Trump အစိုးရအဖွဲ့ အိမ်ဖြူတော်အရာရှိချုပ်အဖြစ် Susie Wiles ကို အမည်တင်သွင်း
အမေရိကန်သမိုင်းမှာတော့ ပထမဦးဆုံး အမျိုးသမီး အိမ်ဖြူတော်အရာရှိချုပ်ဖြစ်လာ

နိုဝင်ဘာ ၈၊ နိုင်ငံတကာ။

ရွေးချယ်ခံသမ္မတ Donald Trump က သူရဲ့ မဲဆွယ်စည်ရုံးရေးအဖွဲ့ မန်နေဂျာ Susie Wiles ကို သမ္မတအိမ်ဖြူတော် အရာရှိချုပ်အဖြစ် ခန့်အပ်မယ်လို့ ကြေညာလိုက်ပါတယ်။ ဒါဟာ လာမယ့် ဇန်နဝါရီ ၂၀ရက်နေ့ ဖွဲ့မယ့် သူ့အစိုးရအဖွဲ့ဝင် တာဝန်ရှိသူတဦးကို ပထမဦးဆုံး ထုတ်ပြန် ကြေညာလိုက်တာပါ။

Susie Wiles ဟာ Trump ရွေးကောက်ပွဲ အောင်နိုင်မှုမှာ အဓိကကျတဲ့ ထိပ်တန်းနေရာ တာဝန်ယူခဲ့သူပါ။ ဒါ့အပြင် အမေရိကန်သမိုင်းမှာတော့ ပထမဦးဆုံး အမျိုးသမီး အိမ်ဖြူတော်အရာရှိချုပ်လည်း ဖြစ်လာပါမယ်။

အမေရိကန်သမိုင်းမှာ အကြီးဆုံး နိုင်ငံရေးအောင်နိုင်မှု တခုအဖြစ် Susie Wiles ဟာ သူ့ကို ကူညီခဲ့သလို၊ ၂၀၁၆ ခုနှစ်နဲ့ ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးတွေကိုလည်း အောင်မြင်အောင် စွမ်းဆောင်ခဲ့သူဖြစ်တယ်လို့ Donald Trump က ချီးကျူးပါတယ်။

Wiles ဟာ ဖလော်ရီဒါမှာ အခြေစိုက်နေထိုင်ပြီး၊ အတော်ကြာကာလကတည်းက ရီပတ်ပလစ်ကန်ပါတီရဲ့ နိုင်ငံရေး မဟာဗျူဟာ ရေးဆွဲသူအဖြစ် သိထားကြတာပါ။

အိမ်ဖြူတော်အရာရှိချုပ်နေရာဟာ သမ္မတရုံးတခုလုံးမှာ တာဝန်အကြီးဆုံးဖြစ်ပြီး၊ သမ္မတဆီကို တိုက်ရိုက် ပေါက်မြောက်တဲ့ နေရာဖြစ်ပါတယ်။ အိမ်ဖြူတော်ဝန်ထမ်းတွေကို စီမံတာ၊ သမ္မတရဲ့ နေ့စဉ် အလုပ်အချိန်ဇယားကို စီမံဆောင်ရွက်တာ၊ အစိုးရဌာနတွေ လွှတ်တော်အမတ်တွေနဲ့ အိမ်ဖြူတော်ကိုယ်စား ထိစပ် လုပ်ကိုင်ရတဲ့ နေရာလည်း ဖြစ်ပါတယ်။

📷 မဲဆွယ်စည်ရုံးရေဖွဲ့ မန်နေဂျာ Susie Wiles နဲ့ ရွေးချယ်ခံသမ္မတ Donald Trumpတို့အား အတူတွေ့ရစဉ် (နိုဝင်ဘာ ၆၊ ၂၀၂၄)

Source - VOA

#centralnewsnaypyitaw

image
2 yrs - Translate

#englisheverywhere

image
2 yrs - Translate

#englisheverywhere

image
2 yrs - Translate

#englisheverywhere

image
2 yrs - Translate

#englisheverywhere

image
2 yrs - Translate

#englisheverywhere

image
2 yrs - Translate

#englisheverywhere

image
image
image
image
image
2 yrs - Translate

မိုးအေးလိုက်တာ လူတွေရယ် 😉

image

ဖြစ်နိုင်ပါ့မလား

image
2 yrs - Translate

𝘽𝙤𝙤𝙠 𝙍𝙚𝙫𝙞𝙚𝙬
စာအုပ်ကိုဖတ်နေရင်း သက်ပြင်းတွေ ချပြီးရင် ချမိ နေလိမ့်မယ်။အလောင်းညှော်နံ့တို့ကို စာအုပ်ထဲကတဆင့်ခံစားမိလာလိမ့်မယ်။တချို့ ဖြစ်ရပ်မှန်တွေက ဘဝနဲ့ ရင်းခဲ့ရတဲ့ ကြောက်စရာမှတ်တမ်းကြီး(memoir)၊ ဖျက်စီးခံလိုက်ရလို့ ပုံပျက်ပန်းပျက် ဖြစ်သွားတဲ့ မှန်တစ်ချပ်လိုပါပဲ၊ ယခု ဖြစ်ပျက်‌ နေတဲ့ပတ်ဝန်းကျင်နဲ့ မထူးမခြားနားပါပဲ။စာအုပ်တစ်အုပ်လုံးက စာရေးသူငယ်ဘဝကြုံတွေ့ရပုံများကို ဖော်ပြထားတဲ့အတွက် ဖြစ်ရပ်မှန် တွေကိုစိတ်ဝင်စားရင်တော့ အကြိုက်တွေ့စေနိုင်တဲ့ စာအုပ်ပါ။ဟန်ဂေရီပြည်ဖွား ဂျူးလူမျိုးစာရေးဆရာ အယ်လီဝီ ဆယ်လ်၏ဖြစ်ရပ်မှန်ဝတ္ထု၊ အပိုင်းသုံးပိုင်းဖြစ်တဲ့ နေ့ ၊ ည ၊ မိုး‌သောက် ဆိုတဲ့ Trilogy စာအုပ်တွေ ထဲက ည စာအုပ်က အဓိရေသောက်မြစ်ပါပဲ၊ ည စာအုပ်ဖတ်ထားမှ ကျန်တဲ့ အပိုင်းနှစ်ပိုင်းကို ဆက်လို့ရမယ် ထင်တယ်။ အိပ်ဇိုးဒပ်(Exodus) နဲ့ အကြီးအကဲ (The Haj )စာအုပ်တွေကို ဖတ်မိတုန်းက ဂျူးတွေက သိပ်တော်လိုက်တာ၊ ရဲရင့်လိုက်တာလို့ပဲ ထင်ခဲ့မိလိမ့်မယ်။ဒီစာအုပ်မှာတော့ ဥရောပဂျူးတွေရဲ့ အားမလိုအားမရသနားစရာ၊ တနည်းအားဖြင့် အနည်းငယ် ပိန်းပုံတွေကိုလည်း တွေ့မြင် ခံစားရမယ်။ သိသာစေတဲ့အရာတစ်ခုက သေတွင်းထဲ တွန်းချတဲ့ Positive Vibes အယောင်ဆောင်တွေမြင်ရမယ်။အန္တရာယ် သတင်းကြားတယ်၊ ကြိုတင်ပြင်ဆင်မှုမလုပ်၊ အရာရာကို အကောင်းမြင်လွန်တာကလည်း သေမင်းက ကိုယ်ဆီမလာသေးဘဲ၊ ကိုယ်က သူ့ဆီ တံခါးသွားခေါက်သလို ပါပဲ။ ဘယ်လ်ဂျီယံကို နာဇီ‌ တွေသိမ်းလိုက်ပြီ၊ အော် သူတို့ ဟန်ဂေရီကိုရောက်သေးတာမှ မဟုတ်တာ၊ ဟန်ဂေရီကို ဖက်ဆစ်စနစ်အောက် သွင်းလိုက်ပြီ၊ အသက်အရွယ်ကြီးပြီး ဘယ်မှမ‌ပြောင်းချင်တော့ဘူး၊ပိုင်ဆိုင်မှုတွေလည်း ဆုံးရှုံးသွားတာမှ မဟုတ်တာ၊ တဖြည်းဖြည်း နာဇီအမိန့်က ဂျူးတွေ အပြင်မထွက်ရတဲ့၊ အော် အိမ်ထဲမှာ အနားယူလို့ရပါတယ်၊ ဂျူးတွေ လက်ပတ်အဝါ ဝတ်ရမယ်တဲ့၊ သေမင်းဆီသွားရတာမှ မဟုတ်တာကွာ ဝတ်ပေးလိုက်ပါ၊ ဂျူးအကုန် အော့စ်ခ်ျဝစ်သွားရမယ်၊ ငါတို့ တစ်စုတစည်းတည်းနေရတော့ တစ်စုတစ်စည်းတည်းဖြစ်တာပေါ့၊ အဲ့လိုတွေး‌နေသူက စာအုပ်ထဲကအဓိကဇာတ်ကောင် စာရေးသူရဲ့ ဖခင်သာ ဖြစ်တယ်။ အကောင်းမြင်သမား၊ ရိုးဖြောင့်သယောင်ရှိပင်မယ့် ထက်မြတ်သူတော့မဟုတ်ခဲ့ဘူး။ တွေးဝေတဲ့အကျိုးဆက်က အဆိပ်ငွေ့၊ မီးလောင်တိုက်သွင်းမှုကြောင့် ဂျူး ၆ သန်း ကျော်သေဆုံးသွားတယ်။အခက်အခဲပေါင်းများစွာ၊ ဆင်းရဲခြင်းများစွာကို ကျော်ဖြတ်ပြီးလို့ လွတ်လပ်မှုရခါနီးခါမှ အတူရှိခဲ့တဲ့ အဖေဟာ ဂျာမန်တွေရဲ့ သေမင်းဆီသွားရာအခန်းထဲသို့ ပို့ဆောင်ခြင်းခံလိုက်ရတယ်။
အကြမ်းဖက်ဝါဒဟာ အန္တရာယ်အများဆုံး နဲ့ အဖြေရှာဖို့ အခက်ဆုံးဝါဒ ဖြစ်တယ်။အကြမ်းဆုံးနှိပ်စက်ခံရပုံတွေကို ဒီစာအုပ်မှာ ဖတ်ရတော့ သနားစရာကောင်းတဲ့လူတွေပါလားလို့ ဖတ်နေရင်းသနားတယ်ဆိုတာထက် ပိုခံစားမိတယ်။‌ အော့စ်ခ်ျဝစ်ဇ် နှင့် ဘာကင်နူး နာဇီအကျဥ်းစခန်းမှာ ဒုက္ခအဖုံဖုံနဲ့ ညပေါင်းများစွာ ငရဲခံရပုံ၊ အစာရေစာ ငတ်မွတ်ခေါင်းပါးခြင်းများစွာနဲ့ ရှင်သန်ရပုံ၊ ဖတ်မိနေချိန် ရင်ထဲနင့်နေအောင် ခံစားချက်တွေကလည်း တဖြည်းဖြည်း အရေထူလာလိမ့်မယ်။အစားတလုတ်တုတ်တစ်ချက်မဟုတ်၊အစားတစ်လုပ် ကျည်ဆံတစ်တောင့်ဖြစ်ခဲ့ရတဲ့ ဘဝတွေကို မြင်ရမယ်။ဂျူး‌တွေထဲမှာဗလတောင့်တဲ့သူကိုမှရွေးပြီး သူ့မိသားစုကို သူကိုယ်တိုင်မီးရှို့သတ်ရတဲ့ ဂျူးလူမျိုးတွေ၊အရှင်လက်လက်မီးလောင်တိုက်သွင်းခံရပုံတွေ၊နာဇီတို့ရဲ့နာမည်ကျာ်အကျဥ်းစခန်းတစ်ခုဖြစ်တဲ့ အော့ချ်ဝစ်အကျဥ်းထောင်ဟာ ငရဲခန်းထက်ကိုဆိုးရွားခဲ့မှု‌တွေ ၊စာရေးသူကိုယ်တိုင် တွေ့ကြုံရသည်များက ထိတ်လန့်မှုတွေ အံသြမှုတွေနဲ့ ရင်ထဲမှာနင့်အောင်ခံစားရမိတယ်။ပင်ပင်ပန်းပန်းအိပ်စက်နေတုန်း အအေးဒဏ်ကိုမခံနိုင်လို့ သေပွဲဝင်ခဲ့ရတဲ့ဂျူးလူမျိုးတွေ ၊အဆိပ်ငွေ့ချပြီးအသတ်ခံရတဲ့ဂျူးလူမျိုးတွေ၊အရှင်လတ်လတ်မြေမြှုပ်ခံရတဲ့ကလေးငယ်တွေရဲ့ သနားစရာမြင်ကွင်း၊ ဒါတွေက လူ့သမိုင်းမှာ ဖယ်ရှားလို့မရတဲ့ စွန်းထင် ကျန်ရစ်နေတဲ့အမဲစက်ပါပဲ။အမုန်းတရား၊ အငြိုးတွေက လူမဆန်တဲ့ သတ်ဖြတ်မှုတွေဆီသို့ တွန်းပို့ပုံက လူဘုံက ငရဘုံဖြစ်သွားတယ်။ တဂိုး ပြောခဲ့သလို "လူဟာ တိရစ္ဆာန်စိတ်ပေါက်လာပြီ‌ဆိုရင် တိရစ္ဆာန်ထက် သာလို့ဆိုးသွမ်းတတ်တယ်" ဆိုတဲ့စကားအတိုင်း ဒီစာအုပ်က လည်း ထပ်တူကျနေတယ်။ဇာတ်လမ်းကြောင့် ဖြစ်ပေါ်လာတဲ့ခံစားချက်ကတော့ သက်သောက်သက်သာမရှိဘူး‌ ပြောရမယ်။သမိုင်းကြောင်းနှင့် အခြားအကြောင်းရင်းများစွာကို ဒီစာအုပ်လေးနဲ့ နားလည်အောင် ကူညီပေးတာကိုတော့ သဘောကျမိတယ်။ ဒီဝတ္ထုလေးကြောင့်ဘဲ မူရင်းစာရေးသူကို ကျွန်‌တော်အနှစ်သက်ဆုံး စာရေးဆရာ List ထဲမှာ ထည့်သွင်းထားရ‌တော့မယ်။နောက်ထက်သူလက်ရာများကို ပိုမိုဖတ်ရှုချင်တဲ့ စိတ်ဆန္ဒ ပြင်းပြနေမိတယ်။
စာမျက်နှာ ၂၀၁ ၊ အခန်း ၉ ခန်းနဲ့ ဖွဲ့စည်းထားတဲ့စာအုပ်ပါ။၁၉၈၆ ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင် စာအုပ်ရေးသူ အယ်လီဝီဆယ်လ် က "ကျွန်တော်ဘဝမှာ စာအုပ်တစ်အုပ်တည်းပဲ ရေးရမယ်ဆိုရင် ဒီစာအုပ်ကိုပဲ ကျွန်တော်ရေးမိမှာပါ။ " သမိုင်းကိုစိတ်ဝင်စားလို့ပဲဖြစ်ဖြစ်၊ ဂျူးတို့အကြောင်းကို သိချင်လို့ပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ဟစ်တလာ လုပ်ရပ်သိချင်လို့ပဲ ဖြစ်ဖြစ် ဖတ်ကြည့်သင့်တဲ့ စာအုပ်လို့ ပြောပါရစေ။ပေးရတဲ့အချိန်နဲ့ထိုက်တန်ပြီး နောင်တရစရာမရှိ စာအုပ်ဆိုတာသေချာတယ်။
လူ့သမိုင်းဖြစ်ရပ်တွေကို သင်ခန်းစာယူပြီးအမုန်းတရားနဲ့ သတ်ဖြတ်မှုတွေ မိုးကုပ်စက်ဝိုင်းဆီမှ အပြီးတိုင်ဖယ်ရှားပစ်နိုင်ကြပါစေဗျာ။

#crd

image