1 y - Translate

ကျွန်တော်အကြောက်ဆုံးက ..

ကျွန်တော်လူတယောက်ကိုစိတ်နှစ်ပြီးမချစ်မိခင် မယုံကြည်မိသေးခင် အဲ့လူတယောက်မရှိလည်းဖြစ်တဲ့အခြေအနေ ပြောရရင်ပေါ့ပေါ့ပါးပါးနဲ့ သဘောကျတဲ့အဆင့်လောက်ကနေပေါ့
အဲ့ကနေကျွန်တော့်ဘက်ကစပြီးစိတ်နှစ်လိုက်ချိန်ချစ်မိလိုက်ချိန် အပြည့်အဝယုံကြည်ပေးလိုက်ချိန် အဲ့လူတယောက်မရှိရင်မဖြစ်တဲ့အခြေအနေရောက်မှ အဲ့လူတယောက်ကရုတ်တရက်ပြောင်းလဲသွားမှာကိုပါ..။
အဲ့လိုဖြစ်ရင်သွားပြီ ကျွန်တော့်ကိုယ်ကျွန်တော်မနည်းပြန်ရှာဖွေရပြီ အဲ့အခြေအနေကိုကြုံဖူးတဲ့လူတယောက်မို့ ထိုဒဏ်ရာကိုကောင်းကောင်းမှတ်မိတယ် ကြောက်တယ်....။ဒါ့ကြောင့်ဒီလိုအဖြစ်မျိုးမှကွေကွင်းကြပါစေ။

Good luck to all lovers🤍✨

ctto:

image
1 y - Translate

အိမ်က နှစ်ရက်ပျောက် လင်နောက်လိုက်ပြီး အိမ်ပြန်လာသောမြောင်...🤨🤨

#crdphoto
#kuukuu

image
1 y - Translate

ကော်ဖီတွေ သောက်မယ်။
သီချင်းတွေ ဖွင့်မယ်။

ခေါင်းရှုပ်စရာတွေဆို အများကြီးမတွေးဘဲ
အတတ်နိုင်ဆုံး
စိတ်ကို ပေါ့ပေါ့ပါးပါးနဲ့ နေမယ်။

တကယ်တမ်း ဒီကာလတွေမှာ
ကျွန်တော်တို့ ရှင်သန်ရတာ
အရမ်းကို ပင်ပန်းနေကြပြီမဟုတ်လား !!

ဒါကြောင့်
ကိုယ့်ကိုယ်ကိုယ်
သက်သောင့်သက်သာရှိသလိုလေး ဖန်တီးပြီး
ဘဝကို အကောင်းဆုံး နေထိုင်ကြမယ် !!

#2001
//crd

image
1 y - Translate

မင်းတို့တွေပြောကြသော ပျော်ဖို့ကောင်းတဲ့
ချစ်ခြင်းမေတ္တာဆိုတာ
တို့အတွက်တော့မပါခဲ့ဘူးထင်ပါရဲ့.😢

#သက်တန့်ရောင်

image
1 y - Translate

တကယ်ချစ်ရင်
မရမက ဆက်သွယ်လာမှာပေါ့တဲ့ ...

လွမ်းလို့ဆက်တဲ့ ဖုန်းတွေဟာ
ပြန်ဖြေချင်တဲ့ စိတ်မရှိတဲ့ လူတစ်ယောက်အတွက် အနှောင့်အယှက်သက်သက်ပဲ ...

ကိုယ်နဲ့ မတွေ့ချင်လို့မှ တမင်သက်သက်
ပုန်းနေတဲ့လူတစ်ယောက်ကို
တကူးတကကြီးလိုက်ရှာရတာက
ပိုပြီး ပင်ပန်းရတယ် ...

၀တ်ကြေတမ်းကြေ ဆိုတဲ့ စကားလုံးဟာ
အများကြီး အလေးထားမိတဲ့လူအတွက်
အများကြီး နာကျင်စေတာမျိုးပါ့ ...

အလိုက်သင့်ရုံလေးပြန်လာတဲ့ စာတွေ
မဖြစ်မနေမို့ ကိုင်လိုက်တဲ့ ဖုန်းတွေက

သူ့အတွက် ပင်ပန်းစေမှာပဲလို့
ကိုယ်တွေးမိသွားတဲ့အခါ

ရို က်လက်စ စာလေးကို ဖျက်လိုက်တယ်
ခေါ်မလို့ လုပ်နေတဲ့ ဖုန်းနံပါတ်လေးကို
ရပ်လိုက်တယ် ကိုယ့်အတွက်မဟုတ်တဲ့
မီးစိမ်းလေးကို ငေးကြည့်နေလိုက်တယ် ...

ဘယ်လောက်ပဲခက်ခဲခက်ခဲ
ကိုယ်က မရမက ဆက်သွယ်ချင်ခဲ့တာပါ ...

ဒါပေမယ့်
အနှောင့်အယှက်ဖြစ်နေမှန်းသိလို့
အလိုက်တသိနဲ့ တိတ်ဆိတ်ပေးလိုက်တာပါ ...

မင်းကို သိပ်ချစ်သလို
အမြဲပဲလွမ်းပါတယ်

ဒါပေမယ့် ... မဆက်သွယ်ဖြစ်တော့ပါဘူး ။

#2001
//crd

image
1 y - Translate

ရယူလိုတဲ့ စိတ်နဲ့ ချစ်ခဲ့တာ မဟုတ်ပေမယ့်လည်း တစ်ခါတစ်လေတော့ ပိုင်ဆိုင်ချင်မိသား...

-အယွန်း

image
1 y - Translate

နှလုံးသားက သိပ်တန်ဖိုးရှိတယ် ။
အလှဆုံးအရာတွေပဲ ထည့်ထားရမယ် ။

စိတ်ခံစားချက်က ဈေးကြီးတယ် ။
ကိုယ့်ကို ပျော်ရွှင်စေတဲ့ လူနဲ့ပဲ ထိတွေ့ဆက်ဆံရမယ်

#ᗩᒪoᑎᗴ

image
1 y - Translate

စကားတွေ ထိန်းပြောစရာမလိုပဲ
အရှိကို အရှိအတိုင်းပြောလို့ရတဲ့ လူအနား
လွတ်လပ်စွာရယ်မောခွင့်ရပြီး
လွတ်လပ်စွာငိုခွင့်ရတဲ့လူရဲ့ အနားမှာ နေခွင့်ရရင်တော့
တသတ်လုံးနေချင်တယ်။
ကိုယ့်ရဲ့အမှားတွေနဲ့ အားနည်းချက်တွေ မြင်တာတောင်
သူ့အတွက်တော့ ကိုယ်ဟာ ပြီးပြည့်စုံပါတယ်ဆိုတဲ့
လူတစ်ယောက်ကိုတော့ ပိုင်ဆိုင်ခွင့်ရချင်တယ်။ 🤍

image
1 y - Translate

ဘဝထဲမှာ ကိုယ့်အပေါ်ဖောက်ပြန်သွားတဲ့
လူတွေနဲ့ လမ်းခွဲအပြီးသတ်မှာ
ဒဏ်ရာအကြောင်းတွေးဖြစ်လို့
ဝမ်းနည်းဖြစ်လိုက်တာပဲရှိပါတယ်
ဆုံရှုံးလိုက်ရလို့ နောင်တ ရတာမျိုးမဟုတ်ပါဘူး။

အချိန်အကြာကြီး ချစ်ပေးခဲ့သမျှ
ကိုယ်ပြန်ရတာကစိတ်ပျက်စရာတွေဖြစ်နေခဲ့တာကို
ဝမ်းနည်းဖြစ်ရုံပါ ။

" ဘာလို့ကိုယ့်ကိုဒီလိုတွေလုပ်သွားတာလဲ"

"ကိုယ်အကြိမ်ကြိမ်ခွင့်လွှတ်ပေးထားတဲ့ကြားက
ကိုယ့်ခွင့်လွှတ်ခြင်းတွေကို ထပ်ခါထပ်ခါ
အလွဲသုံးစားလုပ် သွားရတာလဲ "

" ကိုယ်ချစ်ပေးခဲ့တာ လိုအပ်ချက်များရှိလို့လား"

ဆိုတဲ့ မေးခွန်းတွေ က ကိုယ့်ကိုယ်ပြန်ကျိုးကျေ
စေခဲ့တဲ့ အတွေးတွေနဲ့ ပြန်ပြန်မေးပြီး
စိတ်ဝမ်းနည်းရတာပါပဲ ။

အဲ့ဒီလို ကိုယ့်ကိုယ်ကိုပြန်ဆန်းစစ်ပြီး
ကိုယ့်မှာ ပဲ ချို့ယွင်းချက်ဖြစ်စေသလား
ဆိုတဲ့ မေးခွန်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး
စိတ်အားငယ်ဖြစ်ရတာပါ ။

ဖောက်ပြန်တဲ့သူတွေကမသိပေမယ့်
ချစ်ပေးရတဲ့သူက ဖောက်ပြန်ခံရတဲ့
စိတ်ဒဏ်ရာကို နှစ်တွေအတော်အကြာကြီးအထိ
ခံစားရတာပါပဲ ။

အဲ့ဒီခံစားချက်နဲ့ အရာရာကို သိမ်ငယ်ရတာပါပဲ
နောက်ထပ်ချစ်ရမယ့် ကိစ္စတွေကို
မစဥ်းစားရဲတော့တဲ့အထိပါပဲ ။

ဒါပေမယ့် ကောင်းတဲ့ဘက်ကပြန်ကြည့်ရင်တော့
ကိုယ့်ရဲ့ မေတ္တာတရားနဲ့ မထိုက်တန်တဲ့
လူတစ်ယောက်နဲ့ လွဲချော်သွားရတာက
ကိုယ့်အတွက် ကံကောင်းမှုတစ်ခုပေါ့။

ဘာပဲပြောပြော ဒါကို ဝဋ်ကြွေးတစ်ခုအဖြစ်
မှတ်ယူပြီး ဖြေသိမ့်စရာလေးတော့ရပါတယ် ။

" ပေးစရာရှိတာပေးခဲ့တာပဲ
ပြန်ရတာ ဒဏ်ရာတွေဆိုတော့လည်း
ဘယ်တတ်နိုင်မလဲပေါ့ "

#ကိုယ့်ရဲ့ #entertainment #စကားလက်ဆောသ် #foryouシ #follower #highlights

image
1 y - Translate

ရှေ့လျှောက် တွယ်ကပ်နေတာမျိုးတွေ
လုပ်ဖြစ်တော့မှာ မဟုတ်သလို
ဘယ်သူ့ကိုမှ ဆွဲမထားဖြစ်လောက်တော့ဘူး

ဝင်လာရင် welcome
ထွက်သွားရင် good bye ပေါ့
ပြောင်းလဲသွားခြင်းတွေကို လက်ခံစပြုလာပြီ
ဒီထက်ပိုပြီး တိတ်ဆိတ်သွားဖို့လည်းရှိတယ် ။

💭 || 6.9.2024

image