2 နှစ်များ - ဘာသာပြန်ပါ။

OCHA နဲ့ WFP ကုလအဖွဲ့တွေက တာချီလိတ်ရေဘေးသင့် (၁)အိမ်ထောင်ကို ကျပ် (၃) သိန်းကျော် ထောက်ပံ့ ပေးမယ်လို့ဆို

အောက်တိုဘာ ၃၁

ကုလသမဂ္ဂလူသားချင်းဆိုင်ရာ စာနာမှုညှိနှိုင်းရေး ရုံး (OCHA) နဲ့ ကုလသမဂ္ဂ ကမ္ဘာ့စားရပ် ရိက္ခာ အစီအစဉ် (WFP) အဖွဲ့တို့က တာချီလိတ် ရေဘေးသင့် (၁)အိမ်ထောင်ကို ကျပ် (၃)သိန်း (၁) သောင်းစီ ထောက်ပံ့ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အဲ့အစီစဉ်နဲ့ အိမ်ထောင်စု (၃၀၀၀)ကို ထောက်ပံ့ပေးသွားမှာဖြစ်ပြီး သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ ရုံးတွေမှာ စာရင်းပေးသွင်းထားနိုင်တယ်လို့ သိရပါတယ်။

တာချီလိတ်မြို့နယ်အတွင်းက ရပ်ကွက် (၉)ခုနဲ့ ကျေးရွာ (၃)ရွာက ရေဘေးသင့်

အိမ်ထောင်စုတွေကို စာရင်းကောက်ယူပြီး နိုဝင်ဘာလအတွင်းမှာ ‌ထောက်ပံ့နိုင်အောင် စီစဉ်နေတယ်လို့လဲ သိရပါတယ်။

ထောက်ပံ့ငွေပေးအပ်မှုကို သတ်မှတ်ချက်တချို့ပေါ်စီစစ်ပြီး Wave Money ကနေ ပေးအပ်သွားမှာလို့ သိရပါတယ်။

#centralnewsnaypyitaw

image
2 နှစ်များ - ဘာသာပြန်ပါ။

'အရမ်းလွမ်းတယ်'ဆိုတဲ့စကားလေး
ပြောလိုက်တိုင်း ရင်ထဲမှာ
ကြည်နူးသလိုလိုရှိနေပေမယ့်
ပိုင်ဆိုင်ခွင့်မရသေးတဲ့အခါ
အလွမ်းရဲ့နောက်မှာ
စိတ်မချမှုတွေ စိတ်ပူပန်မှုတွေက
ကပ်ပါလာတယ်...

မှန်သောစကားပြောရမယ်ဆိုရင်တော့
ဒီနေ့မင်းကို မနေ့ကထက် ပိုပြီး
လွမ်းတယ်။

image
2 နှစ်များ - ဘာသာပြန်ပါ။

ကိုယ်ဖာသာတောင်
အမြဲစိတ်တိုင်းမကျနေတဲ့လူမို့
လူတကာ စိတ်တိုင်းကျ
နေရအောင်လည်း မကြိုးစားဖူး
ကိုယ့် အယူ နဲ့ ကိုယ့်မူပဲ
တစ်ယောက်ထဲလည်းနေတတ်တယ်
အပေါင်းသင်းနဲ့ပျော်တတ်တယ်
တစ်ခုပဲ ကိုယ်စိတ်နဲ့ကိုယ်နေတဲ့သူမို့
ထမင်းမဝ ရင်နေပါစေ
သာပေါင်းညာစား အလုပ်တော့မလုပ်ဖူး။

image
2 နှစ်များ - ဘာသာပြန်ပါ။

ဘယ်လိုမ ပေါင်းစပ်လို့ မရဝူး 🤧

image
2 နှစ်များ - ဘာသာပြန်ပါ။

ဝုတို့လည်း ဟဲလို့ဝင်းလုပ်တယ် 🥹

image
2 နှစ်များ - ဘာသာပြန်ပါ။

ဂျင်းထည့်ခံရသော မင်္ဂလာဆောင်လက်ဖွဲ့

image
Frankie မျှဝေသည်။ ပို့စ်  
2 နှစ်များ

2 နှစ်များ

👻 Happy Halloween everyone 🎃🤡👻😈

#halloween2024
#updatenews

image
2 နှစ်များ - ဘာသာပြန်ပါ။

👻 Happy Halloween everyone 🎃🤡👻😈

#halloween2024
#updatenews

image
2 နှစ်များ - ဘာသာပြန်ပါ။

ပုစွန်အာလူးလုံးကြော်နည်း
*********************


သရေစာအဖြစ်ပဲစားစား၊ ကျောင်းထမင်းထည့်တဲ့အခါမှာလည်း အဆင်ပြေတဲ့ ဟင်းတစ်မည်ပါ။ ကလေးထမင်းမစားချင်တဲ့အခါ ထမင်းအစားထိုး ကာဗိုဟိုက်ဒရိတ်
ပါဝင်တဲ့ အာလူးအသားဓာတ်အတွက် ပုစွန် စသည်တို့ပါဝင်တာမို့ တစ်မျိုးတည်းနဲ့ အာဟာရစုံ ကျွေးလို့ရပါတယ်။

ပါဝင်ပစ္စည်းများ
• အာလူး - ၃ လုံး (အနေတော်)
• ပုစွန် - ၂၀ ကျပ်သား
• ကြက်သွန်မြိတ် - အနည်းငယ်
• ကြက်ဥ - ၁ လုံး
• ပေါင်မုန့်ခြောက် - ထမင်းစားဇွန်း ၃ ဇွန်း
• ကြက်သွန်နီ - ၂ လုံး
• ဆား - အနည်းငယ်
• ငရုတ်ကောင်း - အနည်းငယ်
• ပြောင်းကော်မှုန့် - ပန်းကန်လုံး တစ်ဝက်
• ဆီ

ပြုလုပ်နည်း
၁။ အာလူးကို အခွံနွှာပြီး သန့်စင်၍ အနေတော်တုံးပြီး အာလူးနူးအောင် ရေနွေးခံပေါင်းပါ။ ပေါင်းပြီးသား အာလူးကို ခက်ရင်းဖြင့် ခြေပါ။
၂။ ပုစွန်ကို အခွံခွာ၍ သန့်စင်ပြီး နုပ်နုပ်စဉ်းပါ။
၃။ ကြက်သွန်မြိတ်ကို ပါးပါးလှီးပါ။
၄။ ကြက်သွန်နီကို အခွံနွှာ၍ သန့်စင်ပြီး နုပ်နုပ်စဉ်းပါ။
၅။ အာလူး၊ ပုစွန်၊ ကြက်သွန်မြိတ်၊ ပေါင်မုန့်ခြောက်၊ ကြက်သွန်နီ၊ ကြက်ဥ၊ ဆား၊ ငရုတ်ကောင်းတို့ကို နှံ့အောင် ရောနယ်ပြီး ရေခဲသေတ္တာအခဲခန်းထဲ ၁ နာရီ ထားပါ။
၆။ အချိန်စေ့လျှင် ရေခဲသေတ္တာထဲမှထုတ်ပြီး အနေတော် အလုံးလေးလုံး၍ ပြောင်းကော်မှုန့် လူးပြီး ဆီပူမှာ ရွှေရောင်သန်းလာအောင် ကြော်ပါ။
ဆီကို အရမ်းမပူအောင် မီးအသင့်အတင့်ဖြင့်သာ ကြော်ပါ။
------------------------------

image
2 နှစ်များ - ဘာသာပြန်ပါ။

ယနေ့ ရွှေစျေး ဒေါ်လာစျေး ဘတ်စျေးနှင့် နိုင်ငံခြားငွေ အားလုံး ထပ်မံကျဆင်း

(စက်တင်ဘာလ ၂၇ ရက်၊ နေ့လည် ၁၂ နာရီ ၁၅ မိနစ်)

ပြင်ပစျေးကွက်၌ ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာနှင့် အခြားနိုင်ငံခြားငွေ စျေးနှုန်းများ..

အမေရိကန်ဒေါ်လာ 4820 – 4920
စင်ကာပူဒေါ်လာ 3610 – 3710
ဥရောပယူရို 5180 – 5330
ဂျပန်ယန်း 31.86 – 32.79
တောင်ကိုရီးယားဝမ် 3.54 – 3.65
အိန္ဒိယရူပီး 52.86 – 54.41
မလေးရှားရင်းဂစ် 1110 – 1160
တရုတ်ယွမ် 661 – 681
ထိုင်းဘတ် 142.86 – 147.06

ပြင်ပ ရွှေဈေးကွက်မှာတော့..

၁၆ ပဲရည် မီးလင်း
ရောင်းစျေး 6,600,000
ဝယ်စျေး 6,550,000

၁၅ ပဲရည်
ရောင်းစျေး 6,200,000
ဝယ်စျေး 6,150,000

ရွှေကုန်သည်အသင်း (ရန်ကုန်) သတ်မှတ်စျေးကတော့..

၁၆ ပဲရည် မီးလင်း - 5,407,000
၁၅ ပဲရည် - 5,070,000
ကမ္ဘာ့ရွှေဈေးနှုန်းမှာ တအောင်စ 2664 ဒေါ်လာ ဖြစ်သည်။

#ရွှေစျေး
#ဒေါ်လာစျေး
#ဘတ်စျေး