1 y - Translate

အမ်းမရိတ်စ်ကွင်းမှာ ဗင်ဂါး၊အာတေတာ တို့ထက် တစ်ပွဲပျမ်းမျှရမှတ် ပိုများနေတဲ့ အမ်မရီ

ဗီလာအသင်းနည်းပြ အူနိုင်း အမ်မရီသည် အာဆင်နယ်အသင်း၏ အိမ်ကွင်းဖြစ်သည့် အမ်းမရိတ်စ်ကွင်းတွင် ပရီးမီးယားလိဂ်တစ်ပွဲပျမ်းမျှရမှတ်အများဆုံးရယူနိုင်သည့် နည်းပြအဖြစ် မှတ်တမ်းဝင်နေကြောင်း သိရသည်။မှတ်တမ်းများအရ အာဆင်နယ်အသင်းနည်းပြဟောင်းတစ်ဦးလည်းဖြစ်သူ အူနိုင်းအမ်မရီသည် အမ်းမရိတ်စ်ကွင်းတွင် ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲများမှ တစ်ပွဲပျမ်းမျှရမှတ်(၂.၂၆)မှတ်အထိ ရယူနိုင်ခဲ့ကြောင်း သိရသည်။ယင်းမှာ အမ်းမရိတ်စ်ကွင်းတွင် ပရီးမီးယားလိဂ်ပွဲ (၁၀)ပွဲအထက် ယှဉ်ပြိုင်ဖူးသောနည်းပြများထဲတွင် အများဆုံးပမာဏဖြစ်ပြီး အာဆင်နယ်အသင်း၏ ဂန္ထဝင်နည်းပြကြီး အာဆင်ဗင်းဂါး၊လက်ရှိနည်းပြ မီခေးလ် အာတေတာတို့ထက်ပင် ပိုများသော ပမာဏဖြစ်နေသည်။အမ်းမရိတ်စ်ကွင်းတွင် ဗင်းဂါးက ပရီးမီးယားလိဂ် တစ်ပွဲပျမ်းမျှရမှတ်(၂.၂၂)မှတ်၊အာတေတာက (၂.၁၁)မှတ်သာ ရယူနိုင်ခဲ့ကြသည်။

image
1 y - Translate

ပိုင်ဆိုင်သမျှ ရူပီးကုဋေ ၂၀၀ လုံးကို လှူဒါန်းပြီး သာသနာ့ဘောင် ဝင်တော့မယ့် အိန္ဒိယဇနီးမောင်နှံ

အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်မှ လူချမ်းသာ ဇနီးမောင်နှံနှစ်ယောက်ဟာ သူတို့ပိုင်ဆိုင်သမျှ အရာအားလုံး (ရူပီး ကုဋေ ၂၀၀ တန်ဖိုးရှိ)ကို ပရဟိတအဖွဲ့အစည်းထံ လှူဒါန်းပြီး သာ့သနာဘောင် ဝင်တော့မယ်လို့ ကြေညာခဲ့ပါတယ်။ ဘန်ဒါရီနဲ့ သူ့ဇနီးဟာ ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင်တွေ ဖြစ်ပြီး တခြားသန်းကြွယ်သူဌေးတွေလိုပဲ ဇိမ်ခံအိမ်တွေ၊ ကားအကောင်းစားတွေ၊ လက်ဝတ်ရတနာတွေ အများအပြား ပိုင်ဆိုင်ကြပါတယ်။

ဒါပေမဲ့ သူတို့ဟာ ရုပ်ဝတ္တုပစ္စည်းတွေထက် စိတ်နှလုံးအေးချမ်းရာကိုသာ အလိုရှိကြပြီး သူတို့ရဲ့ သားသမီးနှစ်ဦးနည်းတူ သာသနာ့ဘောင် ဝင်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ ဘန်ဒါရီရဲ့ သားနဲ့သမီးဟာ ၂၀၂၂ ခုနှစ်တုန်းက ဂျိမ်းစ်ဘုန်းကြီးနဲ့ ဂျိမ်းစ်သီလရှင်အဖြစ် သာသနာ့ဘောင်ကို အပြီးတိုင် ဝင်သွားခဲ့တာပါ။ ဘန်ဒါရီနဲ့ သူ့ဇနီးဟာ လာမယ့်ဧပြီလ ၂၂ ရက်ကျရင် ပိုင်ဆိုင်သမျှ အရာအားလုံးကို စွန့်လွှတ်၊ ဆွေမျိုးသားချင်းတွေနဲ့ အဆက်အသွယ်ဖြတ်ကာ သာသနာ့ဘောင် ဝင်ကြမှာပါ။

ဘန်ဒါရီနဲ့ သူ့ဇနီးတို့ဟာ ဂျိမ်းစ်ဘုန်းကြီး၊ သီလရှင်တွေရဲ့နည်းလမ်းအတိုင်း ပိတ်ဖြူဝတ်ကာ ခြေဗလာနဲ့ ဆွမ်းခံထွက်ရင်း အလှူရှင်တွေ လှူဒါန်းသမျှကိုသာ ဘုန်းပေးခွင့်ရမှာ ဖြစ်ပါတယ်။

Ref: Indian Couple Donate $24 Million Forune to Charity to Adopt Monkhood

image
1 y - Translate

မှားပါလာတာလားမသိ

ပင်မ က ပိုကောင်းတယ်
နေလို့လည်းကောင်း သောက်လို့လည်းကောင်း🥲😅

image
1 y - Translate

The magical land of Norway ❤❤❤❤

image
1 y - Translate

ဒီညီငယ်လေးကတော့ ဂျာမနီနိုင်ငံဘွန်ဒက်လီဂါ
ကလပ် အသင်းတစ်သင်းဖြစ်တဲ့ Frankfurt အသင်းရဲ့ အကယ်ဒမီမှာ မြန်မာနိုင်ငံရဲ့ အသက်ငယ်ဆုံး အဖြစ်
professional စာချုပ်ချုပ်ဆိုခြင်းခံလိုက်ရပါပြီ
မြန်မာနိုင်ငံအတွက်နောင်တစ်ချိန်မှာ
အားကိုးရလောက်တဲ့ ကစားသမားလေး ဖြစ်တော့မှာပါ
ကျွန်တော်တို့တွေ ဝိုင်းပြီး အားပေးကြရအောင်
သူ့နာမည်က တော့ သူရထက်ကျော် ဖြစ်​ပါတယ်
အသက်ကတော့ ၈ နှစ်အရွယ်သာ ရှိပါသေးတယ်ဗျ
ဂုဏ်ယူစွာနဲ့ ညီလေးကို တင်ပေးရခြင်းဖြစ်ပါတယ်
အားပေးနေပါတယ်ညီလေးရေ 💪💪
သူ့ acc လေးပါ ⬇⬇
https://www.facebook.com/profi....le.php?id=6155611872

image
1 y - Translate

ဒီညီငယ်လေးကတော့ ဂျာမနီနိုင်ငံဘွန်ဒက်လီဂါ
ကလပ် အသင်းတစ်သင်းဖြစ်တဲ့ Frankfurt အသင်းရဲ့ အကယ်ဒမီမှာ မြန်မာနိုင်ငံရဲ့ အသက်ငယ်ဆုံး အဖြစ်
professional စာချုပ်ချုပ်ဆိုခြင်းခံလိုက်ရပါပြီ
မြန်မာနိုင်ငံအတွက်နောင်တစ်ချိန်မှာ
အားကိုးရလောက်တဲ့ ကစားသမားလေး ဖြစ်တော့မှာပါ
ကျွန်တော်တို့တွေ ဝိုင်းပြီး အားပေးကြရအောင်
သူ့နာမည်က တော့ သူရထက်ကျော် ဖြစ်​ပါတယ်
အသက်ကတော့ ၈ နှစ်အရွယ်သာ ရှိပါသေးတယ်ဗျ
ဂုဏ်ယူစွာနဲ့ ညီလေးကို တင်ပေးရခြင်းဖြစ်ပါတယ်
အားပေးနေပါတယ်ညီလေးရေ 💪💪
သူ့ acc လေးပါ ⬇⬇
https://www.facebook.com/profi....le.php?id=6155611872

image
1 y - Translate

ဒီညီငယ်လေးကတော့ ဂျာမနီနိုင်ငံဘွန်ဒက်လီဂါ
ကလပ် အသင်းတစ်သင်းဖြစ်တဲ့ Frankfurt အသင်းရဲ့ အကယ်ဒမီမှာ မြန်မာနိုင်ငံရဲ့ အသက်ငယ်ဆုံး အဖြစ်
professional စာချုပ်ချုပ်ဆိုခြင်းခံလိုက်ရပါပြီ
မြန်မာနိုင်ငံအတွက်နောင်တစ်ချိန်မှာ
အားကိုးရလောက်တဲ့ ကစားသမားလေး ဖြစ်တော့မှာပါ
ကျွန်တော်တို့တွေ ဝိုင်းပြီး အားပေးကြရအောင်
သူ့နာမည်က တော့ သူရထက်ကျော် ဖြစ်​ပါတယ်
အသက်ကတော့ ၈ နှစ်အရွယ်သာ ရှိပါသေးတယ်ဗျ
ဂုဏ်ယူစွာနဲ့ ညီလေးကို တင်ပေးရခြင်းဖြစ်ပါတယ်
အားပေးနေပါတယ်ညီလေးရေ 💪💪
သူ့ acc လေးပါ ⬇⬇
https://www.facebook.com/profi....le.php?id=6155611872

imageimage
1 y - Translate

ဒူဘိုင်းမှာ ရေကြီးနေတာ Cloud Seeding နဲ့ဆိုင်လား?

အရင်ဆုံးနှစ်သစ်မှာ ဖုန်းအကြောင်းတွေမပြောသေးပဲ ဖတ်မိတဲ့ Article အကြောင်းနဲ့ပတ်သက်ပြီး လေ့လာမိထားတာကိုပြောပြပါဦးမယ်။ Cloud Seeding အကြောင်းပေါ့။

Cloud Seeding ဆိုတာ ဒေသတစ်ခုမှာ မိုးမရွာတဲ့အခါ မိုးရွာနိုင်အောင် လေယာဥ်တွေ၊ မိုးပျံဘောလုံးတွေသုံးပြီး မိုးရွာလာအောင် ဖန်တီးတဲ့ နည်းပညာတစ်ခုလို့ အကြမ်းဖျဥ်းမှတ်ယူနိုင်ပါတယ်။ Cloud Seeding လုပ်ဖို့အတွက် တိမ်တွေပေါ်ကို Silver Iodide လို့ခေါ်တဲ့ အမှုန်တွေကို ကြဲချပြီး ငွေ့ရည်ဖွဲ့စေပါတယ်။ ငွေ့ရည်ဖွဲ့ရင်းတိမ်တွေက မိုးရွာချဖို့ လုံလောက်တဲ့ ပမာဏရတဲ့အခါ မိုးရွာလာမှာပါ။ အနီးစပ်ဆုံး အိမ်နီးချင်းထိုင်းမှာပါ ဒီနည်းပညာကိုသုံးနေပါပြီ။ ဒူဘိုင်းလို ချမ်းသာပြီး တိုးတက်တဲ့နိုင်ငံဆိုရင် ပြောစရာတောင်မလိုပါဘူး။

ဒူဘိုင်းအနေနဲ့က မိုးရွာပြီး ရေရှားပါးမှုကိုကာကွယ်ဖို့၊ ရာသီဥတုထိန်းညှိဖို့အတွက် Cloud Seeding ကိုသုံးနေခဲ့ပေမယ့် ဒီတစ်ခါဖြစ်နေတဲ့ မိုးရွာပြီး ရေကြီးတဲ့ကိစ္စကတော့ Cloud Seeding နဲ့မဆိုင်ပဲ ရာသီဥတုဖောက်ပြန်တာဖြစ်တယ်လို့ မိုးလေဝသပညာရှင်အများစုက သုံးသပ်ထားပါတယ်။

ဒူဘိုင်းမြို့အနေနဲ့ ဒီလောက်များတဲ့ မိုးပမာဏကို ထိန်းသိမ်းဖို့ ရေနှုတ်မြောင်းတွေ၊ ဆက်သွယ်ရေးစနစ်တွေကို တည်ဆောင်ထားတာမဟုတ်လို့ အတော်လေးတိုင်ပတ်နေပါတယ်။ ခုလောလောဆယ်တော့ ဒူဘိုင်းမှာ လေယာဥ်တွေ Delay ဖြစ်၊ လူအသေအပျောက်တွေလည်းရှိနေပါတယ်။ ဒူဘိုင်းမှာ EV စီးတဲ့သူတွေလည်း အတော်လေးစိတ်ညစ်နေမယ်ထင်ပါတယ်။

image
1 y - Translate

ဒန့်ဒလွန်သီးချက်မစားဖြစ်သေးရင် မရင့်အောင် ခြောက်မသွားအောင် ဘယ်လိုသိမ်းမလဲ???

ရေနွေးပွက်ပွက်ဆူအောင်တည်ပြီး အကြောသင်ပြီးသား ပိုင်းဖြတ်ထားတဲ့ ဒန့်ဒလွန်ပိုင်းလေးတွေကို ပွက်ပွက်ဆူနေတဲ့ရေနွေးအိုးထဲထည့်ပြီး အဖုံးအုပ်ထားပါ။

တစ်မိနစ်လောက်ဆိုရပြီ။

ပြီး ရေငှဲ့ပြီးရေအေးထဲစိမ်ထားပါ။

ပြီးရင်ဇကာနဲ့ရေစစ်ထားပါ။

ရေခြောက်ရင် အိတ်နဲ့ဖြစ်ဖြစ် ဗူးနဲ့ဖြစ်ဖြစ်သေချာ ပိတ်ပြီး ရေခဲသေတ္တာထဲသိမ်းထားပါ။

စားချင်တဲ့နေ့မှထုတ်ချက်စားနိုင်ပါတယ်။
လချီပြီးအထားခံပါတယ်နော်။

ကိုယ်လဲfb ကသူများသင်ပြတာ
ကြည့်ပြီးလိုက်လုပ်တာအဆင်ပြေလို့
ပြန်မျှဝေတာပါ။

image
1 y - Translate

တကယ်တော့လေ
အဆင်မပြေရင်တစ်ယောက်တည်း
ငြိမ်နေလိုက်တာအကောင်းဆုံးပဲ။
ဘယ်သူ့ဆီကမှ နွေးထွေးမှုကိုသွားမလိုချင်နဲ့။
ကိုယ်ထင်သလိုဖြစ်မလာရင်
ပိုပြီးသိမ်ငယ်သွားစေတယ်။

အဆင်မပြေတဲ့အရာက ပိုအဆင်မပြေဖြစ်ပြီး
ဖိအားတွေပဲ ပိုများလိမ့်မယ်။ ပိုပင်ပန်းပါတယ်ကွာ။

မင်းအဆင်မပြေရင်
တစ်ယောက်တည်းငြိမ်ကုတ်နေလိုက်။
အဲဒါကပိုပြီး အလုပ်ဖြစ်လိမ့်မယ်။
ဘယ်သူ့ကိုမှ မလိုအပ်လေ ပိုကောင်းလေပေါ့ကွာ...။

💛🌼

image