ခံစားချက်တွေ အသက်မဲ့လာတယ်
ဒဏ်ရာတွေလည်း အရင်လောက်မနာကျင်တော့ဘူး
လူတွေကိုလဲ သိပ်စကားမပြောဖြစ်တော့ဘူး
တစ်ယာက်ထဲ နေရတာကို ပိုကျလာတယ် 🍂
#ᗩᒪoᑎᗴ

Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ခံစားချက်တွေ အသက်မဲ့လာတယ်
ဒဏ်ရာတွေလည်း အရင်လောက်မနာကျင်တော့ဘူး
လူတွေကိုလဲ သိပ်စကားမပြောဖြစ်တော့ဘူး
တစ်ယာက်ထဲ နေရတာကို ပိုကျလာတယ် 🍂
#ᗩᒪoᑎᗴ
##ဗိုက်မှာအဆီစုရတဲ့အကြောင်းရင်းများ
==================
လူကတော့ သိပ်မဝပါဘူး ။ ဒါပေမယ့် စုတဲ့အဆီတွေအကုန်လုံးက ဗိုက်မှာချည်းပဲ ဆိုသူတွေအတွက် ဒီဆောင်းပါးလေးမှာ ဘာကြောင့်ဗိုက်မှာမှအဆီတွေစုရတယ်ဆိုတဲ့အကြောင်းလေးပြောပြချင်ပါတယ်။
ဒီအချက်၆ချက်ထဲက ကိုယ်နဲ့တိုက်ဆိုင်နေတာများရှိရင် စစ်ဆေးပြီးပြုပြင်လို့ရအောင်ပါ။
၁- မျိုးရိုးလိုက်လို့။
ဒီအချက်က အရေးကြီးဆုံးနဲ့ ပြင်ဖို့ခက်တဲ့အချက်ပါ။ မျိုးရိုးထဲမှာ ဗိုက်ပူသူများရင် ကိုယ်လည်း ဗိုက်ပူနိုင်တယ်လို့သာမှတ်ပြီး အမြဲ အစားအသောက်သတိထားသင့်ပါတယ်။
၂- အသင့်စားတွေအစားများလို့။
အသင့်စား Ready Made တွေ အလွယ်စား Fast Food တွေမှာ ကယ်လ်လိုရီတွေ များများပိုပါ ပါတယ်။ ဗိုက်ပူနေသူတွေအနေနဲ့ အိမ်မှာချက်တဲ့လတ်ဆက်တဲ့ အစားအစာတွေကိုစားသင့်ပါတယ်။
၃- အိပ်ချိန်နည်းလို့။
မအိပ်တော့ မဝဘူးပေါ့လို့များထင်ရင် မှားနေပါပြီနော်။ အတော်များများဗိုက်ပူတဲ့သူတွေဟာ အိပ်ချိန် နည်းလို့ အိပ်ချိန်မမှန်တဲ့သူတွေဖြစ်တာတွေ့ရပါတယ်တဲ့။
၄- စိတ်ဖိစီးမှုများလို့။
"ဟယ်သူက အလုပ်တွေများပြီး စိတ်ဖိစီးမှုတွေသာများတယ် ဗိုက်လေးကျပူလို့၊ ပိန်လည်းမပိန်ပါလား"ဆိုတာ စိတ်ဖိစီးမှုက ထုတ်တဲ့ Cortisol ဟော်မုန်းကြောင့် ဖြစ်ပါတယ်။
၅- ရောဂါရှိနေလို့။
တကယ်လို့ သင်ဟာအမျိုးသမီးဖြစ်မယ်။ ရာသီမမှန်ဘူး။ဗိုက်မှာအဆီစုနေမယ်။ အမွှေးအမျှင်ထူနေမယ်ဆိုရင် မျိုးဥအိမ်ထဲရေအိတ်တွေရှိနေတဲ့ Polycystic Ovarian Syndrome ခံစားနေရတာဖြစ်နိုင်လို့ သတိထားသင့်ပါတယ်။
၆- လှုပ်ရှားမှုနည်းလို့၊ အထိုင်များလို့။
အဆီပိုတွေမရှိဖို့က တက်ကြွတဲ့လူနေမှုပုံစံလိုအပ်ပါတယ်။ တစ်နေကုန်အထိုင်များနေမယ်ဆို ဗိုက်နဲ့ ပေါင်နေရာမှာ အဆီပိုတွေစုလာမှာ သေချာပါတယ်။
တကယ်လို့များ ဗိုက်အဆီစုသူဖြစ်နေမယ်ဆိုရင် ပြင်လို့ရတဲ့အချက်လေးတွေ လေ့လာပြင်ဆင်ကြည့်ကြပါလို့။
အမြဲတမ်း လွဲချော်နေကြတဲ့ တွေ့ဆုံမှုတွေဟာ
ဒီကမ္ဘာမှာ ရှိကို ရှိတယ် ။
သူ တမ်းတချိန် ကိုယ် မကြားမိတာမျိုး
ကိုယ် တမ်းတချိန် သူ ရှိမနေတာမျိုး
ဒီနေရာကို ကိုယ်ရောက်ခဲ့ပေမယ့် သူ ရှိမနေတာမျိုး
သူ စောင့်နေပေမယ့် ကိုယ် မရောက်ခဲ့တာမျိုး
အကြိမ်ကြိမ် အခါခါ တွေ့ဆုံဖို့ ကြိုးစားပေမယ့်
အကြိမ်ကြိမ် အခါခါ လွဲချော်နေခဲ့ကြတယ် ။
ဆရာ အောင်ချိမ့် ကဗျာလေးလိုပေါ့…
“ ငါတို့ဘယ်ရထားမှာ လွဲခဲ့ကြတာလဲ
တစ်ခါလွဲရင် နှစ်ပေါင်း ဘယ်လောက်ကြာတတ်လဲ “
ဒီလိုနဲ့ပဲ ငါတို့ တစ်ဘဝစာ လွဲချော်ခဲ့ကြတယ်…
#ကဗျာ-Poem
ဘယ်လိုကိစ္စမှာမဆို အတွေးလွန်တတ်တဲ့ကိုယ့်ကိုယ်ကိုပဲစိတ်ကုန်မိတယ်..။.ထင်တဲ့အတိုင်းဖြစ်လာတတ်တာကြောင့်ပိုစိတ်ပင်ပန်းရတယ်..။
သူများတွေအတွက်ဂရုမစိုက်လောက်သင့်တဲ့ကိစ္စသေးသေးလေးတွေက ကိုယ့်ကြမှပဲအဖုအထစ်လာဖြစ်တယ်...။
ဖြစ်တော့မှာပဲလို့ပူပန်ရင်းနဲ့ကို ဖြစ်လာခဲ့တာတွေကြောင့်အတွေးလွန်တာကိုဖျောက်ဖျက်မရခဲ့ဘူး။
သူငယ်ချင်းတွေက အဲလောက်ထိပူပန်ဖို့မပြောပေမဲ့လည်း ..
''သိတယ် နင်တို့ဆိုရင်တော့အတွေးလွန်တာဖြစ်နိုင်ပေမဲ့ငါ့အတွက်ကြတော့ လက်တွေ့ဖြစ်လာတဲ့အရာတွေပဲ...''
ဒါကြောင့်အတွေးလွန်တာကို ရပ်တန့်မရခဲ့ဘူး သူများတွေအတွက်လွယ်ကူနေတာတောင်
ငါ့အတွက်ဆို ခက်ခဲပြီးမှ ဖြစ်လာရလာတာမလို့ပဲလေ
ငါလည်းOverthinkingဖြစ်ရတာကိုမုန်းပါတယ်
#lavenderpan -7လာဗန်ဒါပန်
ငါသဘောကျမိလိုက်တာနဲ့
တစ်ဖက်လူဟာ ပင်ပန်းရတော့တာပဲ။
မဆိုင်ဘဲ ဝင်စွက်ဖက်ချင်ရတာနဲ့
ပိုပိုသာသာလေး ဂရုစိုက်ချင်ရတာနဲ့
ကြိုက်လား မသိ၊ မကြိုက်လား မသိ
အသေးအမွှားလေးတွေကအစ ပြောပြချင်ရတာနဲ့
ကပ်ဘေးတစ်ခုလို အတင်းတွယ်ငြိ။
အဆိုးဆုံးကတော့ အလိုက်ကမ်းဆိုး မသိချင်ယောင် ဆောင်တာပဲ။
တစ်ဖက်လူက စိတ်မရှိတာ တောင်
ငါက သူ့ပုခုံးတွေကို အတင်းကုပ်တွယ်
“ချစ်ပါတယ်” လို့ မကြာခဏ ပြောနေမိတယ်။
---
🌻🤍
#tarmhyuunge
လူတစ်ယောက်
ငွေထုပ်ကြီး ပျောက်သွားတယ်။
အဲ့ဒါနဲ့ ဘေးအိမ်က
ဘုန်းကြီးလူထွက်ကို လှမ်းကြည့်လိုက်တော့
ဘုန်းကြီးလူထွက်က လုံးဝကို သူခိုးရုပ်ပေါက်နေတယ်။
ငွေထုပ်ပိုင်ရှင်က စိတ်ထဲမှာ တွက်လိုက်တယ်။
ငါ့ပိုက်ဆံထုပ် ဒီဘုန်းကြီးလူထွက်ခိုးတာပဲ ဆိုပြီး။
ညနေရောက်တော့ ပိုက်ဆံထုပ်ပြန်တွေ့တယ်။
ဘယ်သူမှ ခိုးတာ မဟုတ်ပါဘူး။
သူ့ဖာသာ အထားမှားတာ။
အာ့နဲ့ ဘေးအိမ်က
ဘုန်းကြီးလူထွက်ကို လှမ်းကြည့်လိုက်တော့
လုံးဝ သူခိုးရုပ် မပေါက်ဘူး။
အဲ့ဒါ " ဆရာကြီးမင်းသိင်္ခရဲ့"
ဝတ္ထု ဇာတ်ကွက်လေး တစ်ခုပါ။
တကယ်တော့ လူတစ်ယောက်က
အထင်ကြီးစရာကောင်းနေတယ်၊
အထင်သေးစရာကောင်းနေတယ်
ဆိုတာ ငါတို့ရဲ့ ရူမြင်ချက်သက်သက်ပါပဲ။
"ငါလေးစားတဲ့လူပဲ" ဆိုပြီး
ဘယ်သူ့ကိုမှ ပုဂ္ဂိုလ်ရေး ကိုးကွယ်မူ့ မလုပ်သင့်ဘူး
လူတစ်ယောက်ကို လူတစ်ယောက်လို မြင်တာပဲ
အဆင်ပြေပါတယ်။
အဲ့ဒီလူရဲ့ ကောင်းခြင်း၊ ဆိုးခြင်းကို
သင့်ရဲ့ ကိစ္စကြီးတစ်ခုလို လုပ်နေတာက
အချိန်ဖြုန်းခြင်း သက်သက်ပါ။
လူတစ်ယောက်ဆီက ယူစရာအသိပညာရှိရင် ယူလိုက်။
အဲ့ဒိလူက မဟုတ်တာလုပ်နေရင်လည်း
ငါ့ကျရင်တော့ အဲ့လိုအမှားမျိုး မလုပ်ဘူး၊
အဲ့လိုအတွေးမျိူး မတွေးဘူး၊
အဲ့လို စာမျိုးမရေးဘူး ဆိုပြီး သင်္ခန်းစာယူလိုက်။
ဒါဆို မင်းဘဝအတွက် အများကြီး အကျိူးရှိတယ်။
" မင်းက ငါ မဟုတ်သလို
ငါကလည်း မင်း မဟုတ်ပါဘူး။ "
ကိုယ့်အလုပ်ကိုယ် လုပ်ခြင်းဖြင့် ဂုဏ်ယူပါ။
🅲🆁🅴🅳🅸🆃စာပေဥယျာဉ်
ဘာနဲ့မှ လဲလှယ်လို့ မရတဲ့ စိတ်နှလုံးသား ဖြူစင်သန့်ရှင်းမူ
သူသည် အလွန်မတန်မှ ညံ့ဖျင်းသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပါသည်။ သူ့ဘဝကို ကြီးပွား တိုးတက်လိုစိတ် မရှိသည့်အပြင် ဘဝရှေ့ရေး မျှော်ကိုး တတ်သူ မဟုတ်၍ လူတိုင်းက နိုင်ကြပါသည်။ သူသည် အားနာကြီးသူ ဖြစ်သည်။ သူသည် အမှန်တရားကိုပဲ လိုလားသောသူ တစ်ယောက်ဖြစ်၍ မဟုတ်မမှန် ပြောဆိုပြီး ချမ်းသာအောင်လည်း မလုပ်တတ်သူ ဖြစ်ပါသည်။
သူ့တွင် ဘာနဲ့မှ လဲလှယ်လို့ မရတဲ့ စိတ်နှလုံးသား ဖြူစင်သန့်ရှင်းမူ အပြည့်အဝ ရှိပါသည်။ ထိုသူများသည် အောင်မြင်သူ တစ်ယောက် ဖြစ်လာမည် မဟုတ်
ထိုသူသည် ငွေကြေး ဥစ္စာ ပေါကြွယ်ဝသော သူတစ်ယောက် ဖြစ်လာမည် မဟုတ်။ သို့သော် သူသည် တန်ဖိုးရှိသော လူသားတစ်ယောက် ဖြစ်လာမည်။
အောင်မြင်သော သူတိုင်းသည် တန်ဖိုး မရှိသလို တန်းဖိုးရှိသော သူတိုင်းဟာလည်း အောင်မြင်သူ မဟုတ်ပါ။ အရေးကြီးသော အဖိုးထိုက် တန်သော အရာသည်က ရင်ထဲက ဖြူစင်စိတ်ထား အမှန်တရားသာ ဖြစ်ပေသည်။