယောက် ရှိနေတယ်ဆိုတာကို WhatsApp မက်ဆေ့တွေကနေ ဆိုဖီယာဂူတီယာရက်ဇ် သိသွားခဲ့တာပါ။ အများအားဖြင့် ဒီလို အခြေအနေမှာ အချင်းများကြမှာဖြစ်ပေမဲ့ ဆိုဖီယာကတော့ သူ့ချစ်သူ ကောင်လေးကို ပြဿနာ မရှာခဲ့ပါဘူး။
သူ့ချစ်သူရဲ့ ရည်းစားနဲ့ လူချင်းသွားတွေ့ပြီး စကားပြောခဲ့ပါတယ်။ အဲဒီအမျိုးသမီးနာမည်ကတော့ ဆာရာဂီးလ်ပါ။ ဆိုဖီယာက ဆာရာဂီးလ်နဲ့ သူငယ်ချင်းတွေ ဖြစ်သွားပြီး ချစ်သူကောင်လေးကို ပြိုင်တူတွဲကြဖို့ သဘောတူခဲ့ကြတာပါ။ ဆာရာဂီးလ်ကလည်း တကယ်ချစ်တာဖြစ်လို့ အခုလို သဘောတူခဲ့တာလို့ ဆိုဖီယာက ပြောပါတယ်။
ဒီသတင်းဟာ လက်တင်ဘာသာ သတင်းဌာနကြီးတွေပါ ဖော်ပြကြတဲ့ သတင်းတစ်ပုဒ် ဖြစ်လာခဲ့ပြီး ချစ်သူ ၂ ယောက်လုံးကို တရားဝင်ပြိုင်တူ တွဲခွင့်ရတဲ့ ကောင်လေးကိုတော့ ကမ္ဘာ့ကံအကောင်းဆုံးလူသားလို့ လူမှုကွန်ရက် အသုံးပြုသူတွေက မှတ်ချက်ပေးခဲ့ကြပါတယ်။
ဖုန်းအသိမ်းခံရတဲ့ ကျောင်းသူက ဒေါသထွက်ပြီး အဆောင်ကို မီးရှို့ခဲ့လို့ လူ ၁၉ ဦး သေဆုံး
ဖုန်းအသိမ်းခံရတဲ့ ကျောင်းသူက ဒေါသထွက်ပြီး မီးရှို့ခဲ့ရာကနေ ကျောင်းအဆောင် မီးလောင်ခဲ့တာဖြစ်မယ်လို့ ဂူယာနာနိုင်ငံ အာဏာပိုင်တွေက ဆိုပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ နံနက်အစောပိုင်းက ဂူယာနာနိုင်ငံအလယ်ပိုင်း မာဒီယာမြို့မှာ ကျောင်းအဆောင် မီးလောင်ခဲ့လို့ ကျောင်းသူအများစုအပါအဝင် လူ ၁၉ ဦး သေဆုံးခဲ့ပါတယ်။
အဆောင် ရေချိုးခန်းကနေ မီးစတင် လောင်ကျွမ်းခဲ့တာဖြစ်ပြီး အဆောင်တံခါး သော့ခတ်ထားတာကြောင့် ပိတ်မိခဲ့ကြတာ ဖြစ်ပါတယ်။ မီးလောင်နေချိန်မှာ အဆောင်မှူးက အထိတ်တလန့်ဖြစ်နေပြီး သော့ရှာမတွေ့ခဲ့ပါဘူး။ ဒါကြောင့် မီးသတ်သမားတွေက အဆောင်နံရံကို ဖြိုဖျက်ဝင်ရောက်ပြီး ပိတ်မိနေသူတွေကို ကယ်တင်ခဲ့ရပါတယ်။
မီးရှို့ခဲ့ဖွယ်ရှိတဲ့ ကျောင်းသူဟာ သူ့ထက် အသက်ကြီးတဲ့ အမျိုးသားတစ်ဦးနဲ့ ချစ်ကြိုက်နေတာကြောင့် ဖုန်းအသိမ်း ခံခဲ့ရတာပါ။ အဆောင် မီးလောင်ခဲ့တဲ့ဖြစ်ရပ်မှာ ဒီကျောင်းသူဟာ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ပြီး ဆေးရုံမှာ ကုသမှု ခံယူနေရပါတယ်။ အဆောင်ကို သူ မီးရှို့ခဲ့တာလို့ ကျောင်းသူက ဝန်ခံခဲ့ကြောင်း သတင်းတွေက ဖော်ပြပါတယ်။
မီးလောင်ချိန်မှာ အဆောင်အတွင်း ကျောင်းသူ ၅၇ ယောက် ရှိနေပြီး သေဆုံးသူအများစုဟာ တိုင်းရင်းသူတွေပါ။ မီးလောင်ကျွမ်းမှု အလွန်ပြင်းထန်လွန်းတာကြောင့် သေဆုံးသူတွေကို ခွဲခြားဖို့ DNA စစ်ကြည့်ရမယ်လို့ ဆိုပါတယ်။
သူငယ်ချင်းတစ်ယောက်ပြောဖူးတာ သတိရတယ် .. သူက government project အကြီးကြီးတစ်ခုအတွက် project manager အနေနဲ့ လုပ်ရတာ .. နေ့မနား ညမနားပေါ့ .. အဲဒီအချိန်က သူအသည်းကွဲနေတဲ့အချိန်လည်းဖြစ်တော့ အလုပ်ကိုပိုဖိလုပ်တာ ကြောင့်လည်းပါမယ် .. အစားမမှန် အအိပ်မမှန်နဲ့ ..
တစ်ရက်သူမိုးမိပြီးဖျားတယ် .. ဆေးရုံတင်ရတယ် .. မိသားစုက အဝေးမှာဆိုတော့ .. သူ့နားမှာဘယ်သူမှမရှိဘူး .. အဲဒီအချိန်မှာ သူ့ရုံးကဖုန်းဆက်လာတယ် .. နေကောင်းလား သက်သာလား တစ်ချက်မမေးဘူး .. အလုပ်နဲ့ပတ်သတ်တဲ့ စာရွက်စာတမ်းတွေ ဘယ်နားထားလဲ လှမ်းမေးတာတဲ့ .. အဲဒီမှာ သူနားလည်လိုက်တယ် .. သူ့အလုပ်က သူ့ကိုအလေးထားတာမဟုတ်ဘူး .. သူလုပ်နေတဲ့ အလုပ်တွေကိုပဲ အလေးထားတာတဲ့ ..
မတွေ့တာကြာတဲ့ လုပ်ဖော်ကိုင်ဖက် ဟောင်းတစ်ယောက်နဲ့ တလောကဆုံတယ် .. အရင် company ကထွက်လိုက်ပြီလို့ ကြားတော့ အံ့ဩသွားတယ် .. သူက အဲဒီ company ကို သူ့ကိုယ်ပိုင်အလုပ်လိုပဲ အရမ်းတန်ဖိုးထားတာ .. company စထောင်တည်းက လုပ်ခဲ့တဲ့ ဝန်ထမ်းဆိုတော့လည်း သံယောဇဉ်ရှိတာပေါ့ .. ဘာဖြစ်လို့လဲ မေးကြည့်တော့ .. ကိုဗစ်ကာလမှာ သူ့အဖေအသည်းအသန်ဖြစ်လို့ ဆေးရုံတင်ရတယ် .. ခွင့်ရက်ရှည်ယူမိတယ် .. နောက်ဆုံး အဖေလည်းဆုံးသွားတာကို ရုံးပြန်တက်တော့ သူ့နေရာကို တခြားလူ အစားထိုးပြီး သူ့ကိုရာထူးချလိုက်လို့တဲ့ .. နှစ်ရှည်လများ အနစ်နာခံ အဆူအဆဲခံပြီး သူလုပ်ခဲ့တာတွေက ရေမှာအရုပ်ရေးသလိုပဲ အရာမထင်ခဲ့ဘူး ..
မြန်မာမှာ ပြည်တွင်းစစ်တွေဖြစ်နေပြီဆိုတဲ့ သတင်းကြားတော့ .. ကိုယ် remote လုပ်နေတဲ့ စင်္ကာပူ company က သူဌေးက လှမ်းမေးတယ် အဆင်ပြေလားတဲ့ .. အစက ကိုယ့်ကို စိတ်ပူလို့မေးတယ်ထင်တာ .. တကယ်တမ်းကျတော့ သူက internet တွေ မီးတွေပြတ်ရင် project အချိန်မီ မပြီးမှာစိုးလို့မေးတာ ..
အဲဒီကတည်းက နားလည်လိုက်တာ .. သူများအလုပ်ဆိုတာ အရမ်းကြီး စိတ်နှစ်လုပ်လို့ ကောင်းတဲ့အရာမဟုတ်ဘူး .. တာဝန်ကျေအောင်တော့လုပ် .. ဒါပေမဲ့ အရမ်းကြီး မမျှော်လင့်နဲ့ .. တချို့အရာတွေက သူတို့ပေးမှရနိုင်တာ .. ငွေရေးကြေးရေးမှမဟုတ်ဘူး တခြား အသိအမှတ်ပြုမှုတွေကောပဲ ..
Work Life Balance ကို တန်ဖိုးထား .. မိသားစုနဲ့ ချစ်ရတဲ့ သူတွေကိုအချိန်ပေး .. ကိုယ့်ကိုကိုယ်တွက်အချိန်ပေး .. ဝါသနာပါတာတွေလုပ် .. တကယ်တမ်း နောက်ဆုံးထွက်သက်အထိ ကိုယ့်ဆီမှာ ကျန်ခဲ့မှာ ဒါတွေပဲ .. အဲဒါကြောင့်ပြောကြတာ ..
work to live .. instead of live to work တဲ့
(True stories တွေပါနော် စိတ်ကူးယဉ်ပြီးရေးထားတာ တစ်ခုမှမပါ )
Credit to Emma Wayk
တစ်ခါတလေမှာ အတိုင်းအတာ တစ်ခုထိ
မျှော်လင့်ချက် မဲ့သွားပြီးတဲ့နောက်
ပန်းတစ်ပွင့် ဖူးပွင့်လာတတ်တယ်
အဲဒီပန်း နာမည်က Never mind (ကိစ္စမရှိဘူး)တဲ့
သိပ်ကြိုက်ခဲ့တဲ့ စာသားလေးတစ်ခုပါပဲ..
လောကမှာ ကိစ္စတော်တော်များများက
မျော်လင့်ထားတဲ့အတိုင်း ဖြစ်မလာတာ များတယ် ။
ဖြစ်ချင်တာတွေ ဖြစ်မလာတဲ့အခါ
မဖြစ်ချင်တာတွေ ဖြစ်လာတဲ့အခါ
ဒါကိုပဲ အိပ်ပျက်စားပျက် မပြီးနိုင်မစီးနိုင်
ပုံကြီးချဲ့ ခံစားနေမယ်နေဆိုရင်တော့
အဆင်မပြေမှုတွေ၊ ပူလောင်မှုတွေ၊ နာကျင်မှုတွေနဲ့အတူ
ဘဝဟာ ပိုပြီး စိတ်ပျက်စရာကောင်းနေဦးမှာပဲ..
ဘဝမှာ ဘာတွေပဲ ကြုံလာကြုံလာ..
ဘာတွေပဲ ဖြစ်လာဖြစ်လာ ဒါကို လက်ခံနိုင်ရမယ်..
"ဒါလား..ရပါတယ်..Never mind (ကိစ္စမရှိဘူး)"လို့
ပြောနိုင်ရမယ်..ပြောရဲရမယ်..
အဆင်မပြေမှုတွေလား...?
Never Mind (ကိစ္စမရှိဘူး)
ငါ အကောင်းဆုံးကြိုးစားပြီး ဖြေရှင်းမယ်..
အခက်အခဲတွေလား...?
Never Mind (ကိစ္စမရှိဘူး)
ငါ အကောင်းဆုံးကြိုးစားပြီး ကျော်ဖြတ်မယ်..
ဒုက္ခတွေလား...?
Never Mind (ကိစ္စမရှိဘူး)
ငါ အကာင်းဆုံးကြိုးစားပြီး ရင်ဆိုင်မယ်..
ဒဏ်ရာတွေလား...?
Never Mind (ကိစ္စမရှိဘူး)
အချိန်က သူ့အလိုလို ကုစားသွားလိမ့်မယ်..
အတင်းအဖျင်းတွေလား...?
Never Mind (ကိစ္စမရှိဘူး)
အမှန်တရားက သူတို့ကို နှုတ်ပိတ်သွားလိမ့်မယ်..
အတုအယောင်တွေတဲ့လား...?
Never Mind (ကိစ္စမရှိဘူး)
လောကကြီးက
သူ့နည်းသူ့ဟန်နဲ့ ရှင်းထုတ်သွားလိမ့်မယ်..
ချစ်ခြင်းမေတ္တာတွေကို
အသိအမှတ် မပြုဘူးတဲ့လား..?
Never Mind (ကိစ္စမရှိဘူး)
တန်ဖိုးသိတဲ့အရပ်မှာ တန်ဖိုးရှိရှိ နေသွားမယ်..
မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရတာလား...?
Never Mind (ကိစ္စမရှိဘူး)
မနက်ဖြန်တိုင်းကို မျှော်လင့်ချက်အသစ်တွေနဲ့
ကြိုဆိုသွားမယ်..
တစ်ခုခု ကြုံလာတာနဲ့
Never Mind (ကိစ္စမရှိဘူး)လို့ ပြောနိုင်အောင် ကြိုးစားပါ။ ဖြစ်ချင်တာတွေ ဖြစ်ခွင့်မရဘူးဆိုရင်တောင်မှ အနည်းဆုံးတော့ ဘဝကို ပေါ့ပေါ့ပါးပါး ရှင်သန်နေထိုင်သွားနိုင်တာပေါ့...။