ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မိကျောင်းမွေးမြူရေးစခန်းပြန်လည်ဖွင့်လှစ်ခဲ့
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်အတွင်းရှိ မိကျောင်းမွေးမြူရေးစခန်းကို အောက်တိုဘာ ၂၉ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိကျောင်းမွေးမြူရေးစခန်းကို ကိုဗစ်ကာလတွင် ပိတ်ထားခဲ့ရာမှ ပြန်လည်ပြုပြင်မွမ်းမံခဲ့ပြီး ပုံစံအသစ်ဖြင့် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သာကေတမိကျောင်းမွေးမြူရေးစခန်းကို မြန်မာ့ရေလုပ်ငန်းမှ ၁၉၇၈ ခုနှစ်တွင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၁၉၇၉ ခုနှစ်တွင် အများပြည်သူလည်ပတ်အပန်းဖြေနိုင်ရန် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မိကျောင်းမွေးမြူရေးစခန်းကို နေ့စဉ်မနက် ၆ နာရီမှ ည ၆ နာရီထိဖွင့်လှစ်ထားပြီး လူကြီး ၁၀၀၀၊ ငါးနှစ်အောက်ကလေ-းငယ်များ အခမဲ့၊ နိုင်ငံခြားသားတစ်ဦးလျှင် ၅၀၀၀ ၊ ကားဝင်ကြေး ၁၀၀၀၊ စက်ဘီးဝင်ကြေး ၅၀၀ သတ်မှတ်ထားပြီး မိကျောင်းကောင်ရေ ၆၆၂ ကောင်ရှိကာ ရေငန်အမျိုးအစားသာမွေးမြူထားကြောင်း သိရသည်။
ဂျပန်ရှိ ဖူဂျီတောင်ကြီးတွင် နှစ်ပေါင်း ၁၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ဆီးနှင်းများပျောက်ကွယ်
လွန်ခဲ့သည့်နှစ်ပေါင်း ၁၃၀ ကတည်းက ယနေ့အထိ မှတ်တမ်းများအရ ဂျပန်နိုင်ငံ၏ ဖူဂျီတောင်တွင် ပထမဆုံးအကြိမ်အဖြစ် ဆီးနှင်းများကင်းစင်နေခြင်းကို ကြုံနေရသည်။
ယေဘုယျအားဖြင့် ဂျပန်နိုင်ငံ၏ အမြင့်ဆုံးတောင်တွင် အောက်တိုဘာ ၂ ရက်၌ နှင်းများ စတင်ပေါ်ပေါက်နေလေ့ရှိသည်။
"ဖူဂျီတောင်မှာ ဒီနှစ်နှင်းတွေမရှိတာကို မြင်ရတာ တော်တော်တုန်လှုပ်မိပါတယ်"ဟု ပြင်သစ်ဧည့်သည်တစ်ဦးဖြစ်သူ Hugo Koide ကပြောသည်။
ငယ်စဉ်ကလေ-းဘဝက ဆောင်းဦးပေါက်အချိန်တွင် ဖူဂျီတောင်ဆီသို့ လည်ပတ်ခဲ့ဖူးသည့် အသက် ၂၅နှစ်အရွယ်လူငယ်တစ်ဦးက “အမြဲတမ်း နှင်းတွေဖုံးလွှမ်းနေတာကို သတိရမိတယ်"ဟုပြောသည်။
"နိုဝင်ဘာ ၆ ရက်တွင် ဖူဂျီတောင်အနီးတွင် မိုးခေတ္တရွာသွန်းနိုင်ဖွယ်ရှိသည်" ဟု ဂျပန်မိုးလေဝသအသင်း၏ ခန့်မှန်းချက်ဝက်ဘ်ဆိုက် tenki.jp က အောက်တိုဘာ ၃၁ ရက်က ဆိုထားသည်။

ပဲရစ်မာစတာ ၁၆ ဦးအဆင့် ဗီရက်ဗ် တက်ရောက်ခဲ့
---------------------
ပဲရစ်မာစတာတင်းနစ် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲမှာ ဆီဒင်အဆင့်-၃ ရထားတဲ့ ဂျာမနီတင်းနစ်သမား ဗီရက်ဗ်ဟာ ၁၆ ဦးအဆင့်ကို တက်သွားခဲ့ပါတယ်။ အောက်တိုဘာ ၃၀ ရက်နေ့က ကစားခဲ့တဲ့ ၃၂ ဦးအဆင့်မှာ ဗီရက်ဗ်ဟာ နယ်သာလန်နိုင်ငံသား ဂရီးစ်ပေါ်နဲ့ ဆုံတွေ့ခဲ့တာဖြစ်ပြီး ပထမပွဲလတ်က အကြိတ်အနယ်ရှိခဲ့တာပါ။
ပွဲကစားချိန် (၁)နာရီနဲ့ (၃၂)မိနစ်ကြာ ယှဉ်ပြိုင်အပြီးမှာတော့ ဗီရက်ဗ်က (၇း၆၊၆း၃)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး နောက်တစ်ဆင့် ကို တက်ရောက်ခွင့်ရသွားခဲ့တာဖြစ်ပါတယ်။ အခုလိုအနိုင်ရပြီး ၁၆ ဦးအဆင့်ကို တက်ရောက်နိုင်ခဲ့တာကြောင့် အသက် ၂၇ နှစ်အရွယ် ဗီရက်ဗ်ဟာ တင်းနစ်ရာသီတစ်ခုအတွင်း အေတီပီ မာစတာ (၁၀၀၀) အမျိုးအစားပြိုင်ပွဲ ၉ ခုစလုံးမှာ အနိမ့်ဆုံး ၁၆ ဦးအဆင့်ကို တက်ရောက်နိုင်တဲ့ ပထမဆုံးတင်းနစ်သမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ ပါတယ်။
ဗီရက်ဗ်ဟာ ပြီးခဲ့တဲ့မေလကမှ ကစားသမားဘဝ ၆ ခုမြောက် အေတီပီမာစတာချန်ပီယံဆုအဖြစ် ရောမ အိုးပင်းချန်ပီယံဆုကို ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ ၁၆ ဦးအဆင့်မှာတော့ ဗီရက်ဗ်ဟာ ဇူလိုင်လတုန်းက ယှဉ်ပြိုင်ခဲ့တဲ့ ဟမ်းဘတ်အိုးပင်းပြိုင်ပွဲမှာ ရှုံးနိမ့်ထားခဲ့ဖူးတဲ့ ပြင်သစ်တင်းနစ်သမား အာသာဖေးစ်နဲ့ ဆက်လက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
"ကညွတ် ဝက် နှင့် ကော်ရည် အစပ်ကြော် "
***...ကညွတ် ဝက် နှင့် ကော်ရည် အစပ်ကြော်အတွက် လိုအပ်တာလေးတွေ…
1. ဆီ – ထမင်းစားဇွန်း ၂ ဇွန်း
2. တောက်တောက်စင်း (သို့) ထောင်းထားသော ကြက်သွန်ဖြူ – ထမင်းစားဇွန်း ၁ ဇွန်းခန့်
3. တောက်တောက်စင်း (သို့) ထောင်းထားသော ငရုတ်သီးစိမ်း – ထမင်းစားဇွန်း တစ်ဝက်ခန့်
4. ငရုတ်သီးခြောက် အကြမ်းမှုန့်ကြော် ဆီချက်မှ ဆီ – ထမင်းစားဇွန်း ၂ ဇွန်း
5. ငရုတ်သီးခြောက် အကြမ်းမှုန့်ကြော် ဆီချက်မှ ငရုတ်သီးဖတ် – ထမင်းစားဇွန်း တစ်ဝက်ခန့်
6. ဝက်ကြိတ်သား (pork mince) – 1/2 cup (125 ml)
7. ကော်ရည်
8. မာသည့်အပိုင်းဖြတ်ထုတ်ပစ်ပြီး အနည်းငယ်ကြေအောင် ခပ်ဖွဖွထုကာ ၂ လက်မအရှည်ခန့် လှီးထားသော ကညွတ် – ၁၃ ချောင်းခန့်
***...ကော်ရည် အတွက်လိုအပ်တာလေးတွေ…
1. ပဲငံပြာရည် အကျဲ (light/ thin soy sauce) – 1/4 cup (60 ml)
2. ရေ – 1/4 cup (60 ml)
3. ခရုဆီ (oyster sauce) – 1/4 cup (60 ml)
4. ပဲငံပြာရည် အပျစ် (sweet/ dark soy sauce) – ထမင်းစားဇွန်း ၁ ဇွန်း
5. သံပုရာရည် – ထမင်းစားဇွန်း တစ်ဝက်
6. ဟင်းချက်အရက်/ဝိုင် (cooking wine) – ထမင်းစားဇွန်း တစ်ဝက်
7. ကော်မှုန့် (potato starch/corn starch) – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
8. သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
အားလုံးရောကာ ကော်မှုန့်ကို အတုံးအခဲများမကျန်အောင် ဖျော်လိုက်လျှင် လိုအပ်သော ကော်ရည် ကို ရပါပြီ။
ဆီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ဆီချက်မှ ဆီ၊ ဆီချက်မှ ငရုတ်သီးဖတ် နှင့် ဝက်ကြိတ်သားတို့ကို high heat ဖြင့် အသားအနည်းငယ်ကျက်ယုံ မွှေကြော်ပေးပါ။
ပြီးလျှင် ကော်ရည်ထည့်ပြီး ၅ မိနစ်ခန့် (အနည်းငယ်ပျစ်လာအောင်) ဆူခိုင်းထားပါ။ (မကြာခဏမွှေပေးပါ။)
ကညွတ်ထည့်ကာ ၃ မိနစ်ခန့် အပေါ်အောက်လှန်မွှေကြော်ပြီးလျှင် ကညွတ် ဝက် နှင့် ကော်ရည် အစပ်ကြော်လေး အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။
အနည်းငယ်ကျဆင်းတဲ့ ယနေ့(နိုဝင်ဘာ - ၁ ရက်)အတွက် ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၇၄၈ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၆၉၃၀၂၅ ကျပ်
ပြင်ပရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၄၈၀၀၀၀ ကျပ်
ဝယ်ဈေး ၆၄၄၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၂၈၀၀၀၀ ကျပ်
ဝယ်ဈေး ၆၂၄၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၄၅၀၀ ကျပ်
ဝယ်ဈေး - ၄၄၀၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၃၀ ကျပ်
ဝယ်ဈေး - ၃၃၅၅ ကျပ်
-ယူရို
ရောင်းဈေး - ၄၉၀၀ ကျပ်
ဝယ်ဈေး - ၄၇၇၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၃.၃၃ ကျပ်
ဝယ်ဈေး - ၁၂၉.၈၇ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၃၅ ကျပ်
ဝယ်ဈေး - ၁၀၀၅ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၃၃ ကျပ်
ဝယ်ဈေး - ၆၁၅ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၆၀ ကျပ်
ဝယ်ဈေး - ၂၈.၈၃ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၅၃.၃၃ ကျပ်
ဝယ်ဈေး - ၅၁.၉၅ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၂၈ ကျပ်
ဝယ်ဈေး - ၃.၁၉ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၈၀၀ ကျပ်
ဝယ်ဈေး - ၅၆၅၅ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၉၆၀ ကျပ်
ဝယ်ဈေး - ၂၈၈၅ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၂၃၅ ကျပ်
ဝယ်ဈေး - ၃၁၅၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၈၀ ကျပ်
ဝယ်ဈေး - ၅၆၅ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၂၅ ကျပ်
ဝယ်ဈေး - ၁၁၉၅ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။စ