1 y - Translate

သူမသောက်ဘူးလို့ နေမှာပါကွာ
မသောက်ဘူးပဲဝင်မရှုပ်နဲ့နော်

1 y - Youtube

1 y - Translate

Now I can play in peace.
ခုမှပဲ နားအေးပါးအေး ဆော့ရတော့မှာ

1 y - Translate

ကောင်းလိုက်တဲ့ ဆပ်ပြာမှုန့်
စိတ်ဝင်စားသွားပြီဟယ်

1 y - Translate

​မော်လမြိုင်တွင်သံဃာအပါး(၅၀၀၀)ဆွမ်းကပ်

​မော်လမြိုင်၊သရက်ကုန်း၊မွန်မင်းလမ်းအပန်း​ဖြေနား​နေစခန်းတွင်အလှူရှင် ဦး​သောင်းထွန်း၊​ဒေါ်နန်းရိုစ်လင်းမိသားစု၏ဒုတိယအကြိမ်ပင့်သံဃာအပါး (၅၀၀၀)ဆွမ်းကပ်လှူခြင်းအခန်းအနားကိုနိုဝင်ဘာ လ၂၃ရက်နံနက်ကကျင်းပခဲ့​ကြောင်းသိရသည်။

NOM

image

❝သာကေတ၌ဖြစ်ပွားသည့် စျေးဆိုင်ခန်းများ မီးလောင်မှုအတွင်း သုံးဦးဒဏ်ရာရ❞

နိုဝင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၃)မာန်ပြေ ရပ်ကွက်၊ ယမုံနာလမ်းတွင် ယနေ့(နိုဝင်ဘာ ၂၃ ရက်)နံနက် ၁၀ နာရီ ၁၉ မိနစ်ခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူသုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

အဆိုပါမီးလောင်မှုသည် ဂတ်စ်အရောင်းဆိုင်မှ ဂတ်စ်အိုးပေါက်ကွဲရာက မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု သိရပြီး မီးလောင်မှုဖြစ်ပွားရာသို့ သာကေတမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်သုံးစီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့သော်လည်း မီးများလာသဖြင့် နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်တွင် Level 1 ယာဉ်အုပ်စုများ ထပ်မံထွက်ခွာ ငြှိမ်းသတ်ခဲ့ရာ ၁၁ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်ဟုဆိုသည်။

ယင်းမီးလောင်မှုကြောင့် ဂတ်စ်အရောင်းဆိုင်နှင့် ဘီယာဆိုင်၊ ကော်ဇောဆိုင်တို့အပါအဝင် စုစုပေါင်းစျေးဆိုင်ခန်း လေးခန်းမီးလောင် မီးလောင်ဆုံးရှုံးခဲ့သည်ဟု သိရပြီး ဒဏ်ရာရရှိသူ သုံးဦးကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားသည်ဟုသိရသည်။

#သတင်းဟင်းလေးအိုးကြီး

image
image
image
image
image

ဘွန်ဒက်လီဂါသွင်းဂိုး ၅၀ အမြန်ဆုံးပြည့်တဲ့သူအဖြစ် ဟာရီကိန်း စံချိန်တင်

နိုဝင်ဘာ ၂၃

အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းက အော့စ်ဘက်စ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဟက်ထရစ်သွင်းယူပြီးနောက် ဘွန်ဒက်လီဂါသွင်းဂိုး ၅၀ အမြန်ဆုံးပြည့်တဲ့သူအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်နွေရာသီက စပါးအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ဘွန်ဒက်လီဂါပွဲပေါင်း ၄၃ ပွဲကစားအပြီးမှာ သွင်းဂိုး ၅၀ ပြည့်ခဲ့တာပါ။

ဟာရီကိန်း မတိုင်ခင်က ဘွန်ဒက်လီဂါပြိုင်ပွဲမှာ သွင်းဂိုး ၅၀ အမြန်ဆုံးပြည့်တဲ့သူက ဒေါ့မွန်တိုက်စစ်မှူးဟောင်း ဟာလန်းဖြစ်ပြီး ပွဲ ၅၀ ကစားအပြီးမှာ ဒီမှတ်တမ်းကို ရရှိခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ ဟာရီကိန်းဟာ ဟာလန်းရဲ့စံချိန်ကို ကျော်ဖြတ်ပြီး စံချိန်သစ်တင်နိုင်ခဲ့တာပါ။

အသက် ၃၁ နှစ်အရွယ်ရှိ ဟာရီကိန်းဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၇ ပွဲကစားအပြီးမှာ သွင်းဂိုး ၂၀ သွင်းယူကာ ခြေစွမ်းပြသနေတာဖြစ်ပါတယ်။

ဟာရီကိန်းဟာ စပါးအသင်းကနေ ရောက်ရှိလာပြီးကတည်းက ဘိုင်ယန်မြူးနစ်အသင်းအတွက် ဂိုးအများအပြားသွင်းယူကာ စံချိန်သစ်တွေတင်နေပေမယ့် မနှစ်ကရာသီကို ဆုဖလားလက်မဲ့နဲ့ အဆုံးသတ်ခဲ့ရတာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ အော့စ်ဘက်စ်အသင်းကို အနိုင်ရခဲ့တာကြောင့် ဒီရာသီ ဘွန်ဒက်လီဂါပြိုင်ပွဲမှာ အဆင့် ၂ နေရာက လိုက်ပ်ဇစ်အသင်းထက် ၁ ပွဲပိုကစားထားပြီး ရမှတ် ၈ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ကြားရက်ထဲမှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ပီအက်စ်ဂျီအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ် ၄ ပွဲကစားအပြီးမှာ ရမှတ် ၆ မှတ်နဲ့ အဆင့် ၁၇ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Source: ESPN

ပုံ - ဟာရီကိန်းကိုတွေ့ရစဉ်

#centralnewsnaypyitaw

image
1 y - Translate

"အီးယူနှင့် တရုတ်တို့သည် EV တင်သွင်းခွန်များနှင့်ပတ်သက်၍ သဘောတူညီမှုရရှိရန် နီးစပ်နေပြီဟု ဦးဆောင်သူ ဥရောပပါလီမန် အမတ်တစ်ဦးမှ ပြောကြားခဲ့သည်။"

ဘရပ်ဆဲလ်နှင့် ပေကျင်းတို့သည် အစုအဖွဲ့ထဲသို့ တရုတ်လျှပ်စစ်ကားတင်သွင်းမှုအပေါ် အခွန်စည်းကြပ်ခြင်းအတွက် အဖြေတစ်ခု နီးစပ်နေပြီဟု ဥရောပပါလီမန်၏ ကုန်သွယ်ရေးကော်မတီ ဥက္ကဋ္ဌက ဂျာမန်ရုပ်သံသတင်းဌာနသို့ ပြောကြားခဲ့သည်။

"ကျွန်တော်တို့ သဘောတူညီချက်တစ်ခုရဖို့ နီးစပ်နေပါပြီ၊ တရုတ်က EU မှာ အီး-ကားတွေကို အနိမ့်ဆုံးစျေးနှုန်းနဲ့ ရောင်းချဖို့ ဆောင်ရွက်နိုင်ပါတယ်" ဟု Bernd Lange က N-tv သို့ အသေးစိပ်မပြောဘဲ ပြောကြားခဲ့သည်။ "ဒါက မမျှတတဲ့ ထောက်ပံ့မှုတွေကြောင့် ပြိုင်ဆိုင်မှုရဲ့ ပုံပျက်ပန်းပျက်ကို ဖယ်ရှားပေးမှာဖြစ်လို့ အခွန်စည်းကြပ်မှုကို မူလက စတင်ခဲ့တာပါ" ဟု ဆိုသည်။

image

ပါကစ္စတန်မှာ ခရီးသွားယာဉ်တန်းကို သေနတ်သမားတွေတိုက်ခိုက်လို့ ၄၀ ကျော်သေ

နိုဝင်ဘာ ၂၃

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ဝေးလံခေါင်သီသည့်ဒေသမှာ ခရီးသွားယာဉ်တန်းတခုကို အမည်မသိသေနတ်သမားတွေက တိုက်ခိုက်မှုကြောင့် လူ ၄၀ ကျော်သေဆုံးသွားတယ်လို့ ဒေသန္တရတာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီယာဉ်တန်းဟာ ပါကစ္စတန်နိုင်ငံ ကာရာမျိုးနွယ်စုခရိုင်အတွင်း ဖြတ်သန်းသွားလာစဉ် တိုက်ခိုက်ခံရတာဖြစ်ပြီး သေဆုံးသူများထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ပါဝင်ကြောင်း ဒေသဆိုင်ရာ လက်ထောက်ရဲမင်းကြီးက ပြောပါတယ်။

သေနတ်သမားတွေဟာ ယာဉ်တန်းရဲအစောင့်အကြပ်တွေကို ကနဦးပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီးနောက် ကျန်ခရီးသွားတွေကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ယခုနှစ်အတွင်း လူဒါဇင်များစွာ သေဆုံးခဲ့တဲ့ လူမျိုးရေးအကြမ်းဖက်မှုများပြီးနောက် အဲဒီဒေသမှာ ယာဉ်တန်းများကို ရဲတပ်ဖွဲက အကာအကွယ်ပေးခဲ့ကြရပါတယ်။

လက်ရှိ တိုက်ခိုက်မှုကြောင့် ၂၀ ထက်မနည်း အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲဖြစ်ပေမယ့် တိုက်ခိုက်ရာမှာ သေနတ်သမား ၁၀ ယောက်ထက်မနည်းပါဝင်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

အဲဒီဒေသဟာ ဆွန်နီနဲ့ ရှိးယိုက်မွတ်ဆလင်မျိုးနွယ်စုတွေအကြား ယခုနှစ်အတွင်း အကြိမ်ကြိမ်ပဋိပက္ခများဖြစ်ပွားခဲ့ပြီး လူမျိုးစုကောင်စီရဲ့ တောင်းဆိုမှုကြောင့် ပဋိပက္ခတွေ လျော့နည်းသွားပေမယ့် ပြီးခဲ့တဲ့လအတွင်းက ခရီးသည်ယာဉ်တန်းတိုက်ခိုက်ခံခဲ့ရပြီး လူ ၁၅ ယောက် သေဆုံးခဲ့ပါတယ်။

Ref:BBC
Photo:AFP/AP

#centralnewsnaypyitaw

image
image
image

တရုတ်လုံခြုံရေးဒုဝန်ကြီးနဲ့ စစ်ကောင်စီလဝကဝန်ကြီး ကူမင်းမှာတွေ့ဆုံ

နိုဝင်ဘာ ၂၃

စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးမြင့်ကြိုင်နဲ့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ဒုတိယဝန်ကြီး မစ္စတာ ရွှီဂန်းလူ တို့ ယူနန်ပြည်နယ် ကူမင်းမြို့မှာ နိုဝင်ဘာ ၂၂ ရက်က တွေ့ဆုံပြီး နယ်စပ်လုံခြုံရေးနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။

တရုတ်မြန်မာနယ်စပ်တကြောကို တိုင်းရင်းသားလက်နက်ကိုင်တွေက ထိန်းချုပ်ထားပြီး တရုတ်ဘက်က နယ်စပ်ဂိတ်တွေကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားချိန်မှာ ဒီဆွေးနွေးမှုပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

စစ်ကောင်စီ လဝကဝန်ကြီး ဦးမြင့်ကြိုင်ဟာ တရုတ်နိုင်ငံထဲကတဆင့် မူဆယ် နန်းတော်ဂိတ်ကို ဝင်ရောက်ခဲ့ရပြီး ဌာနဆိုင်ရာတွေနဲ့ နိုဝင်ဘာ ၂၀ ရက်က တွေ့ဆုံခဲ့ပါတယ်။

အဲဒီကတဆင့် ကူမင်းကိုပြန်ပြီး ပြည်သူ့လုံခြုံရေးဝန်ကြီးနဲ့ ဆွေးနွေးကြတာဖြစ်ပါတယ်။

နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် နှစ်နိုင်ငံပူးပေါင်းလုပ်ဆောင်မယ့် ကိစ္စတွေအပြင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအတွက် နည်းပညာ ပံ့ပိုးပေးဖို့ကိုလည်း စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့က ပြည်သူ့လုံခြုံရေးဝန်ကြီးနဲ့ ဆွေးနွေးခဲ့ကြပါတယ်။

ဝန်ကြီးဦးမြင့်ကြိုင်ဟာ ကူမင်းက နေ လေကြောင်းခရီးနဲ့ ရန်ကုန်ကိုပြန်လာခဲ့ပြီး ရန်ကုန်ကတဆင့် နေပြည်တော်ကို ပြန်မှာဖြစ်ပါတယ်။

Credit - BBC

#သတင်းဟင်းလေးအိုးကြီး

image
image
image
image