Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
သုခဒဂုံအငှါးအိမ်ရာတွင် ငှားရမ်းနေထိုင်
ခွင့် ယခုလနောက်ဆုံးပတ်တွင် ထပ်မံရွေးချယ်မည်
ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ သုခဒဂုံအငှားအိမ်ရာတွင် တတိယအသုတ်အတွက် အိမ်ခန်းငှားရမ်းနေထိုင်ခွင့်ကို ယခုအောက်တိုဘာနောက်ဆုံးပတ်တွင် ထပ်မံ၍ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
သုခဒဂုံ ပြည်သူ့အငှား အိမ်ရာ၌ ထပ်မံဆောက်လုပ်ပြီးစီးသည့် အဆောက်အဦးများတွင် နေရေးအခက်အခဲ ရှိသူများအတွက် ငှား ရမ်းနေထိုင်ခွင့် လျှောက်ထားလာသော လျှောက်လွှာများကို စိစစ်ပြီး လျှောက်လွှာများနှင့် ယခင်မဲ_နှိုက်ခွင့်ရရှိပြီး မဲ_မပေါက်သော လျှောက်ထားသူများကို မဲစနစ်ဖြင့် ရွေးချယ် ငှားရမ်း နေထိုင်ခွင့်ပြုသွားမည် ဖြစ်သည်ဟု သိရသည်။
အိမ်ခန်းငှားရမ်းနေထိုင်ခွင့်အတွက် မဲ_နှိုက်ခွင့်ရရှိသူစာရင်းနှင့် မဲ_နှိုက်ရမည့် နေ့ရက်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးများတွင် အောက်တိုဘာ (၁၁) ရက်မှ (၂၅) ရက် အထိ အသိပေးကြေညာထားမည်ဖြစ်သည်ဟုလည်း ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ဆောက်လုပ်နေသည့် သုခဒဂုံ ပြည်သူ့အငှားအိမ်ရာတွင် ဆောက်လုပ်ပြီးစီးသွားသည့် အခန်း (၆၀၀) ခန့်ကို ငှားရမ်းနေထိုင်နိုင်ရန် မဲ_နှိုက်ရွေးချယ်ဆောင်ရွက်နေခြင်းဖြစ်သည်။
ယင်းသို့ငှားရမ်းပေးနေသည့် အခန်းငှားခနှုန်းထားများများ (၄၆၀၀၀)ကျပ် မှ (၆၇၀၀၀)ကျပ် ထိသတ်မှတ်ထားပြီး ပထ မထပ် (၆၇၀၀၀)ကျပ်၊ ဒုတိယထပ် (၆၀၀၀၀)ကျပ်၊ တတိယထပ် (၅၅၀၀၀) ကျပ်နှင့် စတုတ္ထထပ် (၄၆၀၀၀)ကျပ် ဟူ၍ အသီးသီး သတ်မှတ်ထားကြောင်း သိရသည်။
လူ့ဘောင် လူ့အဖွဲ့အစည်းတွေကြား
မသိခြင်း ရိုကျိုးခြင်းတွေနဲ့သာ တိုးဝင်
လူတွေရဲ့ပုံစံအမှန်ကို မင်းတွေ့လာလိမ့်မယ်
စေတနာဗန်းပြပြီး စေ/၊ာက်ဆရာကြီးအထာနဲ့
လူတွေ မင်းမြင်လာမယ်
မျက်နှာနှစ်မျိုးနဲ့ ရှေ့တမျိုး၊ ကွယ်ရာတမျိုး
လူတွေ မင်းကြုံလာရလိမ့်မယ်
လူတွေအကြောင်းကို လူတွေကပဲပြန်သင်ပေးတယ်
မသိခြင်းတွေမှာ တန်ဖိုးရှိတယ်။
#ခွန်ထွန်း