Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကြက်အချင်းတိုင်ချက်နည်း
==============
ကြက်အချင်းတိုင်လတ်လတ်ဆတ်ဆတ်လေးတွေ ကုန်အသစ်ဝင်တာနဲ့ အချင်းတိုင်ဆီပြန်ဟင်းလေးချက်စားဖြစ်ပါတယ်၊ မဆလာအနံ့မွှေးမွှေးလေးနဲ့ စားကောင်းနေရောနော်
ပါဝင်ပစ္စည်းများ
ကြက်အချင်းတိုင် ..၅၀သား
ကြက်သွန်နီ..၅လုံး
ကြက်သွန်ဖြူ.. အမွှာကြီး ၄မွှာ
ငရုပ်ပု...၂ကျပ်သား..အစေ့ထုတ်ပြီးသား
မြေပဲဆီ..၁၀သား
ဆား ....ထမင်းစားဇွန်းဝက်
နနွင်းမှုန့်.. သင့်ရုံ
မဆလာ...လက်ဖက်ဇွန်း ၂ဇွန်း
ပြုလုပ်ပုံ အဆင့်ဆင့်
ပထမဦးစွာ ကြက်အချင်တိုင် ကို ဆေးကြောသန့်စင်ပြီး၊ဆား ၊နနွင်း ၊ဟင်းခတ် ၊အရသာမှူန့်တို့ဖြင့်နယ်ထားပါ။
ငရုပ်ပုကိုရေစိမ်ပြီး ကြက်သွန်ဖြူ နီ ချင်း တို့နှင့်ညှက်နေအောင်ရောထောင်းထားပါ။
ချက်မည့်အိုးထဲ ဆီထည့်ကာ အပူပေးပြီး မဆလာ+ငရုပ်အနှစ်များထည့်ပါ။
မွှေးနေအောင်ဆီသတ်ပြီး ကြက်အချင်းတိုင် ထည့်ပါ။သမအောင်ကြော်ပြီး ရေသန့်အမြုပ်ထည့်ကာ အဖုံးအုပ်ပြီးဆီရေခမ်း ဆီပြန်သည်ထိထားပါ။
ဆီပြန်လာပါက မီးပိတ်သုံးဆောင်နိုင်ပါပြီ
ယနေ့စက်သုံးဆီစျေးနှုန်း (၁၁-၉-၂၀၂၄)
တက်ဖို့လွယ်ပေမယ့် ကျဖို့ခက်ခဲနေဆဲ ယနေ့စက်သုံးဆီစျေးနှုန်း…
#dlifeclub
#fuel
#ဆီစျေး
ပင်ပန်း နွမ်းနယ်မှုကို အစားအသောက် နဲ့ဘယ်လို တိုက်ဖျက်မလဲ
တစ်ခါတစ်ရံ လူကဘာမှမလုပ်ချင်မကိုင်ချင်အောင် ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။ ဒီအခါမှာ ပြန်လည်လန်းဆန်းလာဖို့အတွက် အစားအသောက်နဲ့ဘယ်လိုတိုက်ဖျက်မလဲ နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
၁။ ရေများများသောက်ဖို့လိုပါတယ်။ တစ်ခါတစ်လေမှာ ရေဓာတ်ခမ်းခြောက်နေရင်လည်း လူကတဖြည်းဖြည်းနွမ်းနယ်လာတတ်ပါတယ်။ ဒါကြောင့် အလုပ်တစ်ခုခုလုပ်ပြီးရင်ဖြစ်ဖြစ် လေ့ကျင့်ခန်းတစ်ခုခုလုပ်ပြီးရင်ဖြစ်ဖြစ် ရေတစ်ဝကြီးသောက်လိုက်ပါ။
၂။ ကဖင်းဓာတ်ကို တတ်နိုင်သလောက်ရှောင်ပါ။ ကဖင်းဓာတ်ဟာ ပင်ပန်းနွမ်းနယ်မှုဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ ကော်ဖီလျှော့သောက်ပါ။ တစ်ချို့လက်ဖက်ရည်နဲ့အချိုရည်တွေထဲမှာလည်း ကဖင်းဓာတ်ပါတာကြောင့် သတိထားသောက်စေချင်ပါတယ်။ တစ်လလောက် ကောင်းကောင်းရှောင်ကြဉ်လိုက်ရင် အတော်ကြီးလန်းဆန်းလာမှာပါ။
၃။ မနက်စာမလွတ်ပါစေနဲ့။ခန္ဓာကိုယ်ရဲ့စွမ်းအားကို တိုးတက်စေပြီး အဆိပ်အတောက်တွေကို လောင်ကျွမ်းစေနိုင်ပါတယ်။ ဦးနှောက်ဟာ ဂလူးကို့စ်ကို လောင်စာအနေနဲ့အသုံးပြုပါတယ်။ ကာဗွန်ဟိုက်ဒရိတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပါ။ မနက်စာကို အာဟာရကြွယ်ဝစွာ စားသုံးခြင်းဖြင့် နွမ်းနယ်မှုတွေကို ဖြေလျှော့နိုင်ပါတယ်။
၄။ တစ်နေ့တာရဲ့ အစာသုံးနပ်ကို ရအောင်စားပါ။ ဘယ်လိုအကြောင်းပြချက်နဲ့မှ မလွတ်စေပါနဲ့။ အစာစားချိန်လွတ်သွားရင် သွေးတွင်းသကြားဓာတ်လုံးဝကျဆင်းသွားတတ်ပါတယ်။ ပုံမှန်စားခြင်းဖြင့် ရှိသင့်တဲ့ ဓာတ်တွေကိုထိန်းသိမ်းထားနိုင်ပါတယ်။
၅။ အသီးအနှံ ဟင်းသီးဟင်းရွက်နဲ့ အဆီနည်းနည်းပဲပါတဲ့နို့ထွက်ပစ္စည်းတွေ အဆီနည်းတဲ့အသားတွေ သင့်တင့်စွာပါပါစေ။ သကြားနဲ့ဆားတွေ လျှော့စားပါ။
၆။ အလွန်အကျွံစားသုံးမှုမှ ရှောင်ကြဉ်ပါ။ ဒါက ခန္ဓာကိုယ်ရဲ့အလုပ်လုပ်နိုင်စွမ်းကို ပိုမိုကျဆင်းစေပါတယ်။ တစ်ချို့က အများကြီးစားရင် အာဟာရပြည့်တယ်ထင်တတ်ကြပါတယ်။ ဒါဟာ မှားယွင်းတဲ့အယူအဆတစ်ခုပါ။ ခန္ဓာကိုယ်ကို ပိုမိုပင်ပန်းနွမ်းနယ်စေပါတယ်။
၇။ သံဓာတ်ပြည့်ဝတဲ့အစာများကို စားပါ။ အထူးသဖြင့် အမျိုးသမီးတွေပေါ့။ သံဓာတ်နည်းပါးလာရင် ပင်ပန်းနွမ်းနယ်ပြီး စိတ်ဖိစီးမှုတွေပါ ကြုံရတတ်ပါတယ်။ ဒါ့ကြောင့် အနီရောင်ရှိတဲ့အသားတွေအပြင် သံဓာတ်ကြွယ်ဝတဲ့ အစားအစာများကို များများစားပေးပါ။