1 နှစ် - ဘာသာပြန်ပါ။

The flower that symbolizes long life and lasting happiness, a Sunflower. 🌻🌱

image
1 နှစ် - ဘာသာပြန်ပါ။

The flower that symbolizes long life and lasting happiness, a Sunflower. 🌻🌱

image
image
image
image
1 နှစ် - ဘာသာပြန်ပါ။

မန္တလေးကျုံးဘေး၌ သီတင်းကျွတ်မီးထွန်းပွဲကျင်းပမည်
--------------------
မြန်မာ့ရိုးရာ သီတင်းကျွတ်မီးထွန်းပူဇော်ပွဲတော်ကို မန္တလေးကျုံးဘေးတစ်လျှောက်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်တယ်လို့ ပွဲတော်ဖြစ်မြောက်ရေး ကော်မတီကနေ သိရပါတယ်။

သီတင်းကျွတ်မီးထွန်းပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး ပြည်သူတွေ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ဖို့နဲ့ စည်ကားသိုက်မြိုက် စွာ ကျင်းပနိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သီတင်းကျွတ်မီးထွန်းပွဲတော်မှာ တေးသီချင်းတွေနဲ့ ဧည့်ခံဖျော်ဖြေမှုတွေ၊ မြန်မာ့ရိုးရာအစားအသောက်တွေ အပါအဝင် စတုဒိသာကျွေးမွေး ဧည့်ခံ တာတွေနဲ့ အခြားအစီအစဉ်တွေကိုလည်း ထည့်သွင်းကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း မြန်မာ့ရိုးရာ သီတင်းကျွတ်မီးထွန်းပွဲတော်ကို မန္တလေးမြို့ နန်းမြို့ရိုး နဲ့ ကျုံးရေပြင်ကြား ရတနာပုံဥယျာဉ်မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

ဗိုလ်တထောင်ဘုရား ရွှေသင်္ကန်းကပ်လှူရန် တင်ဒါခေါ်
------------------
ရန်ကုန်မြို့၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီးကို လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူဖို့ တင်ဒါခေါ်ယူနေတယ်လို့ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ကနေ သိရပါတယ်၊၊

လျှောက်လွှာတစ်စုံကို ငွေကျပ် ၃ သောင်းနဲ့ ဝယ်ယူနိုင်ပြီး စျေးပြိုင်တင်ဒါတင်သွင်းနိုင်ကာ အောက်တိုဘာလ ၂၀ ရက် ညနေ ၄ နာရီခွဲအချိန် နောက်ဆုံးထားပြီး လျှောက်လွှာတွေကို ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရုံးမှာ တင်သွင်းရမှာ ဖြစ်တယ်လို့ ဆိုပါတယ်၊၊

စေတီတော်မြတ်ကြီးကို လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူရာမှာ ၉ လက်မပတ်လည် ရွှေစင်ရွှေပြား ကပ်လှူတဲ့ လုပ်ငန်း၊ စေတီတော်ကြီး နဲ့ အရံစေတီတွေ ရင်ပြင်တော်ရှိ စေတီတွေကို ရွှေသင်္ကန်းကပ်လှူတဲ့ လက်ခလုပ်ငန်းနဲ့ ၂ လက်မ ပတ်လည် ရွက်ရေ (၁၀၀) ပါ ရွှေဆိုင်း ၇၅၀၀ ဆိုင်း တင်သွင်းတဲ့လုပ်ငန်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်၊၊

image
1 နှစ် - ဘာသာပြန်ပါ။

သဘင်လောကသားများက ရေဘေးပြန်လည်ထူထောင်ရေးအဖြစ် ၃၅ သိန်းတန် နေအိမ် (၄၉)လုံးလှူဒါန်းမည်

တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့်ရွာ သုံးရွာအတွက် သဘင်လောကသားများက ၃၅ သိန်းတန် နေအိမ်အလုံးရေ (၄၉)လုံး လှူဒါန်းရန် ရှိကြောင်း သိရသည်။

ယင်းသို့လှူဒါန်းခြင်းကို မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)၊မန္တလေးတိုင်းဒေသကြီး သဘင်မိသားစုများ၊ ဥက္ကဋ္ဌ ဦးလှမင်း ဦးဆောင်သော မြိတ်သဘင်အစည်းအရုံး၊ထားဝယ်မှ ထက်ဝေယံနှင့်အဖွဲ့၊အင်းမ သဘင်အစည်းအရုံးများမှ လှူဒါန်းငွေများနှင့်စေတနာရှင်များ၏ စုပေါင်းအလှူအဖြစ်လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

image
1 နှစ် - ဘာသာပြန်ပါ။

Beer yay

image
Siren မျှဝေသည်။ ပို့စ်  
1 နှစ်

1 နှစ်

ဟားဗက်တက္ကသိုလ်တွင် လူတိုင်း တက်လို့ရပါပြီ

ဟားဗက်တက္ကသိုလ်သည် ဈေးအလွန်ကြီးသော ပုဂ္ဂလိကတက္ကသိုလ်ဟု ပြောကြသော်လည်း နိုင်ငံအသီးသီးရှိ ပညာရေးကို စိတ်ဝင်စားသူ မည်သူမဆိုကို အခမဲ့ ပညာဖြန့်ဖြူးပေးလေ့ ရှိပါသည်။ ၀င်ခွင့် မလိုပါ။ အောက်ပါလင့်ခ်ကို နှိပ်ပြီး ဝင်ရောက် တက်နိုင်ပါသည်။
https://pll.harvard.edu/catalog/free

ဘာသာရပ်မှာများမှာလည်း ....

1. Art & Design
2. Theology
3. Business
4. Computer Science
5. Data Science
6. Education & Teaching
7. Health & Medicine
8. Humanities
9. Mathematics
10. Programming
11. Science
12. Social Sciences တို့ကို သင်ကြား ပို့ချပေးပါပြီ။ ဘာသာရပ်တစ်ခု တစ်ခုတွင်လည်း အကြောင်းအရာ အငယ်များကိုလည်း ထပ်မံ ရွေးချယ်ပြီး တက်နိုင်ပါသည်။ သင်တန်းကြေး ပေးစရာ မလိုပါ။ သင်တန်းများမှာ (၁) ပတ်သင်တန်း၊ (၃) ပတ်သင်တန်း၊ (၇) ပတ်သင်တန်းစသည်ဖြင့် စာအနည်းအများကို မူတည်ပြီး သင်တန်းကာလကို သတ်မှတ်ထားသည်။ သင်တန်းသတ်မှတ်ထားချိန်ကာလအတွင်း မိမိက အတန်းပြီးသွားလျှင် ဟားဗက်မှ ပေးသော ဒီပလိုမာ လက်မှတ်ကို ရယူနိုင်ပါသည်။ သို့သော် လက်မှတ်ယူလျှင် ဒေါ်လာ (၁၀၀) မှ (၁၅၀) အထိ သွင်းရပါမည်။ မယူလျှင် သွင်းစရာ မလိုပါ။

ကိုယ်ပိုင်အီးမေးလ်အကောင့်တစ်ခု ရှိရပါမည်။ ထိုအီးမေးလ်ဖြင့် တက္ကသိုလ် အွန်လိုင်းသင်တန်းတွင် တက္ကသိုလ်အကောင့် ဖွင့်ရမည်။ ထိုအကောင့်ဖြင့်သာ မိမိစာရင်းပေးထားသော သင်တန်းကို တက်ရပါမည်။ မိမိအားသော အချိန် မည်သည့်အချိန်မဆို သင်တန်းကို တက်နိုင်သောကြောင့် ကမ္ဘာတစ်လွှား မည်သည့်နေရာမှမဆို တက်ရောက်နိုင်သည်။ ကိုယ်တိုင်လာပြီး တက်နိုင်သည်ပဲ ဖြစ်ဖြစ်၊ အွန်လိုင်းမှ လှမ်းပြီး တက်သည်ပဲ ဖြစ်ဖြစ် ပညာသည် ပညာသာ ဖြစ်သည်။ စဉ်းစားမှု၊ တွေးခေါ်မှု၊ ကျွမ်းကျင်မှုကို ပေးသည်သာ။ ယခု ဒီပလိုမာများသည် အလုပ်အကိုင် လျှောက်ရာတွင် အသုံး၀င်နိုင်သော်လည်း အမေရိကန်တက္ကသိုလ်တစ်ခုခုကို ပြောင်းရွှေ့ယူနိုင်မည့် Credit တော့ မရပါ။ ဒီဂရီ ပရိုဂရမ်လည်း မဟုတ်ပါ။

မရှင်းလျှင် မက်စေ့ပို့ပြီး မေးမြန်းနိုင်ပါသည်။ အားသည့်အချိန်တွင် အကြောင်းပြန်ပေးပါမည်။ စာကြည့်တိုက်ထဲ၊ စာသင်ခန်းထဲများတွင် ဖုန်းပြောမရသည့်အတွက် ဖုန်းခေါ်ဆိုလျှင် ကိုင်၍ မရပါ။

(ဓာတ်ပုံမှာ အွန်လိုင်းသင်တန်းနှင့် မဆိုင်ပါ။ မိမိတို့၏ စာသင်ခန်းဖြစ်ပါသည်)

https://pll.harvard.edu/catalog/free

အတန်းတက်ရန် လမ်းညွှန်ချက်

ကိုယ်တက်ချင်တဲ့ ဘာသာရပ်ကို ရွေးပါ။ ပြီးလျှင် ပုံမှာ ပြထားတဲ့အတိုင်း (၁) Learn more ကို နှိပ်ပါ၊ (၂) Enroll ကို ဆက်နှိပ်ပါ၊ (၃) Create account for free မှာ အကောင့်ဖွင့်ပါ။ အကောင့်ရလျှင် စတင်တက်လို့ ရပါပြီ။ မိမိ၏ Email နှင့် အကောင့် Password ကို မမေ့ဖို့ အရေးကြီးပါသည်။

Courses | Harvard University

Browse the latest courses from Harvard University
image
image
image
image
image
Khine Su Zin မျှဝေသည်။ ပို့စ်  

Korea တွေအတော်လွှမ်းမိုးနေပီ မရတော့ဘူး😏🤌
#kuukuu

image
1 နှစ် - ဘာသာပြန်ပါ။

2024 Myanmar Nightlife

image