အန်တိုနီကို ခေါ်ယူဖို့ ဂရိနဲ့ စပိန်ကလပ်တွေ စိတ်ဝင်စား

ဇန်နဝါရီ ၈

ယူနိုက်တက်အသင်းမှာ နေရာရဖို့ ရုန်းကန်နေရတဲ့ အန်တိုနီကို ခေါ်ယူဖို့ ဂရိနဲ့ စပိန်ကလပ်တွေက စိတ်ဝင်စား နေတယ်လို့ Sky Sports က ဖော်ပြထားပါတယ်။

Sky Sports သတင်းထောက်တစ်ဦးက လာလီဂါနဲ့ ဂရိစူပါလိဂ် အသင်းတွေဟာ အန်တိုနီကို အငှားနဲ့ခေါ်ယူဖို့ ယူနိုက်တက်အသင်းထံ ဆက်သွယ်မှု ပြုလုပ်ထားတယ်လို့ ပြောထားတာပါ။

ယူနိုက်တက်အသင်းဘက်ကလည်း အန်တိုနီအတွက် ကမ်းလှမ်းမှုတွေကို စဉ်းစားသွားဖို့ ရှိနေတာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်နွေရာသီက အေဂျက်စ်အသင်းကနေ ပေါင် ၈၆ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ အန်တိုနီဟာ ယူနိုက်တက် အသင်းသမိုင်းမှာ အဆိုးရွားဆုံး ခေါ်ယူမှုတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရတာပါ။

ယူနိုက်တက်အသင်းဟာ အန်တိုနီကို ထွက်ခွာခွင့် ပေးချင်နေပေမယ့် ပြောင်းရွှေ့ကြေး အနည်းငယ်ပဲ ရဖွယ်ရှိနေ တာကြောင့် ကြီးမားတဲ့ ဆုံးရှုံးမှုကို ကြုံတွေ့ရဖွယ်ရှိနေတာ ဖြစ်ပါတယ်။

အန်တိုနီဟာ ယူနိုက်တက်အသင်းကို ရောက်ရှိလာပြီးကတည်းက ပွဲပေါင်း ၉၄ ပွဲ ပါဝင်ကစားထားတာမှာ ၁၂ ဂိုး သွင်းပြီး ဂိုးဖန်တီးမှု ၅ ကြိမ်သာ ပြုလုပ်နိုင်ခဲ့တာပါ။

အန်တိုနီဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ၁၂ ပွဲ ပါဝင်ကစားထားပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲထွက်လူစာရင်း ပါဝင်ခွင့်မရရှိသေးတာ ဖြစ်ပါတယ်။

အန်တိုနီဟာ နည်းပြအာမိုရင် လက်ထက်မှာလည်း အရန်ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရရှိနေတာပါ။

ဇန်နဝါရီအပြောင်းအရွှေ့မှာ အန်တိုနီအပြင် ရက်ရှ်ဖို့ဒ်၊ ကတ်စီမီရို၊ ဇတ်ခ်ဇီတို့ဟာ ယူနိုက်တက်အသင်းကနေ ထွက်ခွာရဖွယ်ရှိနေတာ ဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ကို အေစီမီလန်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဇက်ခ်ဇီကို ဂျူဗင်တပ်စ်အသင်းနဲ့ ကတ်စီမီရိုကို ဆော်ဒီပရိုလိဂ် ကလပ်အသင်းတွေက စိတ်ဝင်စားနေကြတာပါ။

အပြောင်းအရွှေ့ ထင်ကြေးတွေ ထွက်ပေါ်နေပေမယ့် အန်တိုနီဟာ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်မယ့် FA ဖလား တတိယအဆင့်ပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက် ပွဲကစားချိန် မိနစ်ရရှိဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

Source: Goal

ပုံ - အန်တိုနီကိုတွေ့ရစဉ်

#centralnewsnaypyitaw

image
1 y - Translate

Room Decor Inspo 🫶✨

image
1 y - Translate

Room Decor Inspo 🫶✨

image
1 y - Translate

Room Decor Inspo 🫶✨

image
1 y - Translate

Room Decor Inspo 🫶✨

image
1 y - Translate

Room Decor Inspo 🫶✨

image
1 y - Translate

Room Decor Inspo 🫶✨

image
1 y - Translate

Room Decor Inspo 🫶✨

image
1 y - Translate

Room Decor Inspo 🫶✨

image
1 y - Translate

Room Decor Inspo 🫶✨

image