“အရှိတရားကို အမြဲဆန်းစစ်ပါ”

Reality Check လို့ ခေါ်ပါတယ်။ တစ်ခါတလေမှာ စိတ်ဓါတ်တက်ကြွဖွယ် စကားတွေ၊ စာတွေက လိုအပ်တာ မှန်ပေမဲ့ တကယ်တမ်း ကိုယ်ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကျော်ဖြတ်ဖို့မှာတော့ လက်တွေ့နဲ့ ကင်းကွာလို့ မရတာ အသေအချာပါပဲ။

ဥပမာ ကိုယ်က လူရှေ့ထွက် စကားပြောရမယ်။ အဘက်ဘက်က ပြင်ဆင်လာခဲ့ပြီးပြီ။ ဒါပေမဲ့ စိုးရိမ်နေတယ်။ စိတ်လှုပ်ရှားနေတယ်။ အဲဒီလိုအခါမျိုးမှာ မှန်ရှေ့ မတ်တပ်ရပ်။ You can do it လို့ ပြောမယ်။ ကိုယ့်ကိုယ်ကိုယ် အားပေးမယ်။ ဒါက အသုံးတည့်တယ်။

သို့သော် ကိုယ်က ဘာမှပြင်ဆင်မလာလို့ စိုးရိမ်နေတာကို အဲဒီလိုမျိုး သွားဖြေရှင်းရင်ကျ အဆင်ပြေမှာ မဟုတ်ဘူး။

တကယ်တော့ ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုးစားအားထုတ်ခြင်းနဲ့ ကျွမ်းကျင်မှုရှိခြင်းတွေကပဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မြင့်တက်စေတာပါ။

ဒါကြောင့် Reality Check လုပ်နိုင်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ဘက်က အားနည်းနေတာကြီးကို ခုနကလို စကားတွေနဲ့ ပြုပြင်လို့တော့ မဖြစ်နိုင်ဘူး။

ပျော်ရွှင်မှုနဲ့ ပတ်သက်ရင်လည်း ဒီလိုပဲ။ ပေါင်းသင်းဆက်ဆံရေးတွေ အဆင်မပြေဘူး၊ အထီးကျန်နေတယ်၊ အဲဒါကို ငါတစ်ယောက်တည်းလည်း နေတတ်တယ် ဘာမှမဖြစ်ဘူး ဆိုတာမျိုး လုပ်နေရင်ကျ ကြာလာရင် စိတ်ကျန်းမာရေးကိုတောင် ထိခိုက်လာနိုင်လာတယ်။

ဒီအတွက် -

• ကိုယ့်မှာ ဘယ်လိုအားသာချက်၊ အားနည်းချက်တွေ ရှိသလဲ
• မိသားစုအခြေအနေက ဘယ်လိုရှိသလဲ
• ငွေကြေးစုဆောင်းထားတာ ရှိသလား
• မိတ်ဆွေကောင်း၊ ဆရာသမား စသဖြင့်ရော ရှိသလား
• ကိုယ်လက်ရှိနေနေတဲ့ အရပ်ဒေသမှာ ဘယ်လိုအခွင့်အလမ်းတွေ ရှိသလဲ
• ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်က ဘာလဲ
• ကိုယ့်ကို ဘယ်အရာတွေက ပျော်ရွှင်စေတာလဲ၊ အဲဒါတွေ ရဖို့ ဘာလုပ်သင့်လဲ စတာတွေကို ဆန်းစစ်ကြည့်ဖို့ အရေးကြီးပါတယ်။

သူ့ဘဝနဲ့ ကိုယ့်ဘ၀ မတူတဲ့အတွက် သူပြောသမျှ အကုန်လုံးကို ကိုယ်လိုက်လုပ်လို့ မရဘူး။ မဟုတ်ရင် သူ့တုန်းက အဆင်ပြေပေမဲ့ ကိုယ့်အလှည့်ကျ အဆင်မပြေ ဖြစ်သွားတတ်တယ်။

Positive attitude ဆိုတာ ပြဿနာတွေကို လျစ်လျူရှုပြီး အကောင်းတွေချည်း ထိုင်တွေးနေဖို့ မဟုတ်ပါဘူး။ အဲဒါ ကိုယ့်ကိုယ်ကိုယ် ညာတာ၊ ရှောင်ပုန်းတာ၊ ထွက်ပြေးတာသာ ဖြစ်ပါတယ်။

တကယ်တော့ ပြဿနာကို အရှိအရှိအတိုင်း လက်ခံတယ်။ အပြစ်မတင်ဘူး။ နောက်ကြောင်းမပြန်ဘူး။ အကောင်းဆုံးဖြစ်အောင် ဘယ်လိုရှေ့ဆက်မလဲ ဆိုတာပဲ စဉ်းစားတယ်။ ဒါကမှ တကယ်စစ်မှန်တဲ့ အပြုသဘောဆောင်တဲ့ အတွေးမျိုး ရှိတယ် ခေါ်တာပါ။

ဒီအတွက် Reality Check လုပ်ဖို့ကို ဘယ်တော့မှ မမေ့ပါနဲ့။

အဲဒါမပါတဲ့ Positive thinking, အဲဒါမပါတဲ့ Motivation, အဲဒါမပါတဲ့ ပျော်ရွှင်ခြင်းဟာ ရေတိုသာ အဆင်ပြေသွားသလို ရှိပေမဲ့ ရေရှည်မှာတော့ ပိုကြီးတဲ့ ပြဿနာတွေကို သယ်ဆောင်လာတတ်ပါတယ်။

Learn with PT
9 Sep 2023

#realitycheck #learnwithpt

image
1 y - Translate

😍😍

image

image
1 y - Translate

ယနေ့နံနက်စာ ပုစွန်ကြော်နဲ့ပဲပြုတ်ထမင်းကြော်ပါရှင့်။homemadeလေးပါရှင့်။

image
image
image
image
1 y - Translate

ဟဲ။

image
1 y - Translate

Good morning 🌞🌞🌞🌄

1 y - Translate

Good morning

image

မနေ့ကလဲသောက်ဒီနေ့လဲသောက်ဖို့ဖြစ်လာသောအခါ

image
1 y - Translate

31 October ကြရင် AirDrop ပေးတော့မဲ့ ToMaket Project ကိုဘက်ဘာမှမရင်းရတာ ရသလောက်တော့ဆွဲစေခြင်တယ်

https://t.me/Tomarket_ai_bot/app?startapp=0000OFCw

Farm TOMATO with me and secure your token allocation through Tomarket.ai!

Ive prepared a warm welcome meal just for you! 🍅

Use my link to get 2,000 TOMATO! Limited time offer.

1 y - Translate

Elon Musk နှင့် Mark Cuban တို့ ကွဲပြားသော ချဉ်းကပ်မှုများဖြင့် မဲဆွယ်စည်းရုံးရေးလမ်းကြောင်းကို လျှောက်လှမ်းနေကြ။

image