ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Book Review Part( 2)
စာအုပ်အကြောင်းပြောရရင် ဒီဝတ္ထုရဲ့အဓိကဇာတ်လိုက် "မောင်တင်ထွန်း" ရဲ့ဖခင် မြေတိုင်းစာရင်းကို အင်္ဂလိပ်လယ်ဝန်မင်းက မျက်နှာကို မြေပုံနဲ့ပစ်ပေါက်လေ့ရှိသလို ဖိနှိပ်မှုတချို့နဲ့ ဇာတ်လမ်းကို အစပျိုးထားတယ်။ နယ်ချဲ့ဆန့်ကျင်ရေးနဲ့ မျိုးချစ်စိတ်တွေ ကိန်းအောင်းလို့လာပါတယ်။မောင်တင်ထွန်း ဇာတ်ကောင်ကတဖြည်းဖြည်း Character Development ဖြစ်လာအောင် စာရေးသူကဖန်တီးထားကို တွေ့ရတယ်။ဇာတ်လိုက် "မောင်တင်ထွန်း" ကိုကြားခံထားပြီး ခေတ်ရဲ့အဖြစ်အပျက်တွေကို ဝင်ကြည့်ခိုင်းထားပါတယ်။ဖတ်နေရင်းနဲ့ မောင်တင်ထွန်း ခေါ် သခင်တင်ထွန်းကို လီယိုတော်စတွိုင်းရဲ့ စစ်နဲ့ငြိမ်းချမ်းရေးစာအုပ်ထဲကဇာတ်ကောင် ပီယာ နဲ့ နှိုင်းယှဥ် ကြည့်မိတယ်။ စစ်အတွင်းက အရေးပါတဲ့ တကယ်ထိရောက်တဲ့ အခန်းကဏ္ဍကနေ မပါဝင်ခဲ့ပင်မဲ့ တကယ့်သက်ရှိဇာတ်ကောင်တွေကြားမှာ လှုပ်ရှားနေတဲ့ မျိုးချစ်စိတ်ရှိသူလူငယ်အဖြစ် ဖန်တီးထားလည်းတူနေပြန်တယ်။
"မောင်တင်ထွန်း" အဓိကပတ်သတ်ဆက်နွယ်ခဲ့တဲ့ ဝင်နီဖေ ၊ မမြင့်ဦး ၊မခင်သစ် ၊မမြမှီ ဆိုတဲ့ အမျိုးသမီးလေးယောက်ဟာ အရေးခင်းကာလမှာ ပြည်သူတွေကြုံတွေ့ရနိုင်တဲ့ လူလေးမျိုးလေးစားကို ပုံဖော်ထားတယ်လို့မြင်တယ်။ စရိုက် ၊ခံယူချက် ၊ ရပ်တည်ပုံအသီးသီးဖြင့်တည်ရှိနေတဲ့ လူလေးမျိုးသာရှိတယ်ဆိုတဲ့အကြောင်း သိရှိစေရန် စာရေးသူက သတိပေးထားပုံရပါတယ်။အုပ်ချုပ်သူဓနရှင်အလိုတော်ကျ သားပေါင်းညာစား ဒီဘက်ခေတ်စကားနဲ့ပြောရင် ကရိုနီသူဌေးများရှိသလို ၊ အနစ်နာခံတိုက်ပွဲဝင်သူများလည်းရှိ၊ ဝံသာနုစိတ်ပြင်းထန်တဲ့ လူမျိုးများလည်းရှိတယ်။အုပ်ထိန်းသူလူကြီးသူမများ၏လောင်ရိပ်က ရုန်းမထွက်နိုင်သေးသည့် လူငယ်များလည်းရှိတယ်။လူသားတွေရဲ့စရိုက်လက္ခဏာကို ပီပြင်အောင်အ သေးစိတ်ရေးထားနိုင်လွန်တယ်၊ နိုင်ငံရေးအယူအဆတွေ၊ ဝါဒပိုင်းဆိုင်ရာ ဒဿနတွေ၊ လူကုန်ထံ အသိုင်းဝိုင်းကြားမှာလည်း ဘဝတွေက မရိုးရှင်းကြပါဘူး။လူမှုရေးနဲ့ ကိုယ်ကျင့်တရားဆိုင်ရာစောင့်ထိန်းရမည့် အတွေးအခေါ်တွေကို မမြမှီနဲ့ တွေ့ကြုံရတဲ့ အခန်းမှာ အများဆုံး ထောက်ပြထားတယ်။
သခင်အောင်ဆန်းကို တကယ့်လူသားဆန်တဲ့သာမန်ဇာတ်ကောင်အနေနဲ့သရုပ်ဖော်ထားသလို သူ့ရဲ့တစ်ခုတည်းသာ အာရုံစိုက်တတ်တဲ့အမူအကျင့်တွေကို ရဲဘော်ရဲဘက်သခင်များက စနောက်တတ်ပုံက စာဖတ်သူကို ခပ်ပြုံးပြုံးဖြစ်သွားစေတယ်။ဘားလမ်း တိုက်ခန်းကို အဓိဇာတ်လိုက် တင်ထွန်းနဲ့ သခင်လှဖေ (ဗိုလ်လကျာ်)သွားတဲ့အချိန် သခင်စိုး သခင်သိန်းဖေတို့က ဧည့်ခန်းတွင် စကားထိုင်ပြောနေကြ ၊သခင်အောင်ဆန်းက အင်္ဂလိပ်စာအုပ်တစ်အုပ်နဲ့ ဒေါက်တာဘမော်ဟန် စကားပြောလေ့ကျင့်နေတယ်။သခင်စိုးက
"ဖိုးအောင်ဆန်း ကျင့်ပြန်ပြီ ၊ကိုသိန်းဖေ ထကြည့်ပါဦး ၊ဘမော်လို ပါးစပ်ရွဲ့ရဲ့လားလို့ "
သခင်သိန်းဖေက "မရွဲ့ဘဲ နေမှာမဟုတ်ဘူး ၊ထောင်ထဲတုန်းကဘမော်စတိုင်နဲ့ ဆေးပြင်လိပ်တောင်ခဲစမ်းနေသေးတယ်" ချစ်စရာအပေါင်းအသင်းများ၏ လူသဘာဝ စနောက်ကြည်စယ်ရင် နွေးနွေးထွေးထွေးရှိ ကြောင်း ၊ မွန်းကျပ်နေတဲ့ အချိန်မှာတောင် ပျော်စရာကို ဖန်တီးတတ်အောင်တွေ့မြင်ရတယ်။
"၁၉၃၆ ခုနှစ်မှ ၁၉၄၂ ခုထိဖြစ်ပေါ်ခဲ့တဲ့ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲသမိုင်းနှင့် ထိုသမိုင်းထွန်းပြောင်ခြင်းရဲ့ သော့ချက်ဖြစ်တဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားညီညွတ်ရေးကို ပြည်သူလူထုထံ အကျယ်ပြန့်ဆုံး လက်လှမ်းမီသောနည်းဖြင့် မှတ်တမ်းတင်ချင်လို့ ရေးသားခဲ့ခြင်းဖြစ်ပါတယ်" ဒီစကားက စာရေးသူရဲ့ စာအုပ်အပေါ်ထားတဲ့ အဓိကရည်ရွယ်ချက်ပါ။စာဖတ်သူအနေနဲ့ ဘယ်လိုစိတ်ထားပြီး ဖတ်သင့်ကြောင်းကိုတစ်ခါတည်း အလင်းပြထားပါတယ်။သတိထားမိတဲ့နောက်တစ်က ဝတ္ထုထဲက ဇာတ်ကောင်တိုင်းဟာ သူတို့ရှုံးရင်ရှုံးမယ် ၊ဘယ်တော့မှ သူတို့ခံယူချက် ၊ဝါဒကို မစွန့်လွှတ်သူတွေဘဲ ဖြစ်တယ်။ The Life of useless man စာအုပ်ထဲက ကလင်းကောလို အလကားလူတွေ မဟုတ်တာတော့သေချာတယ်။မြန်မာပြည်လွတ်လပ်ရေးအတွက် ကြိုးပမ်းဆဲကာလအတွင်း ခေတ်အခြေအနေနဲ့ အရေးတော်ပုံအဆင့်ဆင့်ကို သိသာမြင်သာအောင် ရေးသားထားတဲ့ဒီဝတ္ထုက အောင်မြင်သည့်ထက်ပိုသာတယ်လို့ဆိုရမယ်။ရှေးလူများ၏သွေးနဲ့လဲပြီး အမွေပေးခဲ့တဲ့ သင်ခန်းစာ ၊သမိုင်းအကြောင်းအရာတွေကို မှတ်သားပြီးတန်ဖိုးလည်း ထားသင့်သလို အချိန်ရရင် ဖတ်ကြည့်စေချင်ပါတယ်။
"အရှေ့ကနေဝန်းထွက်သည့်ပမာ ၊တို့ခေတ်ကိုသာရောက်ရမည့်မှာ မလွဲပါ"
စာဖတ်ခြင်းက အတွေးကို ပြောင်းလဲစေတယ်။📖
Benevolent Guy
Pre-orders are LIVE for Omniscient Reader’s Viewpoint (novel)!
The global hit fantasy novel finally coming to print in English! With the apocalypse straight out of his favorite novel unfolding, Dokja's the only one who can see this story to the finale.
🔜https://buff.ly/3Yu4zHf