Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ယနေ့ ည ကြယ်မိုးအများအပြား ရွာမည်
ယနေ့ ဒီဇင်ဘာ(၁၃)ရက် ညသန်းခေါင်မှ ဒီဇင်ဘာ(၁၄)ရက်နေ့ မိုးမလင်းမီအချိန်အထိ ကြယ်မိုးအများအပြား ရွာသွန်းမည်ဖြစ်ကြောင်း မြန်မာ့နက္ခတ္တဗေဒ နှင့် သိပ္ပံလေ့လာရေးအဖွဲ့က အသိပေးထားသည်။
အချိန်ဇုန် မတူညီသည့် နိုင်ငံအလိုက် ကြယ်မိုးရွာသွန်းချိန် အနည်းငယ်ကွာခြားမည်ဖြစ်သော်လည်း မြန်မာနိုင်ငံအပါအဝင် ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ စသည့် အိမ်နီးနားချင်းနိုင်ငံများတွင် ဒီဇင်ဘာ (၁၃)ရက် ညသန်းခေါင်အချိန် တွင် ရွာသွန်းမည်ဖြစ်ကြောင်း ဆိုသည်။
ယနေ့ ည ကြယ်မိုးရွာသွန်းမှုသည် တစ်နာရီလျှင် ကြယ်မိုးပေါင်း (၅၀)အထိ မြင်တွေ့နိုင်မည်ဖြစ်ပြီး၊ ယခုနှစ် ကြယ်မိုးရွာသွန်းမှုသည် လပြည့်ရက်နှင့် နီးကပ်နေခြင်းကြောင့် လ၏ အလင်းရောင်ကြောင့် သေးငယ်ပြီး မှိန်သည့် ကြယ်မိုးများကို မြင်နိုင်မည်မဟုတ်ဘဲ တောက်ပသည့် ကြယ်မိုး အများစုကိုသာ မြင်နိုင်မည်ဖြစ်ကြောင်း ဆိုသည်။
ကြယ်မိုးရွာသွန်းမှုအား ကြည့်လိုသူများအနေဖြင့် အလင်းရောင် နည်းပါးသည့် နေရာမှ အရှေ့ဖက်ကောင်းကင်သို့ စောင့်ကြည့်နိုင်ပြီး၊ လ၏ အလင်းရောင်နှောင့်ယှက်မှုနည်း ပါးစေရန် သစ်ပင်(သို့) အဆောက်အဦးတခုခုဖြင့် ကွယ်၍ ကြည့်ရှု့ရန် MASES ကအကြံပြု နှိုးဆော်ထားသည်။
ကြယ်မိုးရွာခြင်းဆိုသည်မှာ အာကာသအတွင်းရှိ ကမ္ဘာနည်းတူ နေကို လှည့်ပတ်နေသည့် ကြယ်တံခွန်များ ၊ ဥက္ကာပျံများကျန်ရစ်ခဲ့သာ့် ကျောက်ခဲအမှုန်အမွှားများ ကမ္ဘာပတ်လ မ်းကြောင်းအတွင်း ရောက်ရှိလာသည့်ဖြစ်စဉ်တစ်ခုဖြစ် ကြောင်း သိရသည်။