Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လူတွေကို ဆုံးရှုံးရမှာမကြောက်နဲ့ ...
လူတွေအပေါ်ချစ်ရင်း...ကိုယ့်ကိုယ်ကို ပျောက်ဆုံးသွားမှာသာကြောက်....
တစ်ဖက်လူကို ချစ်လို့ ကိုယ့်ဝါသနာတွေ ကိုယ့်အိပ်မက်တွေ ကိုယ်လုပ်ချင်တာတွေ ကိုယ်ချစ်တဲ့အရာတွေကို စွန့်လွှတ်တဲ့ထိ ချစ်တတ်ကြတယ်...
နောက်ဆုံး ...အဲ့လူထားခဲ့ရင် ခင်ဗျားပျောက်ဆုံး နေလိမ့်မယ်......
💦》13/9/2024
#augustborn
နည်းနည်းလေးအဆင်မပြေရင်
စကားတွေ အများကြီး
ပြောတတ်ပေမယ့် ...
အများကြီး နာကျင်လာရင်
ကျွန်မ ဘာဖြစ်နေလဲသိရဲ့လားဆိုပြီး
မေးတော့မှာမဟုတ်သလို
ဘာလို့ နားလည်မပေးရတာလဲဆိုပြီးတော့လည်း
တွေးတော့မှာ မဟုတ်ဘူး ...
နာကျင်တဲ့ ဒဏ်ရာက
ပိုနက်ရင် နက်သလောက်
ကျွန်မက တိတ်ဆိတ်သွားခဲ့မှာ ။
#ကျေးကို
ကြီးပြင်းလာခဲ့ရတဲ့
ဘဝအခြေအနေတွေမတူရင်
ကိုယ်ချင်းစာတတ်တဲ့စိတ်တွေလဲမတူကြဘူး။
#charm
အရွယ်ရောက်သူတွေရဲ့ ဘဝက
ဒီလိုပဲလေ...
အချိန်တစ်ခုခြားမှာ
အပျက်ဆောင် ခံစားချက်တွေနဲ့ ပေါက်ကွဲလိုက်၊
ခံနိုင်ရည်မရှိရင် ခဏလောက် လဲပြိုလိုက်နဲ့။
ပြီးရင်
မျက်ရည်တွေ သုတ်ပြီး
ကိုယ်ကိုယ်တိုင်နဲ့ သင့်မြတ်လိုက်၊
အားပေးလိုက်၊ နည်းလမ်းရှာလိုက်၊
ဘဝကို ရင်ဆိုင်နိုင်ဖို့ ကြိုးစားနေရတယ်။
ငါတို့မှာ နောက်ဆုတ်ဖို့ လမ်းမရှိလို့ပါ။
-နိုင်းနိုင်းစနေ
မေတ္တာတရားရဲ့ အေးမြမှုကို
အတ္တသမားတွေ မခံစားတတ်ဘူး။
ကိုယ့်အတွက်ပဲ သိတဲ့သူဟာ
ပေးဆပ်ခြင်းဆိုတာ
သူတို့နဲ့ မသက်ဆိုင်ဘူးလို့ထင်ကြတယ်။
သူတစ်ပါးအတွက်ဆိုတဲ့
အတွေးမျိုး မရှိကြဘူး ။
သူ့နေရာမှာ ငါသာဆိုရင်ဆိုတဲ့
ကိုယ်ချင်းစာတရားမျိုး မထားတတ်ကြဘူး။
မေတ္တာပေးတတ်သူမှ
ပေးဆပ်ခြင်းရဲ့ အရသာကိုခံစားနိုင်တာပါ။
ချစ်ခြင်းတရားရဲ့ တန်ဖိုးကို
လှည့်ဖြားတတ်သူတွေ နားမလည်နိုင်ဘူး။
ကိုယ့်စိတ်သာယာမှုကိုပဲ သိတဲ့သူဟာ
လေးနက်တဲ့ သစ္စာတရားဆိုတာ
သူတို့နဲ့ မသက်ဆိုင်ဘူးလို့ထင်ကြတယ်။
သူတစ်ပါးအတွက်ဆိုတဲ့
အတွေးမျိုး မရှိကြဘူး။
သူ့နေရာမှာ ငါသာဆိုရင်ဆိုတဲ့
ကိုယ်ချင်းစာတရားမျိုး မထားတတ်ကြဘူး။
အမှန်တကယ် ချစ်ပေးတတ်သူမှ
လေးနက်ခြင်းရဲ့ တန်ဖိုးကိုခံစားနိုင်တာပါ။
#crd_to_owner_with_respect
#crdphoto