1 y - Translate

အားလုံးပဲ သတိထားကြပါ ‼️
Kpay hack ခံရတာကြားပဲကြားဖူးခဲ့တာ
အခုတော့ ကိုယ့်အလှည့်ရောက်လာပီ
ခုနလေးတင် ဖုန်းသုံးနေရင်းနဲ့
ကိုယ့်ဖုန်းထဲကို kpay OTP code တွေ ကျလာမှ
acc hack ရမှန်းသိတာ
Kpay နဲ့ bank acc က ချိတ်ထားတာ
အခုက kpay ကနေ ယူသွားတာမဟုတ်ပဲ
Bank Acc ထဲကနေ kpay ထဲကို 10 သိန်း ရွေ့ပီး ခိုးသွားတာပါ
သိသိချင်းပဲ ချက်ချင်း Kpay ထဲ ဝင်တာ ဝင်မရတော့ဘူး တခြားဖုန်းနဲ့ ဝင်ထားတယ်ပဲ ပေါ်ပီး code တွေ တောက်လျှောက် ကျလာတယ်
အဲ့ချိိန်မှ သူခိုးကလဲဝင် ကိုယ်ကလဲဝင်ဆိုတော့ kpay က log out ဖြစ်လိုက် ပြန်ဝင်ရလိုက် ဖြစ်နေတယ်
Kpay ဝင်လို့ရပီး history ကြည့်လိုက်တော့ သူခိုးက Bank acc ကနေ 10 သိန်း ကိုယ့် kpay ထဲ ရွေ့ပီးနေပီ
သူခိုး acc ထဲတော့ မလွဲရသေးဘူး
အဲ့ချိန်မှာ ကိုယ်လဲ ပူထူပီး ဘာမှမသိတော့ဘူး
ကိုယ့်ပိုက်ဆံခိုးနေတာ ထိုင်ကြည့်နေရတဲ့ဘဝ 🙂
bank acc ထဲမှာ amount များနေတော့ ထပ်ရွေ့မှာပဲစိုးရိမ်ပီး call center ကို ဖုန်းတွေ ဆက်
Bank acc ပိတ်ခိုင်းတာတောင် 12 သိန်း ပါသွားတယ်
10 သိိန်းက Bank acc ကနေ Kpay ထဲ ရွေ့ပီး ခိုးသွားတာ
ကျန်တဲ့ 210000 က bank acc ပိတ်လိုက်တော့ သူလွဲမရတော့လို့ kpay ထဲ ကျန်တာ ရအောင် ထပ် ခိုးသွားတာ
9000 တော့ ချန်ထားပေးတယ် 😂
တော်သေးတယ် ဒီနေ့ မှ stock တွေဖြည့်ထားတော့ SG ကိုညနေကမှ ငွေလွဲထားလို့ kpay ထဲ နဲနဲပဲကျန်တာ
ညအိပ်နေတဲ့ချိိန်သာဆိုရင် တရက် 50 ရွှေ့လို့ရတာဆိုတော့ အကုန်ကုန်မှာ 😭
Bank ကနေ kpay ထဲကိုလွဲတဲ့ password ရော
Kpay ကနေ သူခိုးအကောင့်ထဲကို လွဲတဲ့ password ရော
ဘာမှ မလိုအောင် သူခိုးတွေ အဲ့လောက် အဆင့်မြင့်နေပီလား 😄😄😄
Crd

image
1 y - Translate

အားလုံးပဲ သတိထားကြပါ ‼️
Kpay hack ခံရတာကြားပဲကြားဖူးခဲ့တာ
အခုတော့ ကိုယ့်အလှည့်ရောက်လာပီ
ခုနလေးတင် ဖုန်းသုံးနေရင်းနဲ့
ကိုယ့်ဖုန်းထဲကို kpay OTP code တွေ ကျလာမှ
acc hack ရမှန်းသိတာ
Kpay နဲ့ bank acc က ချိတ်ထားတာ
အခုက kpay ကနေ ယူသွားတာမဟုတ်ပဲ
Bank Acc ထဲကနေ kpay ထဲကို 10 သိန်း ရွေ့ပီး ခိုးသွားတာပါ
သိသိချင်းပဲ ချက်ချင်း Kpay ထဲ ဝင်တာ ဝင်မရတော့ဘူး တခြားဖုန်းနဲ့ ဝင်ထားတယ်ပဲ ပေါ်ပီး code တွေ တောက်လျှောက် ကျလာတယ်
အဲ့ချိိန်မှ သူခိုးကလဲဝင် ကိုယ်ကလဲဝင်ဆိုတော့ kpay က log out ဖြစ်လိုက် ပြန်ဝင်ရလိုက် ဖြစ်နေတယ်
Kpay ဝင်လို့ရပီး history ကြည့်လိုက်တော့ သူခိုးက Bank acc ကနေ 10 သိန်း ကိုယ့် kpay ထဲ ရွေ့ပီးနေပီ
သူခိုး acc ထဲတော့ မလွဲရသေးဘူး
အဲ့ချိန်မှာ ကိုယ်လဲ ပူထူပီး ဘာမှမသိတော့ဘူး
ကိုယ့်ပိုက်ဆံခိုးနေတာ ထိုင်ကြည့်နေရတဲ့ဘဝ 🙂
bank acc ထဲမှာ amount များနေတော့ ထပ်ရွေ့မှာပဲစိုးရိမ်ပီး call center ကို ဖုန်းတွေ ဆက်
Bank acc ပိတ်ခိုင်းတာတောင် 12 သိန်း ပါသွားတယ်
10 သိိန်းက Bank acc ကနေ Kpay ထဲ ရွေ့ပီး ခိုးသွားတာ
ကျန်တဲ့ 210000 က bank acc ပိတ်လိုက်တော့ သူလွဲမရတော့လို့ kpay ထဲ ကျန်တာ ရအောင် ထပ် ခိုးသွားတာ
9000 တော့ ချန်ထားပေးတယ် 😂
တော်သေးတယ် ဒီနေ့ မှ stock တွေဖြည့်ထားတော့ SG ကိုညနေကမှ ငွေလွဲထားလို့ kpay ထဲ နဲနဲပဲကျန်တာ
ညအိပ်နေတဲ့ချိိန်သာဆိုရင် တရက် 50 ရွှေ့လို့ရတာဆိုတော့ အကုန်ကုန်မှာ 😭
Bank ကနေ kpay ထဲကိုလွဲတဲ့ password ရော
Kpay ကနေ သူခိုးအကောင့်ထဲကို လွဲတဲ့ password ရော
ဘာမှ မလိုအောင် သူခိုးတွေ အဲ့လောက် အဆင့်မြင့်နေပီလား 😄😄😄
Crd

imageimage
1 y - Translate

ချန်ပီယံဖြစ်ရန် အခွင့်အရေးမရှိတော့ဟု မန်စီးတီးနည်းပြ ဝန်ခံ

ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ အခွင့်အရေးမရှိတော့ကြောင်း မန်စီးတီးနည်းပြ ပတ်ဂွါဒီယိုလာက ဝန်ခံ ပြောသွားပါတယ်။

ဒီဇင်ဘာ ၃၀ ရက် မနက်ပိုင်းက ကစားခဲ့တဲ့ လက်စတာနဲ့ပွဲစဉ်မှာ နိုင်ပွဲပြန်လည်ရရှိခဲ့ပေမဲ့ ချန်ပီယံဆု ရယူနိုင်ဖို့တော့ အခွင့်အရေးမရှိတော့ကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။

ချန်ပီယံအခွင့်အလမ်း မရှိတော့တာကို လက်ခံသွားရမှာဖြစ်ပေမဲ့ အက်ဖ်အေဖလားနဲ့ ထိပ်ဆုံး ၄ သင်းစာရင်း ဝင်နိုင်ရေးအတွက်တော့ ဆက်လက်တိုက်ပွဲဝင်သွားဖို့ လိုအပ်ကြောင်း၊ အသင်းရဲ့ နေရာတချို့မှာ အကူအညီလိုအပ်တာကြောင့် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမားသစ် ခေါ်ယူသွားဖို့ရှိကြောင်း ဂွါဒီယိုလာက ပြောသွားပါတယ်။

မန်စီးတီးဟာ အဆင့် ၁ က လီဗာပူးထက် တပွဲပိုကစားထားပေမဲ့ ၁၄ မှတ်အထိ ကွာဟနေပြီး အဆင့် ၅ မှာ ရပ်တည်နေပါတယ်။
DVB

image
1 y - Translate

KBZ Pay ပြဿနာ ထပ်ဖြစ်ကြပြန်ပြီ။
KBZ Pay နဲ့ Network Operator တွေရဲ့ လုပ်ပိုင်ခွင့်ရ ဝန်ထမ်းတွေထဲမှာ "ကျားဖြန့်" တွေရောက်နေပြီလား ?​ မဟုတ်ရင်တော့ သူတို့တွေရဲ့ Infrastructure တွေကို တစ်ခုပြီး တစ်ခု reset လုပ်ဖို့ လိုနေပြီ။
ကျားဖြန့်ရဲ့ Data mining အင်အားကို အထင်မသေးပါနဲ့။
ဖြစ်လိုက်တဲ့ သူတော်တော်များများက ပုံစံတူတူပဲ။ ပြန်မရတာချင်းလည်း ပုံစံတူတယ်။ KBZ Pay ရဲ့ Customer care ကလည်း အားရစရာပဲဆိုတော့ ဖြစ်ပြီဆိုရင် "တာ့တာ" "ဘိုင့်ဘိုင်" "ပလုံ" ပါ။
ဖြစ်တဲ့ပုံစံက -
၁။ တဖက်မှာ Login ဝင်တာကြောင့် ကိုယ့်ဆီမှာ Logout ဖြစ်မယ်၊ OTP ဝင်လာမယ်။ အဲ့ဒီ OTP နဲ့ပဲ တဖက်က ကိုယ့်ရဲ့ KBZ Pay ကို Login ဝင်လိုက်ပြီ။
၂။ ကိုယ့် KBZ Pay က ငွေကို အခြားသူဆီကို လွှဲတယ်။ KBZ Pay ထဲမှာ မရှိရင် ချိတ်ထားတဲ့ Banking Account ထဲကနေ ဆွဲထုတ်ပြီး လွှဲမယ်။
ကိုယ်လည်း မလုပ်ဘူးနော်။ ကိုယ့်ဆီမှာလည်း KBZ Pay Number ဆိုတာလောက်ပဲ Access ရှိတော့တာပါ။
၃။ Login OTP ကျလာတာကို ချက်ချင်းသိလို့ ၁မိနစ်အတွင်း ပြန်ဝင်နိုင်ရင်တောင် အချိန်မမှီပါဘူး။
Login OTP အဆင့်မှာကတည်းက မဟုတ်တော့ဘူး။ ကျန်တာတွေတော့ ဆက်ပြောစရာမရှိတော့ပေ .. ပေါ့။
အမှုဖွင့်မယ်ဆိုရင် Kpay သုံးတဲ့ဖုန်း၊ SIM Card, Account တွေနဲ့ ဆက်စပ် အချက်အလက်တွေအကုန်လုံးကို ရဲစခန်းမှာ ထားခဲ့ပေးရမယ်။ KBZ Pay ကလည်း ငွေလက်ခံအကောင့်ကို (၃)ရက်အထိပဲ ပိတ်ပေးထားမယ်။
ထပ်ဆင့်ပြန်လွှဲလိုက်တဲ့အကောင့်တွေကိုလည်း လိုက်ဖို့ မစဉ်းစားနဲ့။ ကိုယ့်မှတ်ပုံတင်နဲ့လုပ်ထားတဲ့ KBZ Pay အကောင့်ကို မြန်မာငွေ သောင်းဂဏန်းနဲ့ရောင်းစားနေတဲ့စျေးကွက်က သပ်သပ်ရှိတယ်။ Privacy Knowledge က အနှုတ်ပြနေပြီ။
ဆိုတော့ကာ ... ပြန်မရတဲ့သူတွေချည်းပဲ 99% ဖြစ်ပါတယ်။
မဖြစ်မနေသုံးနေကြရတဲ့သူတွေချည်းပဲဖြစ်လို့ လုပ်ဆောင်ရမှာက -
၁။ KBZ Pay ထဲမှာ ပမာဏများများကို (အချိန်ကြာကြာ) ထည့်မထားနဲ့။
၂။ KBZ Pay နဲ့ KBZ Bank Account ချိတ်ထားတာကို Unlink လုပ်ထား။
၃။ SIM card အသစ် သွားပြန်လဲ (ဒီအချက်ကတော့ လိုရမယ်ရပါပဲ)
နောက်ဆုံး သတိပြုရမှာက
၁။ တွေ့ကရာ Link တွေကို နှိပ်ထားမိသလား ? Official App Store တွေကမဟုတ်တဲ့ App တွေ ထည့်ထားမိသလား ?
၂။ ဖုန်းကို Factory Reset လုပ်သင့်ရင် လုပ်၊
၃။ ဘဏ်ကိုသွားပြီး KBZ Pay Number ကို ကိုယ့်မှတ်ပုံတင်နဲ့ မှတ်ပုံတင်ထားတဲ့ နောက်ထပ် SIM Number အသစ်တစ်ခုနဲ့ ပြန်ပြောင်း၊
၄။ KBZ Pay SIM card ကို Keypad ထဲမှာ ထည့်သုံး
ကိုယ့်ဖုန်းက Keypad ဖြစ်နေလို့ Backdoor ဝင်ထားခံရခြင်း အခြေအနေ နည်းပါတယ်။
(နားလည်လွယ်အောင် Backdoor လို့ သုံးနှုန်းလိုက်ပါတယ်။ အခြား ရှုပ်ထွေးတဲ့ ပုံစံတွေအများကြီးရှိပါသေးတယ်။)
Backdoor ဆိုတာက Link တွေ လျှောက်နှိပ်ခြင်း၊ Official Store က မဟုတ်တဲ့ App တွေ သွင်းထားခြင်းကနေ တဆင့် သူတို့ခိုင်းချင်တာ ခိုင်းလို့ရတဲ့ Program တစ်ခုကို ကိုယ့်ဖုန်းထဲမှာ ကြိုတင်ပြီး ထည့်ခံထားရတာကိုပြောတာပါ။ တခါတရံမှာ ကိုယ့်ဖုန်းထဲကို Backdoor မရောက် ရောက်အောင် တွန်းပို့ခံရခြင်းမျိုးလည်း ရှိတယ်။
Backdoor လိုမျိုး မရှိဘဲ ကိုယ့် OTP ကို ရသွားတယ်ဆိုရင်တော့ သေချာမှုက 100% ပါပဲ။ ဒီလိုမျိုးကိစ္စတွေမှာ အတွင်းပိုင်း Infrastructure တွေကို အတွင်းလူမပါဘဲ ဘယ်လိုမှ Hacking လုပ်လို့မရပါဘူး။
pipcodex
Credit

image
1 y - Youtube

ထိုင်းနိုင်ငံအတွင်းသို့ လက်ပစ်ဗုံး ၂ လုံးယူလာသည့် မြန်မာနိုင်ငံသားနှင့် ယူဆောင်ရန်ခိုင်းစေသည့် မြန်မာနိုင်ငံသားကို မဲဆောက်တွင် ဖမ်းမိ

၃၀.၁၂.၂၀၂၄
Written By Zun

ထိုင်းနိုင်ငံအတွင်းသို့ မြဝတီဘက်က လက်ပစ်ဗုံး (၂) လုံးယူလာသည့် မြန်မာနိုင်ငံသားနှင့် ယူဆောင်ရန်ခိုင်းစေသည့် မြန်မာနိုင်ငံသားတို့နှစ်ဦးကို မဲဆောက်တွင် ဖမ်းမိခဲ့ကြောင်းထိုင်းဒေသတွင်း သတင်းများအရ သိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၉ ရက် ညနေပိုင်းက ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်၊ မဲဆောက်မြို့၊ အမှတ် (၆)၊ မယ်တောင်ကျေးရွာအုပ်စု၊ ဒွန်ချိုင်ကျေးရွာဘက်ကို ဖြတ်သန်းမောင်းနင်လာသည့် မသင်္ကာဖွယ်ရာ အိမ်စီးကားတစ်စီးကို ထိုင်းတပ်မတော်က တားဆီးစစ်ဆေးစဉ် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖမ်းဆီးခံရသူမှာ အသက် ၁၉ နှစ်အရွယ် အောင်မင်းဆိုသူဖြစ်ပြီး မဲဆောက်တွင် နေထိုင်သည့် အသက် ၂၀ ခန့်အရွယ် ကိုဝင်းမျိုးက လက်ပစ်ဗုံးယူဆောင်ရန် ဘတ်ငွေ ၅၀၀ ဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း ထိုင်းတပ်မတော်၏ စစ်ဆေးသိရှိချက်ကို ကိုးကား၍ ဒေသတွင်းသတင်းများက ဖော်ပြကြသည်။

အဆိုပါစစ်ဆေးမှုအရ လက်ပစ်ဗုံး ယူဆောင်ခိုင်းသူ ကိုဝင်းမျိုးနေထိုင်သည့် မဲဆောက်မြို့ရှိနေအိမ်သို့ ထိုင်းတပ်မတော်နှင့် ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ နေအိမ်အတွင်းကနေ ထိုင်းနိုင်ငံထုတ် လုပ်သေနတ် တစ်လက်၊ ကျည်ဆံ ၇ တောင့် ထပ်မံဖမ်းမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ဆေးမှုများအရ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂ ရက်တွင်မြန်မာနိုင်ငံသားအဖွဲ့တစ်ဖွဲ့က ကိုဝင်းမျိုးနေအိမ်သို့လာရောက်ကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ ဖြစ်စဉ်ကို လက်စားပြန်ချေရန် မြဝတီဘက်က လက် ပစ်ဗုံး ၂ လုံးကို အောင်မင်းအား အခကြေးငွေဖြင့်ယူဆောင်လာခိုင်းခြင်းဖြစ်ကြောင်း ကိုဝင်းမျိုးက ဝန်ခံထွက်ဆိုထားကြောင်း သိရသည်။

ယခုအခါ ကျူးလွန်သူ ကိုဝင်းမျိုးနှင့် အောင်မင်းတို့ကို မဲဆောက်ရဲစခန်းတွင်ဖမ်းဆီး ထိန်းသိမ်းထားပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

#centralnewsnaypyitaw

image
image
image
image

တွေ့ဆုံဆွေးနွေးမှုများအတွက် အစဉ်အမြဲဖိတ်ခေါ်ကြိုဆိုတံခါးဖွင့်ထားပြီး၊ ငြိမ်းချမ်းရေးအတွက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား

နေပြည်တော်၊ ဒီဇင်ဘာ ၃၀

တွေ့ဆုံဆွေးနွေးမှုများအတွက် အစဉ်အမြဲဖိတ်ခေါ်ကြိုဆို တံခါးဖွင့်ထားပြီး၊ ငြိမ်းချမ်းရေးအတွက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ပြောကြာထားသည်။

နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှု ရှိစေရေးအတွက် ယနေ့မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိ ကြောင်း၊ တိုင်းရင်းသားများအချင်းချင်း အပြန်အလှန်လေးစားခြင်း၊ တစ်ဦးနှင့်တစ်ဦးအကြား ပူးပေါင်း ဆောင်ရွက်မှုဖြစ်ပေါ်စေပြီး နားလည်မှုလွဲမှားခြင်းနှင့် ပဋိပက္ခများကို လျှော့ချကာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းနိုင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး လျက်ရှိပြီး နှစ်ဖက်ဆွေးနွေးချက်များမှရရှိလာသည့် သဘောထားမှတ်ချက်များကိုလည်း နောင်လာမည့် လွှတ်တော်အစည်းအဝေးများတွင် ဆွေးနွေးအတည်ပြုနိုင်ရန် မှတ်တမ်းတင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုများအတွက် အစဉ်အမြဲဖိတ်ခေါ်ကြိုဆိုပြီး တံခါးဖွင့်ထားကြောင်း၊ ရှေ့ဆက်၍လည်း ငြိမ်းချမ်းရေးအတွက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

ယနေ့နိုင်ငံတော်တွင် လိုအပ်လျက်ရှိသော တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကရင်ပြည်နယ်မှ ကရင်တိုင်းရင်းသားများအပါအဝင် တိုင်းရင်းသား ပြည်သူ အားလုံးက ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ ကရင်ပြည်နယ်အပါအဝင် မိမိတို့နေထိုင်ရာ နေရာဒေသများအတွင်း တိုက်ပွဲများနှင့် ဆူပူအကြမ်းဖက်မှုများ လျော့နည်းပပျောက်လာစေရန် အချင်းချင်းဝိုင်းဝန်းဆောင်ရွက်ပြီး တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်ခြင်းဖြင့် ပြည်ထောင်စုကြီး အေးချမ်းသာယာဝပြောရေး ဖော်ဆောင်ကြကာ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုရလဒ်ကောင်းများကို ပိုမိုရရှိနိုင်ပါစေကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

#သတင်းဟင်းလေးအိုးကြီး

image

မြန်မာနိုင်ငံထဲက တိုက်ပွဲတွေကြောင့် ဘင်္ဂလီဒုက္ခသည်တွေ နိုင်ငံထဲဝင်ရောက်လာမှာ အိန္ဒိယစိုးရိမ်နေ

နိုင်ငံတကာ၊ ဒီဇင်ဘာ ၃၀

မြန်မာနိုင်ငံထဲက တိုက်ပွဲတွေကြောင့် ဘင်္ဂလီဒုက္ခသည်တွေ အိန္ဒိယနိုင်ငံထဲ ဝင်ရောက်လာမှာ စိုးရိမ်တဲ့အတွက် မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို အိန္ဒိအစိုးရက အနီးကပ်စောင့်ကြည့်နေကြောင်း India.com မှာ ရေးသား ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်း အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်ပတ်အတွင်း အခြေအနေတွေ ဆိုးသထက်ဆိုးလာပြီး ရခိုင့် တပ်တော်ခေါ် AA သူပုန်အဖွဲ့က စစ်ရေးအသာစီးရနေကာ မြန်မာ့တပ်မတော်ဘက်က မြို့ရွာစခန်းတွေ လက်လွှတ်ဆုံး ရှုံးနေရကြောင်း သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

အဲဒီလို အခြေအနေကြောင့် ဒေသတွင်းကို ဘင်္ဂလီဒုက္ခသည်တွေ နောက်ထပ် ပြေးဝင်လာမှာကို အိမ်နီးချင်းနိုင်ငံတွေက စိုးရိမ်နေကြပါတယ်။

အိန္ဒိယအစိုးရဟာ မြန်မာအစိုးရနဲ့ရော သူပုန်အဖွဲ့တွေနဲ့ပါ ဆက်ဆံရေးထိန်းသိမ်းထားပေမဲ့ ဘင်္ဂလီဒုက္ခသည်တွေ နိုင်ငံ ထဲကို အလုံးအရင်းဝင်ရောက်လာမယ့် စိန်ခေါ်မှုအသစ်နဲ့လည်း ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

အိန္ဒိယအစိုးရအတွက် နောက်ထပ်စိုးရိမ်စရာတစ်ခုက အိန္ဒိယအစိုးရကို လက်နက်ကိုင်ပုန်ကန်နေတဲ့အဖွဲ့တွေ ဟာ မြန်မာ နိုင်ငံက မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး မီဇိုရမ်တို့ မဏိပူရ်တို့လို နယ်စပ်ပြည်နယ်တွေမှာ ခြေကုပ်စခန်းတစ်ခုတည် ထောင်သွားနိုင်တဲ့ အရေးပဲဖြစ်ပါတယ်။

“မြန်မာနိုင်ငံထဲက အခြေအနေတွေကို ကျွန်တော်တို့ အနီးကပ်စောင့်ကြည့်နေပါတယ်။” လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဌာနပြောခွင့်ရပုဂ္ဂိုလ် ရန်းဒီးယားဂျိမ်းစ်ဝေါက ပြောပါတယ်။

“ကျွန်တော်တို့ရဲ့ရပ်တည်ချက်ကတော့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီကို အမြန်ဆုံး ပြန်လည်ထိန်းသိမ်းနိုင်ဖို့ အတွက် မြန်မာနိုင်ငံထဲက ပါဝင်ပတ်သက်သူအားလုံး အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေကနေ အဖြေရှာသွားဖို့ပဲဖြစ်ပါ တယ်။” လို့ ၎င်းက ပြောပါတယ်။

“မြန်မာနိုင်ငံက အကျပ်အတည်းကို မြန်မာနိုင်ငံကပဲဦးဆောင်ဖြေရှင်းပြီး မြန်မာနိုင်ငံသားတွေကပဲ ဖြေရှင်းသွားရမှာဖြစ် ပါတယ်။ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့အတွက် ကျွန်တော်တို့နိုင်ငံအနေနဲ့ အထူးစိုးရိမ်ပူပန်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

မြန်မာနိုင်ငံထဲမှာ အချိန်အတော်ကြာဖြစ်ပျက်နေတဲ့ ပျက်စီးယိုယွင်းမှုတွေရဲ့ ရိုက်ခတ်မှုတွေနဲ့ ပတ်သက်ပြီး ဂရုပြုဖို့ အိန္ဒိယအစိုးရကို အိန္ဒိယလုံခြုံရေးအဖွဲ့အစည်းတွေက တောက်လျှောက် သတိပေးနေပါတယ်။

မြန်မာသူပုန်တွေလက်ထဲမှာရှိနေတဲ့ ခေတ်မီလက်နက်တွေဟာ အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ်တွေမှာ လှုပ်ရှားနေ တဲ့အကြမ်းဖက်အဖွဲ့အစည်းတွေလက်ထဲကို ရောက်ရှိသွားမှာကို အိန္ဒိယလုံခြုံရေးအဖွဲ့အစည်း တွေက စိုးရိမ်နေကြပါတယ်။

ဒါ့အပြင် ရန်ပုံငွေရရှိဖို့အတွက် မြန်မာနိုင်ငံက သူပုန်အုပ်စုတွေက မူူးယစ်ဆေးဝါးမှောင်ခိုကုန်ကူးမှုကို တိုးမြှင့်ဆောင်ရွက် နေတယ်ဆိုတဲ့သတင်းတွေကလည်း အိန္ဒိယနိုင်ငံအတွက် နောက်ထပ်စိုးရိမ်ပူပန်စရာ တစ်ခုဖြစ်ပါတယ်။

Ref: India on alert as danger of migration of Rohingya Muslims from Bangladesh…., rebel Arakan Army in Myanmar is…

#centralnewsnaypyitaw

image

ဆင့်ခေါ်မှု သုံးကြိမ်မလာလို့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးကို ဖမ်းဆီးနိုင်ဖို့ ကြိုးပမ်းနေ

ဒီဇင်ဘာ ၃၀

တောင်ကိုရီးယားနိုင်ငံမှာ စစ်အုပ်ချုပ်ရေး ခေတ္တကြေညာခဲ့တဲ့ သမ္မတယွန်းဆွတ်ခ်ယိုးလ်ကို ဖမ်းဆီးနိုင်ရေးအတွက် ပူးတွဲစုံစမ်းရေးအဖွဲ့က တရားရုံးမှာ ဖမ်း၀ရမ်းတင်သွင်း လျှောက်ထားလိုက်ပါတယ်။

ရဲတပ်ဖွဲ့အပါအဝင် စုံစမ်းစစ်ဆေးသူတွေဟာ သမ္မတအတွက် ဖမ်းဝမ်ရမ်းကို ဒီကနေ့မှာ တင်သွင်းခဲ့တာဖြစ်ပြီး ယွန်းဆွတ်ခ်ယိုးလ်ဟာ အဖွဲ့ရဲ့ ဆင့်ခေါ်စာသုံးစောင်ကို လာရောက်ခြင်းမရှိဘဲ လျစ်လျူရှုခဲ့ပြီးနောက် အခုလို ဖမ်း၀ရမ်းလျှောက်ထားခဲ့တာပါ။

လက်ရှိမှာတော့ သမ္မတယွန်းဆွတ်ခ်ယိုးလ်ဟာ စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့အပေါ် လွှတ်တော်က စွပ်စွဲပြစ်တင်ပြီး ရာထူးကနေ ဆိုင်းငံ့ထားပါတယ်။ သူ့ကို ရာထူးတာဝန် ပြန်လည်ပေးအပ်ဖို့ သို့မဟုတ် ထုတ်ပယ်ဖို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေခံရုံးက သောကြာနေ့မှ စတင်ကြားနာမှာဖြစ်ပါတယ်။

သမ္မတရဲ့ ရှေ့နေတွေကတော့ စစ်အုပ်ချုပ်ရေးကြေညာခဲ့လို့ စုံစမ်းစစ်ဆေးမှုတွေအစား စွပ်စွဲပြစ်တင်မှုဆိုင်ရာ စွဲချက်တွေကိုသာ ဦးစားပေးဖြေရှင်းသွားမည်ဖြစ်ပြီး အာဏာပိုင်အများအပြားက စုံစမ်းစစ်ဆေးမှုများကို တပြိုင်တည်းလုပ်ဆောင်တာဟာ ပြသနာရှိတယ်လို့ စောဒကတက်ထားကြပါတယ်။

သူ့ကို စွပ်စွဲပြစ်တင်ဖို့ မဲခွဲဆုံးဖြတ်ပြီးနောက် သီတင်းနှစ်ပတ်အကြာမှာ ယာယီသမ္မတ ဟန်ဒတ်ခ်ဆိုးကိုလည်း လွှတ်တော်အမတ်တွေက ပြီးခဲ့တဲ့သီတင်းပတ်မှာ စွပ်စွဲပြစ်တင်လိုက်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၉ ၂ ယောက်က ယာယီသမ္မတကို စွပ်စွဲပြစ်တင်ဖို့ မဲမေးခဲ့ကြပြီး အဆိုအောင်မြင်ဖို့လိုအပ်တဲ့ ထောက်ခံမဲ ၁၅၁ မဲထက် များစွာကျော်လွန်ခဲ့ပါတယ်။

ဒီဇင်ဘာ ၃ ရက်က စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ သမ္မတယွန်းဆွတ်ခ်ယိုးလ်ကို လွှတ်တော်က စွပ်စွဲပြစ်တင်ခဲ့ပြီးနောက် ရာထူးတာဝန်တွေကို ဝန်ကြီးချုပ်ဟန်ဒတ်ခ်ဆိုးကို လွှဲပြောင်းပေးခဲ့ရပါ။

သူဟာ နိုင်ငံရေးမတည်ငြိမ်မှုတွေကြားကနေ နိုင်ငံကိုဦးဆောင်ဖို့ ရည်ရွယ်ခဲ့ပေမယ့်လည်း ယွန်းဆွတ်ခ်ယိုးအပေါ် စွပ်စွဲပြစ်တင်မှုလုပ်ငန်းစဉ်ကို အပြီးသတ်အောင်မလုပ်ဘူးလို့ အတိုက်အခံအမတ်တွေက စောဒက တက်ထားကြပါတယ်။

Ref:NHK
Photo:Getty Images

#သတင်းဟင်းလေးအိုးကြီး

image

နှစ်ရက်အတွင်း တရားမဝင်ကုန်သွယ်မှုအမှုတွဲ (၃၁) မှုမှ ကျပ်သိန်းပေါင်းသုံးသောင်းကျော်တန်ဖိုးရှိ ပစ္စည်းများကို ဖမ်းဆီးရမိ

နေပြည်တော်၊ ဒီဇင်ဘာ ၃၀

တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ဖမ်းဆီးရမိမှု အမှုတွဲ ၃၁ မှုမှ ကျပ်သိန်းပေါင်း သုံးသောင်းကျော် တန်ဖိုးရှိဘပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

ဖမ်းဆီးရမိခဲ့သည့် တရားမဝင် ပစ္စည်းများထဲတွင် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ၊ စားသောက်ကုန် ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ တရားမဝင်ကျွန်းသစ်များ၊ Dump Truck အမျိုးအစား မြေသယ်ယာဉ်များ၊ လူသုံးကုန်ပစ္စည်းများနှင့်ညပစ္စည်းများ တင်ဆောင်လာသည့် ယာဉ်များကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့ဖြစ်၍ ဒီဇင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၃၁ မှု ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၆၁၅၇၇၅၁၄ ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိမှုများတွင် လုပ်ငန်းသုံးပစ္စည်းများ ပြည်ပမှ တရားမဝင်တင်သွင်းလာမှုများကြောင့် သွင်းကုန် အစားထိုး ပြည်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များရှိ အသေးစား၊ အလတ်စား လုပ်ငန်းများကို ထိခိုက်နစ်နာမှုများဖြစ်ပေါ်စေပြီး နိုင်ငံ၏ စီးပွားရေး ဦးတည်ချက်များကိုပါ ထိခိုက်လာစေကာ ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။

#centralnewsnaypyitaw

image