Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ရန်ကုန်တက္ကသိုလ်တွင် Diploma in Political Science (DPS) သင်တန်း ဖွင့်လှစ်မည်
ရန်ကုန်တက္ကသိုလ်၏ နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေးသိပ္ပံဌာနတွင် Diploma in Political Science (DPS) သင်တန်းအား (၉)လကြာ ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။
ယင်းသင်တန်းကို ဇန်ဝါရီလ (၆) ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကာ တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် (၇)နာရီမှ (၉) နာရီ ) တစ်ပတ်လျှင် (၅) ရက်တက်ရောက်ရမည်ဟု သိရသည်။
အဆိုပါသင်တန်းအား လျှောက်ထားသူများသည် အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများဖြစ်ရမည် ဖြစ်ကာ လျှောက်ထားလိုသူများသည် ဒီဇင်ဘာလ (၁၈)ရက်မှ (၂၇) ရက်အထိ နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေးသိပ္ပံဌာန၊ ဝေသာလီဆောင်၊ ဒဂုံလမ်း၊ ရန်ကုန်တက္ကသိုလ်သို့ တိုက်ရိုက်လျှောက်ထားရမည် ဖြစ်ကြောင်းလည်း သိရသည်။
ရန်ကုန်တိုင်းအသင်း ဆုတံဆိပ်အများဆုံးရရှိထားသည့် အမျိုးသားအားကစားပွဲတော်
နေပြည်တော်၌ကျင်းပလျက်ရှိသည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်၏ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်အလိုက် အားကစားပြိုင်ပွဲတွင် ရန်ကုန်တိုင်းအသင်းမှ ဆုတံဆိပ်အများဆုံးရရှိထားကြောင်း ယမန်နေ့ ဒီဇင်ဘာ ၁၇ ရက်စာရင်းများအရ သိရသည်။
ရန်ကုန်တိုင်းအသင်းသည် ရွှေတံဆိပ် ၆၃ ခု၊ ငွေတံဆိပ် ၃၃ ခု၊ ကြေးတံဆိပ် ၃၀ ခု (စုစုပေါင်း ဆုတံဆိပ် ၁၂၆ ခု)ဖြင့် ဆုတံဆိပ်အများဆုံးရရှိကာ ထိပ်ဆုံးတွင်ရပ်တည်လျက်ရှိပြီး ရှမ်းပြည်နယ်အသင်းမှ ရွှေတံဆိပ် ၂၅ ခု၊ ငွေတံဆိပ် ၂၇ ခု၊ ကြေးတံဆိပ် ၃၄ ခု (စုစုပေါင်း ဆုတံဆိပ် ၈၆ ခု) ဖြင့် ဒုတိယအများဆုံးရရှိထားကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်းအသင်းမှ ရွှေတံဆိပ် ၂၀ ခု၊ ငွေတံဆိပ် ၁၇ ခု၊ ကြေးတံဆိပ် ၁၉ ခု (စုစုပေါင်း ၅၆ ခု)ဖြင့် တတိယ၊ မန္တလေးတိုင်းအသင်းမှ ရွှေတံဆိပ် ၁၈ ခု၊ ငွေတံဆိပ် ၂၁ ခု၊ ကြေးတံဆိပ် ၃၀ ခု (စုစုပေါင်း ၆၉ ခု)ဖြင့် စတုတ္ထရရှိထားကြောင်း သိရသည်။
ထို့အတူ ကချင်ပြည်နယ်အသင်းမှ ၄၂ ခု၊ တန င်္သာရီတိုင်းအသင်းမှ ၃၁ ခု၊ မကွေးတိုင်းမှ ၃၈ ခု၊ ဧရာဝတီတိုင်းမှ ၆၂ ခု၊ ပဲခူးတိုင်းမှ ၄၂ ခု၊ ကရင် ပြည်နယ်မှ ၃၉ ခု၊ မွန်ပြည်နယ်မှ ၂၃ ခု၊ နေပြည် တော်မှ ၁၆ ခု၊ ရခိုင်ပြည်နယ်မှ ၂၇ ခု၊ ချင်းပြည် နယ်မှ ၈ ခုနှင့် ကယားပြည်နယ်မှ ၁၀ ခု အသီး သီးဆွတ်ခူးရရှိထားကြောင်း သိရသည်။
🌕 | 𝐍𝐄𝐖 :
ဥရောပကလပ်အသင်းကြီးတစ်သင်းက ပြီးခဲ့တဲ့နှစ် ဇန်နဝါရီအပြောင်းအရွှေ့မှာ မူဒရစ်ကို ချဲလ်ဆီးထံမှ ခေါ်ယူဖို့ကြိုးစားခဲ့တယ်လို့သိရပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးဘက်က သူတို့ကစားသမားကို လာမဲ့ ၂ နှစ်အတွင်း ရွှေဘောလုံးဆု ရနိုင်တဲ့ကစားသမားလို့ယူဆတာကြောင့် ရောင်းချဖို့ငြင်းဆန်ခဲ့တယ်လို့သိရပါတယ်။
ပဲခူးတိုင်းက မတ်ပဲစိုက်တောင်သူတွေ စိုက်စရိတ်မြင့်တက်တဲ့အထဲ ပဲခင်းပိုးကျလို့ အထွက်လျော့နိုင်
ဒီဇင်ဘာ ၁၈
ယခုနှစ်ဆောင်း မတ်ပဲစိုက်ပျိုးရာသီမှာ စိုက်ပျိုးရေးဆေးစျေးနူန်းတွေ မြင့်တက်လာတဲ့အပြင် လယ်ထွန်ယက်ခ အပါအဝင်အထွေအထွေကုန်ကျစရိတ်တွေမြင့်တက်လာတာကြောင့် စိုက်ပျိုးစရိတ်မြင့်လာလို့ တောင်သူတွေမှာဒုက္ခရောက်နေကြရတယ် လို့သိရပါတယ်။
မတ်ပဲစိုက်ပျိုးမှုကုန်ကျစရိတ်မြင့်တက်နေတဲ့အပြင် ပဲခူးတိုင်းထဲကမတ်ပဲ စိုက်ခင်းတွေမှာ အပင်ဖျက်ပိုး၊အဝါရောင်မှိုရောဂါ၊ယင်ဖြူစတဲ့ပိုးမွှားတွေကျရောက်နေတာကြောင့် ပဲအထွက်နူန်းလျော့မှာကိုလည်းတောင်သူတွေစိုးရိမ်နေကြပါတယ်။
" ခုနှစ်လုပ်ရတာတခုမှအဆင်မပြေဘူး။စပါးရိတ်ထိမိုးက မပြတ်တော့ မတ်ပဲစိုက်ချိန်မှာ မစိုက်ရဘူး။ဒီဇင်ဘာလရောက်မှမတ်ပဲတွေစိုက်ရတယ်။စိုက်တာနောက်ကျတော့ အခင်းတိုင်းမှာ ရောဂါပိုးတွေကျနေတယ်။ငါးမြှောင်တောင်တွေခုနှစ်အကျများနေတယ်။အပင်တွေလည်းဝါတယ်။ပိုးသတ်ဆေးစျေးတွေကလည်း တနှစ်တခါကိုတက်နေတော့ခက်တယ်။ခုနှစ်အရင်းအနှီးကြီးပြီး ပဲကလည်း အထွက်လျော့မယ့်အခြေအနေရှိနေတော့ တောင်သူတွေမှာလုပ်သာလုပ်နေရတာ စားမှစားရပါ့ မလားမပြောတတ်ဘူး။" လို့ ပဲခူးတိုင်းမှ မတ်ပဲစိုက်တောင်သူက ပြောပါတယ်။
မတ်ပဲစိုက်ခင်းအတွက် မဖြစ်မနေသုံးရတဲ့ ပိုးသတ်ဆေး၊မှိုဆေးနဲ့ အပင်အားဆေး၊အသီးအပွင့်အားဆေး စျေးနူန်းတွေက ခုနှစ်မှာ အမျိုးအစားအလိုက် ၂၀၀၀၀ ကျပ်လောက်စီမြင့်တက်လာတာဖြစ်လို့ တဧကအတွက်စိုက်ပျိုးရေးဆေးကုန်ကျမှုမှာ ၂ သိန်းကျပ်အနည်းဆုံးရှိနေ တယ်လို့ သိရပါတယ်။
လယ်ယာထွန်ယက်ခကလည်း ခုနှစ်မှာစက်ငှားရမ်းခမြင့်တက်လာခြင်း၊ပဲမျိုးစျေးမြင့်ခြင်း၊မိုးမိခြင်းကြောင့် ပဲနှစ်ကြိမ်ကျဲရခြင်း၊ရေသွင်ရခြင်း၊အလုပ်သမားငှားရမ်းခမြင့်တက်ခြင်းကြောင့် မတ်ပဲစိုက်ပျိုးချိန်ကနေ ရိတ်သိမ်းခြွေလှေ့ပြီးအထိဆိုရင် တဧကကိုအနည်း ၈ သိန်းမှ ၉ သိန်းကြား လောက်အထိရှိနိုင်လို့သိရပါတယ်။
" ခုနှစ်စရိတ်အရမ်းကြီးတယ်။ကျွန်တော်တို့ခုနှစ်ကစွန့်စားလုပ်ရတဲ့သဘောရှိတယ်။ကျွန်တော်ဆိုခုနှစ် မိုးမိလို့ပဲနှစ်ခါကြီးရတယ်။အဲဒီမှာတင်ပဲအရင်းတင်နှစ်ဆကုန်နေပြီ။ပဲကဘယ်လောက်ထွက်မလဲမပြောတတ်သေးဘူး။တဧက၁၀တင်းလောက်ဆိုအရင်းသာသာပဲရမယ်။ပဲစျေးကောင်းဖို့လိုမယ်။အထွက်နူန်းကတော့ခုနှစ်လျော့ကြမှာပါ။" လို့ မတ်ပဲစိုက်တောင်သူ ကိုဝင်းနိုင်က ပြောပါတယ်။
ဆောင်းမတ်ပဲကို နှစ်စဥ် အောက်တိုဘာကနေစတင်စိုက်ပျိုးကြပြီး နိုဝင်ဘာမှာနောက်ဆုံးစိုက်ပျိုးကြ တာဖြစ်ပေမယ့်ခုနှစ်မှာတော့ မိုးမပြတ်တာကြောင့် ဒီဇင်ဘာလအထိမတ်ပဲတွေစိုက်ကြရတာဖြစ်ပါတယ်။
မတ်ပဲသီးနှံဟာ နိုဝင်ဘာလ ၁၅ ရက်အတွင်းစိုက်ပျိုးနိုင်မှသာ သီးနှံထွက်နူန်းကောင်းတာဖြစ်လို့ ခုနှစ်မှာစိုက်ပျိုးချိန်နောက်ကျခြင်း၊ ရာသီဥတုဖောက်ပြန်မှုကြောင့်ရောဂါပိုးတွေကျရောက်မှုကြောင့် မတ်ပဲအထွက်နူန်း လျော့ကျနိုင်တာဖြစ်တယ်လို့သိရပါတယ်။
Photo:CJ
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး