Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
သူက ဘယ်သူနဲ့မှအစားထိုးပစ်လို့မရတဲ့ ငါ့ရဲ့မှတ်ဉာဏ်ထဲက အစိတ်အပိုင်းဘဲ
ငါ့ရဲ့အကြောင်းတွေကို အစကနေအဆုံးငါ့ထက်ပိုသိခဲ့တဲ့သူဖြစ်ခဲ့တယ်
ငါ့ရဲ့နေ့ရက်တွေမှာ အမြဲတမ်းသူရှိနေခဲ့တယ်
စိတ်ပင်ပန်းရတဲ့နေ့ရက်တွေမှာ အခြားသူစကားတွေထက် ငါအဆင်ပြေဖို့ကိုပိုဦးစားပေးခဲ့တယ်။
အမှောင်ထဲဘဲ ငိုခဲ့ရတဲ့အချိန်ကာလတွေမှာ နွေးထွေးစွာထွေးပွေ့ခဲ့တယ်
ဘယ်လိုအကြောင်းကြောင့်ဝေးသွားရတာဘဲဖြစ်စေ၊သူက ငါ့စိတ်ကိုနားအလည်ဆုံးသူတော့ဖြစ်ခဲ့တယ်။
အဲ့တစ်ခုထဲအတွက်နဲ့ ငါလည်းကျေးဇူးတင်ခဲ့ရပါတယ်။
မတတ်သာတော့တဲ့အခြေအနေကြောင့်သာ လက်လွှတ်လိုက်ရပေမယ့် လက်လွှတ်လိုက်ရပေမယ့်ပေါ့...
အင်း အဆုံးမှာတော့ ငါတို့ဝေးသွားတယ်
-သက်ထားရွှေစင်(THSS)-
#thethtarshwesinthss
လန်ချန်း - မဲခေါင် ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ မြန်မာ ငွေ နဲ့ ကြေး (၂)ဆုစီ ရရှိ
အောက်တိုဘာ ၃၁
လန်ချမ်း - မဲခေါင် ပူးပေါင်းဆောင်ရွက်တဲ့ တရုတ်ပိုက်ကျော်ြခင်း ပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်း အသင်းက ငွေနဲ့ ကြေး (၂)ဆုစီ ရရှိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ ပြိုင်ပွဲတွေကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ နန်နင်းမြို့မှာ အောက်တိုဘာ ၂၃ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။
ပြိုင်ပွဲကို မြန်မာ၊ တရုတ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ် နိုင်ငံတို့ ပါဝင် ယှဉ်ပြိုင်ခဲ့ကြတယ်လို့ သိရပါတယ်။
ပြိုင်ပွဲတွေရဲ့ အမျိုးသား (၄)ယောက်တွဲပြိုင်ပွဲမှာ ထိုင်းအသင်းက ပထမ၊ ဗီယက်နမ် (A) အသင်းက ဒုတိယ၊ မြန်မာနဲ့ လာအိုအသင်းတို့က ပူးတွဲ တတိယ ရရှိခဲ့ကြပါတယ်။
ဒါအပြင် အမျိုးသမီး (၃) ယောက်တွဲ ပြိုင်ပွဲမှာ ထိုင်းအသင်းက ပထမ၊ ဗီယက်နမ် (A) အသင်း က ဒုတိယ၊ မြန်မာနဲ့ တရုတ်အသင်းတို့က ပူးတွဲ တတိယ ရရှိခဲ့ကြတာပဲ ဖြစ်ပါတယ်။
#centralnewsnaypyitaw
ထရမ့်၏ မှတ်ချက်များနှင့်ပတ်သက်၍ တရုတ်က ထိုင်ဝမ်သည် 'စွန့်ပစ်ခံရသော ကလေး' ဖြစ်လာနိုင်ကြောင်း ပြောကြား။
အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့် အနိုင်ရခဲ့ပါက အမေရိကန်က အမြဲတမ်း “ပထမ” ပေါ်လစီအတိုင်း လိုက်နာကျင့်သုံးမည် ဖြစ်သည့်အတွက် ထိုင်ဝမ်ကို စွန့်ပစ်နိုင်သည် လို့ တရုတ်အစိုးရက ဗုဒ္ဓဟူးနေ့မှာ ထုတ်ဖော်ပြောဆိုလိုက်သည်။