Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ပင်ပန်းနွမ်းနယ်ခြင်းအတွက် အစားအစာကောင်းများ
အကယ်၍ သင်သည် ပင်ပန်းနွမ်းနယ်ခြင်းကို ပြန်လည် တိုက်ထုတ်နိုင်မဲ့ စွမ်းအားရင်းမြစ်ကို ရှာဖွေနေသူဆိုလျှင် အောက်တွင် သင်ရှာဖွေနေသော အရာများ ဖော်ပြထားပါတယ်။ အောက်ဖော်ပြပါ အစားအစာတွေကို သင့်နေ့စဉ်အစားအသောက်ထဲတွင် ထည့်သွင်းစားသုံးခြင်းဖြင့် လွယ်ကူထိရောက်စွာပင် ပင်ပန်းနွမ်းလျခြင်းကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ သို့ဖြစ်၍ ထိုနည်းလမ်းကောင်းများကို သင်ဘာကြောင့် မကြိုးစားကြည့်ပါသလဲ။
ပင်ပန်းနွမ်းနယ်ခြင်းဆိုသည်မှာ အဘယ်နည်း
ပင်ပန်းနွမ်းနယ်ခြင်းဆိုသည်မှာ စိတ်ရောကိုယ်ပါ အားအင်ကုန်ခမ်း နုံးချိခြင်းကို ချုံငုံသုံးထားသော အသုံးအနှုန်းတစ်ခု ဖြစ်ပါတယ်။ ၎င်းသည် အိပ်စက်အနားယူဖို့ လိုအပ်သော ငိုက်မျဉ်းခြင်းနှင့် မတူပေ။ ပင်ပန်းနွမ်းနယ်ခြင်းသည် မောပန်းခြင်း၊ အားအင် ကုန်ခမ်းခြင်းနှင့် ထိုင်းမှိုင်းလေးကန်ခြင်းတို့ ပါဝင်ပါသည်။
ကျန်းမာရေးရှုထောင့်အရ ပင်ပန်းခြင်းသည် အိပ်ငိုက်ခြင်း၊ ငိုက်မျဉ်းခြင်းနဲ့ မတူပေ။ သင်ပင်ပန်းနေသော အခါတွင် သင့်မှာ နောက်ထပ် ခွန်အားနဲ့ လုပ်နိုင်စွမ်းအား မရှိတော့ခြင်း၊ ကုန်ခမ်းသွားခြင်း ဖြစ်သည်။
ပင်ပန်းနွမ်းနယ်ခြင်းကို တိုက်ထုတ်ဖို့ အကောင်းဆုံး နည်းလမ်းများထဲမှ တစ်ခုကတော့ မရှိမဖြစ်လိုအပ်သော ဗီတာမင် သက်စောင့်ဓါတ်များ၊ ခွန်အားအတွက် ကာဗိုဟိုက်ဒရိတ် နှင့် ခံနိုင်ရည်အားအတွက် အသားဓါတ် တို့ စားသုံးခြင်း ဖြစ်သည်။
Credit:ရေးသားသူ Dr. K Zin Thwe
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
မြဲချင်တဲ့လက်တစ်စုံဆိုတာ...
ကိုယ့်ဘက်ကဖွဖွလေး ဆုပ်ကိုင်ထားရင်တောင်
သူ့ဘက်က ကျစ်လျစ်အောင်အုပ်မိုးပေးထားတာပါ။
ကိုယ့်ဘက်က သစ္စာရှိရှိချစ်နေပေးရင်လည်း သူ့"ဘက်က
တလေးတစား အလေးထားပြီးရပ်တည်ပေးခဲ့တယ်။
အကယ်၍ ကိုယ်ထွတ်ပြေးရင်တောင် မရမက
လိုက်ရှာမယ့် မေတ္တာမျိုးကိုပြောတာပါ။
သူ့နေရာလည်း နောက်လူမဝင်ရဘူး
ကိုယ့် နေရာလည်း လူစိမ်းမဝင်ရအောင် နှစ်ဦးနှစ်ဖက်
မေတ္တာစစ်နဲ့ကာရံထားတဲ့ အကြင်နာတံတိုင်းကြီးပေါ့ဗျာ။ ။❣️
ဒီနေ့တော့ taurus တွေအကြောင်းပါ။
Cardi B ရဲ့ သူကြုံဖူးတဲ့ zodiac signတွေအကြောင်း video ကို နားထောင်ဖူးရင် taurus တွေ ဘယ်လောက်ကောင်းလဲ သဘောပေါက်ကြမှာပါ၊
ဒါပေမယ့် lacking on something ကွာ၊ တစ်ခုခုလိုနေတယ်တဲ့၊ ဘာလိုလို့လိုမှန်းတော့မသိဘူးတဲ့၊ဘာလိုနေတာပါလိမ့်?
Taurus တွေက တကယ်လည်းကောင်းပါတယ်၊ ကောင်းလွန်းလို့ ပျင်းစရာလည်း ကောင်းပါတယ်၊ ခန့်မှန်းရအရမ်းလွယ်လွန်းတယ်။
လူတွေဘာလို့ player တွေကို စွဲလမ်းကြလဲသိလား၊ ခန့်မှန်းရခက်ပြီး ပျော်အောင်လုပ်လိုက် ငိုရအောင်လုပ်လိုက် roller coaster feelings တွေပေးနိုင်စွမ်းရှိလို့ပဲ။ player ဆိုတာ သူတို့ကိုယ်တိုင်တောင် မျောက်စိတ်နဲ့ဆိုတော့ သူများက ခန့်မှန်းရခက်တာ မဆန်းပါဘူး^^
Taurus တွေကတော့ သူတို့ကိုယ်တိုင် relationship ထဲမှာ အသားတကျနဲ့ နေပြီး သူတို့ရဲ့ partner ကို ပဟေဠိမဖြစ်စေတဲ့ သူမျိုးတွေပါ။ အပိုင်တွက်ဖို့ လွယ်တဲ့သူတွေ၊ ကိုယ့် partner အတွက် ကိုယ်ဟာ 'အမြဲအရယူဖို့ကြိုးစားနေရမယ့် challenge တစ်ခု'ဖြစ်မနေပါဘူး။
လူတွေက စိတ်လှုပ်ရှားစရာတွေကို စွဲလမ်းတယ်၊ ခန့်မှန်းရလွယ်ပြီး အပိုင်တွက်ဖို့ လွယ်တဲ့ taurus တွေဟာ အရမ်းကောင်းလွန်းပေမယ့် ကိုယ့် partner အတွက်တော့ စိတ်လှုပ်ရှားစရာတွေမပေးနိုင်ဘဲ ကောင်းလွန်းလို့ ထားခဲ့ခံရတဲ့ သူမျိုးတွေပါ။
များသောအားဖြင့် စိတ်ထားရိုးဖြောင့်ပြီး သဘောမနောကောင်းတဲ့သူတွေပါ။ အင်မတန်မှ စိတ်အေးလက်အေးနဲ့ ပျင်းပျင်းရိရိနေတတ်တဲ့သူမျိုးတွေဖြစ်ပါတယ်။
ဒါပေမယ့် taurus တွေက အချဥ်တွေတော့ မဟုတ်ပါဘူး။
သဘောကောင်းတာကို သံပုရာသီးနဲ့မှားပြီး အရည်ညှစ်ခံရတတ်ပါတယ်။
ခေါင်းလည်းမာပြီး အစွဲအလမ်းကြီးလို့ မကောင်းမှန်းသိရက် ဆုပ်ကိုင်ထားတတ်ကြပါတယ်။ အဲ့ဒါကြောင့် ချိုကောင်းတယ်လို့ နာမည်ကြီးသွားတာပါ။
Cardi B ပြောတဲ့ တစ်ခုခုလိုနေတယ်ဆိုတာ စိတ်လှုပ်ရှားစရာမကောင်းတာဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ထင်ပါတယ်။
Taurus ကိုမှ Venus signပေါ်မူတည်ပြီး Type သုံးမျိုးခွဲကြည့်လို့ ရပါတယ်။
ကိုယ်က Taurus တစ်ယောက်ဆိုရင် ကိုယ့် venus sign က aries, taurus, gemini အဆိုပါsign သုံးခုထဲက တစ်ခုမှာ ရှိပါလိမ့်မယ်။
'Sun in Taurus, venus in aries' type
'Sun in Taurus, venus in taurus' type
'Sun in Taurus, venus in gemini' type ဆိုပြီး သုံးမျိုးရှိပါတယ်။
အဆိုပါ Type သုံးမျိုးအကြောင်းကို ဆောင်းပါးသီးသန့်ရေးပြီး ဖော်ပြပေးပါ့မယ်။
ဒီနေ့ကတော့ Cardi B ပြောတဲ့ တစ်ခုခုလိုနေတယ်ဆိုတဲ့ အပေါ်မှာ ဆွေးနွေးတာပါ။
ဖတ်တဲ့သူတွေအမြင်မှာရော Taurus တွေက ဘာလိုနေတယ်လို့ ခံစားရလဲ? ခံစားရတာရှိရင် ပြောပေးသွားကြပါဦး။
Taurus တွေအနေနဲ့လည်း ကိုယ်ကောင်းတာ နားမလည်တဲ့သူတွေကို အေးအေးဆေးဆေးလက်လွှတ်ပေးတတ်ပါစေနော်၊
သူများကို ချစ်တာမှားရင် မှားမယ်၊ ကိုယ့်ကိုကိုယ်ချစ်တာတော့ ဘယ်တော့မှ မမှားတဲ့အတွက် အကောင်းကြိုက်တဲ့၊ ဇိမ်လုပ်ရတာကြိုက်တဲ့ taurus တွေ ဇိမ်နဲ့နေနိုင်အောင် ကြိုးစားကြပါနော်။
-အားလုံးပဲ အေးချမ်းတဲ့ နေ့ရက်လေး ဖြစ်ပါစေ♡
I hope you find someone who will understand your past traumas and give you constant reassurance that you're now trusting the right person.
I hope you find someone who understand that you are not perfect but will never make you feel not enough. I hope you find a kind-hearted person. Someone who will speak kind words to you and will always respect you no matter what the situation is.
I hope you find someone who knows exactly how to treat you right. Someone who will love you genuinely and will care for you like he's afraid to lose you.
I hope you find someone who can love you selflessly because not every one can love that way. Not every one is willing to sacrifice everything he has just to see you happy and not every one is willing to love you with everything he has.
I hope you find a love that allows you to be happy and to be at peace because you deserve it after how many times of settling for less than what you deserve.
And most importantly, I hope you find someone who will never give up on you and will never treat you poorly.