2 yrs - Translate

ဘာတွေပဲဖြစ်ဖြစ်
နောက်ဆုံးတော့ ကိုယ်ကိုယ်တိုင်ကသာ
အရေးအကြီးဆုံးဖြစ်တယ်ဆိုတာသိပြီးတဲ့နောက်မှ
လိုတာထက်ပိုနေတဲ့ခံစားချက်တွေကို
ဖြုတ်ချခဲ့ရတာပဲ ။

ဘယ်သူမှ အသိအမှတ်မပြုလည်း
ကိုယ်လုပ်နိုင်တဲ့အရာတွေအပေါ်မှာ
ကိုယ့်ကိုယ်ကိုယ်တိုးတိုးလေးပြန်ပြီး
အသိအမှတ်ပြန်ပြုပေးနေရတယ်။

ဘာကိစ္စပဲ ဖြစ်ဖြစ်
ဘာတွေပဲစိတ်ဆိုးဆိုး
ဘယ်လောက်ပဲပျော်ပျော် လူဆိုတာ
ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်ပြန်ပြီး အားပေးမှ
ကိုယ်ပြန်ထနိုင်တယ်ဆိုတာ ဒီနှစ်တွေထဲမှာ
အများကြီးပိုသိလာရတယ် ။

ကိုယ့်ပေတံနဲ့ နေရာတကာ လိုက်လိုက်တိုင်းပြီး
ကိုယ်ချစ်ခင်ဖြစ်ရင် ကိုယ့်ပမာကိုယ်ချင်းစာစိတ်နဲ့
စိတ်ပူပေးတတ်တဲ့
အလေ့အထလေးကိုလည်း ခဏခဏသင်းသတ်နေရတယ်

လူတွေဟာ ကိုယ့်လိုမဟုတ်ဘူးလေ ဆိုပြီး
မကြာခဏ ကိုယ့်ကိုယ်ကိုယ်ပြန်သတိပေးနေရပါတယ်
ဒီနှစ်တွေထဲမှာ ကိုယ့်အတ္တနဲ့ကိုယ် အဆင်ပြေပြေ
နေနိုင်ဖို့ ကိိုယ့်ကိုယ်ကိုယ် ကြိုးစားနေထိုင်နေရပါတယ်။

အဆင်ပြေပြေမပြေပြေ ကိုယ့်ပြဿနာနဲ့ကိုယ်တော့
အသားကျအောင်ကြိုးစားနေရတာပါပဲ ။

#luah
20:10pm
ဒီနှစ်တွေထဲမှာ

image
2 yrs - Translate

စတာပါနော်

image
2 yrs - Translate

Back Tattoo Ideas 🖤✨

image
2 yrs - Translate

Back Tattoo Ideas 🖤✨

image
2 yrs - Translate

Back Tattoo Ideas 🖤✨

image
2 yrs - Translate

Back Tattoo Ideas 🖤✨

image
2 yrs - Translate

Back Tattoo Ideas 🖤✨

image
2 yrs - Translate

Back Tattoo Ideas 🖤✨

image
2 yrs - Translate

Back Tattoo Ideas 🖤✨

imageimage
+4
2 yrs - Translate

နိုင်ငံ၏ အနာဂတ်ကာလတွင် သယံဇာတ အရင်းအမြစ်များ ရေရှည်ဖွံဖြိုး တိုးတက်စေရေး ကြိုးပမ်းလုပ်ဆောင်ကြမည်ဟု ဒုဝန်ကြီး ပြောကြား

တရုတ်-မြန်မာ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု (၁၀)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူက နိုင်ငံ၏ သယံဇာတအရင်းအမြစ်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားကို အောက်တိုဘာ ၂၉ ရက်နေ့နံနက် ၉ နာရီတွင် နေပြည်တော် Grand Amara ဟိုတယ်၌ ကျင်းပခဲ့ပြီး တရုတ်သိပ္ပံအကယ်ဒမီ (CAS) နှင့် မြန်မာနိုင်ငံ သစ်တောဦးစီးဌာနတို့၏ (၁၀)နှစ်တာ ပူးပေါင်းဆောင်ရွက်မှု အတွေ့အကြုံများကို ဆွေးနွေးခဲ့ကြသည်။

ဒုတိယဝန်ကြီးက ၂၀၁၃ ခုနှစ်မှစတင်၍ တရုတ်သိပ္ပံအကယ်ဒမီ၏ စစ်ဆောင်ပါးနား အပူပိုင်းရုက္ခဗေဒဥယျာဉ် (XTBG) နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံရှိ အပင်မျိုးစိတ်အသစ်များ၊ တောရိုင်းတိရစ္ဆာန်မျိုးစိတ်အသစ်များနှင့် ရေနေဇီဝမျိုးစိတ်အသစ်များကို သုတေသနပြုလုပ်ခဲ့ရာ အောင်မြင်ကောင်းမွန်သောရလဒ်များစွာ ရရှိခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့ပြီး အနာဂတ်ကာလများတွင်လည်း ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် အခမ်းအနားတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ Key Note Presentation တင်ပြခြင်း၊ တရုတ်သိပ္ပံအကယ်ဒမီမှ တာဝန်ရှိသူများက (၁၀)နှစ်တာကာလ ပူးပေါင်းဆောင်ရွက်မှု ရလဒ်များကို တင်ပြခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး၊ တရုတ်သိပ္ပံအကယ်ဒမီ(CAS)မှ ဌာနဆိုင်ရာအကြီးအကဲများ၊ ပါမောက္ခများ၊ ကျောင်းသားကျောင်းသူများ၊ နှင့် မြန်မာနိုင်ငံမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ အပါအဝင် စုစုပေါင်း လူဦးရေ ၁၅၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

image