1 နှစ် - ဘာသာပြန်ပါ။

ညစ်ည-မ်းစာများဖော်ပြသည့် ပုံနှိပ်တိုက်နှင့် ထုတ်ဝေသူကို အရေးယူထား

၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ (၈)၊ ပုဒ်မခွဲ (ဂ) ပါ စည်းကမ်းချက်ကို ဖောက်ဖျက်၍ ညစ်ည-မ်းစာများဖော်ပြသည့်ပုံနှိပ်တိုက်နှင့် ထုတ်ဝေသူကို အရေးယူထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ (၈) ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသော အထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင်သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှ တ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်းပြုနိုင်ကြောင်း ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ (၆) တွင် ပြဋ္ဌာန်းထားရှိသည်။

ယင်းတွင် ပုံနှိပ်သူ ဦးရာဇာရဲထွဋ် (Right ပုံနှိပ်တိုက် -၀၁၃၃၇) နှင့် ထုတ်ဝေသူ ဒေါ်စိန်ကြည် (The Destiny Book House- ၀၃၂၆၆) တို့မှ ပုံနှိပ်ထုတ်ဝေသောစာရေးသူ Mahuyar ရေးသားသည့် "1500 Miles to you" နှင့် “အမုန်းနဲ့ပျိုးတဲ့ ချစ်ခြင်းအလင်္ကာ” စာအုပ်များတွင် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေပုဒ်မ (၈)၊ ပုဒ်မခွဲ (ဂ) ပါ စည်းကမ်းချက်ကို ဖောက်ဖျက်၍ ဟီရိဩတ္တပ္ပကင်းသော၊ မြန်မာ့လူ့အဖွဲ့အစည်းက လက်မခံသော၊ လူငယ်များ၏ တွေးခေါ်မြော်မြင်မှုနှင့်ခံစား နားလည်မှုကို လွဲမှားစေနိုင်သော ညစ်ည-မ်းစာများ ဖော်ပြပါရှိကြောင်း ထုတ်ပြန်ကြေညာချက်အရ သိရသည်။

သို့ဖြစ်ပါ၍ ၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ (၈)၊ ပုဒ်မခွဲ (ဂ) ပါ စည်းကမ်းချက်ကို ဖောက်ဖျက်၍ ပုံနှိပ်၊ ထုတ်ဝေဖြန့်ချိခဲ့သည့် ၎င်းတို့၏ လုပ်ငန်းအသိအမှတ်ပြု လက်မှတ်များကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်တွင် ရုပ်သိမ်းခဲ့ပြီး ယင်းစာအုပ်များအား တရားမဝင်ထုတ်ဝေစာဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပုံနှိပ်သူနှင့်ထုတ်ဝေသူတို့အား ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ တရားစွဲဆို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိသည်။

image

image
1 နှစ် - ဘာသာပြန်ပါ။

ဘောလုံးပွဲစဉ်တွေ များပြားနေခြင်းအတွက် ကစားသမားတွေက ဝေဖန်နေမှုအပေါ်
Aleksander Čeferin က

" ဖီဖာ နဲ့ ယူအီးအက်ဖ်အေ တို့ကို စောဒကတက်ဝေဖန်ရတာ အရမ်းကိုလွယ်ပါတယ် ။ ဒါပေမဲ့ ဒါက စဉ်းစားကြည့်ရင် ရှင်းရှင်းလေးပါ။ မင်းနည်းနည်းရင်းရင် နည်းနည်းရမယ်။ မင်းနည်းနည်းပဲကစားရင် နည်းနည်းပဲရမယ်။ "

လို့ပြောကြားလိုက်ပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

ဝါးတီး 😁

image
1 နှစ် - ဘာသာပြန်ပါ။

ကြက်သားရခိုင်သုပ်
------------------------
ချဉ်ချဉ်စပ်စပ်အရသာလေးနဲ့ ထမင်းမြိန်စေမယ့် အသုပ်လေးတစ်မျိုးပါ။ လုပ်စားကြည့်ကြပါနော်။

ပါဝင်ပစ္စည်းများ
• ကြက်သား - ၂ဝဝ ဂရမ်
• ငရုတ်သီးစိမ်း/နီ - ၁၀ တောင့်
• ကြက်သွန်ဖြူ - ၆ မြွှာ
• သကြား - အနည်းငယ်
• ကြက်သွန်နီ - ၂ လုံး
• သံပရာသီး - ၂ လုံး
• ငံပြာရည် - စားပွဲဇွန်း ၁ ဇွန်း
• စိမ်းစားငါးပိ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ဆား - အနည်းငယ်
• ကြက်သွန်မြိတ် - ၃ ပင်ခန့်
• ခရမ်းချဉ်သီး - ၂ လုံး
• ရှောက်ရွက် - ၇ ရွက်ခန့်

ပြုလုပ်နည်း
ကြက်သွန်နီနှင့် ခရမ်းချဉ်သီးတို့ကို ပါးပါးလှီးထားပါ။ ကြက်သွန်မြိတ်ကို အနေတော် လှီးပြီး ရှောက်ရွက်ကို ပါးပါးလှီးပါ။ သံပရာသီးကို အရည်ညှစ်ရန်အတွက် လှီးထားပါ။ ပြီးလျှင် အိုးကို မီးဖိုပေါ်တင်ပြီး ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်း/နီတို့ကို အနံ့မွှေးလာသည်အထိ
လှော်ပါ။ လှော်ထားတဲ့ ငရုတ်သီးစိမ်း/နီနှင့် ကြက်သွန်ဖြူတို့ကို ထောင်းပါ။ ထောင်းထားတဲ့ အထဲ စိမ်းစားငါးပိထည့်ပြီး သံပရာရည်ထည့်ပါ။ ဆား၊ သကြား၊ ငံပြာရည်ထည့်ပြီး
နှံ့စပ်အောင် နယ်ပါ။ ပြီးလျှင် ပြုတ်ပြီး ပြင်ထားတဲ့ ကြက်သား၊ ကြက်သွန်နီ၊ ရှောက်ရွက်၊ ကြက်သွန်မြိတ်နှင့် ခရမ်းချဉ်သီးတို့ကို ထည့်ပြီး နှံ့အောင်မွှေထားပါ။ အရသာပြည့်စုံပြီဆိုလျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။

image
1 နှစ် - ဘာသာပြန်ပါ။

ယနေ့စက်သုံးဆီစျေးနှုန်း (၁၄-၁၁-၂၀၂၄)

ဒီနေ့မှာလည်း အပြောင်းအလဲမရှိသေးတဲ့ စက်သုံးဆီစျေးနှုန်းများ

image
1 နှစ် - ဘာသာပြန်ပါ။

Badly yessss!!!!!😫🌊🐚🪼

image
1 နှစ် - ဘာသာပြန်ပါ။

Badly yessss!!!!!😫🌊🐚🪼

image
1 နှစ် - ဘာသာပြန်ပါ။

Badly yessss!!!!!😫🌊🐚🪼

image
1 နှစ် - ဘာသာပြန်ပါ။

Badly yessss!!!!!😫🌊🐚🪼

image