2 နှစ်များ - ဘာသာပြန်ပါ။

" Diary - ဒိုင်ယာရီ "ပေ့ချ်လေးကို followထားပါအုံးနော်

image
2 နှစ်များ - ဘာသာပြန်ပါ။

ကျွန်တော် လိုချင်တာ ရည်းစားမဟုတ်ပါဘူး..

"အချစ်" ကိုလိုချင်တာပါ

ကိုယ့်ရဲ့ ဖြစ်တည် မှုသေးသေးလေး က အစ ဂရုစိုက်ပေးပြီး
ကိုယ့်ရဲ့ ဆိုးခြင်း ကို တောင် လက်ခံပြီး ပြုပြင်ပေးမယ့်
အနား ကနေ ထွက်မသွားပဲ အမြဲ ချစ်ပေးနေမယ့် "အချစ်" မျိုး ကိုလိုချင်တာပါ ။

image
2 နှစ်များ - ဘာသာပြန်ပါ။

ဆယ်ပြန်ချစ်လို့မှ
တခါပြန်မတောက်သောမီးခြစ်လေး
လွှင့်ပစ်လိုက်တာပဲ ကောင်းမယ်။

#ကြည်ဇော်အေး

image
2 နှစ်များ - ဘာသာပြန်ပါ။

တစ်ယောက်နဲ့တစ်ယောက် ချစ်ကြသူတွေ
ရန်မဖြစ်သင့်ဘူး။
ဒီနှစ်ယောက်လေးပဲရှိပြီး
ဒီနှစ်ယောက်နဲ့ပဲ တစ်လောကလုံးကို ရင်ဆိုင်ဆန့်ကျင်ရမှာမို့ပါ။
ဒီနှစ်ယောက်ကြား စိတ်ဝမ်းကွဲရင်
လောကကြီးက အနိုင်ရသွားလိမ့်မယ်။

- ဟဲမင်းဝေ:

image
2 နှစ်များ - ဘာသာပြန်ပါ။

တစ်လဝင်ငွေ ဘယ်လောက်ရလဲဆိုရင်
သုံးပြီး ဖြုန်းပြီး ရာဂဏန်းလောက်တော့ ကျန်ပါတယ်

ဘယ်နှစ်ရာလဲဆိုတော့
800/900 ပေါ့ 1000တောင်မပြည့်တော့ဘူး😆✨

#sweet
#crdphoto

image
2 နှစ်များ - ဘာသာပြန်ပါ။

အစပိုင်းမှာတော့
လူတိုင်း ချစ်ပေးကြပါတယ် ..
အလိုလိုက်တယ်
ဂရုစိုက်ကြတယ်
အဲဒါကို မက်မောသွားကြတယ် ။

တဖြည်းဖြည်းနဲ့ အချိန်တစ်ခု အကြာမှာ
အချစ်ခံရတဲ့သူက အချစ်ခံချင်သေးပေမယ့်
ချစ်ပေးတဲ့သူက မချစ်တော့ဘူး ။

စ ချစ်တဲ့သူက ယောင်္ကျားလေး
ဆက်ချစ်ဖို့က မိန်းကလေး ..
အစတုန်းက ချစ်တယ် ဆိုတဲ့ အဖြေကိုရဖို့
သည်းသည်းလှုပ် ခဲ့ကြပေမယ့်
ချစ်ပြီးတဲ့ အချိန်မှာတော့
ရပ်တန့် ချင်ကြပြန်တယ် ။

အဓိက မှာချင်တာက ချစ်သူတိုင်းအတွက်
အစပိုင်း (၃) လ လောက်ဟာ
သိပ်ပျော်ဖို့ကောင်းပါတယ် ..
အဲဒါကြောင့်
အစပိုင်း ဂရုစိုက်မှုတွေမှာ
သာယာမက်မောပြီး အဆုံးထိ ချစ်လိုက်တာမျိုး
ဆင်ခြင်ကြဖို့ပါ ။

အစ ထက် ခြေလှမ်းတိုင်း
ကိုယ်နဲ့ အတူပါလာမှ
အဆုံးအထိ ကိုယ်နဲ့ အတူရှိ‌တော့မှ
အချစ်ခံရတာ .. တန်ဖိုးထားခံရတာ
စစ်မှန်တဲ့သူနဲ့ ဆုံတွေ့တာ .. ပါ။

အချိန်ကြာလေလေ အဖြေမှန်ပေါ်လေလေပဲမို့
အစောပိုင်းတွေမှာ
မီးကုန်ယမ်းကုန် မချစ်မိကြဖို့ ...
ကိုယ့်စိတ်ကို ထိန်းပြီး အချစ်ကို လက်ခံကြဖို့ ..ပါ။

အချစ်ကို အချိန်က အဖြေပေးပါလိမ့်မယ် ။

#သက်ထားခင်thk
#crd-photo

image
2 နှစ်များ - ဘာသာပြန်ပါ။

နေလေးပူလာလို့ ပုဇွန်ခြောက်လုပ်မယ်ဆိုပီးနေလှန်းထားတာ သတိရတဲ့အချိန် ကြည့်လိုက်တော့ ဗန်းထဲတစ်ကောင်မှ မရှိတော့ဘူး .... 😭

Credit.
https://www.facebook.com/share..../p/sv4eZA2SaPr7aZF2/

image
2 နှစ်များ - ဘာသာပြန်ပါ။

ဒိုင်လူကြီးက အမှတ်စဉ်ရေလို့ကောင်းတုန်း
ထွန်းထွန်းမင်းရဲ့ ပွဲသိမ်းကန်ချက်

2 နှစ်များ - ဘာသာပြန်ပါ။

မင်းများနေပြီ
သိပ်မများသေးပါဘူး အေးဆေးပေါ့

2 နှစ်များ - ဘာသာပြန်ပါ။

ပိုက်ဆံသိပ်မသုံးသင့်တဲ့ Skincare Steps များ🤫
(Part-1)
Skincare စျေးတွေက လတ်တလောမှာ အရမ်းမြောက်နေတာမလို့ ခြိုးခြံချွေတာပြီး သုံးစွဲရမယ့်အချိန်ဖြစ်သလို မယောင်ရာမှာဆီမလူးမိဖို့လဲ Nyi တို့ဂရုစိုက်ဖို့လိုပါပြီ။ တကယ်တမ်းတွက်ကြည့်ရင် ဘယ်လောက်ပဲခြိုးခြံတွက်ချက်ပြီးသုံးလဲ မလိုအပ်တဲ့နေရာတခုမှာ ပိုက်ဆံကိုများများသွားသုံးလိုက်မိရင် ကိုယ်အားထုတ်ထားသမျှ အချည်းနှီးဖြစ်ကုန်တယ်ပေါ့နော်။ ဒါကြောင့်မလို့ Nyi က ဒီနေ့ ပိုက်ဆံသိပ်မသုံးသင့်တဲ့ Skincare Steps လေးတွေအကြောင်း ပြောပြပါမယ်။
1. Makeup remover / Micellar water / Cleansing water / Cleansing oil / Cleansing balm📍
ဒီ step က မဖြစ်မနေလိုအပ်တဲ့ထဲ ပါသော်ငြားလဲ စျေးကြီးဖို့မလိုတာတော့ အမှန်ပါပဲ။ အဓိက အလုပ်ဖြစ်ဖို့သာလိုတယ်။ ဆိုလိုချင်တာက makeup ဖျက်ဖို့ရည်ရွယ်တဲ့ skincare တခုဟာ အသားအရေကိုထိခိုက်ခြင်းမရှိဘဲ မိတ်ကပ်ဖျက်နိုင်ရင် ရပြီ။ ဒါဆိုရင်ကို သုံးလို့အဆင်ပြေပြီ။ ကိုယ်က budget ကိုထည့်တွက်ရမယ့်သူမျိုးဆိုရင် စျေးချိုပြီး အလုပ်ဖြစ်တာကိုသာရွေးပါ။ အရေးကြီးတာက makeup ဖျက်နိုင်ဖို့၊ သူ့ကြောင့်အဖုမထွက်ဖို့ပဲမလား? ဒါကိုမဟုတ်ဘဲ ကိုယ်က စျေးကြီးတဲ့ products တွေနောက်လိုက်ရင်တော့ ပိုက်ဆံကပိုထွက်မှာပါပဲ။ Marketing strategies တွေအရ သုံးရတဲ့ experience ကောင်းအောင်၊ skincare benefits တွေပိုရနိုင်အောင် Brand တခုနဲ့တခု သူ့ထက်ငါအပြိုင်အဆိုင်ထုတ်နေတာကို ကိုယ်ကလိုက်ပါပြီး သုံးမိရင်တော့ ပိုက်ဆံကမလိုအပ်ဘဲ ထွက်နေမှာပါ။ နောက်ပြီး ပိုက်ဆံထွက်သလောက်လဲ အာနိသင်ထူးထူးခြားခြားပေးနိုင်တဲ့ steps မျိုးလားဆိုတော့လဲ မဟုတ်ပြန်ဘူး။ ဆိုတော့ ခုလိုကာလမှာ Nyi ကတော့ အလုပ်ဖြစ်ပြီးစျေးချိုတာမျိုးကိုသာ ရွေးစေချင်ပါတယ်။ တဗူးဝယ်ပြီး တနှစ်နီးပါးသုံးရမယ့် cleansing oil တခုကိုလဲ Nyi ရက်ပိုင်းအတွင်း review တင်ပေးမှာမလို့ စောင့်ကြည့်ပေးပါအုံးနော်။
2. Facial Foam📍
Facial foam ရွေးတဲ့နေရာမှာတော့ Nyi က blog readers တို့ကို ပါးပါးနပ်နပ်ရှိဖို့ အကြံပေးချင်တယ်။ ဘာလို့လဲဆိုရင် facial foam ဆိုတဲ့အမျိုးကကျတော့ စျေးကြီးတိုင်းလဲ မစွံဘူး၊ စျေးပေါတိုင်းလဲ မစုတ်ဘူး၊ အလယ်အလတ်တန်းမလို့ မျက်စိမှိတ်ဝယ်လို့လဲ မရပြန်ဘူး။ ကိုယ့်ရဲ့ skin type, skin concern, ကိုယ့်မျက်နှာက dehydrate ဖြစ်မဖြစ်, သူ့မှာ ဘယ်လို surfactants တွေအဓိကသုံးထားလဲ စတဲ့အချက်တွေပေါ်မှာမူတည်ပြီးတော့ ဆုံးဖြတ်ရပါတယ်။ ဒါပေမဲ့ formulation ပိုင်းနဲ့ skin safety ကလဲ အရေးကြီးတာကြောင့် Nyi ကတော့ စျေးအရမ်းပေါတာမျိုးကို ရှောင်ဖို့တော့ အကြံပေးချင်တယ်။ ခုလိုကာလမှာ စျေးအရမ်းကြီးတာမျိုးလဲ မျက်နှာသစ်ကို မသုံးစေချင်ဘူးပေါ့နော်။ Facial foam ကလဲ မျက်နှာပေါ်မှာခဏပဲထားပြီး ရေဆေးချရတဲ့ cleansing step တခုမလို့ စျေးအရမ်းကြီးတာကြီး ingredients တွေလန်ပြန်နေတာမျိုးသုံးလဲ အသားအရေမှာ သိပ်ပြီးထူးခြားတာမျိုး တွေ့ရမှာမဟုတ်လို့ပါနော်။ 2-3သောင်းဝန်းကျင်မှာလဲ သုံးလို့ကောင်းတဲ့မျက်နှာသစ်တွေ အများကြီးရှိပါတယ်ဗျ။ စျေးကြီးတာမှသုံးချင်ရင်လဲ ကိုယ့်သဘောဆိုပေမဲ့ Nyi ကတော့ ငွေသုံးလျှော့ချင်တဲ့သူတွေအတွက် ရည်ရွယ်ပြီး ပြောပြပေးလိုက်ပါတယ်။
3. Toner📍
တခုမှတ်ထားပေးနော်။ Toner စျေးကြီးတာဝယ်မယ့်အစား Essence ဝယ်ပါ၊ Essence စျေးကြီးတာဝယ်မယ့်အစား Serum, Ampoule ဝယ်ပါ။ 100% မှန်တယ်လို့တော့ မဟုတ်ဘူးနော်။ တချို့ products တွေမှာ နာမည်, texture နဲ့လှည့်ထားတာမျိုးတွေ ရှိတတ်လို့ပါ။ ဒါပေမဲ့လဲ အများစုကတော့ မှန်တာများပါတယ်။ သူများတွေတော့မသိဘူး၊ Nyi တော့ toner ကိုလေ တချို့လူတွေ စျေးအရမ်းကြီးပေးဝယ်ရင် တအားအူယားတာပဲ။ ဒါကြောင့်လဲ တချို့လူတွေပြောကြတာပေါ့နော်။ ပိုက်ဆံရှိတိုင်း ပစ္စည်းကောင်းမသုံးရဘူး၊ ပစ္စည်းကောင်းသုံးဖို့က ရွေးချယ်တတ်ဖို့လိုသေးတယ်လို့ ဆိုကြတယ်။ အထူးသဖြင့် စျေးအတူတူမှာကို ပိုကောင်းတဲ့ပစ္စည်းကို ရွေးတတ်ခြင်းပေါ့။ Toner ကတော့ skincare မှာ 1st step ဖြစ်လို့ လိမ်းလိုက်ရင် အသားအရေအတွင်းပိုင်းကို ဝင်ရောက်တဲ့အတွက် အာနိသင်ပြတဲ့ထဲပါပါတယ်။ ဒါပေမဲ့ toner ကို စျေးအရမ်းကြီးတာမျိုးဝယ်မယ့်အစားတော့ essence ပဲဝယ်တော့မှာပေါ့နော်။ နောက်ပြီး ကိုယ်က budget save ဖြစ်ချင်ရင် toner step ကိုကျော်လိုက်လို့လဲ ရပါတယ်။ pH balance ဖြစ်ဖို့နဲ့ toner သုံးဖို့မလိုပါဘူး၊ ကျန် step တွေကလဲ pH balance ဖြစ်စေပါတယ်။
Part-2 မှာ ကျန်တဲ့အကြောင်းအရာလေး ဆက်ပြောပါမယ်နော်။ Nyi နဲ့နောက်ရက်မှာ ပြန်ဆုံပါမယ်ဗျ💙🥰
#knowledgesharingbynyi
#reviewbynyi
Crd - reviewbynyi

image