ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ရုရှားရေတပ် Russian Pacific Fleet မှ စစ်ရေယာဉ်(၄)စီး ရန်ကုန်မြို့မှပြန်လည်ထွက်ခွာ
မြန်မာနိုင်ငံတွင်ပြုလုပ်သည့် ဒုတိယအကြိမ် မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းနှင့်ချစ်ကြည်ရေးခရီးလာရောက်သည့် ရုရှားရေတပ် Russian Pacific Fleet မှ စစ်ရေယာဉ် (၄)စီးသည် ယနေ့ အောက်တိုဘာ ၂၃ ရက်နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းမှပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဒုတိယအကြိမ် မြန်မာ-ရုရှား ရေ ကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းဖွင့်ပွဲကို အောက်တိုဘာ ၂၂ ရက်နေ့လည်ပိုင်းက ရေတပ်လေ့ကျင့်ရေးဌာနချုပ်၊ သီရိမဟာဇေယျကျော်ထင်ခန်းမ၌ကျင်းပရာ တပ်မတော်(ရေ)နှင့် ရုရှားရေတပ်မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာရုရှားစစ်သံမှူးတို့တက်ရောက်ခဲ့ကြသည်။
ရုရှားရေတပ်မှစစ်ရေယာဥ်များနှင့်စစ်သည်များ သည် မြန်မာနိုင်ငံရောက်ရှိနေချိန်၌ ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေးအားကစားပြိုင်ပွဲများပြုလုပ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
ထို့ပြင် နှစ်နိုင်ငံစစ်ရေယာဉ်များသို့ အပြန်အလှန်လေ့လာခြင်း၊ ဂုဏ်ပြုညစာစားပွဲများအပြန်အလှန်ကျင်းပခြင်းနှင့် ဆိပ်ကမ်းအခြေပြုလေ့ကျင့်ခန်းများကိုဆောင်ရွက်ခဲ့ကြပြီး တပ်မတော်(ရေ) မှ စစ်ရေယာဉ်များနှင့်အတူ ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းများပူးပေါင်းဆောင်ရွက်ရန် လေ့ကျင့်ခန်းဧရိယာသို့ဆက်လက်ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။
ဒီပါဝလီနေ့ဖြစ်သည့် နိုဝင်ဘာလ (၁) ရက်နေ့ကို အများပြည်သူအလုပ်ပိတ်ရက်အဖြစ်ကြေညာ
ဒီပါဝလီနေ့ဖြစ်သည့် နိုဝင်ဘာလ (၁) ရက်နေ့ကို အများပြည်သူတို့၏ အလုပ်ပိတ်ရက်ဖြစ်ကြောင်းနိုင်ငံပိုင်သတင်းစာမှတဆင့် ကြေညာထားသည်။
၁၃၈၆ ခုနှစ်၊တန်ဆောင်မုန်းလဆန်း (၁) ရက်(၂၀၂၄ ခုနှစ်၊နိုဝင်ဘာလ ၁ ရက်)သောကြာနေ့သည် ဒီပါဝလီနေ့ဖြစ်သည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ ရုံးများ၏ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများအက်ဥပဒေပုဒ်မ ၂၅ အရအများပြည်သူတို့၏ အလုပ်ပိတ်ရက်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ်၊ ၁၇၅/၂၀၂၄ ဖြင့်ကြေညာထားသည်။
သို့ဖြစ်၍ နိုဝင်ဘာ (၁)ရက်နေ့ သောကြာနေ့သည်ရုံးပိတ်ရက်ဖြစ်သဖြင့် စနေ ၊ တနဂ်နွေ
သုံးရက်ဆက်တိုက်ရုံးပိတ်မည်ဖြစ်သည်။