1 နှစ် - ဘာသာပြန်ပါ။

လျှပ်စစ်မီးသာမရှိရင်
လောလောဆယ်တော့ လူတော်တော်များများ မိုးဒီ Mood ဝင်နေလောက်ပြီ

1 နှစ် - ဘာသာပြန်ပါ။

နည်းနည်း အဆင်မပြေမှုတွေ
ကြုံရတာနဲ့ လမ်းခွဲသွားတော့မှာလား။
စိတ်ပျက်တာနဲ့ လမ်းခွဲမယ်။
အလိုမကျတာနဲ့ လမ်းခွဲမယ်။
ကတောက်ကဆ ဖြစ်တာနဲ့ လမ်းခွဲမယ်။ အဘယ်မှာ
အချစ်စစ်ကို ပိုင်ဆိုင်နိုင်မလဲ။
လက်ရှိလူကို စွန့်ပစ်တာနဲ့ ဒီထက် ပိုကောင်းတဲ့လူနဲ့ တွေ့ရတော့မှာလား။
လောကမှာ ကောင်းတဲ့လူအများကြီး ရှိနိုင်တယ်။ဒါပေမဲ့ မင်းနဲ့ သင့်တော်တဲ့လူတော့ အင်မတန်မှ ရှားပါလိမ့်မယ်။ဒါကြောင့် အတွေးမများနဲ့။လွယ်လွယ်စိတ်မပျက်နဲ့။
ကိုယ့်မျက်စိရှေ့က လူသည် အကောင်းဆုံးသာ ဖြစ်တယ်။

ခဏတာ ရင်ခုန်မှုအသစ်အတွက်နဲ့
သူ့မျက်စိတစ်စုံလုံး မင်းပုံရိပ်တွေ ပြည့်နေတဲ့လူကို မလဲလိုက်ပါနဲ့။
မလဲသင့်တဲ့အရာပါ။အသစ်သောလူနဲ့ လဲလှယ်ဖို့ မထိုက်တန်ပါ။
သူစိမ်းလူနှစ်ယောက် ချစ်ကြတဲ့အခါ အနည်းနဲ့အများ အဆင်မပြေမှုလေးတွေ ရှိလာနိုင်တယ်။ကြုံလာနိုင်တယ်။ရန်ဖြစ်စကားများနိုင်တယ်။နားလည်မှု လွဲနိုင်တယ်။မပြေလည်မှုများကို ချစ်တဲ့နှစ်ယောက်က ဘယ်လိုဖြေရှင်းမလဲဆိုတဲ့
နည်းကို အတူတူ စဥ်းစားရမယ်။
ပြဿနာများကို အတူတူဖြေရှင်းရင် မပြေလည်မှုတွေ မရှိတော့ဘူးပေါ့လေ။
လမ်းခွဲစကားပြော ဇာတ်သိမ်းဖို့ပဲ တွေးရတာ မဟုတ်ပါ။လုံးဝ အဆင်မပြေတော့ရင်တော့ တစ်မျိုးပေါ့။
အချစ်ဆိုတာ စိတ်ရှည်ရတယ်။သည်းခံရတယ်။
အချိန်ပေးရတယ်။လက်တွေ့ ချစ်ပေးရတယ်။သစ္စာရှိရတယ်။
လေးစားမှု ရှိရတယ်။တန်ဖိုးထား ပေးရတယ်။

ဒါကြောင့် မင်းမှမင်း ဆိုတဲ့လူမျိုးကို လက်လွတ် ဆုံးရှုံးမခံရအောင်
စိတ်ရှည် သည်းခံပြီး ချစ်ရအောင်။
ဘဝမှာ တစ်နေကုန် ပင်ပန်းပြီး ညရောက်လာတဲ့အခါ တီတီတာတာ ပြောပြီး ချွဲလို့ရတဲ့ ရင်ခွင်ရှိခြင်း
ဟာ ဘယ်လောက်တောင် ကြည်နူး
စရာ ကောင်းသလဲဆိုတာ
သိတယ်မလား။
💛🌻
#နူးနူးအောင်

image
1 နှစ် - ဘာသာပြန်ပါ။

ထပ်ပြီးစွန့်ပစ်ခံရမှာ ထပ်ပြီးကျန်နေခဲ့ရမှာကို
အကြောက်ဆုံပဲ။
ငါ့ကို အလွယ်တကူမထားခဲ့စေချင်ဘူး
အိပ်မရတဲ့ညတွေ မျက်ရည်တွေနဲ့ လန့်နိုးရမယ့်
အခိုက်တန့်တွေ ထပ်မကြုံချင်ဘူး

အဲ့နေ့ အဲ့ည အဲ့အချိန်တွေ ဘယ်လောက်ပင်ပန်းခဲ့ရလဲ
ငါပဲသိတယ် အသက်ရှူကြပ်ပီး ရင်ဘတ်တွေအောင့်တဲ့ထိ
ကြိတ်ငိုခဲ့ရတဲ့ အချိန်တွေဆီ
ငါနောက်တစ်ခေါက်ပြန်မရောက်ချင်ဘူး။

- သီရိ
Dec 27,2024

image
1 နှစ် - ဘာသာပြန်ပါ။

Good customer service be like:

image
1 နှစ် - ဘာသာပြန်ပါ။

ကျွန်တော့်နေရာကို ဘယ်သူမှ နှစ်ခါ ဝင်မနေခဲ့သလို
ကျွန်တော့်အခြေအနေကိုလဲ ဘယ်သူမှ
နှစ်ခါပြန်မကြည့်ခဲ့ဘူး..

ဘာဖြစ်ဖြစ်ဆိုတဲ့ အတွေးတွေနဲ့ ထားခဲ့လေသော
ကိုယ့်ကိုယ်ကိုယ်ချစ်တဲ့ သူတော်ကောင်းတွေရယ်သာ
တွေ့ခဲ့ရတယ်..

ဒီလောက်ဆို ငရဲကို မကြောက်ဘူးဆိုတဲ့
စကားတွေ ခင်ဗျားအတည်ပြုနိုင်လောက်ပါတယ်
ကျွန်တော် ကျနေတာ အရှင်လတ်လတ်ပါ ကိုလှဖေ။

#ဒဿ 2025
-pic crd

image

1 နှစ် - ဘာသာပြန်ပါ။

ကိုယ်လျှောက်နေတဲ့လမ်းဘယ်လောက်ပဲခက်ခဲနေပါစေ
သူလျှောက်နေတဲ့ လမ်းခက်ခဲပြီးအဆင်မပြေဘူးဆိုတဲ့အသံကြားရင် ကိုယ်က ကမ္ဘာပျက်တော့တာပဲ ကိုယ်ချစ်ရတဲ့ သူ့ကို အရာရာအားလုံးအဆင်ပြေချင်တယ် ။
တခြားလူလက်ထဲရောက်သွားခဲ့ရင်တောင် သူရဲ့အပြုံးတွေပိုမိုတောက်ပပြီး ကိုယ်ကောစိတ်ပါ ကျန်းမာ ချမ်းသာစေချင်တယ်။

မေတ္တာဖြင့် ..

image
1 နှစ် - ဘာသာပြန်ပါ။ - Youtube

အင်း


1 နှစ် - ဘာသာပြန်ပါ။

ရန်ကုန်-ဒလတံတားရဲ့ချဥ်းကပ်လမ်းက အမတ်ဆုံးနေရာမှာ ၆ ရာခိုင်နှုန်းမတ်စောက်ပြီး အမြင့် ၄၅ မီတာ (၁၄၈ ပေ) ရှိပါမယ်။ တံတားအရှည်အနေနဲ့ ဒလဘက်ချဉ်းကပ်လမ်း ၅၇၇ မီတာ၊ ရန်ကုန်ဘက်ချဉ်းကပ်လမ်း ၆၀၁ မီတာ၊ ကြိုးတံတားကိုယ်ထည် ၆၉၀ မီတာ၊ စုစုပေါင်းအရှည် ၁၈၆၈ မီတာ (၆၁၂၈ ပေ) ရှိပါမယ်။
ဒါကအလွန်မတ်တယ်လို့နာမည်ကြီးတဲ့ ဂျပန်က Eshima Ohashi တံတားနဲ့တော်တော်လေးနီးစပ်ပါတယ်။ ဒီတံတားက တစ်ဘက်မှာ ၅.၁% နှင့်ကျန်တစ်ဘက်မှာ ၆.၁ % မတ်စောက်ပါတယ်။ အမြင့်ကလည်း ၄၄.၇ မီတာဖြစ်တာကြောင့် တူတူလောက်ရှိပါတယ်။ တံတားအရှည်ကလည်း ၁၇၀၀ မီတာရှိတာကြောင့် ၁၈၆၈ မီတာရှည်တဲ့ ဒလတံတားနဲ့ နီးစပ်ပါတယ်။
ဒါကြောင့်ဒီတံတားနှစ်စင်းက အရှည်၊ အမြင့်၊ မတ်စောက်မှုအကုန်လုံးတူတူလောက်ရှိတယ်လို့ဆိုနိုင်ပါတယ်။ ကွာခြားတာက ဒလတံတားကချဉ်းကပ်လမ်းပဲမတ်ပြီး ဂျပန်ကတံတားက တံတားထိပ်ထိမတ်တာပါ။ ဒါကြောင့် Roller coaster တံတားလို့လည်းခေါ်ကြပါတယ်။
လမ်းတံတားတွေရဲ့မတ်စောက်မှုကို Gradient (UK), Grade (US) နဲ့တိုင်းတာပြီး ရာခိုင်နှုန်းနဲ့ဖော်ပြပါတယ်။ ဥပမာ Gradient ၆ ရာခိုင်နှုန်းဆိုရင် မီတာ ၁၀၀ အကွာအဝေးရောက်တဲ့ချိန်မှာ ၆ မီတာမြင့်သွားပါတယ်။ ရေလမ်းကူးတံတားတွေရဲ့ ပျှမ်းမျှမတ်စောက်မှုက ၃% ကနေ ၅% ခန့်ရှိပါတယ်။
Credit

image
1 နှစ် - ဘာသာပြန်ပါ။

ခွန်ထွန်းဦး၊ စိုင်းညွန့်လွင်နှင့် နိုင်ချေမွန်တို့ကို ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်

ဇန်နဝါရီ ၄

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှ ဥက္ကဋ္ဌဟောင်းနှင့် ဥက္ကဋ္ဌများဖြစ်သည့် ခွန်ထွန်းဦးနှင့် စိုင်းညွန့်လွင်တို့ အပါအဝင် မွန်တိုင်းရင်းသားသာ နိုင်ချေမွန်တို့ကို နစက-က စွမ်း‌ဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင် တံဆိပ် လူမှုထူးချွန်တံဆိပ်(ပထမဆင့်)ကို ဇန်နဝါရီ ၄ ရက်တွင် ချီးမြှင့်အပ်နှင်းလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သည့် ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲနိုင်ရန် အသေးစိတ်အခြေခံရမည့်မူများ ချမှတ်နိုင်ရေးအတွက် အမျိုးသားညီလာခံ၌ ပါဝင်ဆွေးနွေးခဲ့ကြသည့်သူများကို စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူး ဆောင် တံဆိပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လူမှုထူးချွန်တံဆိပ်(ပထမဆင့်) ရရှိခဲ့သူ ၂၄၉ ဦးရှိပြီး ထိုအထဲမှာ ရှမ်းတိုင်းရင်းသား ခေါင်းဆောင်များဖြစ် သည့် ခွန်ထွန်းဦး၊ စိုင်းညွန့်လွင်တို့အပြင် မွန်တိုင်းရင်းသားခေါင်းဆောင် နိုင်ချေမွန်လည်း ပါဝင်ခဲ့သည်။

ထို့အပြင် ဦးချန်ထွန်း၊ ဦးထွန်းရီ၊ နိုင်တလမွန်၊ နိုင်ဧကတို့လည်း ပါဝင်ခဲ့ကြသည်။

#centralnewsnaypyitaw

image
image
image
image