1 နှစ် - ဘာသာပြန်ပါ။

မြောက်ကိုရီးယားက ရုရှားကို လက်နက်ကြီးများ ထပ်မံထောက်ပံ့နေဟုပြော

နိုဝင်ဘာ ၂၁

မြောက်ကိုရီးယားသည် ယူကရိန်းကို စစ်ပွဲဆင်နွှဲနေသည့် ရုရှားအား လက်နက်ကြီးစနစ်များ ထပ်မံထောက်ပံ့ပေး ခဲ့ကြောင်း တောင်ကိုရီးယားက ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ရုရှားသို့ စေလွှတ်ထားသော ထောင်နှင့်ချီသည့် မြောက်ကိုရီးယား စစ်သားများသည် ယူကရိန်းစစ်ပွဲတွင် ပါဝင် တိုက်ခိုက်နေချိန်၌ လက်နက်ကြီးများ ထပ်မံထောက်ပံ့ ပေးခဲ့ခြင်းဖြစ်သည်ဟု တောင်ကိုရီးယားထောက်လှမ်းရေး အေဂျင်စီ(NIS)က နိုဝင်ဘာ ၂၀ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ရုရှားနိုင်ငံအတွင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ရန် ယူကရိန်းအား အမေရိကန်လုပ် တာဝေးပစ် ဒုံးကျည်များ အသုံးပြုခွင့်ပေးခဲ့သည့် အမေရိကန်၏ ဆုံးဖြတ်ချက်သည် စစ်မီးကို လောင်စာထပ်ထည့်သော လုပ်ဆောင်ချက် ဖြစ်သည်ဟု ရုရှားက သတိပေးခဲ့ပြီးနောက် တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီ၏ သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်အရာရှိများကမူ ယူကရိန်းစစ်ပွဲတွင် မြောက်ကိုရီးယားက အပြည့်အဝနီးပါး ပါဝင်လာမှုကြောင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) သည် ယူကရိန်းအား အမေရိကန်လုပ် လက်နက်များ အသုံးပြုပြီး ရုရှားနိုင်ငံအတွင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

မြောက်ကိုရီးယား ရုရှားအား ၁၇၀ မမ အမြောက်များနှင့် ၂၄၀ မမ အတွဲလိုက် ဒုံးပစ်လောင်ချာစနစ်များ ပေးပို့ခဲ့ သည်ဟု တောင်ကိုရီးယားလွှတ်တော်တွင် တံခါးပိတ်ပြုလုပ်သည့် အစည်းအဝေး၌ NIS က ပြောကြားခဲ့သည်ဟု ထိုအစည်းအဝေးကို တက်ရောက်ခဲ့သည့် လွှတ်တော်အမတ် လီဆောင်ကွမ် (Lee Seong Kweun) က သတင်းထောက်များအား ပြောကြားခဲ့သည်။

ထိုလက်နက်ကြီး စနစ်မျိုးကို ရုရှားစစ်တပ်က အသုံးမပြုတတ်သဖြင့် မြောက်ကိုရီးယားသည် ထိုလက်နက်ကြီး များ အသုံးပြုပုံနှင့် ပြုပြင်ထိန်းသိမ်းပုံ နည်းစနစ်များအား သင်ကြားပြသပေးရန် သင်တန်းနည်းပြများလည်း စေလွှတ်ခဲ့သည်ဟု NIS က ခန့်မှန်းခဲ့ကြောင်း လီက ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်က ရုရှား Telegram ချန်နယ်များနှင့် အခြားလူမှုမီဒီယာများတွင် ပျံ့နှံ့ခဲ့သော ဓာတ်ပုံများ အရ မြောက်ကိုရီးယား၏ ၁၇၀ မမ Koksan အမြောက်များကို ရုရှားနိုင်ငံအတွင်းသို့ တင်ပို့နေပုံများအား တွေ့ရ သည်။

မကြာသေးမီ သီတင်းပတ်များအတွင်း မြောက်ကိုရီးယားသည် ပြည်တွင်းလုပ် ၁၇၀ မမ ဟောင်ဝဇ္ဇာအမြောက် ၅၀၊ အတွဲလိုက် ဒုံးပစ်လောင်ချာစနစ် ၂၀ ကို ရုရှားသို့ ပေးပို့ခဲ့ကြောင်း Financial Times သတင်းစာက နိုဝင်ဘာ ၁၇ ရက်တွင် ဖော်ပြခဲ့သည်။

ထို့ပြင် မြောက်ကိုရီးယားသည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လကတည်းက ရုရှားအား အမြောက်များ၊ ဒုံးကျည်များနှင့် အခြား သမားရိုးကျ လက်နက်များ ပါဝင်သည့် ကွန်တိန်နာ အလုံးပေါင်း ၁၃,၀၀၀ ကျော်ကို ပေးပို့ခဲ့ကြောင်း ပြီးခဲ့သည့်လအတွင်း NIS က ပြောကြားခဲ့သည်။

Source: AP

ပုံ - လက်နက်ကြီးကို နောက်ကွယ်ထားပြီး ကင်မ်ဂျုံအန်ကို တွေ့ရစဉ်

#centralnewsnaypyitaw

image

ICAPP (၁၂) ကြိမ်မြောက် အထွေထွေညီလာခံတက်ရောက်ရန် USD ဥက္ကဋ္ဌ ဦးဆောင်သည့် ပါတီကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံသို့ထွက်ခွာ

နေပြည်တော်၊ နိုဝင်ဘာ ၂၁

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့တွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်နေ့မှ (၂၄)ရက်နေ့အထိ ကျင်းပမည့် “Internaional Conference of Asian Political Party(ICAPP)” (၁၂)ကြိမ်မြောက် အထွေထွေညီလာခံနှင့် ဆက်စပ်အစည်းအဝေးများတက်ရောက်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဗဟို အလုပ်အမှုဆောင် ဦးမြင့်ကိုကိုနှင့် အဖွဲ့ဝင် (၂)ဦးတို့ပါဝင်သော ပါတီကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မှ ဖနောင်ပင်သို့ ယမန်နေ့ ညနေ ၄ နာရီ ၄၅ အချိန်တွင် လေယာဉ်အမှတ်၊ 8M 401 ဖြင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

အာရှနိုင်ငံရေးပါတီများဆိုင်ရာ နိုင်ငံတကာညီလာခံ(ICAPP) (၁၂)ကြိမ်မြောက် အထွေထွေညီလာခံအား “A Quest for Peace and Reconciliation” ခေါင်းစဉ်ဖြင့် ကျင်းပမည်ဖြစ်ပြီး အာရှနိုင်ငံ (၂၈)နိုင်ငံမှ နိုင်ငံရေးပါတီ ၄၉ ပါတီနှင့် လေ့လာသူအဖြစ် အခြား (၁၅)နိုင်ငံမှ နိုင်ငံရေးပါတီ (၁၆) ပါတီ၊ စုစုပေါင်း (၄၃)နိုင်ငံမှ နိုင်ငံရေး ပါတီ (၆၅)ပါတီမှ လူပုဂ္ဂိုလ် (၃၀၀) ခန့်တက်ရောက်မည်ဖြစ်သည်။

#သတင်းဟင်းလေးအိုးကြီး

image
1 နှစ် - ဘာသာပြန်ပါ။

သုံးစားမရတဲ့ ဦးနှောက်ကိုလွင့်ပြစ်နေသော ငါ :

image
1 နှစ် - ဘာသာပြန်ပါ။

ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်လာရင်
နွေးထွေးတဲ့ဂရုစိုက်မှုလေးတွေပေးရင်း
တစ်ယောက်က Moti ပေးလို့
တစ်ယောက်က ကြိုးစားနေတာမျိုး။

ဘယ်သူကမှားတယ် မှန်တယ်ဆိုတာထက်
ဘယ်လိုပြုပြင်သွားကြမယ်ဆိုတာမျိုး။

တစ်ယောက်က လဲကျရင်
တစ်ယောက်က ပြန်ထူပေးနေတာမျိုး။

ကိုယ်လိုချင်တာ အဲ့လိုချစ်ခြင်းမေတ္တာမျိုး
ကိုယ်ကလဲ ပေးမယ်
ကိုယ်တိုင်လဲ ပြန်ရချင်တယ်
ရိုးရိုးရှင်းရှင်း မျှမျှတတလေးပါပဲ။

image
1 နှစ် - ဘာသာပြန်ပါ။

မေတ္တာတွေ အပေးလွန်သွားတဲ့အခါ
တဖက်လူရဲ့ မသိစိတ်မှာ
မတောင်းလဲရနေတာပဲလို့ တွေးတတ်ပြီး
မသိမသာ တန်ဖိုးမဲ့သွားတတ်တယ်။

image
1 နှစ် - ဘာသာပြန်ပါ။

မင်းဟာမင်း ကြိုက်သလောက်မိုက်ရိုင်း
မင်းအနားမှာ မိတ်ဆွေစစ်ဆိုတာ
လက်ငါးချောင်းထက် မပိုဘူး။
မင်းဟာမင်း ကြိုက်သလောက် လိမ္မာ
မင်းနားမှာ မိတ်ဆွေစစ်
လက်ငါးချောင်းထက် မပိုဘူး။
ကျန် တာက စောက်ပိုတွေချည်းပဲ။

#ဘုန်းပြည့်စုံမင်း

image
1 နှစ် - ဘာသာပြန်ပါ။

1 သောင်းထဲနဲ့ လကုန်ထိ လောက်အောင် ဘယ်လိုသုံးရမလဲ စဉ်းစားစမ်း စဉ်းစားစမ်း

image
1 နှစ် - ဘာသာပြန်ပါ။

"ငါဘယ်သူ့ကိုမှမမုန်းပါဘူး၊ ဒါပေမယ့် ငါ့ကိုတန်ဖိုးမထားတဲ့သူတွေနဲ့တော့ ဝေးဝေးမှာပဲနေတော့မယ်"

image
1 နှစ် - ဘာသာပြန်ပါ။

သံတရာတစ်ကွေ့မှာ ပြန်တွေ့ချင်သော လူတစ်ဦးကို
"အဖေ"လို့ နာမ်စားပြုခဲ့တယ်

ဘဝနဲ့ ချီပြီး ဝေးကွာခဲ့ကြတယ်
ပြန်တွေ့ချင်လှပါတယ်

ဘယ်နှစ်ဘဝစောင့်ရမလဲ
ပြန်တွေ့ချင်သေးတယ်
ဘယ်ဘဝရောက်မှ တွေ့ရမလဲ
ပြန်ဆုံချင်သေးတယ်

အရင်းနှီးဆုံးလူတစ်ယောက်မို့
အစိပ်စိပ်အမြွှာမြွှာ ကြွေမွခဲ့ရတယ်

ကြွေခဲ့တဲ့ အစိတ်ပိုင်းတွေကို ပြန်မကောက်နိုင်ဘူး အဖေ
ဖာထေးတာ ပြုပြင်တာထက်စာရင်
ဆုံးရှုံးသွားတာလေးက အမှတ်တရ ပိုဖြစ်ပါတယ်

နေ့ရက်တိုင်းမှာ နင့်ခနဲ ခံစားချက်နဲ့
လွမ်းရပါတယ်

Life is not easy without Father

"အဖေ ရောက်တဲ့ဘဝမှာ ပျော်ရွှင်အေးချမ်းစွာနဲ့ ပြီးပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်ပါစေ"

image
1 နှစ် - ဘာသာပြန်ပါ။

မျှတွေးပါ
••••••••
ဘယ်လောက်ပဲ စိတ်ရှည်သူ ဖြစ်ပါစေ
သူ့မှာလည်း နားလည်ပေးရတာ များလာတော့
စိတ်ကုန်သွားတဲ့နေ့ဆိုတာ ရှိလာမှာပဲလေ။

ဘယ်လောက်ပဲ ချစ်တဲ့သူဖြစ်ပါစေ
သူ့မှာလည်း ပေးဆပ်နေရတာ များလာပြီး
ချစ်ရတာနဲ့ ပေးဆပ်ရတာ မတန်တော့
စိတ်ပျက်လာမှာပဲလေ။

ဘယ်လောက်ပဲ သည်းခံတတ်သူ ဖြစ်ပါစေ
သူမှန်လည်း သည်းခံ ၊ သူမှားလည်း
သည်းခံရတာများလာတော့
တစ်ခါတလေ တုန့်ပြန်ချင်တဲ့နေ့ဆိုတာ
ရှိနေမှာပဲလေ။

ဘယ်လောက်ပဲ တော်နေတဲ့သူ ဖြစ်ပါစေ
လောကဓံဖိအား ပြင်းထန်လွန်းလာရင် သူ့မှာလည်း
အားငယ်တဲ့နေ့ဆိုတာ ရှိလာနိုင်တာပဲလေ။

ဘယ်လောက်ပဲ အသည်းမာတဲ့လူ ဖြစ်ပါစေ
တကယ်ချစ်ပြီး တကယ်ခံစားလာရင်တော့
မျက်ရည်ကျတဲ့နေ့ဆိုတာ
သူ့ဘဝမှာ တစ်ကြိမ်တစ်ခါတော့
ရှိနေတတ်တာပဲလေ။

ဘယ်လောက်ပဲ သဘောကောင်းပြီး
အားနာသူဖြစ်ပါစေ
ကိုယ်ကပဲ အလိုက်တသိ လျော့ပေးနေရပြီး
မနိုင်ဝန်ထမ်းတာ များလာတော့
အားနာတတ်တာကို "နောင်တ" ရတဲ့နေ့ဆိုတာ
ရှိလာနိုင်တာပဲလေ။

ဘယ်လောက်ပဲ ရိုးသားသူဖြစ်ပါစေ
ဖြူ စင်မှုကို အသုံးချခံရတာ များလာတော့
ပေါက်ကွဲတဲ့နေ့ဆိုတာ ရှိလာနိုင်တာပဲလေ။

ဘယ်လောက်ပဲ ယုံကြည်တတ်သူ ဖြစ်ပါစေ
အလိမ်ခံရတာ များလာတော့ သံသယဝင်ပြီး
မယုံကြည်တဲ့နေ့ဆိုတာ ရှိနေနိုင်တာပဲလေ။

ဒါ့ကြောင့် ကိုယ့်ဘေးက တန်ဖိုးထားရတဲ့သူတွေ
ကိုယ့်နားက မစွန့်ခွာစေချင်ရင်
သူ့ဘက် ကိုယ့်ဘက် မျှတွေးပါ၊
ကိုယ့်ကြောင့် သူတို့ရဲ့နှလုံးသားကို
အနာ မဖြစ်စေနဲ့နော်။
လူဆိုတာ ခံနိူင်ရည်ထက် ကျော်လွန်သွားရင်
အပြီးတိုင်စိတ်ပျက်ပြီး ဥပေက္ခာပြု သွားတတ်တယ်။

သူ့ဘက် ကိုယ့်ဘက် မျှတွေးတတ်တဲ့
"ကိုယ်ချင်းစာတရား "ကို
မွေးမြူ ထားမှ ကိုယ် တန်ဖိုးထားရသူတွေ
ကိုယ့်နားမှာ အမြဲရှိနေမှာ ဖြစ်ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့်
#crd

image