ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အမြဲအတူတူရှိနေကြရတဲ့ အမျိုးသမီးနှစ်ယောက်ပဲ
ကံကောင်းကြတာ မဟုတ်ပါဘူး။
သစွာရော မေတ္တာရော အရင်းခံထားရင်
မိုင်ပေါင်း ရာထောင်ချီဝေးနေလဲ ချစ်ကြရတာ ကံကောင်းခြင်းပဲ။
ပြက္ခဒိန်လေးကို ငေး၊ ဒီနေ့ဆို မေတ္တာမျှခဲ့တာ
ဘယ်နှစ်ရက်၊ ဘယ်နှစ်လ ရှိကြောင်းရေတွက်မြဲပဲ။
နှလုံးသားမှာ အမျိုးသမီးတစ်ယောက်ကို ထည့်သိမ်းရင်း
ထပ်ပြန်ဆုံမဲ့ ရက်ကို စောင့်ရခြင်းဟာလဲ ရင်ခုန်စရာပဲရှင်။
ခုနှစ်ဆောင်တိုက်ခန်းတစ်ခန်းလုံးကို အလင်းရောင် ပေးဖို့ မတတ်သာတဲ့
အဲ့အမျိုးသမီးလေးကလေ ကျွန်မအတွက်တော့
အတော့်ကို တောက်ပတဲ့ အနာဂတ်လို့ ပြောမိတော့
ပပ၀တီ ရှုံးရတဲ့ အပြုံးနဲ့ ရယ် ( ရီ ) နေလေရဲ့။
ချစ်ဖို့ကောင်းတယ်။ အမျိုးသမီးတစ်ယောက်ကို ချစ်ရတာ
ပျော်ဖို့လဲ ကောင်းတယ်။ ချစ်ခြင်းမေတ္တာဟာ ခေတ်အလိုက်
ပွင့်လင်းမှုတွေ ရှိလာလေလေ အမျိုးသမီးနှစ်ယောက်
မေတ္တာမျှရတာ ပိုပျော်ဖို့ ကောင်းလေလေပါပဲ။
Telegram -https://t.me/girllovestorybyhsu
#girllovestorybyhsu
ယော ကျ်ားလေးတစ်ယောက်က
မင်းကို တကယ်ချစ်တဲ့အခါ မင်းကို
နည်းနည်းမှ မထိခို က်အောင် ထားလိမ့်မယ်။
အဆက်အသွယ်အားလုံး
အကုန်ရှင်းလင်းအောင် လုပ်လိမ့်မယ်။အတိတ်က ဆက်ဆံရေးတွေ
အကုန် endingလုပ်လိမ့်မယ်။ မဟုတ်တာ
မတွေးအောင်၊သံသယစိတ်မရှိအောင်
သူနေထိုင်ပြလိမ့်မယ်။တကယ်ချစ်တဲ့အခါ အလေးအနက်ထားတယ်။
ဇယားတွေ ရှုပ်နေတုန်း၊မပြ တ်မသားလုပ်နေရင် အပြည့်အဝ မချစ်ဘူး၊ဒီတိုင်း အဆင်ပြေလို့ တွဲတယ် ဖြစ်မယ်။ကိုယ်တို့ တကယ်ချစ်တဲ့လူအတွက်ဆို အကောင်းဆုံး
အရာတွေပဲ ပေးချင်တယ်လေ။
စာပို့တာ ဖုန်းခေါ်တာ မမှန်ဘူး၊
စာပြန်တာ ကြာလာတယ်။
ကိုယ့်အတွက် လက်ဆောင်သေးသေးလေးတွေ ဝ*-ယ်ပေးနိုင်လား။
သည်းခံတဲ့အတိုင်းအတာ ဘယ်လောက်ရှိသလဲ။
စကားများရင် ဘယ်လို တုန့်ပြန်သလဲ
ဒီအချ က်တွေနဲ့တင် လူတစ်ယောက်
ကိုယ့်ကို ချစ်မချစ်ဆိုတာ သိနိုင်ပါတယ်။
#နူးနူးအောင်
ဘလွန်းဒီအောဆုပေးပွဲကို ရီးရဲလ်ဥက္ကဋ္ဌ၊ နည်းပြနှင့် ကစားသမားများ မတက်ရောက်
ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပတဲ့ ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးဆုပေးပွဲကို ရီးရဲလ် မက်ဒရစ်အသင်း ဥက္ကဋ္ဌ၊ နည်းပြနဲ့ ကစားသမားတွေ တက်ရောက်ခြင်းမရှိခဲ့ပါဘူး။
ဘလွန်းဒီအော အကောင်းဆုံးကစားသမားဆုကို တောင်ပံတိုက်စစ်မှူး ဗင်နီဆီးယက်စ်ဂျူနီယာ ရယူနိုင်ခြင်း မရှိခဲ့တာကြောင့် တက်ရောက်ခြင်းမရှိတာလို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။
ရီးရဲလ်ဥက္ကဋ္ဌ ပီရက်ဇ်ဟာ ဘလွန်းဒီအောဆု ဗင်နီဆီးယက် မရရှိခဲ့တာနဲ့ပတ်သတ်လို့ မကျေမနပ်ဖြစ်ခဲ့တာကြောင့် ဆုပေးပွဲဆီ တဦးတယောက်မှ တက်ရောက်ခြင်းမပြုခဲ့တာလို့ စပိန်မီဒီယာ RMC က ဖော်ပြပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကစားသမားတွေ တဦးချင်း ဆုတံဆိပ်တွေနဲ့ လွဲချော်ခဲ့ပေမဲ့ အကောင်းဆုံးအသင်းဆု ရရှိခဲ့သလို နည်းပြအန်ချလော့တီက အကောင်းဆုံးနည်းပြဆုရခဲ့ပြီး ဆုလက်ခံရယူနိုင်သူ မရှိခဲ့ဘူးလို့ သိရပါတယ်။
DVB
မြန်မာနိုင်ငံသား မောင်စသူရအောင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသာ Mr. Jahir တို့နှစ်ဦးက စင်္ကာပူနိုင်ငံမှာ တိုက်တတိုက်ရဲ့ သုံးလွှာတိုက်စွန်းမှာရောက်နေတဲ့ ကလေးငယ်ကို ရဲဝံ့စွာ ကယ်ဆယ်ပေးခဲ့ကြတဲ့အတွက် SCDF lifesaver ဆုကို ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ နိုင်ငံနဲ့ လူမျိုးရဲ့ဂုဏ်ကို ဆောင်တယ်ဆိုတာ ဒီလိုလုပ်ရပ်တွေဖြစ်ပါတယ်။ ပေါက်လွှတ်ပဲစားဆန်ဆန်သွားလုပ်ပြီး တနိုင်ငံလုံးကိုထမ်းထားရတယ်ဆိုတဲ့ စကားမျိုးပြောတဲ့သူတွေမဟုတ်ပါဘူး။
မောင်စသူရအောင်ကို ဒီကနေဂုဏ်ပြုလိုက်ပါတယ်။ Keep up the good work bro.