1 y - Translate

sunsets in each country 🌄

image
1 y - Translate

sunsets in each country 🌄

image
1 y - Translate

sunsets in each country 🌄

image
1 y - Translate

sunsets in each country 🌄

image
1 y - Translate

sunsets in each country 🌄

image
1 y - Translate

sunsets in each country 🌄

image
1 y - Translate

sunsets in each country 🌄

image
1 y - Translate

sunsets in each country 🌄

imageimage
+8

ကျောက်ဆောက်သာနိုး

မင်းမျိုး မတ်မျိုး၊ သူကောင်းမျိုးမို့
“ကျောက်ဆောက်သာနိုး” ခေါ်သတဲ့။

သန်ခေါင်စာရင်း၊ ထောင်အသွင်းမှာ
စာရင်းကောက်တော့
ကျောက်ဆောက်သာနိုး ခေါ်သကိုး။

သူတို့အမျိုး၊ သု့အဖိုးက_ ဦးဖိုးတဲ့။
“တိုင်တားမင်းကြီး ဦးဖိုး”လို့
ဟိုးဟိုးကျော်တာ၊ မန်းရတနာပုံက
ဒဂုန်_ဒလ၊ အောက်ပြည်အစ၊ ပင်လယ်ဝထိ_တဲ့။

မောင်သာနိုးလည်း အဖိုးအလား
ကျောင်းသားအရွယ်၊ ငယ်စဉ်ကပင်
စာသင်အရွယ်မှာ အင်္ဂလိပ်စာ_ပါဠိ
ကဝိတစ်ဆူ၊ တံခွန်ထူသတဲ့။

လူထုသတင်းစာ၊ မန်းခေတ်သတင်းစာ
မန္တလေးမှာ အယ်ဒီတာလုပ်
အလုပ်ကထွက်၊ တက္ကသိုလ်တက်
သမဂ္ဂ_တပ်ဦး၊ အထူးထင်ရှား
လူကြိုက်များတဲ့၊ ကျောင်သားစာရေးဆရာ
မောင်သိင်္ဂါ_တဲ့
လေးငါးခြောက်ခါ၊ ခုနစ်ခါမကအောင်
ထောင်တန်းထွက်ဝင်၊ ဒို့ဘုရင်ဦးဘရင်နဲ့
တူယှဉ် ဦးလှ၊ ထောင်ကျဖက်တွေ
ထောင်မထွက်ခင်၊ တရက်မပြား
ရုရှားစာကို၊ ကိုယ်ဘာသာသင်
ထောင်အပြင်မှာ၊ ကျူရှင်ဆရာ
အင်္ဂလိပ်စာသင်။

အားလျှင်တောင်တက်၊ တောင်ကသက်တော့
မြစ်ဘက်ကိုဆင်း၊ မြစ်တွင်းရေကူး
အထူးဝါသနာ၊ ကြီးပါပေတယ်။

မောင်သာနိုးဟာ_
ရိုးသားတယ်၊ ကြိုးစားတယ်
ရှိုးမများတတ်ဘူး၊ သူတစ်ထူးကို
အထူးကူညီတတ်ပါတယ်။

ဦးခေါင်းမတ်မတ်၊ ခါးမတ်မတ်နဲ့
စကားပြတ်ပြတ်၊ သေသေသပ်သပ်နဲ့
အနေသပ်သပ်၊ လေပြတ်ပြတ်နဲ့
လေဟပ်တဲ့ဘဝင်လို့၊ ထင်စရာရှိပေမဲ့
သိကျွမ်းသူအပေါင်းက၊ သူ့အကြောင်း
မကောင်းပြောစရာ မရှိပါ။
သူနဲ့ကျွန်တော် ရဲဘော်ရဲဘက်
ကျောင်းနေဖက်ပါ၊ ငြိုးကွက်မမြင်
အစ်ကိုလို ခင်သမို့
ကြမ်းပြင်မှာဝပ်လျှိုး၊ ဆရာနိုးကို
ရှိခိုးခဲ့ဖူးပါတယ်။

တို့ဆရာနိုး၊ လူပျိုသိုးဟာ
အိမ်ထောင်ဖက်ကို၊ အသက်ကြီးမှရှာတယ်
နှစ်ယောက်တွဲဖက်၊ တောင်တက်ရေကူး
အပျော်ကြူးခဲ့ပေသပေါ့။

သူငယ်ချင်းတွေနဲ့ အတူ
ကူစရာရှိကူ၊ လှူစရာရှိလှူ
ဆူစရာ ပူစရာရှိလည်း ဆူလိုက်ပူလိုက်ပေါ့။

သူငယ်ချင်းတစ်သိုက်က
ထင်းရှူးပင်စိုက်ပါဆိုရင်၊ ထင်းရှူးပင်စိုက်သကိုး။

မိုးမခ စိုက်အုံးဆိုလည်း
မိုးမခ စိုက်တဲ့ထုံးလိုပေါ့။

မော်ဒန်ကဗျာ သင်ကြမယ်ဆိုတော့
မော်ဒန်ကဗျာကို ချစ်စေခဲ့ပြန်တယ်။
စာစကားနဲ့ စကားစာကို မခြားမကွာစေချင်ဘူး
ဗမာစကားနဲ့ စကားစာကို၊ ကမ္ဘာက ကမ္ဘာစကားနဲ့
မခြားနားမကျန်ရစ်၊ ဟန်သစ်စေခဲ့တယ်။

ဗမာဘာသာဗေဒ ကို ဗမာစာမှာအခြေချခဲ့တယ်။
သည်,မည်,၏,၍ကနေ ကယ်,မယ်,ရယ်တို့ကို ကူးပါသော်ကောလို့
အထူးအခါခါ ဆော်ဩခဲ့ရှာတယ်။
ဒို့ဆရာနိုး ကိုးဆယ်ကျော်သက်တန်းထိ
ကျန်းမာဖို့အရေး၊ လွမ်းစရာကိုမနှေးဘဲ
ဆေးလိပ်ကိုဖြတ်ခဲ့တယ်။
ဘိုးသက်ရှည်ဆရာနိုးကို၊ ရှိခိုးဦးခိုက်ပါတယ်။
ဆရာနိုးတယောက်၊ ရောက်လေရာဘဝမှာ
ယမကာတစ်ခွက်၊ ကဗျာတစ်ဖက်နဲ့
တောင်တက်လိုက်၊ ရေကူးလိုက်နဲ့
အဖော်တသိုက်နဲ့ ပျော်ပိုက်နိုင်ပါစေသတည်း။

မောင်စွမ်းရည်
၁၃-၃-၂၀၂၃

1 y - Translate

🌤️ It is sunny - နေသာတယ်။
🌤️ It is raining. - မိုးရွာနေတယ်။
🌤️ The wind is blowing. - လေတိုက်နေတယ်။
🌤️ It is windy. - လေတိုက်တယ်။
🌤️ It is lightning. - လျှပ်စီးလတ်နေတယ်။
🌤️ It is thundering. - မိုးချုန်းနေတယ်။
🌤️ It is foggy. - မြူဆိုင်းနေတယ်။
🌤️ It is freezing. - တုန်နေအောင်အေးတယ်။
🌤️ It is snowy. - နှင်းကျနေတယ်။
🌤️ It is sleety. - မိုးနှင်းကျနေတယ်။
🌤️ It is cloudy. - တိမ်ထူနေတယ်။
🌤️ The cloud is moving.- တိမ်တွေရွေ့နေတယ်။
🌤️ The storm is coming.- မုန်တိုင်းလာနေပြီ။
🌤️ It is so cold. - အရမ်းအေးတယ်။
🌤️ It is very hot. - အရမ်းပူတယ်။
🌤️ It is heavy rain. - မိုးများတယ်။
🌤️ It is chilly. - ချမ်းစိမ့်စိမ့်ဖြစ်တယ်။
🌤️ It is muddy. - ရွှံထူတယ်။
🌤️ There are so many clay. - အဲ့မှာရွှံတွေအများကြီးပဲ
🌤️ There are full of water. -အဲ့မှာရေတွေပြည့်နေတယ်
🌤️ It is dripping.- တစက်စက်ကျနေတယ်။
🌤️ It is snow capped.- နှစ်တွေဖုံးအုပ်ထားတယ်။
🌤️ It is cold throughout the month. - တလလုံးအေးတယ်။
🌤️ The monsoon last Jun to Oct. - မုတ်သုန်ရာသီဟာ ဂျွန်လမှအောင်တိုဘာလထိကြာတယ်။
Reference by Speaking about Weather - Saya Zay.
#englisheverywhere