ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
IACA မှ ပေးအပ်သည့် သင်တန်းများကို သက်သာသော သင်တန်းကြေး(သို့) အခမဲ့အွန်လိုင်းစနစ်တို့ဖြင့် စီစဉ်ပေးစေလိုဟု မြန်မာအမြဲတမ်းကိုယ်စားလှယ် ဆွေးနွေးပြောကြား
အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အကယ်ဒမီ (IACA)မှ ပေးအပ်သည့် သင်တန်းများသို့ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများမှ အဂတိလိုက်စားမှု တိုက်ဖျက်ရေး တာဝန်ရှိသူများကို သက်သာသော သင်တန်းကြေး(သို့) အခမဲ့ အွန်လိုင်းသင်တန်းများဖြင့် စီစဉ်ပေးစေလိုကြောင်း မြန်မာအမြဲတမ်းကိုယ်စားလှယ်က ဆွေးနွေးပြောကြားလိုက်သည်။
ဩစတြီးယားနိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အကယ်ဒမီ(IACA) အဖွဲ့ဝင်များ၏ (၁၃)ကြိမ်မြောက်ညီလာခံကို အောက်တိုဘာ (၃၀)ရက်က ဗီယင်နာအပြည်ပြည်ဆိုင်ရာ စင်တာ၌ ကျင်းပခဲ့ရာ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်း က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် IACA ၏ လုပ်ငန်းအစီအစဉ် (၂၀၂၅-၂၀၂၈)အား အပြည့်အဝထောက်ခံမှု၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကြိုးပမ်းဆောင်ရွက်ရာတွင် နိုင်ငံများအားလုံး အထူးသဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက် စွမ်းဆောင်ရည်မြှင့်တင်မှုနှင့် နည်းပညာအကူအညီများ၏ အရေးပါမှုတို့ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ကျင့်ဝတ်ဆိုင်ရာသင်ခန်းစာများ ဖြန့်ဝေထားရှိမှုနှင့် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းများကို မီဒီယာလှုပ်ရှားမှုများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ပညာရေးစကားဝိုင်းများဖြင့်လည်း ပြုလုပ်လျက်ရှိသည်ဟု ဆိုသည်။
အမြဲတမ်းကိုယ်စားလှယ်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်း (UNCAC)၊ သက်ဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်များ(SDGs) အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် IACA နှင့် ပူးပေါင်းဆောင်ရွက်သွားမည့် ကတိကဝတ်ကိုလည်း ထပ်လောင်းအတည်ပြုပြောကြားခဲ့သည်။
အဆိုပါ ညီလာခံတွင် သဘာပတိအဖြစ် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ရုံးဝန်ကြီး YB Dato' Sri Azalina binti Othman Said ကဆောင်ရွက်ခဲ့ပြီး မွန်တီနီဂရိုးနိုင်ငံဒုတိယဝန်ကြီးချုပ် အပါအဝင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဌာန အကြီးအကဲများ၊ ဗီယင်နာမြို့အခြေစိုက် အမြဲတမ်းကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
လိဂ်ရှုံးထွက်ဖလား ကွာတားဖိုင်နယ်တွင် မန်ယူနှင့် စပါး ထိပ်တိုက်တွေ့ဆုံ
မန်ယူသင်းဟာ ဒီမနက်အစောပိုင်းကန်သွားတဲ့ လိဂ်ဖလားပွဲစဉ်မှာ လက်စတာကို ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပြီးနောက် လိဂ်ရှုံးထွက်ဖလားကွာတားဖိုင်နယ်ပွဲစဉ်တွေ မဲခွဲခဲ့ရာမှာတော့ မန်ယူအသင်းနဲ့ စပါးအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။
မန်ယူသင်းဟာ နည်းပြ တန်ဟတ်ဂ် အထုတ်ခံလိုက်ရပြီးနောက် ယာယီနည်းပြ နစ္စတယ်ရွိုင်း ပထမဆုံး တာဝန်ယူတဲ့ပွဲမှာ ဂိုးပြတ်အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။
မန်ယူအသင်းဟာ မန်စီးတီးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူ ကျော်ဖြတ်လာတဲ့ စပါးအသင်းကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာပါ။
အာဆင်နယ်အသင်းကတော့ ခရစ္စတယ်ပဲလေ့အသင်းကို အိမ်ကွင်းမှာလက်ခံကစားရမှာဖြစ်ပြီး လီဗာပူးအသင်းက ဆောက်သမ်တန်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာပါ။
တခြားပွဲစဉ်မှာ ချဲလ်ဆီးကို ၂ ဂိုးပြတ် အနိုင်ယူပြီး ကျော်ဖြတ်လာတဲ့ နယူးကာဆယ်က ရှက်ဖီးလ်ကို အနိုင်ရခဲ့တဲ့ ဘရန့်ဖို့ဒ် အသင်းနဲ့ တွေ့ဆုံပါတယ်။
ကရာဘောင်ဖလားလို့လည်းခေါ်ကြတဲ့ EFL လိဂ်ကွာတားဖိုင်နယ်ပွဲစဉ်တွေကို လာမယ့် ဒီဇင်ဘာ ၁၈ ရက်မှာ စတင်ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
DVB
နေပြည်တော်တွင် အသေးစား ငွေကြေးဝန်ဆောင်မှုများကို အဖွဲ့(၄၁)ဖွဲ့ ဝန်ဆောင်မှုပေးလျက်ရှိ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် အသေးစားငွေရေးကြေးရေး လုပ်ငန်းကဏ္ဍ ငွေကြေးဝန်ဆောင်မှုများကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအထိ လုပ်ကိုင်ခွင့်ပြုပေးထားသည့် အဖွဲ့(၄၁)ဖွဲ့ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း နေပြည်တော်ကောင်စီ အသေးစား ငွေရေးကြေးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးမှ သိရသည်။
အဆိုပါ နေပြည်တော်ကောင်စီအသေးစားငွေရေးကြေးရေးလုပ်ငန်း ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ အောက်တိုဘာ (၃၀)ရက်က နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၂)တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
အသေးစားငွေရေးကြေးရေး လုပ်ငန်းကဏ္ဍမှာ ကျေးလက်နေပြည်သူများနှင့် ဝင်ငွေနည်းပါးသည့် ပြည်သူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများအတွက် ငွေကြေးဝန်ဆောင်မှုပေးနေသော လုပ်ငန်းကဏ္ဍဖြစ်ကြောင်း နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက အစည်းအဝေးတွင် အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။
ထိုအဖွဲ့အစည်းများမှာ အခြေစိုက်(၂၂) ဖွဲ့၊ နယ်မြေတိုးချဲ့ အဖွဲ့(၁၉)ဖွဲ့ဖြင့် စုစုပေါင်း(၄၁)ဖွဲ့ရှိပြီး ပြည်ထောင်စုနယ်မြေ၊ မြို့နယ်(၈)မြို့နယ်၊ ရပ်ကွက်(၅၇)ရပ်ကွက်၊ ကျေးရွာ(၆၁၆)ရွာရှိ အသင်းသား (၁၉၀၇၈၃)ဦးအား ဝန်ဆောင်မှုပေးနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ထို့ကြောင့် ဝန်ဆောင်မှုပေးရာတွင် သတ်မှတ်ထားသည့် ဥပဒေများအတိုင်း ဖြစ်စေရေးနှင့် အသေးစားငွေရေးကြေးရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်များအရတင်ပြလာပါက လုပ်ငန်းကော်မတီမှ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း အသိပေးပြောကြားသည်။
ထို့အပြင် ပြည်သူများ၏ ဆင်းရဲနွမ်းပါးမှု လျော့ကျရေး ချေးငွေထုတ်ချေးရာတွင် မူဝါဒများ၊ လုပ်လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်စေရေး အထူးကြပ်မတ် ဆောင်ရွက်ရန်လည်း ၎င်းက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ဩစတြေးလျရပ်ဘီအသင်း အင်္ကျီဒီဇိုင်းသစ် မိတ်ဆက်
-------------------
လာမယ့်နှစ် နိုင်ငံတကာပွဲစဉ်တွေမှာ ဩစတြေးလျရပ်ဘီအသင်း ဝတ်ဆင်သွားမယ့် အင်္ကျီဒီဇိုင်းသစ်ကို အောက်တိုဘာ ၃၀ ရက်နေ့က ဆစ်ဒနီမြို့မှာ တရားဝင်မိတ်ဆက်ပြသသွားခဲ့ပါတယ်။ ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရဲ့ နာမည်ကျော်နေရာတစ်ခုဖြစ်တဲ့ ဆစ်ဒနီအော်ပရာဟောက်စ် အပြင်ဘက်မှာ အင်္ကျီဒီဇိုင်းသစ်ကို ဩစတြေးလျ ရပ်ဘီလက်ရွေးစင်ကစားသမားတွေက ဝတ်ဆင်ပြသခဲ့တာပါ။
အသင်းအင်္ကျီဒီဇိုင်းသစ်ကို ဩစတြေးလျရပ်ဘီအသင်းနဲ့ ရေရှည်လက်တွဲလာခဲ့တဲ့ (ASICS) အားကစားပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီက တာဝန်ယူ ပြုလုပ်ပေးခဲ့တာဖြစ်ပြီး ဩစတြေးလျရပ်ဘီအသင်းရဲ့ ရိုးရာနဲ့ ခမ်းနားတဲ့အောင်မြင်မှုတွေကို ထည့်သွင်းပုံဖော်ထားတယ်လို့ ဆိုပါတယ်။ ဩစတြေးလျရပ်ဘီအသင်းဟာ အတိတ်က အောင်မြင်မှုတွေ ရခဲ့ဖူးပေမယ့် ပြီးခဲ့တဲ့နှစ် ရပ်ဘီကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပြီးနောက် ကမ္ဘာ့အဆင့် ၁၀ အထိ ကျဆင်းခဲ့ရတာပါ။
ဒါ့ကြောင့် လာမယ့် ၂၀၂၅ မှာ အင်္ကျီဒီဇိုင်းသစ်နဲ့အတူ နိုင်ပွဲတွေပြန်လည်ရယူနိုင်ပြီး ကမ္ဘာ့အဆင့် တိုးတက်လာဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ ဩစတြေးလျ ရပ်ဘီအသင်းဟာ လာမယ့် ၂၀၂၅ ခုနှစ်ထဲမှာ ဗြိတိန်အသင်း၊ အိုင်ယာလန်အသင်းတွေနဲ့ Test Series ပွဲတွေကို ယှဉ်ပြိုင်ကစားရဖို့ရှိ နေပါတယ်။
နိုင်ငံတကာရုပ်ရှင် ကောက်နှုက်ချက်။
" The Conclave"
Conclave သည် 2024 ခုနှစ် လျှို့ဝှက်သည်းဖို သည်းထိတ်ရင်ဖို ဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ Edward Berger မှ Peter Straughan မှ ရေးသားကာ 2016 Robert Harris ၏ အလားတူ ဝတ္ထုကို အခြေခံ၍ ရေးသားထားသည်။ ဒီဇာတ်ကားမှာ Ralph Fiennes၊ Stanley Tucci၊ John Lithgow၊ Sergio Castellitto နဲ့ Isabella Rossellini တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ရုပ်ရှင်တွင်၊ Cardinal Thomas Lawrence (Fiennes) သည် လာမည့်ပုပ်ရဟန်းမင်းအား ရွေးကောက်တင်မြှောက်ရန်အတွက် ပုပ်ရဟန်းမင်းကြီးစည်းဝေးပွဲတစ်ခုကို စီစဉ်ပြီး Cardinalကိုယ်စားလှယ်လောင်းတစ်ဦးစီ၏ လျှို့ဝှက်ချက်များနှင့် အရှုပ်တော်ပုံများကို စုံစမ်းရှာဖွေနေခဲ့သည်။
Conclave သည် 51st Telluride Film Festival တွင် 2024 ခုနှစ် ဩဂုတ်လ 30 ရက်နေ့တွင် ပြသခဲ့ပြီး 2024 ခုနှစ် အောက်တိုဘာလ 25 ရက်နေ့တွင် Focus Features ဖြင့် United States တွင် ရုံတင်ပြသခဲ့ပြီး Black Bear UK မှ United Kingdom တွင် နိုဝင်ဘာလ 29 ရက်နေ့တွင် ရုံတင်ပြသရန် စီစဉ်ထားသည်။ အဆိုပါဇာတ်ကားသည် ဖျော်ဖြေတင်ဆက်မှုများနှင့် ရုပ်ရှင်ရိုက်ကူးမှုများအတွက် အထူးချီးကျူးမှုများဖြင့် ဝေဖန်သူများထံမှ အပြုသဘောဆောင်သော သုံးသပ်ချက်များကို ရရှိခဲ့သည်။
မန်ယူအသင်းဆီပြောင်းရွှေ့မည့်ကိစ္စ နည်းပြအာမိုရင် ဖြေကြားရန် ငြင်းဆန်
မန်ယူအသင်းဆီပြောင်းရွှေ့မယ့်ကိစ္စအပေါ် စပို့တင်းလစ္စဘွန်းနည်းပြ အာမိုရင်က ဖြေကြားဖို့ ငြင်းဆန်လိုက် ပါတယ်။
မန်ယူအသင်းဟာ နည်းပြ အာမိုရင်ကို ခေါ်ယူခန့်အပ်ဖို့အတွက် စပို့တင်းအသင်းဆီကို စာချုပ်ပါ လျော်ကြေးအဖြစ် ယူရို ၁၀ သန်း ပေးချေပြီးခေါ်ယူဖို့ သဘောတူညီမှု ရရှိထားတာပါ။
စပို့တင်း အသင်းဘက်ကလည်း နည်းပြအာမိုရင်နဲ့ စာချုပ်ဖျက်သိမ်းမယ့်စာချုပ်ကို ထုတ်ပြန်ထားပေမဲ့ နည်းပြ အာမိုရင်ဘက်က မန်ယူအသင်းနဲ့ အပြောင်းအရွှေ့အပေါ် ဖြေကြားဖို့ ငြင်းဆန်ခဲ့တာပါ။
မန်ယူအသင်းနဲ့ အပြောင်းအရွှေ့ကိစ္စအပေါ် မေးမြန်းကြမယ်လို့ ကြိုတင်မျှော်မှန်းထားပြီးဖြစ်ပေမဲ့ အနာဂတ်အကြောင်း မပြောချင်သေးကြောင်း၊ စပို့တင်းနည်းပြဖြစ်ရတာက ဂုဏ်ယူစရာဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ နည်းပြအာမိုရင်က ပြောပါတယ်။
နည်းပြအာမိုရင်ဟာ မန်ယူနဲ့ သဘောတူညီမှုရရှိထားပေမဲ့ စပို့တင်းကို ဆက်လက် ကိုင်တွယ်မှာဖြစ်ပြီး လာမယ့် နိုဝင်ဘာ ၂၀ ရက်နောက်ပိုင်း နိုင်ငံတကာခြေစမ်းပွဲတွေအပြီးမှသာ မန်ယူအသင်းဆီ အပြီးသတ်ပြောင်းရွှေ့မယ်လို့ သိရပါတယ်။
DVB