Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ငှက်ဖျားရောဂါ ကူးစက်မှုအမြင့်ဆုံးဖြစ်သည့် ဗန်းမောက်မြို့နယ်အတွင်း ဆေးဝါးများ ဖြန့်ဝေသွားမည်
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်သည် ငှက်ဖျားရောဂါကူးစက်မှုအမြင့်ဆုံးဖြစ်ပွားသည့် ဒေသဖြစ်ပြီး အဆိုပါ ဒေသအတွက် ငှက်ဖျားရောဂါတိုက်ဖျက်ဆေးဝါးများကို ယခု နိုဝင်ဘာလ ဒုတိယပတ်အတွင်း ဆေးဝါးများဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဗန်းမောက်မြို့ရှိ HIV ၊ တီဘီနှင့် ငှက်ဖျား ရောဂါ ဖြစ်ပွားနေသည့် ဒေသခံများအတွက် ကျေးလက်ကျန်းမာရေးအဖွဲ့များက လိုအပ်သည့်ဆေးဝါးများကို ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ဗန်းမောက်မြို့ကျန်းမာရေးဆိုင်ရာ သတင်းရင်းမြစ်များထံက သိရသည်။
အဆိုပါ ဆေးဝါးဖြန့်ဝေပေးမှုအတွက် HIV ရောဂါအတွက် ART ဆေးအပါအဝင် တီဘီနှင့် ငှက်ဖျားရောဂါများအတွက် ရောဂါအလိုက်ပိုးတွေ့ရှိသူ မည်သူ့ကိုမဆို ဆေးဝါးဖြန့်ချိပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ဆေးဝါးများဖြန့်ချိရာတွင် ဒေသတွင်း လမ်းပန်း ဆက်သွယ်ရေးအခက်အခဲကြောင့် လိုအပ်သည့်ဆေးဝါး(၃) လစာကြိုတင်ပေးခြင်း၊ ကျန်းမာရေးဆရာ/ဆရာမများမှတဆင့် လစဉ်ဆေးဝါး ဖြန့်ဝေခြင်းတို့ကိုလည်း ပြုလုပ်သွားရန်စီစဉ်လျှက်ရှိကြောင်း သိရသည်။
မြန်မာပြည်အထက်ပိုင်း ၊ ဗန်းမောက်မြို့သည် ငှက်ဖျားကူးစက်မှုအမြင့်ဆုံးစာရင်းအတွင်းပါဝင်နေပြီး ၂၀၁၅ ခုနှစ် မှစတင်၍ ၂၀၁၆ ခုနှစ်အထိ ငှက်ဖျားပိုးတွေ့ရှိသူ (၃၀၀၀) ကျော် ၊ ၂၀၁၇ ခုနှစ် တွင် (၂၀၀၀) ကျော်၊ ၂၀၁၈ ခုနှစ်တွင် (၁၇၀၀) ကျော်၊ ၂၀၁၉ ခုနှစ်တွင် (၈၀၀)ကျော် ၊ ၂၀၂၀ ခုနှစ်တွင် (၆၀၀) ကျော်နှင့် ၂၀၂၁ ဇွန်လအထိ ငှက်ဖျားပိုးစစ်ဆေးကုသပေးခဲ့ရသူ (၃၀၀) ကျော်ရှိခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုအဖွဲ့၏ စာရင်းများအရ သိရသည်။
ဒေသတွင်းလမ်းပန်ဆက်သွယ်ရေးအခက်အခဲများကြောင့် ဆေးဝါးများသယ်ယူရေးအတွက် အခက်အခဲဖြစ်ပေါ်ခဲ့ရပြီး ၂၀၂၂ ခုနှစ်မှစတင်၍ ကာကွယ် ဆေးအပါအဝင် ဆေးဝါးအများစု ပြတ်တောက်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။