သူစိမ်းလိုဆက်ဆံရင်
သူစိမ်းလိုနေပေးလိုက်တယ်။
မရတဲ့အရာတွေ မယူဘူး
မဖြစ်နိုင်တာတွေ မမျော်လင့်ဘူး။
ချစ်တယ်
ဒါပေမယ့်
လိုတာထက် သံယောဇဉ်မထားဘူး။
ယုံကြည်တယ်
ဒါပေမယ့်
ရင်မဖွင့်ဘူး။
#crd
Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
သူစိမ်းလိုဆက်ဆံရင်
သူစိမ်းလိုနေပေးလိုက်တယ်။
မရတဲ့အရာတွေ မယူဘူး
မဖြစ်နိုင်တာတွေ မမျော်လင့်ဘူး။
ချစ်တယ်
ဒါပေမယ့်
လိုတာထက် သံယောဇဉ်မထားဘူး။
ယုံကြည်တယ်
ဒါပေမယ့်
ရင်မဖွင့်ဘူး။
#crd
နားလည်မူဆိုတာ ငါ ဒါလုပ်လိုက်ရင်
သူမကြိုက်လောက်ဘူးဆိုပြီး ဖြည်တွေးပေးတတ်တဲစိတ်ပဲ။🍂
#ᗩᒪoᑎᗴ
ကိုယ်ဟာ ဘယ်တော့မှ တစ်စုံတစ်ယောက်ကိုမေ့ဖို့
အခြားတစ်ယောက်ကို မချစ်ဘူး။
ကိုယ် ချစ်တယ်ဆိုတာ အဲ့ဒီလူကို ချစ်လို့ပဲ၊
အရင်လူကို လုံးလုံးလျားလျား သတိမရတော့မှ၊
တွယ်တာလိုစိတ်မရှိတော့မှ
အခြားသူကို ချစ်စိတ်ဝင်နိုင်တယ်။
အခြားသူကို လိမ်လို့ရပေမယ့် "ချစ်တယ်"ပြောတိုင်း
မြင်ယောင်နေတဲ့ ပုံရိပ်ဟာ
ကိုယ့်ဘေးနားမှာ ရှိနေသူ မဟုတ်တဲ့
ခံစားချက်ကို မခံစားနိုင်ဘူး။
ချစ်ခြင်းတရားမှာ ကိုယ်ဟာ အလိမ်အညာ ကင်းပါတယ်။
ချစ်တယ်ဆိုတာ ချစ်တာပါပဲ၊
မမေ့သေးဘူးလို့ ဆိုလာရင်လည်း
တကယ် မမေ့သေးလို့ပါပဲ...။🥀
အမေရိုက်ရင် ပတ်ပြေးခဲ့တဲ့ ကောင်တွေက
စာနာမှုကင်းမဲ့တဲ့ကမ္ဘာကြီးကို ပြုပြင်ချင်ကြတယ်..။
ထမင်းနပ်မှန်ဖို့
နဖူးကချွေးခြေမကျအောင်ရုန်းနေရတဲ့ကောင်တွေက
ကမ္ဘာကြီးကို အေးချမ်းစေချင်တယ်..။
ဒေါင်ကျကျ ပြားကျကျဆိုတဲ့ကောင်လဲ
နောင်ရေးတွေးမိရင် မျက်လုံးမှာအရည်တစ်ချို့နဲ့
ဘယ်နေ့သေမှန်းမသိတဲ့ ဒီခေတ်ကြီးထဲမှာတော့
ကျွန်တော်တို့ဟာ ငယ်ငယ်ကလိုအမေ့ကိုကြောက်တဲ့စိတ်နဲ့
တစ်ညလောက်သာ အိပ်ပျော်ချင်တော့တာမို့
ကျွန်တော် ငြိမ်းချမ်းလိမ့်မယ် ထင်ပါတယ်..။
#ရိုးတံ
14.9.2024
Breaking News
သိပ္ပံပညာရှင် ဒေါက်တာစောဝေလှ Falling Walls award ချီးမြှင့်ခံရ
AB News-စက်တင်ဘာ ၁၄၊ ၂၀၂၄
သိပ္ပံပညာရှင် စောဝေလှသည် ပြီးခဲ့သည့်နှစ်က X-ray အသုံးပြု၍ တစ်ကမ္ဘာလုံးတွင် ပထမဆုံး အက်တမ်တစ်ခုကို ပုံဖော်နိုင်သော သိပ္ပံပညာရှင်အဖြစ် ထူးချွန်အောင်မြင်ခဲ့၍ ယခုနှစ်တွင် သူ၏ Physics ပညာရပ်နယ်ပယ်တွင် ထူးချွန်သည့် ရလဒ်များကြောင့် ၂၀၂၄ ခုနှစ်၏ Falling Walls Science Breakthrough of the Year (Physical Sciences) ဆု ချီးမြှင့်ခံရခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ဤထူးချွန်ဆုသည် သိပ္ပံနှင့်ဆန်းသစ်တီထွင်မှုများတွင် သူ၏ ထင်ရှားသော အောင်မြင်မှုများကို အသိအမှတ်ပြုခြင်းဖြစ်ပြီး Falling Walls Foundation မှ ချီးမြင့်ခြင်းဖြစ်သည်။
"ကမ္ဘာ့ထိပ်တန်းသိပ္ပံပညာရှင်တွေထဲက အသိအမှတ်ပြုခံရတဲ့အတွက် အလွန်ဂုဏ်ယူဖွယ်ရာဖြစ်ပါတယ်" “ဒီအသိအမှတ်ပြုမှုဟာ Ohio တက္ကသိုလ်၊ Argonne National Laboratory နှင့် ကျွန်ုပ်တို့ရရှိခဲ့တဲ့ သိပ္ပံလောက၏ ထောက်ပံ့ကူညီမှုတွေအတွက် ကျွန်ုပ်၏အဖွဲ့ရဲ့ ပူးပေါင်းကြိုးပမ်းမှုများကို တစ်စုတစ်ဝေးအဖြစ် ကိုယ်စားပြုပါတယ်။ ဒီအသိအမှတ်ပြုခြင်းအတွက် ကျေးဇူးတင်ရှိပြီးတော့ ကျွန်ုပ်တို့ အလုပ်ရဲ့ အကျိုးသက်ရောက်မှုအပေါ်မှာ စိတ်လှုပ်ရှားနေပါတယ်။" ဟု စောဝေလှက ပြောကြားခဲ့သည်။
ဒေါက်တာစောဝေလှသည် ယခုနှစ်တွင် နိုင်ငံတဝှမ်းမှ တက္ကသိုလ်နှင့်အဖွဲ့အစည်းပေါင်း ၃၀၀ ကျော်မှ အဆိုပြုလူဦးရေ ၁၁၀၀ ကျော်များထဲမှ Falling Walls ဆုကို ရရှိခဲ့ခြင်းဖြစ်ပြီး သူသည် Ohio တက္ကသိုလ်တွင်အထူး ထူးချိန်သည့် သိပ္ပံပညာရှင် တစ်ဦးဖြစ်သလို Argonne National Laboratory တွင် ထင်ရှားသည့် သုတေသနပညာရှင်တစ်ဦးလည်းဖြစ်သည်။
"ဒေါက်တာစောဝေလှ ရဲ့ ရလဒ်ဟာ ထင်ရှားလှတဲ့ တိုးတက်မှုတစ်ခုဖြစ်ပြီး အနာဂတ်အတွက် လမ်းဖောက်ပေးတာဖြစ်ပါတယ်။ "Falling Walls ဆုသည် ထူးချွန်သော အသိအမှတ်ပြုချက်တစ်ခုဖြစ်ပြီး ဒေါက်တာစောဝေလှကို ကမ္ဘာ့ထိပ်တန်းသိပ္ပံပညာရှင်များအနက် တစ်ဦးအဖြစ် ရပ်တည်စေပါတယ်။ ကျနော်တို့ သူ့ရဲ့ အောင်မြင်မှုကို ဂုဏ်ပြုလိုက်ပါတယ်။ ခုလိုစွမ်းဆောင်ပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်" ဟု အိုဟိုင်းယိုးတက္ကသိုလ် ၏ အနုပညာနှင့် သိပ္ပံ ဌာနမှ ဌာနမှူး Matthew Ando က ပြောကြားသည်။
အပြည့်အစုံကို ဆက်လက် ဖော်ပြပေးသွားမည်ဖြစ်သည်။
Relationship တစ်ခုမှာ အပြန်အလှန် ပံ့ပိုးကူညီမှုပြသဖို့ လုပ်ဆောင်သင့်တဲ့အချက်များ
အပြန်အလှန် ပံ့ပိုးကူညီမှုတွေနဲ့ နားလည်မှုတွေရှိနေတဲ့ ဆက်ဆံရေးမျိုးဟာ ပြိုကွဲပျက်စီးဖို့ အတော်လေးခက်ခဲတာဖြစ်သလို rs တစ်ခုရဲ့ ပျော်ရွှင်နွေးထွေးမှုကိုလည်း အပြည့်အဝခံစားကြရတာ ဖြစ်ပါတယ်။ ဒီတော့ အပြန်အလှန်ပံ့ပိုးကူညီမှုတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ဖို့ ဒီအချက်တွေက မရှိမဖြစ် လိုအပ်ပါတယ်။
- နားထောင်ပြီး ကိုယ်ချင်းစာပေးပါ
သူရင်ဖွင့်ချင်တဲ့အခါ၊ သူတစ်ခုခုပြောချင်တဲ့အခါ သေချာနားထောင်ပေးဖို့ကို မမေ့ပါနဲ့။ နောက်ပြီး တစ်စုံတစ်ခုခံစားနေရတဲ့ ကိုယ့်ချစ်သူအတွက် ကိုယ်ချင်းစာနာ နှစ်သိမ့်ပေးခြင်းက အပြန်အလှန် တစ်ယောက်နဲ့တစ်ယောက် ပံ့ပိုးကူညီမှုပြသခြင်းပဲ ဖြစ်ပါတယ်။
- စိတ်ရှည်သည်းခံမှုကို ပျိုးထောင်ပါ
စိတ်အဆင်မပြေမှုတစ်ခုခုဖြစ်တိုင်း ဒါမှမဟုတ် ပြဿနာတစ်ခုခုဖြစ်တိုင်း ထင်ရာစိုင်း ဖြေရှင်းတာမျိုးမဟုတ်ဘဲ တစ်ယောက်ရဲ့ခံစားချက်တွေကို တစ်ယောက်က ပိုနားလည်ပေးနိုင်ဖို့ စိတ်ရှည်သည်းခံမှုကို ပျိုးထောင်သင့်ပါတယ်။
- တစ်ယောက်နဲ့တစ်ယောက် ယုံကြည်ပါ
ယုံကြည်မှုဟာ ဆက်ဆံရေးတိုင်းမှာ အရမ်းအရမ်းကို အရေးပါတာဖြစ်လို့ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုမပျက်စီးပါစေနဲ့။ ယုံကြည်မှုတွေပျက်စီးသွားတဲ့အခါ ဆက်ဆံရေးတစ်ခုဟာ ရှေ့ဆက်သွားနေလည်း ဘာမှမထူးတော့ပါဘူး။ ဒါကြောင့် ယုံကြည်အောင်နေပါ၊ ယုံကြည်မှုကို တည်ဆောက်ပါ နောက်ပြီး တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုပေးပါ။
- ဟာသဉာဏ်ကို ထိန်းထားပါ
ကောင်းမွန်ပြီး အပြန်အလှန်ပံ့ပိုးမှုတွေရှိနေတဲ့ ဆက်ဆံရေးတစ်ခုမှာ ဟာသဉာဏ်ဆိုတဲ့အရာကိုလည်း ထည့်သွင်းစေချင်ပါတယ်။ ပျော်ရွှင်မှုတွေကိုတည်ဆောက်ဖို့ ဟာသဆန်မှုတွေ လိုအပ်တာဖြစ်ပြီး တစ်ဖက်လူက စိတ်မပျော်တဲ့အခါ စိတ်ပျော်အောင်လုပ်ပေးတာကလည်း ပံ့ပိုးကူညီမှုတစ်မျိုးပါပဲ။
#foryouシ #စကားလက်ဆောသ် #တစ်ချို့ကသစ္စာနဲ့ #ဘဝမှာ