2 yrs - Translate

ငါ့မှာ အကျင့်စရိုက်တစ်မျိုးရှိတယ်
ငါ့ဘေးနားမှာရှိတဲ့ကာလပတ်လုံး တောင်းဆိုစရာမလိုအောင် ငါ့ဘက်ကအလိုက်တသိနဲ့အရိပ်တကြည့်ကြည့်တန်ဖိုးထားချစ်နိုင်တယ်
မင်းကိုအနားမှာဆက်ရှိဖို့..
အဲ့ဒီအတွက်လည်း သေမင်းနဲ့ဘဲစစ်ခင်းရပါစေဦး ငါလုပ်နိုင်တယ်။
‌ဒါပေမယ့် ငါ့ဘက်က အဆုံးစွန်ခွင့်လွှတ်နားလည်ပြီးတဲ့အခါ ငါက ငါ့အသည်းလည်းငါပြန်ခွဲနိုင်တယ်
ငါဘာတစ်ခုမှကိုနောင်တမရဘူး
အနားမှာရှိပေးခဲ့စဉ် အပြည့်အဝချစ်ခဲ့ပြီးပြီမို့ ပြတ်သားတဲ့အခါလည်း ငါ့လိပ်ပြာငါလုံတယ်။
ရွေးစရာ၂ခုတည်းဘဲ
ဆက်ချစ်မလား စွန့်လွှတ်မလား..
မင်းကိုအခွင့်အရေးတွေအများကြီးပေးခဲ့ပေမယ့် မင်းက ငါတို့ ဝေးဖို့လမ်းကိုဘဲရွေးစေတယ်။

-သက်ထားရွှေစင်(THSS)-
#thethtarshwesinthss

image
2 yrs - Translate

ဆန္ဒတွေရှိပေမယ့်
တစ်ခါတစ်လေကျ
လက်တွေ့ကို ပိုဦးစားပေးရတတ်တယ်လေ
ဘယ်သူမဆို
အကောင်းဆုံးဆိုတာတွေချည်း
မျှော်လင့်ထားတတ်တာပါပဲ
ဒါပေမယ့်
အဆိုးဆုံးအခြေအနေတွေပဲ
ရလာတဲ့အခါ
ကိုယ့်မှာ ပြိုလဲခွင့်တွေရှိမနေရင်
အဲ့ဒီ အဆိုးဆုံးအခြေအနေမှာ
အကောင်းဆုံး ရပ်တည်ရတာပဲ မဟုတ်လား ။
အဆင်ပြေနေတာပဲ မဟုတ်လားဆိုတဲ့
မေးခွန်းတွေကို
အင်း ပြေနေတာပဲလေဆိုပြီး
ခပ်ချေချေ ဖြေရုံပေါ့
ပျော်နေတာပဲမဟုတ်လားဆိုတဲ့
မေးခွန်းတွေကိုလည်း
သိပ်ပျော်တာပေါ့ဆိုတဲ့ စကားနဲ့
ပြန်ချေပရုံပေါ့
အကောင်းဆုံးဆိုတဲ့
အရာတွေကိုပဲ ပေးချင်ခဲ့တာ
ပြီးတော့ ...လိုချင်ခဲ့တာ
ဒါပေမယ့်
ဖြစ်ချင်တဲ့ ဆန္ဒတွေက
အရေးမှ မကြီးပဲလေ ။

#ကျေးကို

image
2 yrs - Translate

နောက်ပိုင်း
"အဆင်ပြေလား" လို့ မေးရင်
'ဒီလိုပါပဲ' လို့ပဲ ဖြေတတ်ခဲ့တော့တယ်။
ဒါဟာ တိတ်ဆိတ်ခြင်းတစ်မျိုးဖြစ်သလို
အရွယ်ရောက်ခြင်းတစ်မျိုးလည်းဖြစ်တယ်။
🤍🌼🍀
#ᗩᒪoᑎᗴ

image
2 yrs - Translate

လူတိုင်းမှာမျက်နှာနှစ်ဖက်ရှိကြမြဲပဲတဲ့လေ..
ဒါကြောင့်တစ်ခြားလူတွေလိုပဲငါ့မှာလည်းထုတ်မပြချင်တဲ့ Darksideအခြမ်းဆိုတာရှိတယ်..။
ငါဟာ လူကောင်းတစ်ယောက်မဟုတ်သလို သူများတွေပြောသလောက်ဆိုးရွားနေတဲ့သူလည်းမဟုတ်ဘူး

ဒါပေမဲ့ငါ့ကိုစိတ်ရင်းနဲ့ချစ်ခင်ပေးတဲ့သူတွေအပေါ်မှာတော့ ငါပြန်ပေးတာလည်းစိတ်ရင်းနဲ့ချစ်ခြင်းပဲ

ငါ့ကိုကြည့်မရတဲ့သူတွေကတော့ ငါ့တုန့်ပြန်မှုကတိတ်ဆိတ်လိုက်ခြင်းနဲ့ဂရုမစိုက်ခြင်းပါပဲ

ငါချစ်တဲ့သူတွေအတွက်ငါကိုယ်တိုင်အတွက်
ငါဟာကြင်နာနွေးထွေးတတ်ဆုံးလူသားအဖြစ်
စိတ်ရင်းနဲ့ရှိနေမှာပါပဲ..

ဖြူစင်အပြစ်ကင်းပြနေဖို့လည်းမလိုအပ်ဘူး
ထူခြားဖို့လည်းမလိုဘူး..အရာရာတိုင်းက ကံပါသလောက်ပဲကံပါသလောက်ပဲငါတို့ရှင်သန်ရမှာ
ငါတို့တွေ့ဆုံရမှာမလို့
အနည်းဆုံးတော့အတုအယောင်မဆန်ပဲ
စစ်မှန်အောင်ငါနေထိုင်ပါတယ်

#lavenderpan -7 လာဗန်ဒါပန်

image
2 yrs - Translate

အဆင်ပြေတယ်လို့ပဲ ပြောခဲ့ပေမယ့် မနာကျင်ဘူးလို့ တစ်ခါမှ မပြောခဲ့ဘူး။

image
2 yrs - Translate

"ငါတို့လမ်းခွဲပြီးတဲ့နောက်"
မင်းကအခြားတယောက်ကိုရွေးသွားတယ်
ကိုယ်ကျတော့ မင်းထားခဲ့နေရာမာပဲကျန်‌နေခဲ့တယ်

ချစ်ခြင်းမေတ္တာဟာသိပ်ကိုဆန်းကြယ်လွန်းပါတယ်
ရင်နင့်အောင်ချစ်ခဲ့ရတဲ့သူတယောက်ကိုမှ
ဘ၀မာ အကြီးကြီးဆုံးရူံးခဲ့ရတယ်လို့။
#toxic

image
2 yrs - Translate

ရွေးချယ်စရာတွေကြုံလာတိုင်း
ကိုယ်က ဦးစားပေးအရွေးခံရလေ့ရှိတယ်

ဥပမာ စွန့်ပစ်ဖို့ ချန်ခဲ့ဖို့ .....🖤

#လွမ်းနှောင်အိမ်

image
2 yrs - Translate

တစ်ခါတလေမှာ အတိုင်းအတာ တစ်ခုထိ
မျှော်လင့်ချက် မဲ့သွားပြီးတဲ့နောက်
ပန်းတစ်ပွင့် ဖူးပွင့်လာတတ်တယ်
အဲဒီပန်း နာမည်က Never mind (ကိစ္စမရှိဘူး)တဲ့..

သိပ်ကြိုက်ခဲ့တဲ့ စာသားလေးတစ်ခုပါပဲ..

လောကမှာ ကိစ္စတော်တော်များများက
မျော်လင့်ထားတဲ့အတိုင်း ဖြစ်မလာတာ များတယ်..
ဖြစ်ချင်တာတွေ ဖြစ်မလာတဲ့အခါ
မဖြစ်ချင်တာတွေ ဖြစ်လာတာတဲ့အခါ

ဒါကိုပဲ အိပ်ပျက်စားပျက် မပြီးနိုင်းမစီးနိုင်
ပုံကြီးချဲ့ ခံစားနေမယ်နေဆိုရင်တော့
အဆင်မပြေမှုတွေ၊ ပူလောင်မှုတွေ၊ နာကျင်မှုတွေနဲ့အတူ ဘဝဟာ ပိုပြီး စိတ်ပျက်စရာကောင်းနေအုံးမှာပဲ..

ဘဝမှာ ဘာတွေပဲ ကြုံလာကြုံလာ..
ဘာတွေပဲ ဖြစ်လာဖြစ်လာ ဒါကို လက်ခံနိုင်ရမယ်..
"ဒါလား..ရပါတယ်..Never mind (ကိစ္စမရှိဘူး)"လို့
ပြောနိုင်ရမယ်..ပြောရဲရမယ်..

အဆင်မပြေမှု‌‌တွေလား...?
Never Mind (ကိစ္စမရှိဘူး)
ငါ အ‌ကောင်းဆုံးကြိုးစားပြီး ဖြေရှင်းမယ်..

အခက်အခဲတွေလား...?
Never Mind (ကိစ္စမရှိဘူး)
ငါ အကောင်းဆုံးကြိုးစားပြီး ကျော်ဖြတ်မယ်..

ဒုက္ခတွေလား...?
Never Mind (ကိစ္စမရှိဘူး)
ငါ အကာင်းဆုံးကြိုးစားပြီး ရင်ဆိုင်မယ်..

ဒဏ်ရာတွေလား...?
Never Mind (ကိစ္စမရှိဘူး)
အချိန်က သူ့အလိုလို ကုစားသွားလိမ့်မယ်..

အတင်းအဖျင်းတွေလား...?
Never Mind (ကိစ္စမရှိဘူး)
အမှန်တရားက သူတို့ကို နှုတ်ပိတ်သွားလိမ့်မယ်..

အတုအယောင်တွေတဲ့လား...?
Never Mind (ကိစ္စမရှိဘူး)
လောကကြီးက
သူ့နည်းသူ့ဟန်နဲ့ ရှင်းထုတ်သွားလိမ့်မယ်..

ချစ်ခြင်းမေတ္တာတွေကို
အသိအမှတ် မပြုဘူးတဲ့လား..?
Never Mind (ကိစ္စမရှိဘူး)
တန်ဖိုးသိတဲ့အရပ်မှာ တန်ဖိုးရှိရှိ နေသွားမယ်..

မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရတာလား...?
Never Mind (ကိစ္စမရှိဘူး)
မနက်ဖြန်တိုင်းကို မျှော်လင့်ချက်အသစ်တွေနဲ့
ကြိုဆိုသွားမယ်..

တစ်ခုခု ကြုံလာတာနဲ့
Never Mind (ကိစ္စမရှိဘူး)လို့ ပြောနိုင်အောင် ကြိုးစားပါ။ ဖြစ်ချင်တာတွေ ဖြစ်ခွင့်မရဘူးဆိုရင်‌တောင်မှ အနည်းဆုံးတော့ ဘဝကို ပေါ့ပေါ့ပါးပါး ရှင်သန်နေထိုင်သွားနိုင်တာပေါ့...!

#dawhay

image
2 yrs - Translate

Information တွေကို သူများထက်မြန်မြန်ရှာနိုင်တာကလဲ skill ပါပဲ ..
Google မှာရှာလို့ပြောကြပေမယ့် သေချာမရှာတတ်တဲ့သူတွေကပေါပါတယ် ..
Google ကို pro ဆန်ဆန်ရှာချင်ရင် ဒီ နည်း ၅ ခုကိုသုံးလို့ရပါတယ် ..
၁. " " သုံးပါ ..
ကိုယ်ရှာချင်တဲ့စာ အတိအကျအတိုင်း အဖြေထွက်လာဖို့ဆိုရင် ကိုယ်ရှာချင်တဲ့ စာကို " " ထဲမှာထည့်ပြီးရှာပါ။ ဥပမာ - "MoonBase community”
၂. site: သုံးပါ ..
Website ထဲမှာရှိတဲ့ page တွေ information တွေကိုရှာချင်ရင် website ရဲ့ရှေ့မှာ site: လို့ထည့်ပြီးရှာပါ။ ဒီ website မှာတော့ဖတ်လိုက်တယ် ဒါပေမယ့် ပြန်ရှာရင်မတွေ့ဘူးဆိုတဲ့အချိန်တွေမှာ အသုံးဝင်ပါတယ် ..
ဥပမာ - ai အကြောင်းကို tech crunch မှာဖတ်ဖူးတယ်ဆိုပါစို့ ပြန်ရှာမယ်ဆိုရင် site:techcrunch.com ai လို့ရိုက်ထည့်ရှာရပါတယ်..
၃. - နဲ့ဖြုတ်ပါ..
ကိုယ်ရှာတဲ့အထဲမှာ မပါစေချင်တဲ့ အရာတွေကိုဆိုရင် - ခံပြီးတော့ရေးလို့ရပါတယ်။ နာမည်တူနေတဲ့သူတို့ အကြောင်းအရာတူတို့ဆိုရင် ကိုယ်လိုချင်တာကိုပဲ ရွေးပြခိုင်းလို့ရပါတယ်..
ဥပမာ - ကိုယ်က Tesla လိုရှာမယ် ကိုယ်ရှာချင်တာက ကားမဟုတ်ဘူး Tesla ဆိုတဲ့လူကဘာထွင်လဲရှာချင်တာဆိုရင်
What tesla invent? -car
၄. filetype: နဲ့ရှာပါ
ကိုယ်ရှာချင်တဲ့ file အမျိုးအစားနဲ့ သီးသန့်ရှာလို့ရပါတယ်။အထူးသဖြင့် စာအုပ်တွေရှာရင် အသုံးဝင်ပါတယ် ..
ဥပမာ - start with why ဆိုတဲ့ pdf file ကို
ရှာချင်တယ်ဆိုရင် Start with why filetypedf လို့ရှာလို့ရပါတယ် ..
၅. * သုံးပြီးရှာပါ..
တစ်ခါတစ်ခါ ကိုယ်ရှာချင်တာကို အပြည့်အစုံ
မသိတော့တဲ့အခါတွေရှိတတ်ပါတယ်။ စာအုပ်နာမည်တို့ သီချင်းနာမယ်တို့လိုပေါ့။ အဲ့အခါမှာ ကိုယ်မသိတဲ့ စာလုံး မေ့နေတဲ့စာလုံးကို * ထည့်ပြီးရှာလို့ရပါတယ်..
ဥပမာ - ကိုယ်ရှာချင်တာက the psychology of money ကိုယ်က psychology ကိုမေ့နေတယ်ဆိုပါစို့ The * of money လို့ရှာလိုက်ရင်ရပါပြီ..
Enjoy your google search 🙌🏻
Credit : thelapyae

image
2 yrs - Youtube