1 y - Translate

ခေါင်းစည်းကြိုးတွေကို လက်မှာမစည်းသင့်တဲ့အကြောင်းရင်း

အခုအခါမှာ ခေါင်းစည်းကြိုးတွေကို လက်မှာလက်ပတ်အဖြစ် ပတ်ထားတဲ့ဖက်ရှင်က ခေတ်စားနေပါတယ်။ တစ်ချိုခေါင်းစည်းကြိုးတွေဟာ ဒီလိုပတ်လိုရအောင် တမင်ဒီဇိုင်းထွင်ထုတ်လုပ်လာတာကို တွေ့ရပါတယ်။

သင်လဲဖတ်နေရင်းနဲ့ လက်မှာခေါင်းစည်းကြိုးလေး ပတ်ထားချင်ပတ်ထားမှာပေါ့။ အလှအပရှုထောင့်ကကြည့်ရင် စတိုင်ကျသလိုဖြစ်နေပေမယ့် ကျန်းမာရေးရှုထောင့်ကကြည့်ရင်တော့ ဒါဟာမလုပ်သင့်တဲ့ အမှားတစ်ခုပါ။ ခေါင်းစည်းကြိုးတွေကို ဆံနွယ်တွေကို စည်းနှောင်ရာမှာပဲ အသုံးပြုသင့်ပါတယ်။ ဘာလိုမလုပ်သင့်သလဲဆိုတဲ့ အကြောင်းပြချက်တွေကို ရှင်းလင်းဖော်ပြထားပါတယ်။

ခေါင်းစည်းကြိုးဟာ ဆံပင်ကို စည်းနှောင်ထားချိန်မှာ ဆံပင်က ချွေးတွေဖုန်တွေကပ်ညိနေတတ်ပြီး ဟိုချဒီချဆိုရင် ဘက်တီးရီးယားတွေ ကပ်ညိနေတတ်ပါတယ်။ ကန်တက်ဂီ(Kentucky)ပြည်နယ်က အမျိုးသမီးတစ်ဦးဟာ မကြာခဏဒီလိုစည်းထားတဲ့အကျင့်ရှိပြီး တစ်နေ့မှာ သူမလက်မှာ အနီရောင်အပိန့်တွေ အများကြီးထွက်လာပါတယ်။ အဲ့ဒီနောက်မှာ အတော်ဆိုးရွားလာတာကြောင့် ဆေးရုံပြေးရတဲ့အထိဖြစ်သွားပါတယ်။ ဆရာဝန်က သူမရဲ့ဒီအကျင့်ဟာ သူမကိုဒုက္ခရောက်စေတာလိုဆိုပါတယ်။ “အရေပြားဟာ နုနယ်ပါတယ်။ ဒီလိုဘက်တီးရီးယားတွေပြည့်နေတဲ့ ခေါင်းစည်းကြိုးနဲ့ အရေပြားကို အချိန်အတော်ကြာထိတွေ့စေတာ အန္တရာယ်များပါတယ်။”လို ဆိုပါတယ်။

တစ်ခါတစ်လေ အရေပြားမှာ ထိခိုက်ဒဏ်ရာရနေရင် ပိုးဝင်လွယ်ပါတယ်။ သတ္တုတွေနဲ့ အချွန်အတက်တွေ၊ အလက်လက်တွေပါတဲ့ ခေါင်းစည်းကြိုးတွေက လက်ကို ခြစ်မိတာတွေဖြစ်တတ်ပါတယ်။ ဒီဒဏ်ရာနဲ့ ဘက်တီးရီးယားပိုးနဲ့ထိတွေ့တဲ့အခါ ရောင်ရမ်းတာ နာကျင်တာကအစပြုလို အသားအရည်အလိုက် အရေပြားပြဿနာတွေ ပေါ်ပေါက်နိုင်ပါတယ်။ တစ်ကယ်လို လက်မှာစည်းချင်တယ်ဆိုရင်တော့ သက်သက်သာထပ်ဝယ်လိုက်ပါ။ ခေါင်းစည်းကြိုးတွေကိုလည်း အမြဲသန့်စင်ဆေးကြောပေးဖို လိုအပ်ပါတယ်။ သန့်စင်ဆေးရည်နဲ့ဖြစ်ဖြစ် ဆပ်ပြာနဲ့ဖြစ်ဖြစ် သေချာဆေးကြောပေးသင့်ပါတယ်။

image
1 y - Translate

တက္ကသိုလ်ကျောင်းပေါင်း ၂၃၁ ကျောင်းရဲ့ ဝင်ခွင့်ရရှိခဲ့သူ

အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်မှာ နေထိုင်တဲ့ မိန်းကလေး မက်ဒီဆင်ခရိုဝဲလ်ဟာ တက္ကသိုလ်ကျောင်းပေါင်း ၂၃၁ ကျောင်းရဲ့ ဝင်ခွင့်ရရှိခဲ့ပြီး တချို့ကျောင်းတွေက ပညာသင်ဆုပေးပြီး ကမ်းလှမ်းခဲ့တာပါ။ သူ့ကို ကမ်းလှမ်းထားတဲ့ ပညာသင်ဆုတွေအားလုံးကို ပေါင်းလိုက်ရင် အမေရိကန်ဒေါ်လာ ၁၄.၇ သန်းအထိ တန်ကြေးရှိပါတယ်။

လေဘာတီကောင်တီ အထက်တန်းကျောင်းရဲ့ ကျောင်းတွင်း လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တဲ့ ခရိုဝဲလ်ဟာ သူ့အိမ်အနီးနားတစ်ဝိုက်က တက္ကသိုလ်တွေကို ဝင်ခွင့် လိုက်လျှောက်ရင်း အခုအခါမှာတော့ တက္ကသိုလ်ကျောင်းပေါင်း ၂၃၁ ကျောင်းရဲ့ ကမ်းလှမ်းမှုအနက် ဘယ်ကမ်းလှမ်းမှုကို ရွေးချယ်ရမလဲဆိုတာ စဉ်းစားရခက်နေပြီလို့ ဆိုပါတယ်။

image
1 y - Translate

အိတ်နဲ့တင် တပည့်တော်မတို့ မယှဥ်နိုင်တော့ပါဘူး အရှင်ဘုရားရယ် 💅

image
1 y - Translate

အိတ်နဲ့တင် တပည့်တော်မတို့ မယှဥ်နိုင်တော့ပါဘူး အရှင်ဘုရားရယ် 💅

image
1 y - Translate

အိတ်နဲ့တင် တပည့်တော်မတို့ မယှဥ်နိုင်တော့ပါဘူး အရှင်ဘုရားရယ် 💅

image
1 y - Translate

အိတ်နဲ့တင် တပည့်တော်မတို့ မယှဥ်နိုင်တော့ပါဘူး အရှင်ဘုရားရယ် 💅

image
1 y - Translate

အိတ်နဲ့တင် တပည့်တော်မတို့ မယှဥ်နိုင်တော့ပါဘူး အရှင်ဘုရားရယ် 💅

image
image
image
image
1 y - Translate

ဂင်ချားနား"

image

အချိန်သည်လည်း အကုန် မြန်၏။
လူတို့သည်လည်း အပြောင်းအလဲ မြန်၏။
စိတ်တို့သည်လည်း အပြောင်းအလဲ မြန်၏။

ဘယ်အချိန်ဖြစ်ဖြစ် မင်းဘေးမှာ
လူတစ်ယောက် အမြဲရှိနိုင်မှာ မဟုတ္ဘူး။
ဘယ်နေရာဖြစ်ဖြစ် မင်းရှေ့မှာ
လူတစ်ယောက် အမြဲရှိနိုင်မှာ မဟုတ္ဘူး။

ဘယ်အကြောင်းပြချက်နဲ့ဖြစ်ဖြစ်
မင်းအနားမှာ လူတစ်ယောက်
အမြဲရှိနိုင်မှာ မဟုတ္ဘူး။

ဘယ်သူကမွ မင်းအတွက်
အချိန်ပြည့် ရှိနေပေးနိုင်မှာ မဟုတ္ဘူး။
ဘယ်သူကမွ မင်းကို အချိန်ပြည့်
ကူညီနေပေးနိုင်မှာ မဟုတ္ဘူး။

ဘယ်သူကမွ မင်းကိုအချိန်ပြည့်
ဂရုစိုက်နေပေးနိုင်မှာ မဟုတ္ဘူး။

ကိုယ့်ကိုအမြဲတမ်း ပျော်ရွှင်စေမှာ ကိုယ်ပဲ ရှိတယ်။
ကိုယ့်ကိုအမြဲတမ်း ဂရုစိုက်နိုင်တာ ကိုယ်ပဲ ရှိတယ်။
ကိုယ့်ကိုအမြဲတမ်း နားလည်ပေးနိုင်တာ ကိုယ်ပဲ ရှိတယ်။

ဘယ်သူ့မှ မစောင့်နဲ့။
ကိုယ္လုပ္စရာရွိတာ ကိုယ်လုပ်။
ကိုယ်ကစပြီး အမှားမဖြစ်အောင်နေ။
အနည်းဆုံးတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံတယ်လေ။

ကိုယ့်ကိုယ်ကိုယ် ယုံ။
အပြောင်းအလဲတွေအတွက် စိတ်ဓာတ် မကျနဲ့။
ကမ္ဘာပေါ်မှာ မင်းကိုယ်မင်းကလွဲပြီး ဘယ်သူမွ မင်းကိုအယုံအကြည်မရှိဘူး။

အဲ..မင်းကိုယ်မင်းယုံကြည်ပြီဆိုရင်တော့ မင်းကို သူတို့ယုံကြည်လာလိမ့်မယ်။
ဂရုမစိုက်နဲ့။
ကိုယ္လုပ္စရာရွိတာ ကိုယ်ဆက်လုပ်။

မေ့ပါ။ အတိတ်ကအရာတွေကို မေ့ပါ။ (သင်ခန်းစာတော့ ယူဦးပေါ့)
အခြားလူတစ်ယောက်/ပစ္စည်းတစ်ခုအပေါ် မူတည်ခဲ့တဲ့
ပျော်ရွှင်မှုကို မေ့ပစ်ပါ။

အကျိုးမရှိတဲ့ စကားတွေကို မေ့ပါ။
အသြားအျပန်ဆိုတဲ့ စကားကို မေ့ပါ။
မင်းစိတ်ဓာတ်ကို ရိုက်ချိုးခဲ့တဲ့ အရာတွေကို အကုန်မေ့ပစ်ပါ။
ဒီနေ့ကစပြီး မင်းနှလုံးသားဟာ မင်းအတွက်ပဲဖြစ်ပါစေ။

မျှော်လင့်တာတွေကို ရပ်ပါ။
စိတ်ဆင်းရဲနေတာကို ရပ်ပါ။
အတ္တတွေကို ရပ်ပါ။
အခြားတစ်ယောက်အကြောင်း စပ္စုတာကို ရပ်ပါ။

အခြားသူနဲ့ မင်းကိုယ်မင်း နှိုင်းယှဉ်နေတာကို ရပ်ပါ။
နေရာလုနေတာကို ရပ်ပါ။
ဦးတည်ချက်မရှိလွင့်နေတဲ့ စိတ္ကို ရပ်ပါ။
အတွေးပေါင်းမြောက်များစွာကို ရပ်ပါ။

လောကရဲ့ အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
လူတွေရဲ့ အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။

ဘဝရဲ့ အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
တသတ်မတ်တည်းဆိုတာ ဘယ်နေရာမှ မရွိပါဘူး။
ထို့ကြောင့် ခံနိုင်ရည်ရှိပါ။

မင်းကိုယ်မင်း လက်ခံပါ။
မင်းဘဝကို မင်းလက်ခံပါ။

မင်းအတိတ်ကို မင်းလက်ခံပါ။
အခုလက်ရှိအခြေအနေကို လက်ခံပါ။
မင်းဘေးနားက လူတွေကို အရှိကိုအရှိအတိုင်း လက်ခံပါ။

ငြင်းပါ။
မလုပ်နိုင်တဲ့အရာတစ်ခုအတွက် ငြင်းပါ။
မဖြစ်နိုင်တဲ့ အရာတစ်ခုအတွက် ငြင်းပါ။
စိတ်မပါတဲ့ အရာတစ်ခုအတွက် ငြင်းပါ။

ပြဿနာတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ပါ။
ဘဝထဲက ဘယ်အရာကိုမဆို စွန့်လွှတ်ဖို့ ပြင်ဆင်ပါ။
ကောင်းတဲ့အရာတွေအတွက် ပြောင်းလဲဖို့ ပြင်ဆင်ပါ။
အခြေအနေပေးရင် ကူညီတတ္ဖို့ ပြင်ဆင်ပါ။

တစ်ချိန်ကျရင် ပြောင်းလဲသွားမယ့်အရာတွေချည်းပဲ။
ကိုယ့်ကိုယ်ကိုယ် အပင်ပန်း မခံပါနဲ့။
ကိုယ့်အကြောင်းသိတာ ကိုယ်ပဲရှိတယ်။

ကိုယ့်ကိုသနားမှာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုယ်ကိုယ်ချစ်ပါ (အတ္တကို မဆိုလို)။
ကိုယ့်အကြောင်းကိုယ် စိတ်ဝင်စားပါ။
တစ်ယောက်တည်းနဲ့လည်း အားအင်တွေ ရှိပါစေ။
#crd
#nwe #fyp

image

image