1 y - Translate

Never cry for the person who doesn’t know the value of your tears…

image
1 y - Translate

"Some days we fight, some days we cried but, what really matters is we’re always there for each other"

image
1 y - Translate

🌧️

image
1 y - Translate

ဆက်ဆံရေးတစ်ခုမှာ
တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်လေးစားတန်ဖိုးထားမှု( Mutual Respect )က မရှိမဖြစ် လိုအပ်ပါတယ်။

မိဘနှင့် သားသမီး၊ ဆရာနှင့် တပည့်၊ အလုပ်ရှင်နှင့် အလုပ်သမား၊ ခေါင်းဆောင်နှင့် ငယ်သား၊ လင်နှင့်မယား၊ ချစ်သူရည်းစား၊ မိတ်ဆွေသူငယ်ချင်း၊ ညီကိုမောင်နှမ၊ လုပ်ဖောက်ကိုင်ဖက် အချင်းချင်းတွေကြား Mutual Respect ထားကို ထားရပါမယ်။

ငါက မိဘပဲ သားသမီးကို လေးစား‌ဖို့ လိုသလား.
ငါက ဆရာပဲ..ငါက အလုပ်ရှင်ပဲ..ငါက အိမ်ထောင်ဦးစီးပဲ၊ ငါက ခေါင်းဆောင်ပဲဆိုတဲ့ အတ္တတွေကြား Mutual Respect ပါးပါးလေးတောင် ရှိမထားဘူးဆိုရင် အဲဒီဆက်ဆံရေးဟာ တစ်နေ့တခြား ဆိုးသထက်ဆိုးလာတာကိုပဲ တွေ့ရမှာဖြစ်ပါတယ်။

မိသားစုတွေ မစည်းလုံးကြဘူး..ညီကိုမောင်နှမတွေ စိတ်ဝမ်းကွဲကြတယ်..လုပ်ဖော်‌ကိုင်ဖက် အချင်းချင်းတွေ မတည့်ကြဘူး..မိတ်ဆွေသူငယ်ချင်းတွေ အဆင်မပြေကြဘူး..လင်မယား‌တွေ မကြာမကြာ ရန်ဖြစ်ကြတယ်.. ချစ်သူရည်းစားတွေ ခဏခဏ စိတ်ဆိုးကြတယ်။

ဒါတွေရဲ့ အဓိက အကြောင်းအရင်းက
တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်လေးစားမှုမရှိခြင်းက စတင်တာပါပဲ..တစ်ဦးရဲ့စကားကို တစ်ဦးက မလေးစားဘူး..တစ်ဦးရဲ့ဆန္ဒကို တစ်ဦးက အသိအမှတ်မပြုဘူး..တစ်ဦးရဲ့ ခံစားချက်ကို တစ်ဦးက အလေးမထားဘူး။

တန်ဖိုးထားမှု၊ လေးစားမှု၊ အ‌လေးထားမှုတွေကို လူကြီးတွေပဲ သိနားလည်ကြတာ မဟုတ်ဘူး။လူကြီး‌တွေပဲ ခံစားမိကြတာ မဟုတ်ဘူး..ကလေးငယ်လေးတွေက အစ နားလည်ခံစားတတ်ကြတယ်။ လေးစားမှုကို လိုချင်ကြတယ်။

တလောက fbပေါ် စာတစ်ပုဒ်တင်မယ်ဆိုပြီး ဖုန်း Galleryထဲကနေ စာနဲ့လိုက်ဖက်မဲ့ ပုံလေးတစ်ပုံ ရှာနေချိန် ၅နှစ်အရွယ် တူလေးတစ်ယောက်ထံမှ ဖုန်းဝင်လာတယ်..တူလေးက စကားအလွန်တတ်တော့
သူပြောချင်တာတွေကို တရစပ်ပြောနေတယ်..ကိုယ်ကလည်း ဖုန်းGalleryထဲမှာ အာရုံကရောက်နေတော့
သူပြောသမျှကို "အင်း..အင်း..အင်းအင်း.."လို့ပဲ လိုက်နေမိတော့တယ်။

ခဏကြာတော့ " တအင်းအင်းနဲ့ အဲဒါတွေ မကြိုက်တာပဲ..တော်ပြီ..တီတီနဲ့ ဖုန်းမပြောတော့ဘူး.."တဲ့.. ဖုန်းကို ချသွားလေရဲ့..အိမ်ကို‌ နေ့တိုင်းဖုန်းခေါ်ပေမဲ့
အဲဒီနေ့ကစပြီး ဒီနေ့ထိ ကိုယ့်ဖုန်းကို မခေါ်တော့ဘူး။ ကလေးဆိုပြီး ကလေးတစ်ယောက်ရဲ့စိတ်ကို အထင်သေးမိတာ..မလေးမစား ဆက်ဆံမိတာလေ။

ကိုယ်တိုင်လည်း ခဏခဏ ကြုံဖူးပါတယ်..
အပြင်မှာပဲဖြစ်စေ ဖုန်းနဲ့ပဲဖြစ်စေ ကိုယ်ကစကားပြောနေတဲ့အခါ တစ်ဖက်က ကြားတစ်ချက် မကြားတစ်ချက်လုပ်နေတာ "အင်း အဲ" မလိုက်တာ..
အစောက ဘာပြောတာလည်း မေးခံရတာတွေလောက် စိတ်တိုတာ မရှိဘူး။

ဖုန်းခေါ်ရင် ပြန်မခေါ်တာ..စာပို့ရင် reply မပြန်တာ..
ဘာပဲပြောပြော အင်း..အင်း..လိုက်နေတာ..
တစ်ခုခု ခိုင်းထားရင် မေ့နေတာ..
တစ်ခါတစ်ခါဆိုရင်တော့ တစ်ခုခုကြောင့်ဆိုပြီး နားလည်‌ပေးလို့ရပေမဲ့ အခါခါဆိုရင်တော့
ဒါဟာ တစ်ဖက်လူအပေါ် လေးစားမှု မရှိတာပါပဲ။

ကိုယ်က အမှုမဲ့အမှတ်မဲ့ဆိုပေမဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုအတွက် အကြီးမားဆုံး ဆိုးကွက်ပါပဲ..ဆက်ဆံရေးတစ်ခု ရေရှည်ကောင်းမွန်ဖို့အတွက်ဆိုရင် Mutual Respect ထားပါ..
အပြန်အလှန် လေးစားပါ..အပြန်အလှန် ချစ်ခင်ပါ..အပြန်အလှန် တန်ဖိုးထားပါ.."သူ့နေရာမှာ ငါသာ"ဆိုတဲ့ ကိုယ်ချင်းစာစိတ် မွေးပါ ။

image
1 y - Translate

အမြွှာညီအစ်မ ၄ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အသက် ၂၄ နှစ်အရွယ် တရုတ်အဆိုအဖွဲ့

အမြွှာညီအစ်မ ၃ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အဆိုအဖွဲ့ကို တွေ့ဖူးချင်တွေ့ဖူးကြပေမဲ့ ဒီတရုတ်အဆိုအဖွဲ့ Red on Wood ကတော့ အမြွှာညီအစ်မ ၄ ယောက်နဲ့ဖွဲ့စည်းထားတာမို့ ပထမဆုံးဖြစ်မယ်ထင်ပါတယ်။ ၄ မြွှာပူးညီအစ်မတွေဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် ကျူဝမ်ဘင်း၊ ဝမ်ချင်း၊ ဝမ်ယွီ၊ ဝမ်ကျဲတို့ဟာ မကြာသေးခင်ကမှ Xin Shen Wei Ding (Undecided Mind) အယ်လ်ဘမ်ကို ထွက်ရှိခဲ့တာပါ။

နန်ကျင်းမြို့မှာ မွေးဖွားတဲ့ သူတို့အမြွှာညီအစ်မတွေက ချစ်ဖို့ကောင်းတဲ့မျက်နှာလေးတွေပိုင်ဆိုင်ထားတဲ့အပြင် အဆိုပိုင်းမှာ အရည်အချင်းလည်းရှိကြပါတယ်။ အဆိုတော်-တေးဆရာတွေဖြစ်တဲ့ သူတို့တွေရဲ့ဂီတအပေါ်ချစ်မြတ်နိုးမှုက ငယ်စဉ်ကတည်းက ဖြစ်တည်လာခဲ့ပြီး ဘော့စတွန်က ထင်ရှားတဲ့ Berklee College of Music မှာလည်း တက်ခဲ့ကြတာပါ။

သူတို့အတူတူဖျော်ဖြေတင်ဆက်ရတာကို နှစ်သက်တာကြောင့် ကိုယ်ပိုင်အဖွဲ့ဖွဲ့ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ ရုပ်ရော ဝါသနာရောတူညီကြပေမဲ့ သူတို့အသွင်အပြင်လက္ခဏာတွေမှာတော့ ကွာခြားပါတယ်။ ဝမ်ချင်းက နည်းနည်းအရပ်ရှည်ပြီး သေးသွယ်တယ်။ ဝမ်ဘင်းက အေးဆေးတည်ငြိမ်တယ်။ ဝမ်ယွီက ရိုးရှင်းတယ်၊ ဝမ်ကျဲက ထက်မြက်ပြီး တက်ကြွပါတယ်။

သူတို့ကလေးဘဝတုန်းကလည်း သူတို့ရဲ့မွေးရပ်မြေမှာ လူသိများကြပါတယ်။ လေးမြွှာပူးဖြစ်တဲ့အတွက်ကြောင့် သူတို့မွေးဖွားမှုက နာမည်ကြီးခဲ့တယ်လို့ဆိုရမှာပါပဲ။ အစက သူတို့ရဲ့အမေက ၃ မြွှာပူးကလေးရှိခဲ့တယ်လို့ပဲ ထင်ခဲ့တာပါ။ အစပိုင်းမှာ ၃ ယောက်မွေးဖွားခဲ့ပြီးနောက် ဗိုက်ထပ်နာလာခဲ့ပြီး ၄ ယောက်မြောက်ကလေးလေးထွက်လာခဲ့တာပါပဲ။

သူတို့အမြွှာညီအစ်မတွေက အသက် ၈ နှစ်က ရုပ်ရှင်ကားတစ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး နန်ကျင်းမြို့မှာ ကျင်းပတဲ့ 2013 Asian Youth Games အတွက် မီးရှူးမီးပန်းကိုင်ဆောင်သူတွေလည်းဖြစ်ခဲ့ပါတယ်။

Ref: 24-Year-Old Quadruplets In China

imageimage
1 y - Translate

ဦးလေးလိုပဲ လိုက်တွေးမိနေတာပါ😁😁

image
1 y - Translate

နည်းပြက ပွဲထိုးဖူးဖို့ လိုရဲ့လား

တိုက်ခိုက်ရေးအားကစားမှာ လေ့ကျင့်သူတွေက နည်းပြဆရာကို ရွေးချယ်အပ်လာကြတယ်။ ဒါကလည်း သူတို့အမှားမဟုတ်ပါဘူး။ ပိုက်ဆံပေးပြီး သင်တာပဲ။ ပိုကောင်း၊ ပိုတော်တဲ့နည်းပြကို အပ်ချင်ကြတာပါ။ ဒါဆိုရင် ပိုကောင်း၊ ပိုတော်တဲ့ နည်းပြဆိုတာ ဘာကိုဆိုလိုတာလဲ။ ထပ်မေးစရာရှိတာက နည်းပြက ပွဲထိုးဖူးဖို့ လိုရဲ့လား။

ပိုကောင်း၊ ပိုတော်တဲ့ နည်းပြဆိုတာကို အရင်ဆုံးသုံးသပ်ကြည့်ရအောင်။ နည်းပြဆိုတာ ကစားသမားကို စနစ်တကျလေ့ကျင့်ပေးနိုင်ရမယ်။ နည်းစနစ်ပြည့်ဝရမယ်။ ပွဲမတိုင်ခင်မှာ နည်းဗျူဟာချပေးနိုင်ရမယ်။ ပြိုင်ဘက်ရဲ့ အားနည်းချက်ကို အကဲခတ်တတ်ရမယ်။ ပွဲထိုးနေချိန်မှာလည်း ကိုယ့်လူရဲ့ အားနည်းချက်ကို ပြင်ပေးနိုင်ရမယ်။ ပြိုင်ဘက်ရဲ့ ဟာကွက်ကိုလည်း ဖော်နိုင်ရမယ်။ ဒါတင်မက ကိုယ့်ကစားသမားရဲ့ အနေအထိုင်နဲ့ အပြောအဆိုကိုလည်း သွန်သင်ပေးနိုင်ရမယ်။ ဒါတွေက နည်းပြကောင်းရဲ့ အလုပ်ပါပဲ။

နည်းပြက ပွဲထိုးဖူးဖို့ လိုရဲ့လား။ အပေါ်စာပိုဒ်မှာ ရေးသွားတဲ့ နည်းပြကောင်းအချက်တွေထဲမှာ နည်းပြက ပွဲထိုးဖူးရမယ်ဆိုတဲ့ အချက်မပါဘူး။ ဟုတ်တယ်။ ပွဲမထိုးဖူးလည်း နည်းပြကောင်းဖြစ်နိုင်ပါတယ်။ ဒီထက်ပိုပြောရရင် ပွဲမထိုးဖူးလည်း ကမ္ဘာကျော်နည်းပြဖြစ်နိုင်ပါတယ်။ Joe Calzaghe ဆိုရင် ဝိတ်တန်းနှစ်ခုမှာ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ဖူးပြီး ကြေးစားဘဝမှာ ရှုံးပွဲမရှိပါဘူး။ ဒါပေမယ့် သူ့ကိုသင်ပေးတဲ့ နည်းပြ (အဖေ) Enzo Calzaghe က ဘောက်ဆင်မထိုးဖူးပါဘူး။ နည်းပြမလုပ်ခင်တုန်းက ဂစ်တာလေး တဒေါင်ဒေါင်ခေါက်နေသူပါ။

Cus D'Amato ဆိုတာက ဘောက်ဆင်သမိုင်းမှာ ကြီးကျယ်ခမ်းနားတဲ့ နည်းပြကြီးပါ။ Mike Tyson ရဲ့ နည်းပြလို့လည်း ဆိုနိုင်ပါတယ်။ နည်းပြ Cus D'Amato လည်း ကြေးစားပွဲမထိုးဖူးပါဘူး။ ဒါပေမယ့် Mike Tyson အပါအဝင် Floyd Patterson နဲ့ Jose Torres တို့ကို ကမ္ဘာ့ချန်ပီယံဖြစ်အောင် လေ့ကျင့်ပေးဖူးတယ်။

Deontay Wilder ကို ဟဲဗီးဝိတ်ချန်ပီယံဖြစ်အောင် လေ့ကျင့်ပေးသူက Jay Deas တဲ့။ နည်းပြ Jay Deas လည်း ဘောက်ဆင်မထိုးဖူးပါဘူး။ အရင်က မှုခင်းသတင်းထောက်ပါ။ မှုခင်းသတင်းထောက်ကနေ ဘောက်ဆင်နည်းပြလုပ်တာပါ။ အခုဆိုရင် နည်းပြ Ben Davison က Anthony Joshua ကို လေ့ကျင့်ပေးနေတယ်။ အရင်တုန်းက Tyson Fury ကိုလည်း လေ့ကျင့်ပေးဖူးပါတယ်။ ဒါပေမယ့် နည်းပြ Ben Davison က ကြေးစားပွဲမထိုးဖူးပါဘူး။ အပျော်တမ်းကစားဖူးတယ်။ နောက်ဘောလုံးသမားဘဝကနေ ဘောက်ဆင်နည်းပြဝင်လုပ်တာပါ။

Tyson Fury ရဲ့ လက်ရှိနည်းပြက SugarHill Steward ဖြစ်ပါတယ်။ နည်းပြ SugarHill Steward လည်း ပွဲမထိုးဖူးပါဘူး။ အရင်က စားဖိုမှုးလုပ်တယ်။ ရဲအရာရှိလည်း ဖြစ်ခဲ့ဖူးပါတယ်။ အခုဆိုရင် ကမ္ဘာကျော်နည်းပြဖြစ်နေပါပြီ။ ဒါပေမယ့် SugarHill Steward ရဲ့ ဦးလေးက Emanuel Steward ပါ။ နည်းပြကြီး Emanuel Steward က ကမ္ဘာ့ချန်ပီယံ (၄၁) ယောက်ကို လေ့ကျင့်ပေးဖူးပြီး SugarHill Steward လည်း ဦးလေးဆီကနေ ပညာသင်ယူခဲ့ရပါတယ်။

နည်းပြ Greg Jackson က Jackson Wink MMA Academy ကို ပူးတွဲပိုင်ဆိုင်သူပါ။ Jon Jones နဲ့ Georges St-Pierre တို့ရဲ့ ဆရာပါ။ နည်းပြ Greg Jackson လည်း ပွဲမထိုးဖူးပါဘူး။ ပြည်တွင်းဘက်ကို ပြန်သွားရအောင်။ ဆရာဦးဝင်းဇင်ဦးနဲ့ ဆရာကျော်စိုးတို့လည်း ထိပ်တန်းရိုးရာလက်ဝှေ့နည်းပြတွေပါ။ သူတို့ပွဲထိုးတာလည်း မကြားဖူးပါဘူး။

ကဲ . . . အချက်အလက်ကလည်း စုံသလောက်ဖြစ်နေပါပြီ။ လိုရင်းကို ပြန်ကောက်ရအောင်။ နည်းပြဆိုတာ ကစားသမားကို နည်းစနစ်ကောင်းအောင် သင်ပေးနိုင်ရမယ်။ ပွဲအတွက် နည်းဗျူဟာချမှတ်ပေးနိုင်ရမယ်။ ဒါက အဓိကအချက်ပါဲ။ ဒီအချက်တွေ မပြည့်စုံရင် ပွဲတစ်သောင်းထိုးဖူးလည်း နည်းပြကောင်း မဖြစ်နိုင်ပါဘူး။ ပွဲထိုးဖူးခြင်း၊ ပွဲမထိုးဖူးခြင်းက သာမညပါ။ ဒါပေမယ့် ပွဲထိုးဖူးရင် ပိုကောင်းပါတယ်လို့ ဆိုချင်ပါတယ်။

image
1 y - Translate

လျှပ်စစ်ငါးရှဉ့် (Electric Eel)

မှတ်မိကြသေးရဲ့လား။ ၂၀၁၄ ခုနှစ်ကထွက်တဲ့ Amazing Spider-Man 2 ဇာတ်ကားမှာ လျှပ်စစ်အင်ဂျင်နီယာ မက်စ်ဒီလွန် (Max Dillon) ကဗီဇပြုပြင်ထားတဲ့ လျှပ်စစ်ငါးရှဉ်ကန်ထဲကို ကျသွားပြီး လျှပ်စီးကိုထိန်းချုပ်နိုင်တဲ့ Electro ဗီလိန်ဖြစ်လာတဲ့အခန်း။ တကယ်အပြင်မှာတော့ လျှပ်စစ်ငါးရှဉ့်တွေက လူတစ်ယောက်ကို အဲ့လိုလျှပ်စီးတွေ ထိန်းချုပ်နိုင်အောင်တော့ မလုပ်ပေးနိုင်ပေမဲ့ လူတစ်ယောက်ကိုတော့ ကောင်းကောင်းဓာတ်လိုက်သွားအောင် လျှပ်စစ်ထုတ်နိုင်ကြပါသေးတယ်။ ဒါကြောင့် ဒီကောင်ကနံပါတ် ၁ နေရာမှာ ထိုက်ထိုက်တန်တန် နေရာယူထားတာပေါ့။ လျှပ်စစ်ငါးရှဉ့်တွေဟာ Electrophorus electricus မျိုးစိတ်ထဲကဖြစ်ပြီး တောင်အမေရိရေချိုဒေသတွေမှာ နေထိုင်ကြပါတယ်။ လျှပ်စစ်ငါးရှဉ့်တွေဟာ ရှည်ရှည်မျောမျောခန္ဓာကိုယ်နဲ့ အကြေးခွံမပါဘဲ အညိုရောင်ဘက်သန်းတဲ့ အရောင်ရှိပါတယ်။ လျှပ်စစ်ငါးရှဉ့်တစ်ကောင်ဟာ အများဆုံး ၂.၇၅ မီတာ (၉ပေ) အထိရှည်လျားနိုင်ပြီး ၂၂ ကီလိုဂရမ်အထိ အလေးချိန်ရှိကြပါတယ်။ သူ့ရဲ့ အမြီးပိုင်းဟာ ခန္ဓာကိုယ်အလျားရဲ့ ၄ ပုံတစ်ပုံလောက်ရှိပြီး အောက်ပိုင်း ရေယက်လေးတွေရှိပါတယ်။ ငါးရှဉ့် လို့သာအလွယ်တကူခေါ်နေကြတာ လျှပ်စစ်ငါးရှဉ့်က ငါးရှဉ့်အစစ်မဟုတ်ဘဲ ပီရန်ဟာ အသားစားငါးငယ်တို့နဲ့မျိုးတူတဲ့ characin ငါးမျိုးဖြစ်ပါတယ်။ ဒါပေမဲ့ ပုံစံက ငါးရှဉ့်လို ရှည်ရှည်မျောမျောဆိုတော့ ငါးရှဉ့်လို့ပဲခေါ်နေကြတာပါ။ ဒီလျှပ်စစ်ငါးရှဉ့်တွေဟာ အမေဇုံသစ်တောမှာရှိ varzea ရေလွှမ်းသစ်တောမှာတော့ ကြောက်စရာအကောင်းဆုံး အဏ္ဏဝါသားရဲတစ်ကောင်ပါပဲ။ လျှပ်စစ်ငါးရှဉ့်တွေဟာ နှေးနှေးလေးပဲသွားတဲ့ ငါးဖြစ်ပြီး အသက်ရူဖို့ ရေမျက်နှာပြင်ပေါ်ကို ခဏခဏ တက်လာလေ့ရှိပါတယ်။ သူရဲ့ ပါးစပ်ဟာ သွေးကြောအများအပြားနဲ့ ဖွဲ့စည်းထားပြီး သူ့ရဲ့ပါးစပ်ကို အဆုပ်အဖြစ် အသုံးချနိုင်တဲ့ငါးမျိုးပါ။ သဘာဝတရားကြီးကလည်း အံ့ဩဖို့ကောင်းပါတယ်။ ဒီလို့သူ့ရဲ့ ပါးစပ်ကို အဆုတ်အဖြစ် အသုံးချတဲ့ငါးဖြစ်တာကြောင့် ဆူးပါတဲ့ ငါးကို စားတော့မယ်ဆိုရင် သူ့ရဲ့ပါးစပ်ထိခိုက်မှာဆိုးတဲ့အတွက် အရင်ဆုံး လျှပ်စစ်နဲ့ ရှော့ရိုက်ပြီး သားကောင်မလှုပ်နိုင်တော့မှ အလွယ်တကူ စားသုံးတာပါ။ လျှပ်စစ်ငါးရှဉ့်ရဲ့ အမြီးမှာ လျှပ်စစ်ထုတ်လုပ်တဲ့အင်္ဂါတွေပါဝင်ပြီး ၃၀၀ ဗို့ကနေ ၆၅၀ ဗို့ အထိထုတ်လုပ်နိုင်ကာ ဒီပမာဏဟာ လူတစ်ယောက်ကို ကောင်းကောင်းဓာတ်လိုက်စေနိုင်ပါတယ်။ ဒါ့အပြင့် ဒီလျှပ်စစ်ထုတ်နိုင်တဲ့အမြီးကို အသုံးပြုပြီး သူတို့ဟာ မျိုးနွယ်တူလျှပ်စစ်ငါးရှဉ့်အချင်းချင်း ဆက်သွယ်နိုင်ကြပါသေးတယ်။

image