2 နှစ်များ - ဘာသာပြန်ပါ။

ဆင်တူယိုးမှား စကားလုံးများ 📒

#crd

image
2 နှစ်များ - ဘာသာပြန်ပါ။

ဆင်တူယိုးမှား စကားလုံးများ 📒

#crd

image
image
image
image
Frankie မျှဝေသည်။ ပို့စ်  
2 နှစ်များ

2 နှစ်များ

နားလည်မှု့ပေးတဲ့ အချစ်♥️
နားလည်မှုထားပြီးချစ်မှသာ အချစ်ကအဓိပ္ပာယ်ရှိတာ🥰

#crd

2 နှစ်များ - ဘာသာပြန်ပါ။

ဝက် ကရင်သုပ် ပါဝင်ပစ္စည်းက ပုံထဲက ပုံထားတာ အကုန်ပါပဲ အရသာလေးတာကြိုက်ရင် ဆား သို့မဟုတ် ငံပြာရည် ထည့် နိုင်ပါတယ် ငရုတ်သီးအပုကို ရေနွေးနဲ့ပြုတ်ပြီး ရေစစ်ပြီး ဆား နဲနဲထည့်ထောင်းပါ

image
2 နှစ်များ - ဘာသာပြန်ပါ။

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(ဒီဇင်ဘာ - ၆ ရက်၊ နံနက် ၁၀ နာရီ)

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၆၂၁ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၃၇၂၄၁၅ ကျပ်

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၁၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၀၆၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၅၉၀၀၀၀၀ ကျပ်
ဝယ်ဈေး ၅၈၆၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၅၀ ကျပ်
ဝယ်ဈေး - ၄၃၅၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၈၀ ကျပ်
ဝယ်ဈေး - ၃၃၁၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၁၅ ကျပ်
ဝယ်ဈေး - ၄၅၉၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၀.၇၂ ကျပ်
ဝယ်ဈေး - ၁၂၇.၃၉ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၀၅ ကျပ်
ဝယ်ဈေး - ၉၈၀ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၁၄ ကျပ်
ဝယ်ဈေး - ၅၉၇ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၈၀ ကျပ်
ဝယ်ဈေး - ၂၉.၀၄ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၂.၆၁ ကျပ်
ဝယ်ဈေး - ၅၁.၂၇ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၄ ကျပ်
ဝယ်ဈေး - ၃.၀၆ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၆၈၀ ကျပ်
ဝယ်ဈေး - ၅၅၃၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၆၅ ကျပ်
ဝယ်ဈေး - ၂၇၉၀ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၇၅ ကျပ်
ဝယ်ဈေး - ၃၀၉၅ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၃ ကျပ်
ဝယ်ဈေး - ၅၅၈ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၁၃ ကျပ်
ဝယ်ဈေး - ၁၁၈၂ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

image

နားလည်မှု့ပေးတဲ့ အချစ်♥️
နားလည်မှု့ပေးတဲ့ အချစ်♥️
နားလည်မှုထားပြီးချစ်မှသာ အချစ်ကအဓိပ္ပာယ်ရှိတာ🥰

#crd

2 နှစ်များ - ဘာသာပြန်ပါ။

နင်ကတော့ ကလေးတောင်ရနေပြီပေါ့😜
ငါ့မှာတော့ ခုထိ ခရစ်စမတ်ရောက်တိုင်း နင်တစ်ယောက်တည်းအိမ်မှာကျန်ခဲ့တာကိုစိတ်ပူပြီးစောင့်ကြည့်ပေးနေရတုန်းပဲ 🙂

image
2 နှစ်များ - ဘာသာပြန်ပါ။

One day မင်းနဲ့အတူ အိပ်ရေးဝအောင် အိပ်မယ်😇

image
2 နှစ်များ - ဘာသာပြန်ပါ။

ပြင်သစ်အစိုးရပြုတ်ပြီး နိုင်ငံရေး အကျပ်အတည်းဖြစ်‌နေ

ပြင်သစ်နိုင်ငံတွင် အစိုးရအပေါ် အယုံအကြည်မရှိအဆိုကို မဲခွဲဆုံးဖြတ်ကာ အစိုးရအဖွဲ့ကို ဖြုတ်ချခဲ့ပြီးနောက် နိုင်ငံရေးအကျပ်အတည်းသို့ ဆိုက်ရောက်ခဲ့သည်။ လက်ယာယိမ်းဝန်ကြီးချုပ် မီရှယ် ဘာနီ‌ယေး၏ လူနည်စုညွန့်ပေါင်းအစိုးရသည် သုံးလအကြာတွင်ပင် အဆုံးသတ်ခဲ့ရသည်။

လက်ဝဲယိမ်းပါတီများ မဟာမိတ်အဖွဲ့က တင်သွင်းသော အယုံအကြည်မရှိအဆိုကို ရွှေ့ပြောင်းဝင်ရောက်မှု ကို ဆန့်ကျင်သော မရင်းလီပင်း၏ လက်ယာစွန်း National Rally ပါတီ အမတ်များက ထောက်ခံမဲပေးခဲ့သည်။ ဗုဒ္ဓဟူးနေ့ညပိုင်းက မဲပေးမှုတွင် စုစုပေါင်းအမတ်အရေအတွက် ၃၃၁ ဦးက ပြတ်သားသော အများစုမဲဖြင့် အစိုးရကို ဖြုတ်ချခဲ့သည်။

ကြာသပတေးနေ့နံနက်ပိုင်းတွင် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ရမည်ဖြစ်သော ဘာနီယေးက ပြင်သစ်နိုင်ငံသည် မရေရာသည့်အခြေအနေသို့ ကျရောက်သွားလိမ့်မည်ဟု မဲပေးမှုမတိုင်မီတွင် သတိပေးခဲ့သည်။

မဲခွဲဆုံးဖြတ်မှုအပြီးတွင် သမ္မတ မက်ခရွန်သည် ကြာသပတေးနေ့ညနေပိုင်းတွင် ရုပ်သံမှတဆင့် နိုင်ငံတော်သို့ မိန့်ခွန်းပြောကြားမည်ဖြစ်သည်ဟု ၎င်း၏ ရုံးက ပြောကြားခဲ့သည်။

အစိုးရပြုတ်ခဲ့မှုသည် သမ္မတ အီမန်နျူလ် မက်ခရွန်အတွက် သူ၏ သမ္မတသက်တမ်းနှစ်ကြိမ်မြောက်တွင် အဆိုးဝါးဆုံး နိုင်ငံရေးအကျပ်အတည်းကို ရင်ဆိုင်ရစေခဲ့သည်။ အစိုးရ၏ လိုငွေပြမှု ကြီးထွားနေစဉ်တွင် ၂၀၂၅ ခုနှစ် ဘတ်ဂျက်အတွက် မည်သို့ဆုံးဖြတ်မည်နည်းဆိုသည်နှင့် မက်ခရွန်က မည်သူကို ဝန်ကြီးချုပ် ခန့်အပ်မည်နည်းဆိုသည်တို့နှင့် ပတ်သက်၍ မရေရာမှုများရှိနေခဲ့သည်။

ဗုဒ္ဓဟူးနေ့က မဲခွဲဆုံးဖြတ်မှုသည် ၁၉၆၂ ခုနှစ် သမ္မတ ချားလ်စ်ဒဂိုးလ်လက်ထက်တွင် ဂျော့ပွန်ပီဒူးအစိုး၇အဖွဲ့ကို ဖြုတ်ချနိုင်ခဲ့ပြီးနောက်ပိုင်း နိုင်ငံတွင် ပထမဆုံးအကြိမ် အယုံအကြည်မရှိအဆို မဲခွဲမှု အောင်မြင်ခဲ့ခြင်းဖြစ်သည်။

2 နှစ်များ - ဘာသာပြန်ပါ။

တန့်ယန်းမြို့နယ်၌ ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသူ တရုတ် ၁၈ ဦးနှင့် မြန်မာ ၂၇ ဦးတို့အား လက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ ဒီဇင်ဘာ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၌ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသူ တရုတ်နိုင်ငံသား ၁၈ ဦးနှင့် မြန်မာနိုင်ငံသား ၂၇ ဦးတို့အား ငွေလိမ်လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၊ နောင်ဟီးကျေးရွာရှိ နေအိမ်တစ်လုံး၌ တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများ ပူးပေါင်းကာ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းများလုပ်ကိုင် နေကြောင်း သတင်းရရှိသဖြင့် အဆိုပါနေအိမ်အား သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထိုသို့ ရှာဖွေစစ်ဆေးခဲ့ရာ အဆိုပါနေအိမ်အတွင်း၌ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသူ ချိန်လှ(၃၀)နှစ်ပါ တရုတ်နိုင်ငံသား အမျိုးသား ၁၈ ဦး၊ မြန်မာနိုင်ငံသား ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်နေ အားဖျင်(ခ)စောက်ရီချုံ(၃၅)နှစ်ပါ အမျိုးသား ၁၇ ဦးနှင့် အမျိုးသမီး ၁၀ ဦးတို့အား Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းပြုလုပ်ရာတွင် အသုံးပြုသည့်ကွန်ပျူတာမျိုးစုံ ၂၆ လုံး၊ ဆက်စပ်ပစ္စည်း ၂၆ မျိုး၊ Star Link ၁ စုံ၊ ဖုန်းမျိုးစုံ ၁၃၀ လုံးနှင့် CZ 75 D 9MM အမျိုးအစားပစ္စတိုသေနတ် ၁ လက်၊ ကျည် ၈ တောင့်၊ Beretta 9MM အမျိုးအစားပစ္စတို သေနတ် ၁ လက်၊ ကျည် ၇ တောင့်၊ Type-81 အမျိုးအစားသေနတ် ၂ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၄၀ တောင့်၊ ၄၀ မမ ပြောင်း ၁ ခု၊ စကားပြောစက် ၆ လုံး၊ ဆိုင်ကယ် ၂ စီး၊ မီးစက် ၁ လုံး၊ WiFi စက် ၃ လုံး၊ DONG FENG ၆ ဘီးယာဉ် ၁ စီးတို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါဖမ်းဆီးရမိသူ ချိန်လှပါတရုတ်နိုင်ငံသား အမျိုးသား ၁၈ ဦး၊ မြန်မာနိုင်ငံသား အားဖျင်(ခ)စောက်ရီချုံပါ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၀ ဦးတို့အား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး တန့်ယန်းမြို့မရဲစခန်း၌ အီလက်ထရောနစ်ဆက်သွယ်ရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၃(က) ဖြင့်လည်းကောင်း၊ လဝကအက်ဥပဒေပုဒ်မ ၁၃(၁)ဖြင့်လည်းကောင်း အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

#centralnewsnaypyitaw

image
image
image
image