1 နှစ် - ဘာသာပြန်ပါ။

🌿🌿🌿
Heart Grape လေးးတွေ
😋😋

image
1 နှစ် - ဘာသာပြန်ပါ။

🌿🌿🌿
Heart Grape လေးးတွေ
😋😋

image
image
image
1 နှစ် - ဘာသာပြန်ပါ။

မွန်းကျပ်သမျှကို
only me ပဲ ထားပါတယ် ။

ကိုယ့်ဒုက္ခနဲ့ကိုယ် အိုစာတယ် ။
ကိုယ့်စိတ္တဇနဲ့ ကိုယ် ငိုပါတယ် ။

စိတ်အဆင်မပြေတာတွေလည်း မျိုသိပ်တယ် ။

ကြိတ်ငိုတာတွေလည်း ဖြေသိမ့်တယ် ။
ကိုယ့်မှာ ကိုယ်ပဲရှိပါတယ် ။ ။

-ခွန်ဟိဏ်း (ရေစကြို)

image
1 နှစ် - ဘာသာပြန်ပါ။

ကဲ မိုးမလင်းသေးဖူး နန်းရတီတို့ကတော့ ၁၀ခုမကတင်ပီ

image
1 နှစ် - ဘာသာပြန်ပါ။

ပြောပြချင်တဲ့အကြောင်းတွေရှိတယ်။
သိလည်းမသိစေချင်ဘူး။
ငါ့ရင်ထဲပေါ့သွားဖို့အတွက်လောက်နဲ့
မင်းဝမ်းနည်းရတယ်ဆိုရင် ဘယ်တရားပါ့မလဲ။

ထားလိုက်ပါတော့...

-အလင်းသင်

image
1 နှစ် - ဘာသာပြန်ပါ။

လတစ်လကုန်ခါနီးပြီဆိုတော့ ကိုယ့်ကိုယ်ကိုယ် Self Review လုပ်ဖို့ အချိန်ရောက်ပြီနော် 😍 ငါ ဒီတစ်လလုံးမှာ ဘာတွေလုပ်ခဲ့ပြီး ဘယ်လိုကုန်ဆုံးခဲ့လဲ?
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖြစ်ရဲ့လား?
ကိုယ့်ကိုယ်ကိုယ်အတွက် အချိန်ပေးဖြစ်လား?
ဘယ်လိုအလုပ်တွေလုပ်ပြီး ကိုယ့်ကိုယ်ကိုယ်အတွက် အကျိုးရှိစေခဲ့လဲ? စသဖြင့် တစ်လလုံးစာ review လုပ်ကြည့်ပြီး နောက်လတွေမှာရော ဘယ်လိုနေထိုင်သင့်သလဲဆိုတာ စဥ်းစားကြည့်ပါ။
တစ်လပြီး တစ်လကုန်ဆုံးတိုင်းမှာ ပျော်လည်းပျော်ရမယ်၊ တိုးတက်မှုတွေလည်းရှိရပါမယ်။
အားလုံးပဲ စိတ်ချမ်းသာ ပျော်ရွှင်မှုတွေကိုပိုင်ဆိုင်ရပါစေနော် 💕
#herbalcream #dailyneed

image
1 နှစ် - ဘာသာပြန်ပါ။

🐡 ငါးတစ်ကောင်ဆိုရင် Singular Noun ( တစ်ခုကိန်းနာမ် )ဖြစ်ပြီး - Fish လို့ပဲ ရေးတယ်။
🐠 🐠 အမျိုးအစားတူတဲ့ ငါးတွေ အများကြီး ဆိုရင်လည်း Plural Noun ( အများကိန်းနာမ် ) ဖြစ်ပေမဲ့ Fish လို့ပဲ ရေးပါတယ်။
(ဥပမာ - ငါးခူ ၁၀ကောင်ကို ဖော်ပြတဲ့အခါ ၁၀ကောင်ဖြစ်နေပေမဲ့ အမျိုူအစား ၁ခုထဲ ဖြစ်လို့ Fish လို့ပဲ သုံးပါတယ်။)
🐠 🐟🐡 ဒါပေမဲ့ အမျိုးအစားမတူတဲ့ ငါးတွေကို ဖော်ပြတဲ့အခါ ( plural noun) အနေနဲ့ - Fishes လို့ ရေးရမှာ ဖြစ်ပါတယ်။
(ဥပမာ - ငါးကြင်း, ငါးခူ, ငါးဖယ် စတဲ့ အမျိုးအစားတစ်မျိုးစီဖြစ်နေတဲ့ ငါး-၃ကောင်ကို မြင်တယ်ဆိုပါစို့ - သူတို့ကို ရည်ညွှန်းတဲ့အခါ -Fishes ( ငါးများ) လို့ ပြောရမှာပါ ။)
📖 English စာ သင်ကြမယ်
#englisheverywhere

image
1 နှစ် - ဘာသာပြန်ပါ။

ယနေ့ ဟင်းလျာပါရှင့်

image
image
image
1 နှစ် - ဘာသာပြန်ပါ။

ထိုင်းမှာ နိုင်ငံခြားသား (၅)သိန်းနီးပါးကို နိုင်ငံသား အသိမှတ်ပြုပေးသွားမယ်လို့ဆို

အောက်တိုဘာ ၃၁၊ နိုင်ငံတကာ။

ထိုင်းနိုင်ငံမှာ နှစ်ရှည်‌ရွှေ့ပြောင်းနေထိုင်တဲ့ နိုင်ငံခြားသား (၄၈၃၀၀၀) ဦးကို နိုင်ငံသား အဖြစ် အသိအမှတ်ပြု လက်ခံသွားမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

ထိုင်းအစိုးရအဖွဲ့ အစည်းအဝေးကို အောက်တိုဘာ ၂၉ ရက်နေ့က ကျင်းပခဲ့ပြီး အဲ့အစည်းအဝေးမှာ အခုလို ဆုံးဖြတ်ချက်ချမှတ်ခဲ့တယ်လို့ အစိုးရ ပြောရေးဆိုခွင့်ရှိသူ Jirayu Huangsap က ပြောပါတယ်။

နိုင်ငံသားအဖြစ် အသိအမှတ်ပြုမယ့်လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး အချက်အလက်တွေကိုတော့ လပိုင်းအတွင်း ထုတ်ပြန်ကြေညာသွားမယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံအတွင်း‌ ရွှေ့ပြောင်းနေထိုင်ခဲ့ကြသူတွေထဲက ၁၉၈၄ ခုနှစ်ကနေ ၁၉၉၉ ခုနှစ်အထိ နေထိုင်ခဲ့သူ ၁၂၀၀၀၀ ဉီး၊ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၁ ခုနှစ်အထိ နေထိုင်ခဲ့သူ ၂၁၅၀၀၀ ဦး၊ ထိုင်းမှာ မွေးဖွားကြီးပြင်းတဲ့ တိုင်းရင်းသားမျိုးနွယ် ကလေးငယ် ၂၉၀၀၀ ဦးနဲ့ နေထိုင်ခွင့်အထောက်အထားမရှိတဲ့ ထိုင်းနိုင်ငံမှာ မွေးဖွားလာတဲ့ ကလေးငယ် ၁၁၃၀၀၀ ဦးတို့ကို နိုင်ငံသားအဖြစ် အသိမှတ်ပြုပေးသွားမှာလို့ သိရပါတယ်။

#centralnewsnaypyitaw

image
Frankie မျှဝေသည်။ ပို့စ်  
1 နှစ်

1 နှစ်

ဘဝတစ်ဆစ်ချိုးရဲ့ စိန်ခေါ်မှုများ..

အသက်အရွယ်ကို လိုက်ကာ ဘဝမှာ စိန်ခေါ်မှုတော်တော်များများကို လူတိုင်းကြုံဖူးကြရမှာပါ။

သင်ရော ဘဝတစ်ဆစ်ချိုးမှာ စိန်ခေါ်မှုနဲ့ ကြုံပြီးပြီလား ..?

"လဲရင်ပြန်ထ ..ဒါဘဝပဲ ..တဲ့"

ပင်ပန်းသလောက်အရာမထင်ခဲ့မှုတွေ..

ထွက်ခွာခဲ့ရတဲ့ လုပ်ငန်းခွင်၊အသိုင်းအဝိုင်းတွေ ..

အေးစက်သွားတဲ့ ဆက်ဆံရေးတွေ ..

မဟုတ်မခံစိတ် ထကြွလာရတဲ့ အချိန်တွေ..

အဆူအပြော ခံလိုက်ရတဲ့ အခိုက်အတန့်တွေ..

မျှော်လင့်ချက် ပျောက်ဆုံးခဲ့ရတဲ့အချိန်တွေ..

ဘဝတစ်ဆစ်ချိုးမှာ ဒီလိုအပြောင်းအလဲတွေ၊Challenge တွေအများကြီး ကြုံတွေ့ရနိုင်ပါတယ်။ အခုလို အခြေအနေမျိုးတွေ ကြုံလာခဲ့ရင် မိမိစိတ်ကို အေးချမ်းစွာထားကာ Professional ဆန်စွာနဲ့ စိန်ခေါ်မှု၊ရှုံးနိမ့်မှုတွေကို သင်ခန်းစာအဖြစ် ပြောင်းလဲရယူသင့်ပါတယ်။

ခဏတာဖြစ်ပျက်တဲ့ ပြယုဂ်သဘောတရားတွေကို နားလည်ပြီး သည်းခံခြင်းတရားလက်ကိုင်ထားကာ ရှေ့ဆက်ခြင်းဖြင့် အရာရာတိုင်းက အဆင်ပြေအောင်မြင်ချောမွေ့သွားစေနိုင်မှာပါ။

ဘဝတစ်ဆစ်ချိုးရဲ့ ပြောင်းလဲလာမယ့်အချိန်တွေကို အေးချမ်းစွာဖြတ်သန်းရင်း လှပသာယာနေ့လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

#myspaceadmin
#frankiestories

image