Part-1
* ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနက ကျွန်တော့်သူငယ်ချင်းဟောင်းများကိုသတိတရ
ကိုသာနိုး ကွယ်လွန်သွားတာဟာ ၁၉၆ဝ ပြည့်လွန်ကာလများဆီက ရန်ကုန်တက္ကသိုလ်ထဲက ကျွန်တော့်ရဲ့ နေ့ရက်များရဲ့ အမှတ်ရစရာတွေကို နှိုးဆွပေးသလို ဖြစ်သွားပါတယ်။ ၁၉၆၂ ခုနှစ်မှာ ကျွန်တော်ဘွဲ့ ရတယ်၊ အဲဒီနှစ်မှာပဲ အနောက်တိုင်း သမိုင်းပညာနဲ့ နိုင်ငံရေးသိပ္ပံဌာနမှာ တက္ကသိုလ် နည်းပြဆရာ ဖြစ်ခဲ့ပါတယ်။
ကျွန်တော်တို့ရဲ့ ပါမောက္ခကတော့ “ချစ်ဒုက္ခသီချင်းနဲ့ ကျော်ကြား”တဲ့ ဦးဘညွန့်ပါပဲ။ သူက ရုပ်ရှင်မင်းသား ဝင်းဦးနဲ့ ဝင်းညွန့်တို့အဖေ ဖြစ်ပါ တယ်။
အဲဒီနှစ်မှာပဲ မြန်မာစာဌာနမှာ ကိုဇော်မြင့် (ဇော်ဇော်အောင်)၊ ကိုဝင်းမွန်၊ ကိုအောင်သင်း၊ ကိုထွန်းမြင့် (ကဗျာဆရာ တက္ကသိုလ်မင်းမော်)တို့ တက္ကသိုလ် နည်းပြဆရာတွေ ဖြစ်လာကြပါတယ်။ ကျွန်တော့်ဌာနက (အခုစီးပွားရေး တက္ကသိုလ်) လူမှုရေးသိပ္ပံ အဆောက်အအုံမှာ ရှိပါတယ်။ သူတို ့ကတော့ သိပ္ပံအဆောက်အအုံ မဟာဌာန ဘူမိဗေဒဌာနရဲ့ အောက်ထပ်မှာရှိပါတယ်။
ကျွန်တော်ကတော့ အလံနီတက်ကြွလှုပ်ရှားရေးသမား ကိုဇော်မြင့်နဲ့ အလွန် ရင်းနှီးပါတယ်။ ကျွန်တော်တို့က မကြာခဏ အရက်အတူသောက် ဆေးလိပ် အတူ ဖွာခဲ့ကြပါတယ်။ ကိုဝင်းမွန်လည်း ကျွန်တော် စာအုပ်တွေထုတ်ဝေရာမှာ အကူအညီ ပေးရင်းနဲ့ ရင်းနှီးခဲ့ပါတယ်။ သူတို့ သမီးတွေနဲ့ အဆက်အသွယ်ရလို့ အရမ်းပျော်ရ ပါတယ်။ ကျွန်တော်တို့အထဲမှာ ကိုအောင်သင်းက အကြီးဆုံးပဲ။ လက်တောက်ခုံ ကစားဖို့ အသစ်တည်ဆောက်ထားတဲ့ အပန်းဖြေစင်တာမှာ ကျွန်တော်တို့ စုဝေးလေ့ရှိတယ်။

#ဆက်ရန်ရှိ