1 y - Translate

Part-2
မောင်ပေါက်ကျိုင်း // အောင်သင်း
(ရှုမဝရုပ်စုံမဂ္ဂဇင်း နိုဝင်ဘာ၊ ၁၉၇၄)
---
“မိဖုရားကြီးက သူ၏ တိတ်တိတ်ပုန်းချစ်သူ နဂါးကြီးသေရသည်ကို လုံးဝ မကျေနပ်။ ထို့ကြောင့် မောင်ပေါက်ကျိုင်းမသေသမျှ သူမနေပြီ။ အသပြာ တထောင်ပေး၍ နဂါးသေကောင်၏ အရေခွံကို ဆုတ်စေသည်။ အသပြာ တရာပေးပြီး ထိုနဂါးရေကို ခေါင်းအုံးချုပ်စေသည်။ နဂါး၏ အရိုးတို့ ဆံထိုး လုပ်၍ မြတ်နိုးစွာ ပန်ဆင်သည်။ ထိုအကြောင်းအရာများကို မောင်ပေါက်ကျိုင်းအား စကားထာဝှက်သည်။
ထောင်ပေးလို့ ဆုတ်၊
ရာပေးလို့ ချုပ်၊
ချစ်တဲ့သူအရိုး ဆံထိုးလုပ်။
“ဤစကားထာကို မောင်ပေါက်ကျိုင်းက ခုနစ်ရက်အတွင်း ဖော်နိုင်လျှင် သူ့ကို မသတ်တော့၊ ခုနစ်ရက်လည်၍ မဖော်နိုင်လျှင် ပေါက်ကျိုင်းကို သတ်မည်။ အသက်ကို လောင်းကြေးပြုသည်။”
ကျွန်တော်တို့သည် စကားထာကိုလည်း ချက်ချင်း ကျက်မှတ်လိုက် နိုင်သည်။ ကာရန်ကလေးထည့်ထားတော့ ရွတ်လို့လည်း ကောင်းသည်။ မှတ်လို့လည်း လွယ်သည်။ ပုံပြောဆရာသည် ညှို့ကွက်ကိုလည်း သိသည်။ ငြိလုံးကိုလည်း သွင်းတတ်သည်။
ကျွန်တော်တို့အဖို့ မောင်ပေါက်ကျိုင်း၏ အသက်ဘေးကို စိုးရိမ်မိကြလေပြီ။ တက္ကသိုလ်ပြည်တွင် သုံးနှစ်နေခဲ့လို့မှ တစိုးတစိ မတတ်ခဲ့သော မောင်ပေါက်ကျိုင်းမှာ မည်သို့လျှင် ဤပြဿနာကို ဖြေနိုင်ပါမည်နည်း။ ဤတွင် ပုံပြောဆရာက ကျီးဖို၊ ကျီးမ ဇာတ်လက်တက်ငယ်ကလေး တခုကို ထည့်သွင်းလိုက်သည်။ မောင်ပေါက်ကျိုင်း ရှင်ဘုရင်ဖြစ်သည်ကြား၍ လိုက်လာသော မိဘနှစ်ပါးက ကျီးဖို၊ ကျီးမ စကားပြောသံကို ကြားရသောကြောင့် ပြဿနာ၏ ရင်းမြစ်ကို သိသွားကြသည်။ ထို့ကြောင့် သင်းတွဲပြည်သို့ ခပ်သုတ်သုတ်ကလေး သွားကြသည်။ ဤသို့လျှင် မောင်ပေါက်ကျိုင်း၏ အသက်ကို လက်မတင်ကလေး အမီကယ်လိုက်ကြရသည်။ မောင်ပေါက်ကျိုင်းသည် မိဖုရားကြီးအား ရန်တုံ့မမှုဘဲ ထီးနန်းစံမြန်းသိမ်းပိုက်တော်မူသည်ဟု အဆုံးသတ်လိုက်သည်။ ကျွန်တော်တို့ ကျေနပ်ပါပြီ။ သပ်သပ်ရပ်ရပ် ရှင်းလင်း သွားသော ဇာတ်လမ်းကို နှစ်သက်ကြပါသည်။
သို့သော် ကျွန်တော်တို့ ပုံပြောဆရာသည် စိတ်ကူးဆန်းကြယ်သော သူ ဖြစ်သည်။ ထို့ကြောင့် ဆက်ဦးမည်။ မောင်ပေါက်ကျိုင်းနှင့် မိဖုရားကြီး ပျော်ရွှင်စွာ ပေါင်းသင်းနေထိုင်ကြပေါ့။ မင့် ဘာများဆက်စရာ ရှိသေးသနည်း။ သို့သော် ဆက်လာပြန်ပါပြီ။
“မိဖုရားကြီးတွင် သန္ဓေရှိရာ၊ နဂါးငွေ့သင့်သောကြောင့် ဖွားမြင်လာသော အမြွှာညီနောင်တို့မှာ စက္ခုနှစ်ကွင်း အလင်းမရရှိချေ။ မင်းကြီးက ရှက်နိုးတော်မူ၍ ဖျောက်ဖျက်စေဟုဆို၏။ မိဖုရားကြီးက မှူးမတ်တို့နှင့်တိုင်ပင်၍ ဝှက်ထား၏။ လူလားမြောက်မှ ဖောင်ပေါ်တင်၍ မြစ်ရေကြောတွင် မျှော‌စေ၏။ပြဿနာတခု တက်လာပြန်လေပြီ။ ဤဒုက္ခိတ သမ္ဘဝညီနောင်သည် ဖောင်တစီးနှင့် မည်သို့ဖြစ်လေမည်နည်း။ သိချင်စိတ်တို့ကို နှိုးဆော်ပြန် လေသည်။
“လမ်းတွင် စန္ဒမုခိ ဘီလူးမနှင့် တွေ့၊ မျက်စိကို ကုစား၊ ဘီလူးမတွင်သန္ဓေရှိ၊ ဘီလူးမကို လမ်းတွင် ဖောင်ပေါ်မှ နှင်ချခဲ့။ ဘီလူးမလည်း ငိုယိုထွက်သွားရာ တောင်တွင်းကြီးမြို့အနောက်ဘက် ဗိဿနိုးအရပ်မှာ သမီးငယ်ကိုဖွားမြင်၏။ ရသေ့တပါးက မြင်သော် ရင်သွေးငယ်ကို စားအံ့ထင်၍ ဂါထာရွတ်၊ ဘီလူးမ ထွက်ပြေးမှ ကလေးငယ်ကို ကောက်ယူမွေး၊ လက်ညှိုးနို့ချိုကျွေး၍ ကြီးပြင်းစေရာ၊ ပန်ထွာမင်းသမီးဟု တွင်၏။ သမ္ဘာဝညီနောင်တို့က ဧရာဝတီမြစ်ကြော၌ ဆက်လက်မျောလာ”
ဪ ... ခုမှ သတိရသည်။ ဤနေရာတွင် ပုံပြောသူက မကျန်ရစ် ခဲ့သော်လည်း ကျွန်တော်က မေ့ကျန်ရစ်ခဲ့သည့် အစဦးအကြောင်းကလေး တခုကို ပြန်ပြောရဦးမည်။ သင်းတွဲပြည်၏ အိမ်ရှေ့မင်းကြီး ခေပဒူတသည် ဝက်ကြီးတကောင်ကို အမဲလိုက်ရင်း ခရီးလွန်လာခဲ့သည်။ သို့သော် “ဒီဝက်ကို မရသမျှ ငါမပြန်ပြီ” ဟု ဆက်လိုက်ခဲ့ရာ သရေခေတ္တရာအရပ်ရောက်မှ ဝက်ကို ရသည်။ သို့သော် သံဝေဂရသည်ဖြစ်၍ ရသေ့ပြုပြီးလျှင် တောထဲမှာပဲ နေ၏။ ဤသည်တွင် သူ့ကျင်ငယ်ရေကို သမင်မတကောင် သောက်မိသောကြောင့် သန္ဓေစွဲ၍ ဗေဒါရီ မွေး၏။ လက်ညှိုးနို့ချိုဖြင့်ပင် ကြီးပြင်းစေရ၏။
စာဖတ်သူတို့ သိကြသည့်အတိုင်း သမ္ဘဝညီနောင်နှင့် ဗေဒါရီတို့မှ ဖွားမြင်သော ဒွတ္တဘောင်နှင့် ပန်ထွာမင်းသမီးတို့ စစ်ဖြစ်ကြရာ၊ ပန်ထွာမင်းသမီး အနိစ္စရောက်မှသာ ဇာတ်သိမ်းပြီးတော့သည်။
ပုံပြောဆရာသည် စပျိုးလာသော ဇာတ်လမ်းလေးမှ တဆင့်ပြီး တဆင့် တက်လာသည်။ တမြွာပြီး တမြွာ ခွဲလာသည်။ အဓိကဇာတ် ဆောင်တွေ တယောက်ပြီး တယောက် ပြောင်းပြသည်။ ဇာတ်ဆောင်နှစ် ယောက်ပြိုင်လည်း တင်သည့်အခါ တင်လိုက်သည်။ နောက်ဆုံး ရှုကွင်းကို သရေခေတ္တရာနှင့် ဗိဿနိုး နှစ်နေရာ ခွဲပေးလိုက်သေးသည်။ ဤသည်တွင် စစ်ဆင်ရေး ပရိယာယ်များဖြင့် ရှင်တု ရှင်ယောင် နှစ်ယောက်ကို စေလွှတ်၍ ရန်ပယ်စည်ကြီးကိုလည်း ဖျက်ဆီးစေသည်။ စစ်ရေး၌ပင် ဗိဿနိုးကို အလွယ် တကူ မရအောင် ဖန်တီးထားလိုက်သေးသည်။
မောင်ပေါက်ကျိုင်း၏ ဇာတ်လမ်းသည် အရိုးရှင်းဆုံးသော ဇာတ်လမ်း ကလေးကို ဖော်ပြဘိသို့ ရှိသည်။ လူ့ဘဝကြီး၊ လူ့သမိုင်းကြီးအကြောင်းကို ပြောပြဘိသို့လည်း ရှိသည်။
ကျောင်းသားတယောက်မှာ ၉ တန်းအောင်လျှင် ၁ဝ တန်းနှင့်ရင်ဆိုင်ရသည်။ ၁ဝ တန်းအောင်လျှင် ဘယ်တက္ကသိုလ်ရောက်လေမည်နည်းဟူသော ပြဿနာ ထပ်ပြီး တက်လာပြန်တော့သည်။ ပြဿနာကို ဖန်တီးသူမှာလည်း မိမိပင် ဖြစ်သည်။ ထိုပြဿနာကို ရှင်းရသူမှာလည်း မိမိပင် ဖြစ်သည်။
လူတွေကြောင့် ပြဿနာပေါ်ရသည်။ ထိုပြဿနာကို လူတွေကပင် ဖြေရှင်းရသည်။ သို့သော် ပြဿနာအမှတ်(၁)ကို ရှင်းလိုက်လျှင် ပြဿနာအမှတ်(၂)ကပေါ်လာပြန်သည်။ ထိုပြဿနာအမှတ်(၂)တွင် ပြဿနာအမှတ်(၃)၏ မျိုးစေ့က ကပ်ပါလာမြဲဖြစ်သည်။
ပြဿနာတို့ကို ရှင်းရခြင်းသည်ပင် အားပြိုင်မှု ဖြစ်တော့သည်။ ပြဿနာ ကြီးလေလေ၊ အားပြိုင်မှုကြီးလေလေ ဖြစ်သည်။ ပြဿနာတွေကို တခုပြီး တခု ရှင်းသွားရခြင်းသည်ပင် လူ့ဘဝဖြစ်၍ သေသွားမှသာလျှင် ထိုလူတယောက်၏ (သူ့အတွက်) ပြဿနာများ ကုန်ဆုံးခြင်းသို့ ရောက်တော့သည်။ မောင်ပေါက်ကျိုင်း၏ ဇာတ်လမ်းသည် လူ့ဘဝဇာတ်လမ်းသဘောကို လည်းကောင်း၊ ဝတ္ထုပုံပြင်တို့၏ အခြေခံဇာတ်လမ်းသဘောကို လည်းကောင်း သင်ပြနေသကဲ့သို့ ရှိပါပေသည်တကား။
---
#အောင်သင်း
#မောင်ပေါက်ကျိုင်း
#shared_by_louis_augustine
#sbla

image

စစ်ပွဲအတွက် အသင့်ပြင်ဆင်ထားဖို့ ဆွီဒင်နဲ့ ဖင်လန် ၎င်းတို့ နိုင်ငံသားတွေကို တိုက်တွန်း

နိုဝင်ဘာ ၂၀

ယူကရိန်းစစ်ပွဲ အရှိန်မြင့်လာစဉ်အတွင်း စစ်ပွဲအတွက် ဘယ်လိုပြင်ဆင်ရမယ်ဆိုတာကို နိုင်ငံသားတွေကို အကြံ ပြုထားတဲ့ လက်ကမ်းစာစောင် သန်းနဲ့ချီပြီး ဆွီဒင်နိုင်ငံက တနင်္လာနေ့ (နိုဝင်ဘာ ၁၈ ရက်နေ့) က စတင် ဖြန့် ဝေခဲ့သလို ဖင်လန်နို်င်ငံကလည်း ဝက်ဆိုက်အသစ်တစ်ခုကို ဖွင့်လှစ်လိုက်ပါတယ်။

နှစ်ပေါင်းများစွာ ဘက်မလိုက်နိုင်ငံအဖြစ်ရပ်တည်ခဲ့ကြတဲ့ နော်ဒစ်အိမ်နီးချင်းနှစ်နိုင်ငံဟာ ၂၀၂၂ ခုနှစ်မှာ ရုရှား က ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြိးနောက် အမေရိကန်ဦးဆောင်တဲ့ နေတိုးအဖွဲ့ထဲဝင်ရောက်ခဲ့ကြပါတယ်။

“လုံခြုံရေးအခြေအနေက အလွန်အရေးကြီးတဲ့အတွက် အကျပ်အတည်းမျိုးစုံနဲ့ နောက်ဆုံးမှာ စစ်ပွဲကိုရင်ဆိုင်ဖို့ အတွက် ကျွန်တော်တို့ရဲ့ ကာကွယ်ရေးစွမ်းရည်တွေကို မြှင့်တင်ဖို့လိုအပ်ပါတယ်။” လို့ ဆွီဒင်မြို့ပြအရေးပေါ် ကာကွယ်ရေးအေဂျင်စီရဲ့ ညွှန်ကြားရေးမှူး မိုက်ကယ်ဖရီဆယ်က ပြောပါတယ်။

ယူကရိန်းစစ်ပွဲစတင်ကတည်းက ဖြစ်လာနိုင်ခြေရှိတဲ့ စစ်ပွဲအတွက် စိတ်ပိုင်းဆိုင်ရာ လော်ဂျစ်စတစ်ပိုင်းဆိုင်ရာ အားလုံး ပြင်ဆင်ထားဖို့ ဆွီဒင်နိုင်ငံသားတွေကို ဆွီဒင်အစိုးရက တိုက်တွန်းခဲ့ပါတယ်။

စစ်အေးကာလပြီးဆုံးကတည်းက ဆွီဒင်နိုင်ငံဟာ ၎င်းတို့နိုင်ငံရဲ့ ကာကွယ်ရေးအသုံးစရိတ်တွေကို သိသိသာ သာ လျှော့ချခဲ့ပေမဲ့ ၂၀၁၄ ခုနှစ်မှာ ရုရှားက ယူကရိန်းနိုင်ငံရဲ့ ခရိုင်းမီးယားကျွန်းဆွယ်ကို ဝင်ရောက်သိမ်းပိုက် လိုက်တဲ့အချိန်မှာ ကာကွယ်ရေးအသုံးစရိတ်ကို ပြန်လည်မြှင့်တင်ခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး ဆွီဒင်နိုင်ငံဟာ ကန့်သတ်ထားတဲ့ စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းလာခဲ့သလို ကာ ကွယ်ရေးအသုံးစရိတ်မြှသင့်တင်ပြီး ဘော်လတစ်ပင်လယ်ထဲက Gotland ကျွန်းပေါ်မှာရှိတဲ့ ခံတပ်စခန်းကို လည်း ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။

ဆွီဒင်နိုင်ငံဟာ နိုင်ငံသားတွေအတွက် ဗုံးခိုကျင်းတွေ ထပ်မံတိုးချဲ့တည်ဆောက်ခဲ့ပြီး သောက်ရေတွေ၊ သယ် ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံတွေထောက်ပံ့ခဲ့သလို မြို့ပြကာကွယ်ရေးဝန်ကြီးတစ်ဦးကိုလည်း ခန့် အပ်ခဲ့ပါတယ်။

ဒါ့အပြင် လုပ်ကြံသတင်းတွေကို တိုက်ဖျက်ဖို့ ရည်ရွယ်ပြီး စိတ်ဓာတ်စစ်ဆင်ရေးအေဂျင်စီတစ်ခုကိုလည်း တည် ထောင်ခဲ့ပါတယ်။

တနင်္လာနေ့က စတင်ဖြန့်ဝေနေတဲ့ စာမျက်နှာ ၃၂ မျက်နှာပါ “အကျပ်အတည်း သို့မဟုတ် စစ်ဖြစ်လာခဲ့သော်” အမည်ရလက်ကမ်းစာအုပ်ငယ်လေးထဲမှာ စစ်ပွဲ၊ သဘာဝဘေးအန္တရာယ်၊ ဆိုက်ဘာတိုက်ခိုက်မှုနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေအတွက် ဘယ်လိုပြင်ဆင်ရမလဲဆိုတဲ့ သတင်းအချက်အလက်တွေကို ဖော်ပြထားပါတယ်။

လာမယ့် ၂ ပတ်အတွင်း အိမ်ထောင်စု ၅.၂ သန်းကို ဖြန့်ဝေမယ့် အဲဒီစာအုပ်ငယ်ဟာ ဒုတိယကမ္ဘာစစ်အပြီး ဆွီဒင်နိုင်ငံက ငါးကြိမ်ထုတ်ဝေခဲ့တဲ့ စာအုပ်ငယ်တွေထဲမှာ ခေတ်အမီဆုံးစာအုပ်ငယ်ဖြစ်ပါတယ်။

အခုထုတ်ဝေလိုက်တဲ့ လက်ကမ်းစာအုပ်ငယ်ထဲမှာ ရုရှား၊ ယူကရိန်း၊ ဒါမှမဟုတ် တခြားနိုင်ငံတစ်ခုခုကို နာမည် တပ်ပြီး ထည့်သွင်းဖော်ပြထားခြင်း မရှိပါဘူး။

ဆွီဒင်ကာကွယ်ရေးဝန်ကြီး ကားလ်အော်စကာဘိုလင်းက “ဆွီဒင်နိုင်ငံမှာ စစ်ပွဲဖြစ်ပွားလာနိုင်ကြောင်း” ဇန်နဝါ ရီလက သတိပေးခဲ့သလို အဲဒီအချိန်က ဆွီဒင်ကြည်းတပ်အကြီးအကဲ မိုက်ကယ်ဘိုင်ဒန်ကလည်း “ဆွီဒင်နိုင်ငံ ဟာ စစ်ပွဲအတွက် ပြင်ဆင်ထားရမှာဖြစ်ကြောင်း” ပြောဆိုခဲ့ပါတယ်။

ဆွီဒင်နိုင်ငံဟာ နှစ်ပေါင်း ၂၀၀ ကျော် စစ်ပွဲနဲ့ မထိတွေ့ဖူးတဲ့ နိုင်ငံဖြစ်ပါတယ်။

တပြိုင်တည်းမှာပဲ ဖင်လန်နိုင်ငံကလည်း အကျပ်အတည်းမျိုးစုံအတွက် ကြိုတင်ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေ ရှာဖွေစုဆောင်းတဲ့ ဝက်ဆိုက်တစ်ခုကို ဖွင့်လှစ်လိုက်ပါတယ်။

ရုရှားနိုင်ငံနဲ့ မိုင် ၈၃၀ (ကီလိုမီတာ ၁၃၄၀) နယ်နိမိတ်ထိစပ်နေတဲ့ ဖင်လန်နိုင်ငံဟာ စစ်ပွဲအတွက် တပ်အသင့် အနေအထားကို အဆင့်မြှင့်တပ်လှန့်ထားပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့အချိန်မှာတော့ ဖင်လန်နိုင်ငံဟာ ဖင်လန်-ရုရှား နယ်စပ်မှာ ကီလို မီတာ ၂၀၀ ရှည်လျားတဲ့ ခြံစည်းရိုးတည်ဆောက်သွားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

၁၀ ပေ အမြင့်ရှိတဲ့ အဲဒီခြံစည်းရိုးမှာ သံဆူးကြိုးခွေတွေ တပ်ဆင်သွားမှာဖြစ်ပြီး ၂၀၂၆ ခုနှစ်မှာ အပြီးတည် ဆောက်သွားဖို့ စီစဉ်ထားပါတယ်။

Ref: Sweden, Finland Urge Residents to Be Ready for War

Credit - MI News

#သတင်းဟင်းလေးအိုးကြီး

image

တောင်ကိုရီးယားက အသံထက်မြန်သည့် ခရုစ်ဒုံးကျည်ကို ထုတ်ဖော်ပြသ

နိုဝင်ဘာ ၂၀

တောင်ကိုရီးယားသည် မြောက်ကိုရီးယားကို သတိပေးသည့် အနေဖြင့် ဝေဟင်မှ သင်္ဘောပစ် ပဲ့ထိန်းဒုံးကျည်- ၂ (Air-to-Ship Guided Missile II) အမျိုးအစား အသံထက်မြန်သည့် ခရုစ်ဒုံးကျည်အသစ်ကို ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်ဟု Asia Times မှ ဖော်ပြခဲ့သည်။

ဒေသတွင်း တင်းမာမှုများ မြင့်တက်နေချိန်တွင် တောင်ကိုရီးယား ကာကွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (ADD) သည် ၂၀၂၄ ဆာချွန် လေကြောင်းပြပွဲ (2024 Sacheon Airshow)၌ ဒုံးကျည် အမျိုးအစားသစ်ကို ပြသခဲ့ သည်ဟု ယခုလအတွင်း Naval News သတင်းမှ ဖော်ပြခဲ့သည်။

ထိုဒုံးကျည်သည် အသံထက် ၂ ဆခွဲမြန်သည့် စူပါဆိုးနစ် ဒုံးကျည် အမျိုးအစားဖြစ်ပြီး ကီလိုမီတာ ၃၀၀ ကျော်တွင် ရှိသော ပစ်မှတ်များကို တိုက်ခိုက်နိုင်စွမ်းရှိကြောင်း သိရသည်။

ထိုဒုံးကျည်သည် တောင်ကိုရီးယား၏ FA-50 အပေါ့စား တိုက်လေယာဉ်နှင့် KF-21 Boramae တိုက်လေယာဉ် များ၏ တိုက်ခိုက်ရေး စွမ်းဆောင်ရည်များကို ပိုမိုမြင့်တက်စေလိမ့်မည်ဟု Naval News မှ ဖော်ပြခဲ့သည်။

ထိုဒုံးကျည်သည် အနိမ့်/အမြင့်မရွေး ပျံသန်းနိုင်သည့် ramjet ဒုံးအင်ဂျင်စနစ်ပါဝင်ပြီး ရေဒါနှင့် အီလက်ထရောနစ် မြင်ကွင်းရှာစနစ်တို့ ပေါင်းစပ်သော ပစ်မှတ်ရှာဖွေရေးစနစ် ထည့်သွင်းထားကြောင်း သိရသည်။

ထိုဒုံးကျည် ထုတ်လုပ်ရေး စီမံကိန်းတွင် Hanwha Aerospace ကုမ္ပဏီကဲ့သို့ ပြည်တွင်းကာကွယ်ရေး ကုမ္ပဏီများ ပါဝင်နေပြီး ၂၀၂၅ ခုနှစ်၌ စမ်းသပ်မှု ၃ ကြိမ် ပြုလုပ်ရန် စီစဉ်ထားသည်။

၂၀၂၆ ခုနှစ်မှ ၂၀၃၅ ခုနှစ်အထိ လုပ်ဆောင်မည့် ထိုစီမံကိန်းကို တောင်ကိုရီးယား၏ ကာကွယ်ရေးပစ္စည်း ဝယ်ယူရေး အစီအစဉ် မြှင့်တင်မှုကော်မတီက သုံးသပ် အတည်ပြုခဲ့ခြင်းဖြစ်ပြီး လျာထားဘတ်ဂျက်သည် ဒေါ်လာ သန်း ၄၂၀ ခန့်ရှိသည်။

ထိုဒုံးကျည်ကို FA-50 နှင့် KF-21 တိုက်လေယာဉ်များတွင်လည်း တပ်ဆင်နိုင်သဖြင့် ပိုလန်နှင့် ဖိလစ်ပိုင်တို့ကဲ့သို့ ပြည်ပနိုင်ငံများအတွက်လည်း တင်ပို့ရောင်းချနိုင်မည့် အခွင့်အလမ်းများ ပေါ်ပေါက်စေခဲ့သည်။

ယခင်က တောင်ကိုရီးယားသည် အသံထက်မြန်သည့် ဒုံးကျည်များ ထုတ်လုပ်မှုကို ကန့်သတ်ခဲ့သော်လည်း ယူကရိန်းစစ်ပွဲ ဖြစ်ပွားလာချိန်တွင် တောင်ကိုရီးယားသည် အသံထက်မြန်သော ခရုစ်ဒုံးကျည်များ ထုတ်လုပ်ရန် စိတ်ဝင်စားလာခဲ့ခြင်းဖြစ်သည်။

ပုံ - အသံထက်မြန်တဲ့ ဒုံးကျည်ကိုတွေ့ရစဉ်

#centralnewsnaypyitaw

image
1 y - Translate

အနေဝေးလို့ သွေးအေးဖို့နေနေသာသာ
မတွေ့တာကြာလေ တစ်ရက်ထက်တစ်ရက်ပိုလွမ်းလာလေပဲ ❤️

image
1 y - Translate

ဟုတ်ပါ့

image

တန့်ယန်းမြို့နယ်အတွင်း ကျားဖျန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၇၆၂) ဦးကို UWSA မှ တရုတ်ထံလွှဲပြောင်း

နိုဝင်ဘာ ၂၀

ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်အတွင်း ကျားဖျန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၇၆၂ ဦးကို UWSA မှ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း WSTV မှ ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။

ဖမ်းဆီးရမိသူများထဲတွင် ကျားဖျန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၇၆၂ ဦးအပြင် Starlink ဂြိုလ်တု ၇၆ ခု၊ ဖုန်း ၁၅၄၉ လုံးနှင့် ကွန်ဗျူတာ ၈၂ လုံးတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများကို သက်သေပစ္စည်းများနှင့်အတူ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

Credit - NV News

#သတင်းဟင်းလေးအိုးကြီး

image
image
image

ကိုးကန့်တပ် ခေါင်းဆောင် ဆေးကုသနေခြင်းသာဖြစ်ဟု တရုတ်အစိုးရပြော

နိုဝင်ဘာ ၂၀

တရုတ်ဘက်မှ အကျယ်ချုပ် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သတင်းထွက်ပေါ်နေသည့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ခေါင်းဆောင် ဖုန်တာရွှင်သည် ဆေးကုသမှုခံယူနေခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာ ၁၉ ရက်နေ့က ပေကျင်းမြို့တော်၌ပြုလုပ်သည့် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ Lin Jian က ပြောကြားခဲ့ကြောင်း South China Morning Post တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Lin Jian က "MNDAA အဖွဲ့ ခေါင်းဆောင် ဖုန်တာရွှင် ဟာ တရုတ်နိုင်ငံမှာ ဆေးကုသဖို့ခွင့်တောင်းခဲ့တာဖြစ်ပြီး အခုအခါ ဆေးကုသမှုခံယူပြီး ပြန်လည်နာလန်ထူလာနေပြီ" ဟု ပြောသည်။

ဖုန်တာရွှင်သည် ပြီးခဲ့သည့် အောက်တိုဘာလက တရုတ်အစိုးရ အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံရန် တရုတ်နိုင်ငံ သို့ ခရီးထွက်ခဲ့ပြီးနောက် ယနေ့အချိန်ထိ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်မရောက်လာသေးခြင်းဖြစ်ပြီး နိုဝင်ဘာ ၁၈ ရက်နေ့တွင် ဖုန်တာရွှင်ကို တရုတ်က အကျယ်ချုပ် ဖမ်းထားသည်ဆိုသော သတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။


ပုံ - နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ Lin Jianနှင့် ကိုးကန့်တပ်ခေါင်းဆောင်

#centralnewsnaypyitaw

image
1 y - Translate

Sasi ပါးနီ ထဲ အစ်မအကြိုက်ဆုံးအရောင်…
တော်တော်လှတာပါကွယ် 🥹
ကျောင်းသွား / ရုံးတက် daily looks နဲ့ပိုလိုက်တယ်
Blend လုပ်ရလည်း တအားလွယ်တာ
Cream သားအိအိလေးနဲ့
eyeshadow လိုပါ သုံးလို့ရတယ်
အဖုထွက်တာ ဘာညာ လုံးဝကိုမရှိဘူး
တစ်နှစ်နီးပါးအသုံးခံတယ်
#sweetbeautyworld

image

ကံပိုင်တည် နယ်စပ်ဂိတ်အနီးနားတွင် တိုက်ပွဲဖြစ်ပွားနေ
နိုဝင်ဘာ ၂၀

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ကံပိုင်တည်မြို့ နယ်စပ်ကုန်သွယ်ရေး ဂိတ်အနီးနားတွင် ယနေ့ နံနက် ၁၀ နာရီဝန်းကျင်က တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲ ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်ဖြစ်သည့် ကံပိုင်တည်မြို့အနီးက တပ်နှင့် ရဲတပ်ဖွဲ့တို့ လုံခြုံရေး ယူထားသည့် တပ်စခန်းအား KIA ဦးဆောင်သည့်အဖွဲ့မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်လာခြင်းကြောင့် တိုက်ပွဲများဖြစ်ပွားနေပြီး ဒေသခံပြည်သူများလည်း ပြန်လည်စစ်ဘေးရှောင်နေရကြောင်း မြို့ခံပြည်သူတစ်ဦးက ပြောသည်။

"ဒီမနက်မှာ စဖြစ်လာတာဟုတ်တယ်။ ကံပိုင်တည်မြို့နဲ့ နီးတဲ့ ရဲကင်းနဲ့ တပ်စခန်းကို KIA က လက်နက်ကြီးနဲ့ လာတိုက်တာ။ အခုတိုက်ပွဲဖြစ်နေတယ်။ ပြည်သူတွေလည်း နယ်စပ်ဂိတ်ဘက်ကို ပြန်စစ်ရှောင်နေရတယ်" ဟု ၎င်းကပြောသည်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်ဖြစ်သည့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးဂိတ်အား လုံခြုံရေး ဆောင်ရွက်ပေးနေသည့် စင်ကြိုင် အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်အား KIA၊ PDF ပူးပေါင်း အဖွဲ့က အောက်တိုဘာ ၂၁ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့၍ ဒေသခံပြည်သူများ စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး နယ်စပ်ကုန်သွယ်ရေးဂိတ်ကိုလည်း ပိတ်ပင်ထားခဲ့ကြောင်းသိရသည်။

ယင်းကဲ့သို့ တိုက်ပွဲများပြန်လည် ဖြစ်ပွားခဲ့၍ ဒေသခံပြည်သူအများအပြား နယ်စပ်ဂိတ်အနီး စစ်ဘေးတိမ်း ရှောင်ရခြင်းနှင့် ကုန်စည်ကားများအားလုံးလည်း ကံပိုင်တည် နယ်စပ်ဂိတ်တွင် ပိတ်မိနေကြောင်းသိရသည်။

Credit - NV Media

#သတင်းဟင်းလေးအိုးကြီး

image

မြန်မာနိုင်ငံသားတွေတင်ဆောင်လာတဲ့ကား တိမ်းမှောက်ပြီး (၇) ဦးသေဆုံး

နိုဝင်ဘာ ၂၀

ထိုင်းနိုင်ငံ၊ ဘန်လန်းခရိုင်အတွင်းမှာ မြန်မာနိုင်ငံသားတွေ တင်ဆောင်မောင်းနှင်လာတဲ့ ကား တိမ်းမှောက်ပြီး (၇) ဦးသေဆုံးသွားခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

သူတို့တွေဟာ တရားမဝင် နည်းလမ်းနဲ့ ဝင်ရောက်လာကြတာဖြစ်ပြီး ဘန့်ပလာရဲစစ်ရေးဂိတ် အရောက် အမြန် မောင်းနှင် ထွက်ပြေးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲ့လို ထွက်‌ပြေးမှုကြောင့် လမ်းကွေ့မှာ အရှိန်မထိန်းနိုင်ပဲ လမ်းဘေးမှာရှိတဲ့ လျှပ်စစ်မီးတိုင်ကို ဝင်တိုက်မိပြီး ကားဟာ ရေမြောင်းအတွင်း ပြုတ်ကျသွားခဲ့တယ်လို့ သိရပါတယ်။

ယာဉ်ပေါ်ပါလာတဲ့ မြန်မာနိုင်ငံသား အမျိုးသား (၂)ဦးနဲ့ အမျိုးသမီး (၅) ဦးသေဆုံးသွားခဲ့ပြီး ရုပ်အလောင်းတွေကို နခွန်ပတုန်ခရိုင်အတွင်းက ဆေးရုံကို ပို့‌ဆောင်ထားတယ်လို့ သိရပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်နိုင်ဖို့အတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့က လုပ်ဆောင်နေတယ်လို့လဲ သိရပါတယ်။

#centralnewsnaypyitaw

imageimage