ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
သူတို့မရှိတော့ရင်
ဘယ်လိုနေထိုင်ရမလဲ
ဆိုတာကလွဲရင် ဘဝက
အရာအားလုံးကို သင်ပေးခဲ့တယ် ။
#ဦးလေးကြီး
မမေ့နဲ့
ဘာတွေပဲဖြစ်နေနေ အရမ်းချစ်တာမမေ့နဲ့
လူတွေဟာ ကိုယ့်အပူ ကိုယ်သောကတွေကြားမှာ
အသက်ရှုကြပ်မတတ် ရုန်းကန်နေရတာမို့
ဒိီကြားထဲကပေးတဲ့အချိန်တွေနဲ့ ဂရုစိုက်မှုတွေကို
တန်ဖိုးထားတတ်ဖို့မမေ့နဲ့
ဘာတွေပဲဖြစ်နေနေ ဂရုစိုက်ပေးတာမမေ့နဲ့
အမှားတွေရှိလည်း ခွင့်လွှတ်ပေးနေပြီး
ကိုယ်မရှိရင်မဖြစ်ပါဘူးဆိုတဲ့သူကို
ငါမရှိလည်းဖြစ်နေတာပဲဆိုတဲ့
အတွေးမျိုးဝင်သွားအောင်မလုပ်နဲ့
ဘာတွေပဲဖြစ်နေနေ လက်မလျှော့ခဲ့တာမမေ့နဲ့
မနက်ဖြန်ဘာဖြစ်မယ်မှန်းမသိတဲ့အခြေအနေတွေမှာတောင် အဆင်ပြေဖို့အကြိမ်ကြိမ်ကြိုးစားပြီး
ကိုယ့်ရဲ့အပူအပင်တွေကို မျှယူပေးခဲ့တဲ့သူကို
နောက်တစ်နေ့ မနိုးထချင်လာအောင်မလုပ်နဲ့
ဘာတွေပဲဖြစ်နေနေ အစတွေကိုမမေ့နဲ့
ဘယ်လိုလမ်းတွေလျှောက်ခဲ့ရလဲ ဘယ်လောက်စိတ်တွေရှိခဲ့ကြလဲ ဒီနေ့ဒီနေရာကိုရောက်လာဖို့
အချိန်တွေ ဘယ်လောက်ပေးခဲ့ရလဲမမေ့နဲ့
ဘာတွေပဲဖြစ်နေနေ တစ်ယောက်ကိုတစ်ယောက်မမေ့နဲ့
ဖေးမခဲ့တာတွေမမေ့နဲ့ မရှိလို့မဖြစ်ခဲ့တာတွေမမေ့နဲ့
ကတ်ိတွေကိုမမေ့နဲ့ မပြောလည်းသိရမယ့်သစ္စာတရားတွေကိုမမေ့နဲ့
တစ်ခဏတာကောင်းပြတတ်တဲ့ပတ်ဝန်းကျင်ထဲမှာ
ကိုယ့်ကိုတကယ်ချစ်တဲ့လူ ကိုယ်ဘာဖြစ်နေနေမစွန့်သွားတဲ့သူကို ပိုချစ်ပေးဖို့မမေ့နဲ့
အကြိမ်ကြိမ်ပြန်ရဖို့ရှားတဲ့ ချစ်ခြင်းနဲ့လေးနက်မှုတွေကို
ထိန်းသိမ်းစောင့်ရှောက်တတ်ဖို့မမေ့နဲ့
အဓိက အစတွေကိုမမေ့နဲ့
လက်မလျှော့ခဲ့တာမမေ့နဲ့
ဂရုစိုက်ပေးခဲ့တာမမေ့နဲ့
ဘာတွေဖြစ်ဖြစ် အရမ်းချစ်တာမမေ့နဲ့ ။
Wai Yan Nwe
ဘယ်အရာမဆို ကိုယ်ဟာ ဦးဆောင်ရမှကြိုက်တဲ့လူမျိုးေလ။ ရန်ဖြစ်ရင်တောင် အရင် တောင်းပန်လိုက်တာမျိုး.....လာမစမ်းနဲ့😏😏🤌🤌
#kuukuu