မင်းကို တန်ဖိုးမထားသူကို စွန့်လွှတ်ဖို့ ကြိုးစားပါ....
မင်းဆုံးရှုံးလိုက်ရမှာက တန်ဖိုးမဲ့တဲ့သူပါ....
သူဆုံးရှုံးလိုက်ရမှာက တန်ဖိုးရှိတဲ့သူပါ....
မင်းအတွက် အရှုံးမရှိပါဘူး ...
စွန့်လွှတ်သင့်တဲ့သူကို စွန့်လွှတ်ပါ
🤍🍂
#ᗩᒪoᑎᗴ
Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မင်းကို တန်ဖိုးမထားသူကို စွန့်လွှတ်ဖို့ ကြိုးစားပါ....
မင်းဆုံးရှုံးလိုက်ရမှာက တန်ဖိုးမဲ့တဲ့သူပါ....
သူဆုံးရှုံးလိုက်ရမှာက တန်ဖိုးရှိတဲ့သူပါ....
မင်းအတွက် အရှုံးမရှိပါဘူး ...
စွန့်လွှတ်သင့်တဲ့သူကို စွန့်လွှတ်ပါ
🤍🍂
#ᗩᒪoᑎᗴ
အမှန်အတိုင်း ဝန်ခံကြေးလို့ ပြောရင် ..
စကားတွေ စွံ့အသွားရော …
အခုလောလောဆယ်မှာ
အမှန်အတိုင်း ဝန်ခံရရင်
စိတ်အခြေအနေကော
အရာရာကော
ဘာတစ်ခုမှ အဆင်မပြေနေဘူးရယ်
ငါ …
စိတ်ကျရောဂါများ ရှိနေပြီလားဆိုပြီး
အကြိမ်ကြိမ်တွေးမိတဲ့ အရေအတွက်တွေရယ် …
လူတွေနဲ့ ဝေးရာကို ပြေးနေမိတဲ့အချိန်တွေရယ်
လိုက် တွက်ကြည့်နေမိတယ် …
အိပ်လိုက်ရင်
သက်သာသွားမှာဆိုပြီး
အိပ်ပေမယ့်
ညနက် သန်းခေါင်တွေကျရင်
ကြောင်တောင်တောင်နဲ့
နိုးထလာပြီး …
လူတွေ ပြေးလွှားလှုပ်ရှားသံကြားရင်
ကျွန်တော်က အိပ်ယာထဲပဲ
ခွေနေချင်မိတော့တာ …
ကျွန်တော့်ကို
အမှန်အတိုင်း ဝန်ခံနော်ဆိုတဲ့
စကားနဲ့
အစမချီတာကောင်းမယ်
လူတွေ ပျော်နေအောင်
ဟန်ဆောင်ပြုံးတတ်ပေမယ့်
တကယ် ငိုချမိရင်
တိတ်ဖို့ ခက်သွားလိမ့်မယ်
သိမ်းထားမိတဲ့
အနာတရတွေ
စိတ်ဒဏ်ရာတွေကို
တဖွဖွကြည့်ရင်း
ကျွန်တော် ပျော်နေပါတယ်ဆိုတဲ့စကားကိုပဲ
ယုံ….ပါ ။
#ကျေးကို
ငါကလူတစ်ယောက်ကို ငါမှားတယ်လို့
ခံစားနေရရင်သာ ပြန်တောင်းပန်ပြီး
ပြန်ခေါ်ဖို့ ဝန်မလေးတာ---"
အဲ့လိုမဟုတ်ဘဲ ငါ့ကို သူ့သဘောနဲ့သူ အဆက်အသွယ်ဖြတ်သွားတာဆိုရင် ဘယ်လိုအကြောင်းမျိုးနဲ့မှ နည်းနည်းလေးတောင် ပြန်မပတ်သတ်ချင်တော့ဘူး---"
လူဆိုတာ ကိုယ့်အကြောင်းတွေနဲ့ကိုယ်ပဲ။ အဲ့တော့ တစ်ဖက်သတ်ကြီး ခံစားချက်တွေကို လိုက်အလျှော့ပေးဖို့အထိတော့ ငါ့မှာတာဝန်မရှိဘူး ငါ့ပုံစံကို သဘောမကျရင် မပေါင်းနဲ့ပေါ့---"
- Thuz
ငိုစရာတွေများလာတော့
ရယ်ပဲ ရယ်နေမိတော့တယ်။
ဘဝဟာရပ်လို့မရတဲ့"ရထားတစ်စင်း"
အတိတ်ဆီပြန်လှည့်လို့မရသလို
အနာဂါတ်ဆီရောက်ဖို့
ခုန်ကျော်လို့လည်းမရ။
ပစ္စုပ္ပန်မှာ မပျော်လည်းနေရ
ပျော်လည်းနေရ
အခိုးအငွေ့လိုလွယ်လွယ်နဲ့
ပျောက်ကွယ်သွားရင်လည်းကောင်းသား။
အင်း.....မသေရဲသေး သရွေ့တော့
အသက်ရှင်ဖို့ကြိုးစားရမှာပဲ
မဟုတ်လား။
#ခမ်း
ပဲပြားချဉ်စပ် ချက်နည်း 🥘
(တစ်ခါလောက် သားသတ်လွတ် ခံတွင်းတွေ့ ချဉ်စပ်လေး ချက်စားလိုက်ပါဦးနော်) 👇👇
ပါဝင်ပစ္စည်းများ
ပဲပြား - ၄ တုံး ( လက် ၂ ဆစ်ခန့်အရွယ်တုံးပါ)
ကြက်သွန်နီ - ၃ လုံး( ပုံမှန်အရွယ်)
ကြက်သွန်ဖြူ - ၇ တက်(နုပ်နုပ်စဉ်းပါ)
ခရမ်းချဉ်သီး - ၂ လုံး( ခပ်နုပ်နုပ်စဉ်းပါ)
ပန်းငရုတ်ပွ - ၁ လုံး( လက်မအရွယ်မျှ လှီးပါ)
ဂျုံမှုန်. - အနည်းငယ်
ငရုတ်သီးစိမ်း - ၆ တောင့်( အစပ်ကြိုက်ပါက ထပ်ထည့်ပါ )
ပဲငံပြာရည် - အနည်းငယ် (ဇွန်းနဲ့ချိန်ထည့်ပါ)
ပာင်းခတ်မှုန်. - အနည်းငယ်
ငရုတ်ဆီ - အနည်းငယ်
သံပုရာသီး - တစ်ခြမ်း
ငရုတ်ကောင်းစေ့ - ၈ လုံးခန့် (လှော်ပြီးထောင်းထားပါ)
ကြက်သွန်မြိတ် / နံနံပင် - ၃ ပင်စီ (အနေတော် လှီး/ညှပ် ထားပါ)
🔺ဆီကို ပဲပြားမြုပ်အောင် ထည့်ပြီး အပူပေးထားပါ
🔺ပဲပြားတုံးလေးတွေကိုဂျုံမှုန်.အနည်းငယ်ဖြူးပြီးဆီပူပူမှာ ကြော်ပြီး အဝါရောင်သန်းချိန်မှာ..ဆယ်ယူဆီစစ်ထားပါ။
🔺ဒယ်အိုးကို အပူပေးပြီး လှီးထားတဲ့ ကြက်သွန်နီ / ဖြူတို.ကိုဆီသတ်ပြီးအနံ့မွှေးလာလျှင်လှီးထားသော ခရမ်းချဉ်သီး၊ ပန်းငရုတ်ပွသီး ၊ ငရုတ်သီးစိမ်းတို.ထည့်ပါ။
🔺အပေါ်ကအနှစ်ရပြီးဆိုလျှင် ကျက်ရုံမျှ ကြော်ထားတဲ့ ပဲပြားတို့ကို ပဲငံပြာရည်အကြည်၊ ပာင်းခတ်မှုန်.၊ ငရုတ်ဆီတို.ထည့်ပြီး အရသာစိမ့်ဝင်အောင် ဖြည်းဖြည်း မွှေပေးပါ ။
ထို.နောက်..သံပုရာရည်အနည်းငယ်ညှစ်ပြီးငရုတ်ကောင်းမှုန်.ထည့်ပါ။
🔺နောက်ဆုံးကျက်ခါနီးရင် ကြက်သွန်မြိတ်လေး/ နံနံပင် လေး ထည့်လိုက်ရင်...မွှေပျံ.ပြီး ချဉ်စပ်လေးနဲ့စားကောင်းတဲ့ ပဲပြားချဉ်စပ် ဟင်းလေးရပါပြီ....။