2 yrs - Translate

စကားမပြောဘဲ နေနိုင်သွားတဲ့ တစ်နေ့ ။
ဖုန်း မပြောဘဲ နေနိုင်သွားတဲ့ တစ်နေ့ ။
စာ မပို့ဘဲ နေနိုင်သွားတဲ့ တစ်နေ့ ။

မင်းကို မလွမ်းတဲ့ တစ်နေ့ ။
မင်းကို သတိမရတဲ့ တစ်နေ့ ။
မင်းကို ဥပေက္ခာထားနိုင်သွားတဲ့ တစ်နေ့ ။

နောက်ဆုံး
မင်းဆိုတာ ငါ့ဘဝထဲ မရှိလည်းဖြစ်တယ်
ဆိုတဲ့တစ်နေ့

အဲ့ဒီ နေ့ရောက်လာတဲ့အခါ
မင်းဆိုတာလည်း ငါ့အတွက် ဘာမှ
မဟုတ်တော့ဘူး ။

ဒါကြောင့်

ကိုယ့်ဘက်က အရေးတယူ
ချစ်ပေးနေတုန်းမှာ သိပ်ပြီး အနိုင်မယူပါနဲ့
သိပ်ပြီးလည်း ပစ်မထားပါနဲ့ အချစ်ရဲ့

ခင်ဗျားပစ်ထားသလို နေနိုင်သွားမှ
ကိုယ့်ကို ပြောင်းလဲသွားလေချင်းလို့
အပြစ်မဖွဲ့ စေချင်ဘူး ။

#ဧပရယ်မိုးသူ { Age }

image
2 yrs - Translate

ဆိုးချင်တိုင်းဆိုးလည်း
ပြုံးပြုံးကြီးနဲ့ချစ်ပေးတာဆိုလို့ ကိုကိုပဲရှိတာ 🩷

image
2 yrs - Translate

လူတစ်ယောက်ကို ချစ်ရတာ
ပင်ပန်းလိုက်တာလို့ တွေးနေရင်းကနေ

အဲဒီလူတစ်ယောက် မရှိတော့ရင်လည်း
ဘဝဟာ အဓိပ္ပာယ်မဲ့ သွားနိုင်တယ်လို့
တွေးမိသွားတာမျိုးပေါ့ ။

မရင်းနှီး မမြှုပ်နှံ သင့်တဲ့အထဲမှာ
ချစ်ခြင်းမေတ္တာလည်း ပါတယ် ။

အဆုံးအရှုံး ကြီးမားလွန်းပါတယ်။

Lionel Sn
#crd

image
2 yrs - Translate

ဒီစာပိုဒ်လေးရှာနေခဲ့တာကြာပြီ.. 🖤

image
2 yrs - Translate

၂၀၂၄ သြဂုတ်လရဲ့ ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမား ဟာလန်း
--------------------------------

ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးအသင်းရဲ့နော်ဝေလက်ရွေးစင်တိုက်စစ်မှူးအဲလင်းဟာလန်းဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ပထမဆုံးလဖြစ်တဲ့ သြဂုတ်လအတွက် ချီးမြှင့်တဲ့ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆု(Premier League Player of the Month)ကို ဆွတ်ခူးခဲ့ပါတယ်။

ဟာလန်းဟာ ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုကို တတိယအကြိမ်ဆွတ်ခူးရရှိတာဖြစ်ပြီး ၂၀၂၂ သြဂုတ်လနဲ့ ၂၀၂၃ ဧပြီလတွေအတွက် ချီးမြှင့်တဲ့ဆုတွေကို ရယူခဲ့ဖူးပါတယ်။

မန်စီးတီးအသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ ချန်ပီယံဆု(၄)ကြိမ်ဆက်ရယူထားပေမယ့် မန်စီးတီးကစားသမားတွေအနေနဲ့ Premier League Player of the Month ဆုနဲ့ ကံမပါဘဲ ၂၀၂၂-၂၃ ရာသီကစပြီး ဒီဆုကို ရယူထားနိုင်တဲ့ မန်စီးတီးကစားသမားက ဟာလန်း(၃ ကြိမ်)ပဲ ရှိပါတယ်။

ဟာလန်းဟာ ၂၀၂၄ သြဂုတ်လအတွင်းမှာ မန်စီးတီးအသင်းအတွက် ခြေစွမ်းပြကစားပြီး ဟက်ထရစ်နှစ်ကြိမ်သွင်းယူခဲ့ကာ စုစုပေါင်း(၇)ဂိုး သွင်းယူခဲ့ပါတယ်။

image

ဆိတ်အူကြမ်းချက်နည်း

ဆိတ်အူကြမ်းကို ထုံး နဲ့ ပွတ်ပြီး နာရီဝက်ထား ပြီးရင်အမဲတွေဓားနဲ့ခြစ် ရေဆေး သံပုရာရည်ညှစ်ထည့်ပြီးနယ် ရေပြန်ဆေး ဖြူဖွေးဥသွားရော

အတုံးတုံး ဆား ဆနွင်း အချိုမှုန့်ထည့်နယ်ပြီးနှပ်ထား
ကြက်သွန်ဖြူနီဂျင်းငရုတ်ပုခြောက်ညက်အောင်ထောင်း
ဆနွင်းလေးပါထည့်ထောင်း

ဆီထည့် ဆီဆူရင်ထည့်ဆီသပ်
စပါးလင်တစ်ချောင်းထုထည့်
ဆိတ်အူကြမ်းထည့်မွှေပြီး အဖုံးပိတ်
ရေထည့်ပြီး ၃ ရေခမ်းလောက်ချက်ပါ
နောက်ဆုံးရေခမ်းခါနီး မဆလာအုပ်
ပျဥ်းတော်သိမ်းရွက် ၇ ရွက်လောက် ချွေထည့်လိုက်ပါ
ရပါပြီရှင့်

image
2 yrs - Translate

14.9.2023(10 PM) Update Exchange Rate

ကျပ်ပေးဘတ်ယူ - 668 Ks

ဘတ်ပေးကျပ်ယူ - 685 Ks

#ဘတ်စျေး
#ဒေါ်လာစျေး
#ငွေစျေး

image
2 yrs - Translate

One real person is enough.♥️

Artwork | Unknown

image
2 yrs - Translate

😂

image
2 yrs - Translate

ကျရှုံးနေချိန်မှာ အတူရှိနေနိုင်တာဟာ
ချစ်ခြင်းမေတ္တာဖြစ်ပြီး

နာမကျန်းချိန်မှာ အနားရှိနေပေးတာက
မေတ္တာ ဖြစ်သလို

တတိယလူအတွက် ပူစရာမလိုတာဟာ
သစ္စာဖြစ်ပါတယ် ။

image