ထိုင်းက ဆောက်လုပ်ဆဲ မိုးပျံ တံတားပြိုကျလို့ ထိခိုက်သေဆုံးမှုမှာ မြန်မာအလုပ်သမားများ ပါဝင်

နိုဝင်ဘာ ၂၉

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်တွင် ဆောက်လုပ်ဆဲ မိုးပျံ တံတားပြိုကျမှု‌ကြောင့် အလုပ် သမား တချို့ သေဆုံးမှု ဖြစ်ပေါ်ခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

တံတား ပြိုကျမှုကတော့ နိုဝင်ဘာ ၂၉ ရက်နေ့ နံနက် (၄)နာရီအချိန်လောက်က ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အလုပ်သမား (၁၀)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ (၄)ဦး သေဆုံးမှု ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားခဲ့တဲ့ အလုပ်သမားတွေထဲမှာ မြန်မာအလုပ်သမားတွေလဲ ပါဝင်တယ်လို့ ထိုင်းရောက် မြန်မာ အလုပ်သမား အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။

“ထိခိုက်တဲ့အထဲမှာ ညီ အစ်ကို (၃)ယောက်ဆို တစ်ယောက် သေဆုံးသွားတယ်။ တစ်ယောက် အရေးပေါ်အခြေနဲ့ တစ်ယောက်တော့ သေးသွားပေါက်နေလို့ လွတ်သွားခဲ့တယ်ပေါ့။ ဒိုက်ဦးဘက်ကလို့ သိရပါတယ်”လို့ အလုပ်သမားအရေး ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

အဲ့ဒီ လုပ်ငန်းခွင်မှာ အလုပ်သမား (၃၉) ဦးလောက်အလုပ် လုပ်ကိုင်နေခဲ့တာလို့ သိရပါတယ်။

#centralnewsnaypyitaw

imageimage

ဘဝမှာ -
[ No.1 ] ပိုက်ဆံစုပါ ။
[ No.2 ] တတ်နိုင်သမျှ ပေးကမ်းပါ ။
[ No.3 ] စိတ်ဓာတ်ကို အဆင့်အတန်းမြင့်မြင့်ထားပါ ။
[ No.4 ] အပေါင်းအသင်းကောင်း များများပေါင်းပါ ။
[ No.5 ] အကောင်းမြင်စိတ် မွေးနိုင်အောင်လုပ်ပါ ။
[ No.6 ] လူတွေရဲ့ ကဲ့ရဲ့မှုကို သိပ်အလေးမထားပါနဲ့ ။
[ No.7 ] အရာအားလုံးဟာ ကိုယ်နဲ့ဆိုင်နေတာ မဟုတ်ပါဘူး
မဖြစ်သေးတာကိုတွေးပြီး မစိုးရိမ်ပါနဲ့ ။
လက်ရှိကာလကို အကောင်းဆုံးနေပါ ။
[ No.8 ] စည်းကမ်းရှိပါ ၊ သပ်သပ်ရပ်ရပ် ဝတ်ဆင်ပါ ။
[ No.9 ] စာများများဖတ်ပါ ။
{ ပိုက်ဆံမရပေမယ့် နှိုင်းလို့မရတဲ့ပညာတွေရပါတယ် }
[ No.10 ] ကိုယ်ထူးချွန်တဲ့အလုပ်ကနေ အောင်မြင်အောင်လုပ်ပါ ။
[ No.11 ] အလုပ်တစ်ခုကို တစိုက်မတ်မတ်လုပ်ပါ ။
အောင်မြင်မှုက အနှေးနဲ့အမြန် ရောက်ပါလိမ့်မယ် ။
[No.12 ] ကျေးဇူးရှိဖူးရင် ကျေးဇူးတရားမမေ့ပါနဲ့ ။
[ No.13 ] ကိုယ်ယုံကြည်ရာ ကိုးကွယ်ပါ ။
ယုံယုံကြည်ကြည် ကိုးကွယ်ပါ ။
{ အကျိုးကျေးဇူးကို တစ်နေ့ခံစားရပါလိမ့်မယ် }
[ No.14 ] ကံကိုမယုံပါနဲ့ ။
{ ကံဆိုတာအလုပ်ပါ ။ အလုပ်ကောင်းရင်ကံကောင်းမယ် }
[ No.15 ] ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိပါ ။
ကိုယ့်ကိုယ်ကိုသာ အားကိုးပါ ။ ။
{ အကောင်းကိုလက်ခံနိုင်သလို
အဆိုးကိုလည်းခံနိုင်အောင် ကြိုးစားပါ } 🚩
Crd#

image
2 yrs - Translate

ဆရာ့ဆရာကြီးတွေပဲသိနိုင်မယ့် meme လေး

#anihub
#admin_hidan

image
2 yrs - Translate

ကိုယ်သဘောဆန္ဒ မပါဘဲ
ဝေးသွားခြင်းတွေပေါ့
အချစ်ရေ.. မင်းနိုင်ပါတယ်။

💭 | | 25.11.2024

image
2 yrs - Translate

1year လောက်အထိမြဲတာနဲ့ အချစ်ကတစ်ကယ်ရှိပါတယ်ဆိုပီး ပြောတဲ့အတွဲတွေ ရှိရင် လေးနှစ်လောက်ဇာတ်လမ်းလေးတစ်ပုဒ်ကိုဘာမဟုတ်တဲ့ ပြ-ဿ- နာ လေးနဲ့ ရ-ပ် စဲ သွားတဲ့ အကြောင်းလေး အချိန်ရရင်ပြောပြချင်သေးတယ်။

#crd

image
2 yrs - Translate

🖤

image
2 yrs - Translate

၁၂ရာသီဖွားများအတွက် တစ်ပတ်စာဟောစာတမ်း(Part-2)

7. Libra ♎ September 23-October 22
ဒီရာသီဖွားများအနေနဲ့အခုရက်ပိုင်းမိမိစိတ်ကိုထိန်းချုပ်နေရသောသဘောရှိပါတယ်။အခက်အခဲများကြုံနေရသော်လည်းမိမိအတွက်သင့်တော်သောအခွင့်အရေးသစ်များ ကောင်းမွန်သောသတင်းများ ကြားရတတ်ပါတယ်။စီးပွားရေး နှင့်ငွေကြေးကံအသင့်အတင့်ရှိပြီး မိမိကြိုးစားသလောက် အကျိုးပေးပါလိမ့်မယ်။ကိုယ်ပိုင် စီးပွားရေး လုပ်ကိုင်သူများအပြောင်းအလဲတခုခုရှိနိုင်ပါတယ်။ပညာရေး တွင် လမ်းပျောက်နေတတ်သော်လည်းအတွေးအမြင်အသစ်များရရှိနိုင်ပြီးမိမိရှေ့ရေးအတွက်ကောင်းမွန်မည့်လမ်းကြောင်းသစ်တခုပေါ်လာပါလိမ့်မယ်။ကျန်းမာရေး အနေဖြင့်ခါးအထက်ပိုင်းနှင့်အမြင်အာရုံဆိုင်ရာရောဂါများသတိပြုရပါမယ်။အချစ်ရေးနှင့်ပါတ်သက်၍စကားများရတတ်ပြီးစိတ်ဖိစီးမှုများတတ်ပါတယ်။တဦးအပေါ်တဦးအထင်လွဲမှားတတ်သည်ကိုသတိပြုရပါမယ်။

8. Scorpio ♏ October 23-November 22
ဒီရာသီဖွားများအနေဖြင့်ယခုလတ်တလောကံဇာတာကောင်းမွန်နေပြီးမိမိလုပ်ကိုင်သောအလုပ်များမိမိလျှောက်သောလမ်းကြောင်းများတွင်အသာစီးရပါလိမ့်မယ်။စီးပွားရေး နှင့်ငွေကြေးကံသင့်တင့်မျှတမှုရှိနေပြီးမိမိ၏ဝင်ငွေထွက်ငွေကိုမိမိကိုယ်တိုင်ထိန်းညှိ၍စီမံနိုင်ပါကပို၍အောင်မြငိနိုင်ပါလိမ့်မယ်။ပညာရေးတွင်မိမိလျှောက်လိုသောလမ်းကိုရွေးချယ်ပါကရှေ့လျှောက်ပို၍အဆင်ပြေနိုင်ပါတယ်။မိမိကိုယ်တိုင်စိတ်ပါဝင်စားသောလမ်းကြောင်းများကိုဦးစားပေးသင့်သောကာလဖြစ်ပါတယ်။ကျန်းမာရေး ကံကောင်းမွန်ပြီးမတော်တဆထိခိုက်မှုများနှင့်ရောဂါအခံရှိသူများသတ်ိပြုရပါမယ်။အချစ်ရေးတွင်တစ်ဖက်အပေါ်တစ်ဖက်ကအနိုင်ယူနေတတ်ပြီးလွှမ်းမိုးနိုင်တာတွေ့ရပါတယ်။အချင်းချင်း သူဖက်ကိုယ့်ဖက်တွေးပေးတတ်ရန်လိုအပ်ပါလိမ့်မယ်။

9. Sagittarius ♐ November 23-December 21
ဒီရာသီဖွားများအနေနဲ့စိတ်ခံစားလွယ်နေတတ်ပြီးအပြောင်းအလဲအတက်အကျများနေတတ်ပါမယ်။စီးပွားရေး နှင့်ငွေကြေးတွင်အမျိုးသမီးများငွေကြေးကံကောင်းနေတတ်ပြီးလုပ်ငန်းရှင်များအနေဖြင့်ပူးပေါင်းလုပ်ဆောင်မှုများလုပ်ဆောင်သင့်သောကာလဖြစ်သည်။ပညာရေးကံကောင်းမွန်ပြီးတီထွင်စမါးသစ်မှုအား‌ေကာင်းပြီး ကြိုးစားသလောက်အရာထင်ပါလိမ့်မယ်။ကျန်းမာရေးအသင့်အတင့်ရှိပြီး အရိုးအဆစ်ဂရုစိုက်ရပါမယ်။အချစ်ရေးမှာတော့ အဆင်ပြေနိုင်သေည်လည်းစကားအပြောအဆိုသတိပြုရပါမယ်။

10. Capricorn ♑ December 22-January 19
ဒီရာသီဖွားများနှင့်ပါတ်သက်၍လတ်တလောတွင်အတိုက်အခံများနေတတ်သော်လည်း ရင်ဆိုင်ဖြေရှင်းနိုင်ပါလိမ့်မယ်။မိမိကိုယ်ကိုအတွက်ပို၍အချိန်ပေးသင့်သောကာလဖြစ်ပါတယ်။စီးပွားရေး နှင့်ငွေကြေးကံအတက်အကျများပြီးမထင်မှတ်ထားသောအခါများတွင်ဝင်ငွေရရှိတတ်သော်လည်းတခါတရံမိမိအားထုတ်သလောက်မဖြစ်ထွန်းနိုင်သောအရာများလည်းရှိတတ်ပါတယ်။ပညာရေးကံကောင်းမွနိပြီးအခွင့်အရေးကောင်းများရရှိနိုင်ပါတယ်။သိုရာတွင်မိမိစိတ်အာရုံပျံ့လွှင့်ခြင်း မပြတ်သားခြင်း အတွေးများခြင်း တို့ကြောင့် အခက်အခဲကြုံရတတ်ပါတယ်။ကျန်းမာရေး အနေဖြင့်ကောင်းမွန်ပြီးမတော်တဆထိခိုက်ရှနာမျိုးသတိပြုရန်လိုပါလိမ့်မယ်။ရောဂါအခံရှိသူများကမျက်စိနှင့်အရိုးအဆစ်ကိုက်ခဲခြင်းကိုဂရုစ်ုက်ရပါမယ်။အချစ်ရေးတွင်ကံအသင့်အတင့်ကောင်မွန်ပြီးမိမိ၏မာနကြောင့်နားလည်မှုလွဲခြင်း စကားများခြင်းများ ဖြစ်တတ်သည်ကိုသတိပြုရပါမယ်။

11. Aquarius ♒ January 20-February 19
ဒီရာသီဖွားများအနေနဲ့ယခုလတ်တလောတွင်စိတ်အတက်အကျမြန်နေတတ်ပြီးမိမိကိုယ်ကိုအတွက်မျှတမှု မှန်ကန်မှု များကိုအလေးပေးနေပါလိမ့်မယ်။စီးပွားရေး နှင့်ငွေကြေးကံအသင့်အတင့်ရှိသော်လည်းဝင်ငွေထွက်ငွေညီနေသောကြောင့်သုံးစွဲမှုကိုချင့်ချိန်ရပါလိမ့်မယ်။လုပ်ငန်းရှင်များအနေနဲ့အခြားသောလူမှုရေးဆိုင်ရာအရှုပ်အရှင်းများကြောင့်စိတ်ရှုပ်ရတတ်ပါတယ်။ပညာရေးကံကောင်းမွန်ပြီးအုပ်စုဖွဲ့လုပ်ဆောင်ခြင်း  မိတ်ဆွေသူငယ်ချင်းများထံမှကောင်းကျိုးရရှိခြင်းစသောကောင်းမွန်မှုများနှင့်ကြုံတွေ့ရနိုင်ပါတယ်။ကျန်းမာရေး အနေနဲ့အာရုံကြောနှင့်ပါတ်သက်သောရောဂါများသတိပြုရပါမယ်။
အချစ်ရေးနှင့်ပါတ်သက်၍စိတ်အလိုမကျဖြစ်နေတတ်ပြီးသူ့ဘက်ကိုယ့်ဘက်အပြိုင်အဆိုင်တင်းမာမှုများဖြစ်နေတတ်သောကြောင့်မိမိ၏စိတ်ခံစားချက်နှင့်ဦး‌ေနှာက်ကိုမျှတစွာတွေးခေါ်ရန်လိုအပ်လိမ့်မယ်။

12. Pisces ♓ February 20-March 20
ဒီရာသီဖွားများအနေနဲ့လတ်တလောတွင်စိတ်ပိုင်းဆိုင်ရာပင်ပန်းရခြင်း မိမိစိတ်ကိုထိန်းချုပ်ရခက်ခြင်း များကြုံတွေ့ရနိုင်ပါတယ်။စီးပွားရေး ကံ အသင့်အတင့်ကောင်းမွန်ပြီးမိမိလုပ်ငန်းနှင့်ဆိုင်သော သို့ ငွေကြေးနှင့်ပါတ်သက်ပြီး စကားပြောရတတ်ပါတယ်။မိမိရရှိသောဝင်ငွေထက်လုပ်အားပိုရပါလိမ့်မယ်။ပညာရေးတွင်အပြိုင်အဆိုင်ရှိတတ်ပြီးတွေးခေါ်မှုမှားယွင်းခြင်းကဲ့သို့သောအခက်အခဲများကြုံတွေ့ရနိုင်ပါတယ်။ကျန်းမာရေး အနေနဲ့ခါးအထက်ပိုင်းနှင့်အာရုံကြောဆိုင်ရာရောဂါများသတိပြုရပါမယ်။အချစ်ရေးတွင် ပြိုင်ဆိုင်သူများပြီးမထင်မှတ်ထားသောအကြောင်းအရာငယ်များနှင့်ပါတ်သက်၍ငြင်းခုန်ရတတ်ပါတယ်။

#tarotqueen

2 yrs - Translate

တနေရာတည်း၊တချိန်တည်း
၁၂လ ဆက်တိုက်ရိုက်ကူးထား
တဲ့ နေထွက်ချိန်နေ၏ပုံ၁၂ပုံပါ။နေဟာတသမတ်ထဲအရှေ့ဖက်ကပဲထွက်တာမဟုတ်ပါဘူး။အရှေ့ဖက်၊အရှေ့မြောက်ဖက်၊အရှေ့တောင်ဖက် အသီးသီးကနေထွက်ပါတယ်။

နန်း ယု

12 Pictures of The Sun, Each Month, Same Place, Same Time.
Photo by Ciro Russo

image
2 yrs - Translate

အရမ်းလည်းလွမ်းရသလို
အရမ်းလည်းတွေ့ချင်တယ်။
ဘယ်လောက်လွမ်းနေကြောင်းကအစ
ဘယ်လောက်ချစ်ကြောင်းလည်း
ပြောပြချင်တယ်။
အနားမှာ အကြာကြီးရှိနေပေးဖို့လည်း
တောင်းဆိုချင်တယ်။
အတိတ်က ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့
လက်ရှိမှာ သူက ကိုယ့်အပိုင်လေး‌ဆိုတာက
တွေးမိတိုင်းလည်း ကြည်နူးရတယ်။

💭 || 29.11.2024

image

အမေရိကန်က အစ္စရေးကို ဒေါ်လာ သန်း ၆၈၀ တန်ဖိုးရှိ လက်နက်ရောင်းရေးလုပ်နေ

နိုဝင်ဘာ ၂၉

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) အစိုးရအဖွဲ့သည် အစ္စရေးကို ဒေါ်လာ သန်း ၆၈၀ တန်ဖိုးရှိ လက်နက်ရောင်းချရေး အစီအစဉ်ကို ရှေ့တိုး လုပ်ဆောင်နေကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

အမေရိကန်သည် လက်ဘနွန်တွင် အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအဖွဲ့အကြား အပစ်အခတ်ရပ်စဲရေးကို ကြားဝင် စေ့စပ်ပေးခဲ့သည့်တိုင် အစ္စရေးကို လက်နက်ရောင်းချရန် ပြင်ဆင်နေခြင်း ဖြစ်သည်ဟု အမေရိကန်အရာရှိ တစ်ဦးက ပြောသည်။

ထိုလက်နက်ရောင်းချရေး အစီအစဉ်ကို Financial Times သတင်းစာက ပထမဆုံး သတင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

ထိုအစီအစဉ်ထဲတွင် ထောင်နှင့်ချီသည့် ပူးတွဲတိုက်ရိုက် တိုက်ခိုက်ရေး ဗုံး (JDAM)များ နှင့် ရာနှင့်ချီသည့် လုံးပတ် သေးသည့် ဗုံးများ ပါဝင်ကြောင်း အမည်မဖော်လိုသည့် အမေရိကန်အရာရှိက ပြောသည်။

အီရန်က ကျော်ထောက်နောက်ခံ ပေးထားသည့် ဟစ်ဇ်ဘိုလာအဖွဲ့နှင့် အစ္စ‌ရေးအကြား တစ်နှစ်ကျော်ကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကို အဆုံးသတ်ခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိပြီး တစ်ရက် အကြာမှာပင် ထိုသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

အစ္စရေးသည် ဟစ်ဇ်ဘိုလာနှင့် အပစ်အခတ်ရပ်စဲသော်လည်း ဂါဇာတွင် ၎င်း၏ အဓိက ရန်သူဖြစ်သည့် ဟားမာ့စ် အဖွဲ့ကို ဆက်လက် တိုက်ခိုက်နေဆဲဖြစ်သည်။

အမေရိကန်သည် ဩဂုတ်လက အစ္စရေးကို ဒေါ်လာ ၂၀ ဘီလျံ တန်ကြေးရှိ တိုက်လေယာဉ်များနှင့် အခြားစစ်ရေး အသုံးအဆောင်ပစ္စည်းများ ရောင်းချသည့် အစီအစဉ်အပြီးတွင် ယခုအစီအစဉ်သစ် ထွက်ပေါ်လာခြင်းဖြစ်သည်။

အစ္စရေး၏ အကြီးဆုံးမဟာမိတ်ဖြစ်သည့် အမေရိကန်သည် ဂါဇာစစ်ပွဲ စတင်သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ကတည်းက အစ္စရေးကို ထောင်နှင့်ချီသည့် Hellfire ဒုံးကျည်များ၊ ပေါင် ၂၀၀၀ အလေးချိန်ရှိ ဖျက်အားပြင်းဗုံး ၁၀,၀၀၀ ကျော် ပေးပို့ခဲ့ကြောင်း ရိုက်တာက ဇွန်လအတွင်း ဖော်ပြခဲ့သည်။

ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး နိုဝင်ဘာ ၂၆ ရက်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu) က မှတ်ချက်ပေးရာတွင် အစ္စရေးအနေဖြင့် လက်နက်များ ဖြည့်တည်းမှုသည် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ရသည့် အဓိကအကြောင်းရင်းများထဲမှ တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

"ဒါကို ကျနော် ပွင့်ပွင့်လင်းလင်းပဲ ပြောပါမယ်။ ဘာမှလျှို့ဝှက်စရာ မရှိပါဘူး။ လက်နက်ခဲယမ်း ပေးပို့မှုတွေဟာ နှောင့်နှေးကြန့်ကြာခဲ့ပါတယ်။ အဲဒီလို နှောင့်နှေးကြန့်ကြာနေတာကို မကြာခင် ဖြေရှင်းနိုင်ပါလိမ့်မယ်" ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။

ပုံ - အမေရိကန်သမ္မတ ဘိုင်ဒန်နဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို တွေ့ရစဉ်

#သတင်းဟင်းလေးအိုးကြီး

image