1 y - Translate

"တစ်ခါတစ်လေမှာ ကိုယ်ချစ်တဲ့သူတွေကို မုန်းလို့မဟုတ်ပဲ ကိုယ်တွေက ဘာမှမဟုတ်ဘူးလို့ ခံစားရအောင် လုပ်လို့ ကိုယ်တွေက သူတို့အတွက် ဘာမှမဟုတ်ဘူး """.

image
1 y - Translate

ငါဘာဖြစ်နေတာလဲလို့ ညတိုင်းစဉ်းစားနေမိတယ်။

image
1 y - Translate

ဒီနှစ်တော့ ငါ့ရဲ့ အကွဲဆုံးပုံစံနဲ့ တွေ့ခဲ့ပေမယ့် အသန်မာဆုံးပုံစံနဲ့ တွေ့ခဲ့ရတယ်။

image
1 y - Translate

နည်းနည်းလေးအဆင်မပြေရင်
စကားတွေ အများကြီး
ပြောတတ်ပေမယ့် ...
အများကြီး နာကျင်လာရင်
ကျွန်မ ဘာဖြစ်နေလဲသိရဲ့လားဆိုပြီး
မေးတော့မှာမဟုတ်သလို
ဘာလို့ နားလည်မပေးရတာလဲဆိုပြီးတော့လည်း
တွေးတော့မှာ မဟုတ်ဘူး ...
နာကျင်တဲ့ ဒဏ်ရာက
ပိုနက်ရင် နက်သလောက်
ကျွန်မက တိတ်ဆိတ်သွားခဲ့မှာ ။

#ကျေးကို

image
1 y - Translate

ကြီးပြင်းလာခဲ့ရတဲ့

ဘဝအခြေအနေတွေမတူရင်

ကိုယ်ချင်းစာတတ်တဲ့စိတ်တွေလဲမတူကြဘူး။

#charm

image
1 y - Translate

အသစ်ဆိုတာ
အမြဲတွေ့ကြုံနေရမှာပဲ---"

စိတ်ယိုင်ခြင်း မယိုင်ခြင်းက
သစ္စာနဲ့ ကိုယ်ကျင့်တရား အပေါ်မှာပဲမူတည်တာ---"

image
1 y - Translate

အရွယ်ရောက်သူတွေရဲ့ ဘဝက
ဒီလိုပဲလေ...

အချိန်တစ်ခုခြားမှာ
အပျက်ဆောင် ခံစားချက်တွေနဲ့ ပေါက်ကွဲလိုက်၊
ခံနိုင်ရည်မရှိရင် ခဏလောက် လဲပြိုလိုက်နဲ့။

ပြီးရင်
မျက်ရည်တွေ သုတ်ပြီး
ကိုယ်ကိုယ်တိုင်နဲ့ သင့်မြတ်လိုက်၊
အားပေးလိုက်၊ နည်းလမ်းရှာလိုက်၊
ဘဝကို ရင်ဆိုင်နိုင်ဖို့ ကြိုးစားနေရတယ်။
ငါတို့မှာ နောက်ဆုတ်ဖို့ လမ်းမရှိလို့ပါ။

-နိုင်းနိုင်းစနေ

image
1 y - Translate

မေတ္တာတရားရဲ့ အေးမြမှုကို
အတ္တသမားတွေ မခံစားတတ်ဘူး။

ကိုယ့်အတွက်ပဲ သိတဲ့သူဟာ
ပေးဆပ်ခြင်းဆိုတာ
သူတို့နဲ့ မသက်ဆိုင်ဘူးလို့ထင်ကြတယ်။

သူတစ်ပါးအတွက်ဆိုတဲ့
အတွေးမျိုး မရှိကြဘူး ။

သူ့နေရာမှာ ငါသာဆိုရင်ဆိုတဲ့
ကိုယ်ချင်းစာတရားမျိုး မထားတတ်ကြဘူး။

မေတ္တာပေးတတ်သူမှ
ပေးဆပ်ခြင်းရဲ့ အရသာကိုခံစားနိုင်တာပါ။

ချစ်ခြင်းတရားရဲ့ တန်ဖိုးကို
လှည့်ဖြားတတ်သူတွေ နားမလည်နိုင်ဘူး။

ကိုယ့်စိတ်သာယာမှုကိုပဲ သိတဲ့သူဟာ
လေးနက်တဲ့ သစ္စာတရားဆိုတာ
သူတို့နဲ့ မသက်ဆိုင်ဘူးလို့ထင်ကြတယ်။

သူတစ်ပါးအတွက်ဆိုတဲ့
အတွေးမျိုး မရှိကြဘူး။

သူ့နေရာမှာ ငါသာဆိုရင်ဆိုတဲ့
ကိုယ်ချင်းစာတရားမျိုး မထားတတ်ကြဘူး။

အမှန်တကယ် ချစ်ပေးတတ်သူမှ
လေးနက်ခြင်းရဲ့ တန်ဖိုးကိုခံစားနိုင်တာပါ။

#crd_to_owner_with_respect
#crdphoto

image
1 y - Translate

သူစိမ်းလိုဆက်ဆံရင်
သူစိမ်းလိုနေပေးလိုက်တယ်။

မရတဲ့အရာတွေ မယူဘူး
မဖြစ်နိုင်တာတွေ မမျော်လင့်ဘူး။

ချစ်တယ်
ဒါပေမယ့်
လိုတာထက် သံယောဇဉ်မထားဘူး။

ယုံကြည်တယ်
ဒါပေမယ့်
ရင်မဖွင့်ဘူး။

#crd

image
1 y - Translate

နားလည်မူဆိုတာ ငါ ဒါလုပ်လိုက်ရင်
သူမကြိုက်လောက်ဘူးဆိုပြီး ဖြည်တွေးပေးတတ်တဲစိတ်ပဲ။🍂

#ᗩᒪoᑎᗴ

image